ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ ဒီဇင်ဘာလ ၁၄၊ ၂၀၁၂ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
| မြန်မာ ဒီမိုကရေစီ ဖော်ဆောင်ရေး စစ်တပ်ဟန့်တား ဒီမိုကရေစီရေး တိုးတက်လာဖို့အတွက် စစ်တပ်က အခုအချိန်အထိ အဟန့်အတား ဖြစ်စေတယ်လို့ The ASEAN Inter-Parliamentary Myanmar Caucus (AIPMC) မြန်မာ့အရေးဆောင်ရွက်တဲ့ အမတ်များအဖွဲ့က သတိပေးလိုက်ပါတယ်။ အပြည့်အစုံ ASEAN-အိန္ဒိယကားပြိုင်ပွဲ မန္တလေးမှာတထောက်နား November လ ၂၆ ရက်နေ့ကစလို့ Indonesia နိုင်ငံ Yogyakarta မြို့က စခဲ့တဲ့ အာဆီယံ ၁၀ နိုင်ငံနဲ့ India နိုင်ငံကိုယ်စားပြု မော်တော်ကားတန်းကြီးဟာ ထိုင်းနိုင်ငံကတဆင့် ဒီကနေ့မှာ မန္တလေးမြို့ကို ရောက်ရှိလာပါတယ်။ အပြည့်အစုံ သံဃာတွေဆန္ဒပြမှု ပြုပြင် ပြောင်းလဲရေး ထိခိုက်နိုင်ဟု ပဓာနနာယက ဆရာတော် မိန့် နိုင်ငံတော်သမ္မတကိုယ်တိုင် တောင်းပန်ဖို့ သံဃာတော်တွေ တောင်းဆိုမှုဟာ မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေးကို ထိခိုက်လာနိုင်တယ်လို့ ဆရာတော်ကြီးတွေက မိန့်ပါတယ်။ အပြည့်အစုံ ကန်နိုင်ငံခြားရေးဝန်ကြီး အမည်စာရင်းမှ Susan Rice နှုတ်ထွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ရဲ့နေရာမှာ အစားထိုးရွေးချယ်မယ့် နိုင်ငံခြားရေးဝန်ကြီးလောင်းတွေရဲ့ အမည်စာရင်းထဲမှာ ထည့်သွင်းထားတာကို ပယ်ဖျက်ပေးဖို့အတွက် လက်ရှိကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဆူဆန်ရိုက်စ်က သမ္မတ ဘားရပ်အိုဘားမားကို ပန်ကြားလိုက်ပါတယ်။ အပြည့်အစုံ ဆီးရီးယားမှာ အတိုက်အခံ အောင်ပွဲခံဖို့ ရုရှားခန့်မှန်း ဆီးရီးယားသမ္မတ ဘရှားအလ်အာဆတ်ကို ဆန့်ကျင်နေတဲ့ အတိုက်အခံတွေ အနိုင်ရနိုင်တယ်လို့ ရုရှားနိုင်ငံရဲ့ အကြီးတန်းသံတမန်တဦးက ပြောလိုက်ပါတယ်။ အပြည့်အစုံ ထိုင်းဝန်ကြီးချုပ်ဟောင်း Abhisit အမှုဆိုင်ဖို့ပြင်ဆင် ထိုင်းဝန်ကြီးချုပ်ဟောင်း အနေနဲ့ ဆန္ဒပြမှုကို ဖြိုခွဲဖို့ အင်အားအလွန်အကြွံ အသုံးပြုဖို့ အမိန့်ပေးခဲ့တယ်ဆိုပြီး အထူးစုံစမ်းစစ်ဆေးရေး ဌာနက စွဲချက် တင်ခဲ့တာ ဖြစ်ပါတယ်။ အပြည့်အစုံ မြောက်ကိုရီးယားဂြိုလ်တု ကမ္ဘာပတ်လမ်းကြောင်း အတွင်း လည်ပတ် မြောက်ကိုရီးယားက