Thursday, December 20, 2012

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ - ဒီဇင်ဘာလ ၂၀၊ ၂၀၁၂

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
 
ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
ီဇင်ဘာလ ၂၀၊ ၂၀၁၂

ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်...

 
မြန်မာ

ကချင်တိုက်ပွဲကြောင့် ငြိမ်းချမ်းရေးထိခိုက်နိုင် ကချင်တိုက်ပွဲကြောင့် ငြိမ်းချမ်းရေးထိခိုက်နိုင်
အစိုးရနဲ့ကချင်လက်နက်ကိုင် သူပုန်ကြားက တိုက်ပွဲတွေကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ထိခိုက်မဲ့အရေး ပြည်တွင်းပြည်ပ စိုးရိမ်မှုတွေ ရှိနေပါတယ်။ အပြည့်အစုံ
 
ABSDF ကိုယ်စားလှယ်အဖွဲ့ ရန်ကုန်ရောက် ABSDF ကိုယ်စားလှယ်အဖွဲ့ ရန်ကုန်ရောက်
ABSDF ကျောင်းသားတပ်မတော်က ခေါင်းဆောင်ပိုင်းတချို့ မြန်မာပြည်တွင်း နိုင်ငံရေးအခြေအနေကို လေ့လာဖို့ ၂၃ နှစ်အတွင်း ပထမဆုံး ပြန်လည်သွားရောက်ခဲ့ပါတယ်။ အပြည့်အစုံ
 
သီပေါမင်း အုတ်ဂူ မွမ်းမံပြင်ဆင်မည် သီပေါမင်း အုတ်ဂူ မွမ်းမံပြင်ဆင်မည်
အိန္ဒိယနိုင်ငံ၊ ရတနာဂီရိမှာရှိနေတဲ့ သီပေါမင်းရဲ့အုတ်ဂူကို နှစ်နိုင်ငံ ချစ်ကြည်ရေးအတွက် ပြုပြင်မွမ်းမံပေးမယ်လို့ အိန္ဒိယအာဏာပိုင်တွေက ပြောပါတယ်။ အပြည့်အစုံ
 
လှေစီးပြေးဒုက္ခသည် ၄၀ မလေးရှား လက်ခံပြီ လှေစီးပြေးဒုက္ခသည် ၄၀ မလေးရှား လက်ခံပြီ
ဘင်္ဂလားပင်လယ်အော်မှာ လှေမှောက်ပြီး ဒုက္ခရောက်နေတဲ့ လှေစီးပြေး ၄၀ ကို မလေးရှားအာဏာပိုင်တွေက လက်ခံတဲ့အတွက် UNHCR က ချီးကျူးလိုက်ပါတယ်။ အပြည့်အစုံ
 
နိုင်ငံတကာ

၂၀၁၂ အထူးခြားဆုံးပုဂ္ဂိုလ် သမ္မတအိုဘားမား ၂၀၁၂ အထူးခြားဆုံးပုဂ္ဂိုလ် သမ္မတအိုဘားမား
သမ္မတ အိုဘားမားကို ၂၀၁၂ ခုနှစ်အတွက် အထူးခြားဆုံးပုဂ္ဂိုလ်အဖြစ် တိုင်းမဂ္ဂဇင်းက ရွေးချယ်လိုက်ပြီ အမေရိကန်နိုင်ငံသစ်ရဲ့ ဗိသုကာအဖြစ် မှတ်ချက်ပေးပါတယ်။ အပြည့်အစုံ
 
လက်နက်ထိန်းချုပ်ရေး အိုဘားမားဆော်သြ လက်နက်ထိန်းချုပ်ရေး အိုဘားမားဆော်သြ
အမေရိကန်သမိုင်းမှာ ဒုတိယအဆိုးဆုံး ကျောင်းတွင်းဝင်ရောက် ပစ်ခတ်မှုဖြစ်ပြီးတဲ့နောက် သမ္မတအိုဘားမားက လက်နက်ထိန်းချုပ်ရေး တောင်းဆိုလိုက်ပါတယ်။ အပြည့်အစုံ
 
