ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ ဒီဇင်ဘာလ ၂၂၊ ၂၀၁၂ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
| မြန်မာ တရုတ်ခေါင်းဆောင်သစ် အင်တာနက် ဆင်ဆာလျှော့ပေါ့ဖွယ်မရှိ တရုတ်နိုင်ငံရဲ့ ကွန်မြူနစ်ပါတီသစ်ခေါင်းဆောင်တွေဟာ တင်းကျပ်တဲ့ အင်တာနက် အွန်လိုင်း ဖြတ်တောက်မှုတွေအပေါ် ဖြေလျော့ပေးမယ့် အရိပ်လက္ခဏာလုံးလုံး မပြပါဘူးလို့ လေ့လာသူတွေက ပြောလိုက်ပါတယ်။ အပြည့်အစုံ သီလဝါစီမံကိန်း ဂျပန်-မြန်မာ သဘောတူလက်မှတ်ထိုး ရန်ကုန်မြို့ စီးပွားရေးအထူးဇုံစီမံကိန်းနဲ့ပတ်သက်လို့ ဂျပန်အစိုးရ ရဲ့ ငွေကြေးထောက်ပံ့မှု အာမခံချက်နဲ့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှု အနည်းဆုံးရှိနိုင်တဲ့ အဆင့်မြင့်နည်းပညာတွေကို သုံးပါမယ်ဆိုတဲ့ အာမခံချက်မျိုး ပေးခဲ့တယ်လို့ အမျိုးသားစီမံကိန်းနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောပါတယ်။ အပြည့်အစုံ သမ္မတဦးသိန်းစိန် အိန္ဒိယဝန်ကြီးချုပ်နဲ့ တွေ့ဆုံ မြန်မာနိုင်ငံဟာ အိန္ဒိယနိုင်ငံရဲ့ အိမ်နီးချင်း ဖြစ်တာနဲ့ အာဆီယံနဲ့အိန္ဒိယနိုင်ငံကြား လုံခြုံရေးအပါအ၀င် ကဏ္ဏပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုကို အထူးအလေးပေးထားပါတယ် လို့ ပြောဆိုခဲ့ပါတယ်။ အပြည့်အစုံ ကချင်အရေး လွှတ်တော်တွင် အရေးတကြီးဆွေးနွေးမည် နှစ်ဘက် တိုက်ပွဲတွေဟာ ပိုပြီးပြင်းထန်လာနေတဲ့အတွက် ငြိမ်းချမ်းရေးရနိုင်ဖို့ ပြည်ထောင်စုလွှတ်တော် ဆဌမအကြိမ်အစည်းအဝေးမှာ ကချင်ပြည်နယ်အရေး အရေးတကြီးအဆို တင်သွင်းပြီး ကချင်ငြိမ်းချမ်းရေးအတွက် အဓိကထား ဆွေးနွေးကြမှာဖြစ်ပါတယ်။ အပြည့်အစုံ ရခိုင်နဲ့ ကချင်အတွက် ယူရိုငါးသန်း EU ထောက်ပံ့မည် မြန်မာနိုင်ငံမှာ လူသားချင်း စာနာမှုအကူအညီတွေ အရေးပေါ်လိုအပ်နေတဲ့ ဒေသတွေ အတွက် ယူရိုငွေ ၅ သန်းခွဲ အကူအညီတွေ ထပ်ပေးသွား ဖို့ ရှိတယ်လို့ ဥရောပကော်မရှင် က ပြောပါတယ်။ အပြည့်အစုံ Pennsylvania ပြည်နယ် ပစ်ခတ်မှု ၄ ယောက်သေ အမေရိကန်ပြည်ထောင်စု အရှေ့ခြမ်း Pennsylvania ပြည်နယ်မှာ သောကြာနေ့ က သေနတ်နဲ့ပစ်ခံရလို့ လူ ၄ယောက်သေဆုံးပြီး ပြည်နယ် ရဲတပ်ဖွဲ့ဝင်သုံးယောက် ဒဏ်ရာရသွားပါတယ်။ အပြည့်အစုံ အထက်လွှတ်တော်အမတ် ဂျွန်ကယ်ရီကို နိုင်ငံခြားရေးဝန်ကြီးရွေး အမေရိကန်သမ္မတ ဘရက်ခ်အိုဘားမားက အထက်လွှတ်တော်အမတ် John Kerry ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရာထူးကို ဆက်ခံဖို့အတွက် အမည်စာရင်းတင်သွင်း အဆိုပြုလိုက်ပါတယ်။ အပြည့်အစုံ မြန်မာ့မူးယစ်ဆေး နဲ့ အမေရိကန်အစိုးရ ဒီဇင်ဘာ ၂၂၊ ၂၀၁၂ - မြန်မာ-အမေရိကန် ဆက်ဆံရေးမှာ မူးယစ်ဆေးတိုက်ဖျက်ရေးလည်း အဓိက ပါဝင်ကြောင်း ဒီတပတ် မျက်မှောက်ရေးရာမှာ သုံးသပ်တင်ပြထား... အပြည့်အစုံ ရခိုင်နဲ့ ကချင်ပြည်နယ်တွေအတွက် ဥရောပကော်မရှင်နဲ့ ဗြိတိန် အကူအညီ၊ ထိုင်းရောက် မြန်မာအလုပ်သမားတွေ အခက်အခဲ၊ မြန်မာ့အပြောင်းအလဲအကျိုး လူထု တကယ် ခံစားနေရပြီလား စသည် … အပြည့်အစုံ မြန်မာနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ပတ်သက်လို့ ထိုင်းနဲ့ မြန်မာအစိုးရကြားမှာ သဘောတူထားတဲ့ MOU