ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ ဒီဇင်ဘာလ ၂၁၊ ၂၀၁၂ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
| မြန်မာ မြန်မာ့လူကုန်ကူးမှု တိုက်ဖျက်ရေး တိုးတက်မှုရှိ မြန်မာနိုင်ငံက လူကုန်ကူးမှုတွေဟာ အခု ၂၀၁၂ အတွင်းမှာ ပြီးခဲ့တဲ့နှစ်ကထက် ၃၀ ရာခိုင်နှုန်းလျော့ကျသွားတယ်လို့ လူကုန်ကူးမှု တားဆီးတိုက်ဖျက်ရေး အဖွဲ့က ပြောလိုက်ပါတယ်။ အပြည့်အစုံ အိန္ဒိယရောက် သမ္မတဦးသိန်းစိန်ကို ဆန္ဒပြ အိန္ဒိယနိုင်ငံကို သမ္မတဦးသိန်းစိန် သွားရောက်နေတဲ့အချိန်မှာ လက်ရှိပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်နေပါတယ်ဆိုတဲ့ အရပ်သားအစိုးရ လက်ထက် တိုင်းရင်းသားဒေသတွေမှာ စစ်ဖြစ်ပွားနေတဲ့ အခြေအနေတွေ၊ နောက် လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုတွေနဲ့ လက်ပံတောင်းတောင် အရေး ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ သံဃာတော်တွေကို အကြမ်းဖက်ဖြိုခွင်းမှုတွေနဲ့ ပတ်သက်ပြီးတော့ ဆန့်ကျင် ကန့်ကွက်တဲ့အနေနဲ့ အိန္ဒိယနိုင်ငံက မြန်မာ့ဒီမိုကရေစီရေး လူပ်ရှားသူတွေက ထိုင်သပိတ်စခန်းဖွင့်ပြီး ဆန္ဒပြနေကြတာဖြစ်ပါတယ်။ အပြည့်အစုံ ကုလအထူးကိုယ်စားလှယ်ရဲ့ ရခိုင်ခရီးစဉ် ခရီးစဉ်ရည်ရွယ်ချက်ကတော့ အကြမ်းဖက်မှု ပဋိပက္ခတွေဖြစ်ခဲ့ကြတဲ့ လူမျိုးစု ၂ စုအကြား အတူ ပြန်လည်နေထိုင်နိုင်ရေးကိစ္စ လက်ရှိ အခြေအနေတွေကို ကုလအထူးကိုယ်စားလှယ်ကိုယ်တိုင် အကဲခတ်ဖို့ သွားရောက်တာဖြစ်ပါတယ်။ အပြည့်အစုံ ဆီးရီးယားပဋိပက္ခ ဘာသာရေးအသွင်ပိုဆောင်လာ အစိုးရတပ်ဖွဲ့တွေနဲ့ သမ္မတဘာရှာအယ်လ်အာဆတ်ကို ဖြုတ်ချရေး သူပုန်အဖွဲ့တွေဟာ ဘာသာရေးဂိုဏ်းဂဏတိုက်ပွဲအသွင် ပေါ်လွင်လာတယ်လို့ စုံစမ်းရေးသမားတွေက ဆိုကြပါတယ်။ အပြည့်အစုံ ကိုရီးယား ၂ နိုင်ငံ ဆက်ဆံရေးအလားအလာ တောင်ကိုရီးယားနိုင်ငံရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲမှာ အထီးကျန်ဖြစ်နေတဲ့ မြောက်ကိုရီးယားနိုင်ငံနဲ့ ဆက်ဆံရေးအပေါ်မှာ မသေချာမရေရာမှုတွေနဲ့ အခွင့်အရေးရော နှစ်မျိုးလုံးရောထွေးနေပါတယ်။ အပြည့်အစုံ သမ္မတဖြစ်လာမယ့် Park Geun-hye အမျိုးသားလုံခြုံရေး အလေးထား