တောင်ကိုရီးယားရွေးကောက်ပွဲ Park Geun-hye အနိုင်ရ တောင်ကိုရီးယားရွေးကောက်ပွဲ Park Geun-hye အနိုင်ရ
တောင်ကိုရီးယားသမ္မတ ရွေးကောက်ပွဲမှာ မဲအသာစီးရနေတဲ့ မစ္စ် Park Geun-hey အနိုင်ရခဲ့ရင် သူဟာ ပထမဆုံး အမျိုးသမီး သမ္မတဖြစ်လာမှာပါ။ အပြည့်အစုံ
 
ကျန်းမာရေး

အရေပြား ကင်ဆာ အရေပြား ကင်ဆာ
ဒီဇင်ဘာ ၁၉၊ ၂၀၁၂။ အရေပြား ကင်ဆာနဲ့ အနာတွေအတွက် အလားအလာကောင်းတဲ့ လိမ်းဆေးတွေ့ရှိချိန်မှာ၊ ဒီကင်ဆာဖြစ်မှု့နဲ့ ကာကွယ်ကုသမှု့ ဘယ်လိုရှိပါလဲ။ အပြည့်အစုံ
 
သတင်းသုံးသပ်ချက်

အလှမ်းဝေးနေသေးတဲ့ ဖယ်ဒရယ်ပြည်ထောင်စု အလှမ်းဝေးနေသေးတဲ့ ဖယ်ဒရယ်ပြည်ထောင်စု
ဒီဇင်ဘာ ၁၉၊ ၂၀၁၂ - တိုင်းရင်းသား အခွင့်အရေးဆိုင်ရာကို SNLD ရဲ့ တွဲဖက်အတွင်းရေးမှုး ဦးစိုင်းလိတ် နှင့် ဦးကျော်ဇံသာ တို့ ဆွေးနွေး သုံးသပ်ထားပါတယ်။ အပြည့်အစုံ
 
တီဗွီ

နေ့စဉ်တီဗွီသတင်းလွှာ (၁၂-၂၀-၂၀၁၂) နေ့စဉ်တီဗွီသတင်းလွှာ (၁၂-၂၀-၂၀၁၂)
ABSDF ခေါင်းဆောင်တွေ ရန်ကုန်မှာရောက်ရှိ၊ မြန်မာနိုင်ငံ တိုင်းရင်းသားပါတီက လွှတ်တော်ကိုယ်စားလှယ်တွေ အင်ဒိုနီးရှား သို့ သွားရောက်လေ့လာ၊ တောင်ကိုရီးယားနိုင်ငံက ရွေးကောက် ပွဲ ... စတဲ့သတင်းတွေအပြင်၊ မြန်မာ နဲ့ နိုင်ငံတကာက သတင်း ဆောင်းပါးတွေကို ရှုစားကြရမှာပါ။ အပြည့်အစုံ
 
ဗွီဒီယိုသတင်း

ကြာသပတေးနေ့ မြန်မာတီဗွီသတင်းများ ကြာသပတေးနေ့ မြန်မာတီဗွီသတင်းများ
ဒီဇင်ဘာလ ၂၀ ရက်၊ ကြာသပတေးနေ့ မြန်မာနိုင်ငံဆိုင်ရာ သတင်းတွေကို စုစည်းတင်ဆက်ထားပါတယ်။ အပြည့်အစုံ
 
မြန်မာကလေးငယ်များ   အာဟာရချို့  တဲ့နေဆဲ မြန်မာကလေးငယ်များ အာဟာရချို့ တဲ့နေဆဲ
ဆယ်စုနှစ်ပေါင်းများစွာ အဂတိလိုက်စားတဲ့ အစိုးရအုပ်ချုပ်ေ၇း ကြောင့်သာ မက မလုံလောက်တဲ့ နိုင်ငံတကာ အကူအညီအ ထောက် အပံ့ပေးရေး အနေအထားအောက်က မြန်မာနိုင်ငံရဲ့  ကျန်းမာရေးစနစ်မှာ ၀မ်းနဲစရာကောင်းလောက်အောင် ချို့ တဲ့အား နည်းတဲ့ ပြသနာတွေရှိနေပါတယ်။ နောက်ဆုံး ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ ကဦးဆောင်တဲ့ ကလေးတွေအတွက် အဟာရ ထောက်ပံ့ရေး အစီအစဉ်က တဖက်တလမ်းက ဒီပြသနာ ကို ဖြေရှင်းရတဲ့အထဲမှာ ပါဝင်လာပါတယ်။ ဒီအကြောင်း မိုးဖြူက တင်ဆက်ပေးထားပါတယ်။ အပြည့်အစုံ
 