နားလည်မှုစာချွန်လွှာအရ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ထိုင်းနိုင်ငံမှာ တရားဝင်ပဲ အလုပ်လုပ်ခွင့်ရှိပါတော့တယ်။ ဒီတော့ မြန်မာနိုင်ငံက အလုပ်သမားတွေအနေနဲ့ တရားဝင် အလုပ်လုပ်နိုင်ရေး စာရွက်စာတမ်းတွေလုပ်ဖို့ ဘယ်လို အခက်အခဲ တွေရှိနေကြသလဲ၊ ထိုင်းအလုပ်ရှင်တွေအနေနဲ့ရော ထိုင်းအစိုးရရဲ့ မူဝါဒသစ်က သူတို့လုပ်ငန်းတွေအပေါ် ဂယက်ရိုက်မှာကို ဘယ်လောက် စိုးရိမ်နေကြပါသလဲ၊ မြန်မာနိုင်ငံက တရားမဝင်ရွှေ့ပြောင်းအလုပ်သမားတွေ သိန်းနဲ့ချီပြီးရှိနေတဲ့၊ ထိုင်းနိုင်ငံမှာ မဟာချိုင်လို့သိကြတဲ့ စမွတ်စခွန်း ခရိုင်ကို ကိုယ်တိုင်သွားလေ့လာထားတဲ့ မစုမြတ်မွန်က တင်ပြထားပါတယ်။ အပြည့်အစုံ မြန်မာနိုင်ငံ တည်ငြိမ်ရေးနဲ့ အေးချမ်းရေးအတွက်ဆိုရင် လက်နက်ကိုင် ပဋိပက္ခဖြေရှင်းရေး၊ အပစ်အခတ်ရပ်စဲရေးနဲ့ အတူ နိုင်ငံရေးအရ ဆွေးနွေးမှုတွေရှိဖို့ လိုအပ်တဲ့အကြောင်း ရန်ကုန်မြို့မှာရောက်နေတဲ့ ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ဥက္ကဋ္ဌ ဦးသံခဲက ပြောဆိုပါတယ်။ တိုင်းပြည် တည်ငြိမ် အေးချမ်းရေးအတွက် နိုင်ငံရေးအင်အားစု အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲကြီးတရပ် ကျင်းပဖို့ ဆုံးဖြတ်ချက် ချထားတယ်လို့လည်း သူက ပြောပါတယ်။ ရန်ကုန်မြို့မှာ ABSDF ခေါင်းဆောင်တွေနဲ့ အတူ ရောက်နေတဲ့ ဦးသံခဲကို VOA မြန်မာပိုင်း အစီအစဉ်က ဦးသိန်းထိုက်ဦး ကတွေ့ဆုံမေးမြန်းထားပါတယ်။ အပြည့်အစုံ . အပြည့်အစုံ . အပြည့်အစုံ . အပြည့်အစုံ ယူဂန်ဒါနိုင်ငံက Watoto ကလေး သံပြိုင်အဆိုအဖွဲ့ဝင် ကလေးငယ်တွေဟာ ဘယ်ကလေးငယ်တွေမှ မတွေ့ကြုံခဲ့ရဖူးတာတွေ ကို တွေ့ကြုံခံစားခဲ့ကြရသူတွေပါ။ စစ်ပွဲ ဒါမှမဟုတ် ရောဂါဘယတွေကြောင့် မိဘတွေ ဆုံးရှုံးခဲ့ကြရ၊ ယူဂန်ဒါနိုင်ငံကို ပျက်စီးစေ ခဲ့တဲ့ ပြည်တွင်းစစ်ပွဲမှာ ကလေးစစ်သားတွေအဖြစ် ထိတ်လန့်ဖွယ် အိပ်မက်ဆိုးတွေ၊ မျှော်လင့်ချက်မဲ့ ဆင်းရဲမွဲတေမှုနဲ့ အိပ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ် ရောဂါဒဏ်ကို ခံစားခဲ့ကြရသူတွေဖြစ်ပါတယ်။ ကမ္ဘာလှည့်ဖျော်ဖြေနေကြပြီး အခုအခါ အမေရိကန်ပြည်ထောင်စုမှာ ရောက်ရှိ ဖျော်ဖြေနေတဲ့ အဲဒီကလေးသံပြိုင်အဆိုအဖွဲ့ကို ဗွီအိုအေသတင်းထောက် Chris Simkins က သွားတွေ့ပြီး သတင်းဆောင်းပါး ရေးထားပါတယ်။ ကိုအောင်အောင်က တင်ပြပေးပါမယ်။ အပြည့်အစုံ Kenya: Ethnic fighting leaves at least 39 dead VOA60 World အပြည့်အစုံ |
| အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
| Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
တရုတ်ခေါင်းဆောင်သစ် အင်တာနက် ဆင်ဆာလျှော့ပေါ့ဖွယ်မရှိ
သီလဝါစီမံကိန်း ဂျပန်-မြန်မာ သဘောတူလက်မှတ်ထိုး
သမ္မတဦးသိန်းစိန် အိန္ဒိယဝန်ကြီးချုပ်နဲ့ တွေ့ဆုံ
ကချင်အရေး လွှတ်တော်တွင် အရေးတကြီးဆွေးနွေးမည်
ရခိုင်နဲ့ ကချင်အတွက် ယူရိုငါးသန်း EU ထောက်ပံ့မည်
Pennsylvania ပြည်နယ် ပစ်ခတ်မှု ၄ ယောက်သေ
အထက်လွှတ်တော်အမတ် ဂျွန်ကယ်ရီကို နိုင်ငံခြားရေးဝန်ကြီးရွေး
မြန်မာ့မူးယစ်ဆေး နဲ့ အမေရိကန်အစိုးရ
Kenya: Ethnic fighting leaves at least 39 dead
No comments:
Post a Comment