တောင်ကိုရီးယားနိုင်ငံရဲ့ လုံခြုံရေးနဲ့ မြောက်ကိုရီးယားနိုင်ငံဘက်က ခြိမ်းခြောက်မှုတွေဟာ အရေးပါဆုံး အလေးထားဆောင်ရွက်ရမယ့်ကိစ္စတွေဖြစ်တယ်လို့ သမ္မတသစ်ပြောဆို အပြည့်အစုံ အိန္ဒိယ-အာဆီယံ ထိပ်သီးစည်းဝေးပွဲ၊ ဗီဂျေး နမ်ဘီးယား ရခိုင်ဒုက္ခသည်တွေနဲ့ တွေ့ဆုံ၊ ရွေးကောက်ခံ တောင်ကိုရီးယား သမ္မတ မြောက်ကိုရီးယားအန္တရာယ် သတိပေး၊ မယ်စကြာဝဠာဆု အမေရိကန်မယ် ဆွတ်ခူး၊ ကွမ်းယာနဲ့ ကွမ်းတံတွေး စသည် … အပြည့်အစုံ . အပြည့်အစုံ ကွမ်းစားတယ်ဆိုတာက မြန်မာလူမျိုးတွေကြားထဲမှာ ထူးဆန်းတဲ့ အလေ့အထတခုတော့ မဟုတ်ပါဘူး။ ရှေးတချိန်တုန်းကတော့ ရှေးလူကြီးသူမတွေက ကွမ်းကို ခံတွင်းရှင်းရုံစားကြပေမယ့် ဒီကနေ့ခေတ်ရောက်လာတဲ့အခါမှာတော့ မြန်မာ နိုင်ငံနေရာ အနှံ့အပြား မှာ လူကြီး၊ လူငယ် အရွယ်မရွေး ကွမ်းကို နှစ်နှစ်ခြိုက် ခြိုက်စားသုံးနေကြတာကို တွေ့မြင်နေရတာပါ။ အခုလို ကွမ်းစား တာကို နှစ်သက်ကြတဲ့လူတွေရှိတာနဲ့အမျှ အများနဲ့ဆိုင်တဲ့ပတ်ဝန်း ကျင်နေရာတွေမှာ ကွမ်းတံတွေးတွေ စည်းကမ်းမဲ့ ထွေးနေ ကြတဲ့ အတွက်လည်း ဝေဖန်ပြောဆိုသံတွေကြားနေရပြီး နေရာမရှောင် ကွမ်းတံတွေး ထွေးသူတွေကို ဒဏ်ခတ်အရေးယူဖို့ ပြောဆို လှုပ်ရှားတာတွေလည်း ရှိလာနေပါတယ်။။ ဒီအကြောင်း Reuters သတင်းဌာနရဲ့ သတင်း ဆောင်းပါးကို မဆုမွန်က ပြောပြပေးမှာပါ။ အပြည့်အစုံ Traffic comes to a halt in Athens after public transit workers strike- VOA60 World Public transit workers in Greece strike against austerity measures. အပြည့်အစုံ |
| အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
| Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
မြန်မာ့လူကုန်ကူးမှု တိုက်ဖျက်ရေး တိုးတက်မှုရှိ
အိန္ဒိယရောက် သမ္မတဦးသိန်းစိန်ကို ဆန္ဒပြ
ကုလအထူးကိုယ်စားလှယ်ရဲ့ ရခိုင်ခရီးစဉ်
ဆီးရီးယားပဋိပက္ခ ဘာသာရေးအသွင်ပိုဆောင်လာ
ကိုရီးယား ၂ နိုင်ငံ ဆက်ဆံရေးအလားအလာ
သမ္မတဖြစ်လာမယ့် Park Geun-hye အမျိုးသားလုံခြုံရေး အလေးထား
Traffic comes to a halt in Athens after public transit workers strike- VOA60 World
No comments:
Post a Comment