လန်ဒန်မြို့   ခရစ္စမတ် နဲ့ Oxford လမ်းမ ယာဉ်အန္တရာယ် ကင်းရှင်းရေး လန်ဒန်မြို့ ခရစ္စမတ် နဲ့ Oxford လမ်းမ ယာဉ်အန္တရာယ် ကင်းရှင်းရေး
ခရစ္စမတ်ပွဲတော် အချိန်အခါလည်း နီးကပ်လာပြီဖြစ်တာကြောင့် လန်ဒန်မြို့ရဲ့ လမ်းမတွေပေါ်မှာ ဈေးဝယ်သူတွေ နဲ့ ပြည့်နှက်စည် ကားနေပါတယ်။ ဥရောပတိုက် တခုလုံးမှာ နာမည်ကျော်တဲ့ လမ်းမတွေထဲက တခုကို ပြပါဆိုရင်တော့ လန်ဒန်မြို့ က အောက်စ်ဖို့ဒ် လမ်းကိုပြရမှာပါ။ ဒါပေမယ့် များပြား လှတဲ့ ကားတွေ နဲ့ လူတွေအခုလို ရောရောယှက်ယှက်သွားလာ နေကြ တာက လန်ဒန်မြို့လိုနေရာမျိုးမှာ တော်တော်လေးကို အန္တရာယ် ကြီးသလို၊ မြို့ထဲမှာ နှစ်ထပ်ကားတွေပြေးနေတာကို မြို့ခံတွေက ရပ်ပစ်ချင်နေကြတာပါ။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် Henry Ridgwell သတင်းပေးပို့ထားတာကို ကိုကျော်သိင်္ခ က ပြောပြပေးမှာပါ။ အပြည့်အစုံ
 
တောင်တရုတ်ပင်လယ်ရေပိုင်  နက်ပိုင်ဆိုင်မှု အငြင်းပွားနေဆဲ တောင်တရုတ်ပင်လယ်ရေပိုင် နက်ပိုင်ဆိုင်မှု အငြင်းပွားနေဆဲ
တောင်တရုတ်ပင်လယ်နဲ့ပက်သက်ပြီး ရေပိုင်နက်ပိုင်ဆိုင်မှု အငြင်းပွားနေရတဲ့ ကိစ္စက အာဆီယံနိုင်ငံတွေကြား စည်းလုံးညီညွတ်ရေးတည် ဆောက်ရာမှာ အဓိက စိန်ခေါ်နေတဲ့ ကိစ္စဖြစ်တယ်လို့ တရုတ်နိုင်ငံက အခိုင်အမာပြောဆိုလိုက်ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံမှာ အခုနှစ်အတွင်းကျင်ပခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ တောင်တရုတ်ပင်လယ်အရေး နဲ့ ပက်သက်ပြီး စဉ်းမျဉ်းစည်းကမ်းတွေ ရေးဆွဲဖို့ဆိုတဲ့ ကိစ္စဟာလည်း မအောင်မြင်ခဲ့သလို၊ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကြား သဘောထားကွဲလွဲမှုတွေလည်းရှိခဲ့တာပါ။ ဒီအခြေအနေဟာ သယံဇာတတွေပေါကြွယ်ဝတဲ့ အာရှဒေသတွင်း အင်းအားပြိုင်ဆိုင်မှုတွေဖြစ်လာနိုင်တယ်ဆိုပြီးတော့ ဗွီအိုအေသတင်းထောက် Daniel Schearf က Bangkok မြို့ကနေ သတင်းပေးပို့ထားပါတယ်။ မနန္ဒချမ်းက ပြောပြပေးမှာပါ။ အပြည့်အစုံ
 
Johannesburg မြို့က   သဲပြင်လျှောစီးအားကစား Johannesburg မြို့က သဲပြင်လျှောစီးအားကစား
တောင်အာဖရိကနိုင်ငံရဲ့ မြို့တော် Johannesburg မြို့ကို တချိန်တုန်းက ရွှေတူးဖော်ရေးလုပ်ငန်းတွေ စတင်ခဲ့တဲ့ချိန်ကတည်းက တည်ခဲ့တာဖြစ်ပါတယ်။ ရွှေတွေ အပြိုင် အဆိုင် တူးဖော်ရှာဖွေတဲ့အချိန်ကာလတုန်းက ကျန်ခဲ့တဲ့အမွေအနှစ်အဖြစ်၊ ကနေ့ခေတ်မှာတော့ Johannesburg မြို့တော် တ၀ိုက်က ရွှေသတ္တုတွင်းဟောင်းနေရာဟာ သဲပြင်လျောစီးသူတွေအတွက် ကစားကွင်းတခုဖြစ်နေပါတယ်။ ဒီအကြောင်း Emilie IOB Johannesburg မြို့တော်ကနေ သတင်းပေးပို့ ထားတာကို ကိုကျော်သိင်္ခ က တင်ပြပေးမှာပါ။ အပြည့်အစုံ
 
 သေနတ်နဲ့တခြားပစ္စည်းတွေ  Baltimore မြို့  မှာ အလဲ   အလှယ်လုပ် သေနတ်နဲ့တခြားပစ္စည်းတွေ Baltimore မြို့ မှာ အလဲ အလှယ်လုပ်
ဒီဇင်ဘာ ၁၄ရက် သောကြာနေ့က Connecticut ပြည်နယ် Newtown မြို့ကလေးက Sandy Hook မူလတန်းကျောင်းမှာ မူလ တန်း ကျောင်းသားကျောင်းသူလေး ၂၀နဲ့ ကျောင်းအုပ်ဆရာမကြီး အပါအ၀င် ဆရာမ ၆ဦးကိုသေဆုံးစေခဲ့တဲ့ သေနတ်ပစ်ခတ်မှုဟာ အမေရိကန်သမိုင်းမှာ အဆိုးဝါးဆုံး ကြေကွဲဖွယ်ဖြစ်ရပ် တခုဖြစ်ပြီး ဒီဖြစ်ရပ်ကြောင့်အမေရိကန်နိုင်ငံမှာ သေနတ်ကိုင် ဆောင် ခွင့် ထိမ်းချုပ်ရေးဆိုင်ရာ အခြေအတင် ဆွေးနွေးမှုတွေ တကျော့ပြန် တွေ့လာခဲ့ရပါတယ်။ ဒီလို အခြေအတင် ဆွေးနွေး မှု လုပ်သူတွေရှိနေသလို တချိန်မှာပဲ မေရီလန်းပြည်နယ် Baltimore မြို့မှာတော့ သေနတ်အစား တခြားပစ္စည်းတွေ ၀ယ်ယူဖို့ အလဲအလှယ်လုပ်တဲ့ အစီအစဉ် အတွက် တက်တက် ကြွကြွ ပါဝင်သူတွေက သူတို့ရဲ့ သေနတ်တွေကို လာအပ်နေကြ တာပါ။ အပြည့်အစုံကိုတော့ DKMT က ပြောပြပေးမှာပါ။ အပြည့်အစုံ
 
VOA 60 World

Park Guen-hye is elected South Korea's first female president Park Guen-hye is elected South Korea's first female president
VOA60 World အပြည့်အစုံ
 
VOA60 USA

President Obama holds a news conference on gun control- VOA60 America President Obama holds a news conference on gun control- VOA60 America
President Obama appointed VP Biden to head up a committee on gun control policy. အပြည့်အစုံ
 

အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
Voice of America
330 Independence Ave. SW Suite 3166
Washington, D.C. 20237 USA

No comments:

Post a Comment