တာဝေးပစ်ဒုံးပျံ အသုံးပြုပြီး ပစ်လွှတ်လိုက်တဲ့ ဂြိုလ်တုဟာ ကမ္ဘာပတ်လမ်းကြောင်းအတွင်းမှာ ပုံမှန်အနေအထားနဲ့ ရှိနေကြောင်း တောင်ကိုရီးယားက ပြောပါတယ်။ အပြည့်အစုံ အရှေ့တရုတ် ပင်လယ် အရေး ဂျပန်နဲ့ တရုတ် အငြင်းပွား အရှေ့တရုတ်ပင်လယ်ထဲက အငြင်းပွားနေတဲ့ ကျွန်းတွေအနီးမှာရှိတဲ့ လေပိုင်နက်ထဲကို တရုတ်လေယာဉ်တစင်း ၀င်လာတဲ့အတွက် ဂျပန်ဘက်ကလည်း F-15 ဂျက်တိုက်လေယာဉ် ၈ စင်း ပျံဝဲခဲ့ရာက ၂ နိုင်ငံကြား သံတမန်ရေးရာ အချေအတင် ပြဿနာတွေ ပေါ်ပေါက်ခဲ့ပါတယ်။ အပြည့်အစုံ ဒီကနေ့ အစီအစဉ်မှာ လက်ပံတောင်းအရေး သံဃာတွေဆန္ဒပြတာ ရပ်ဆိုင်းရေး ပဓာနနာယကဆရာတော်တပါးကမိန့်ကြားလိုက်တဲ့သတင်းနဲ့ ၂၀၁၂ ခုနှစ် အာစီယံ-အိန္ဒိယကားပြိုင်ပွဲယာဉ်တန်း မန္တလေးနဲ့ နေပြည်တော်ကို ရောက်ရှိခဲ့တဲ့သတင်း၊ တောင်ကိုရီးယားသမ္မတရွေးကောက်ပွဲ၊ ဂျပန်နဲ့ တရုတ်အကြား ပိုင်နက်နယ်မြေအငြင်းပွားမှု စတဲ့ သတင်းတွေကို ရှုစားကြရဖို့ရှိပါတယ်။ အပြည့်အစုံ ဒီဇင်ဘာလ ၁၄ ရက်၊ သောကြာနေ့ မြန်မာတီဗွီသတင်းသတင်းများကို စုစည်းတင်ဆက်ထားပါတယ်။ အပြည့်အစုံ ကမ္ဘာတ၀ှမ်းက ခရစ်ယာန်ဘာသာဝင်တွေဟာ ဒီဇင်ဘာလ ၂၅ ရက်နေ့ ခရစ္စမတ်နေ့မှာ နာတာလူး လို့သိကြာတဲ့ ခရစ္စမတ်တေး သီးချင်းတွေ သံပြိုင် သီဆိုကြ၊ အချင်းချင်း လက်ဆောင်တွေ ဖလှယ်ကြ၊ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့အတူတူ စားကြ သောက်ကြနဲ့ ခရစ္စမတ်ပွဲတော်ကို ဆင်နွှဲကြပါတယ်။ ဒါပေမဲ့လည်း နှစ်ကူးဖို့အချိန် နီးလာတာနဲ့အမျှ မိသားစုရဲ့ အဝေးမှာ ရောက်နေကြသူတွေ အတွက်ကတော့ ခုလို အချိန်မျိုးကို ဖြတ်သန်းရတာ မလွယ်ကူလှပါဘူး။ ကိုးကွယ်တဲ့ဘာသာမရွေး နိုင်ငံတကာက သင်္ဘောသားတွေ အကြား ခရစ္စမတ် စိတ် ၀ိညာဉ်တွေ နိုးကြားလာအောင် တက္ကဆက်ပြည်နယ်က ခရစ်ယာန်ဘာသာဝင်တွေက ဘာတွေ လုပ်ပေးနေပါလဲ။ Houston မြို့ကနေ ဗွီအိုအေ သတင်းထောက် Greg Flakus ပေးပို့ထားတဲ့ သတင်းလွှာကို မခင်ဖြူထွေး က ပြောပြပေးပါမယ်။ အပြည့်အစုံ မြန်မာ့ ဘဏ္ဍာရေး ကဏ္ဍဟာ စစ်အစိုးရလက်ထက် လွဲချော်နေတဲ့ စီမံခန့်ခွဲမှုကြောင့် နှစ်ပေါင်းများစွာ နာလန်မထူနိုင်အောင် ဖြစ်နေပါတယ်။ အခုတော့ အစိုးရက စီးပွားရေးပြုပြင်ပြောင်းလဲမှု အနေနဲ့ ဘဏ်စနစ်ကို ပြန်လည်ပြင်ဆင်မှုတွေနဲ့ စီးပွားရေး လုပ်ငန်းတွေကို အားသစ်လောင်းလုပ်ဆောင်နေပါတယ်။ ဒီပြောင်းလဲမှုတွေကြောင့် မြန်မာနိုင်ငံရဲ့ စိးပွားရေးဟာ အာရှ အင်အားကြီး နိုင်ငံ တခုဖြစ်လာမလားဆိုတဲ့ မျှော်လင့်ချက်တွေလည်း ပြန်လည်ထွက်ပေါ်လာတဲ့ အကြောင်းသုံးသပ်ချက် ကို မသိဂီင်္ထိုက်ကပြောပြပေးမှာပါ။ အပြည့်အစုံ မြန်မာနိုင်ငံအတွင်း နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ ရုတ်တရက် လုပ်ဆောင်လာတဲ့အပေါ် နိုင်ငံတကာရဲ့ ချီးကျူး ပြောဆိုမှုတွေ ရရှိခဲ့ပါတယ်။ အထူးသဖြင့်တော့ အမေရိကန်သမ္မတ Barack Obama ကိုယ်တိုင် မကြာခင်က လာရောက်ပြီး ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကချင်နဲ့ ရခိုင်ပြည်နယ်တွေအတွင်း မငြိမ်သက်မှုတွေ ဖြစ်ပေါ်နေသေးတာ၊ တရုတ်ကုမ္ပဏီက လုပ်ဆောင်နေတဲ့ ကြေးနီတောင်စီမံကိန်းအပေါ် ဒေသခံ ပြည်သူတွေက ကန့်ကွက် ဆန္ဒပြနေတာတွေဟာ အစိုးရအတွက်သာမကပဲ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက်ပါ စိန်ခေါ်မှုတွေ ဖြစ်ပေါ်နေတာပါ။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် Daniel Schearf ဘန်ကောက်မြို့ကနေ ပေးပို့ထားတဲ့သတင်းဆောင်းပါးကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။ အပြည့်အစုံ အရှေ့ တောင်အာရှအသင်း အာဆီယံနဲ့  အိန္ဒိယနိုင်ငံတို့  ပူးပေါင်းပြီး ကျင်းပတဲ့ ၂၀၁၂ ခုနှစ် အာဆီယံ ကားမောင်းပြိုင်ပွဲဝင်တွေ ဒီဇင်ဘာလ ၁၂ ရက်နေ့ မှာ မြန်မာနိုင်ငံရဲ့  မြို့ တော် နေပြည်တော်ကိုရောက်ရှိလာပါတယ်။ ဒီကားမောင်းပြိုင်ပွဲ အိန္ဒိယ မှာ ခရီးစဉ်အဆုံးမသတ်မှီ မြန်မာနိုင်ငံမြို့ တော် နေပြည်တော်မှာ နွေးထွေးစွာ ကြိုဆိုခဲ့ကြပါတယ်။ ဒီအကြောင်း ကိုအောင်အောင်ကတင်ဆက်ထားပါတယ်။ အပြည့်အစုံ |
| အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
| Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
ဒီမိုကရေစီ ဖော်ဆောင်ရေး စစ်တပ်ဟန့်တား
ASEAN-အိန္ဒိယကားပြိုင်ပွဲ မန္တလေးမှာတထောက်နား
သံဃာတွေဆန္ဒပြမှု ပြုပြင် ပြောင်းလဲရေး ထိခိုက်နိုင်ဟု ပဓာနနာယက ဆရာတော် မိန့်
ကန်နိုင်ငံခြားရေးဝန်ကြီး အမည်စာရင်းမှ Susan Rice နှုတ်ထွက်
ဆီးရီးယားမှာ အတိုက်အခံ အောင်ပွဲခံဖို့ ရုရှားခန့်မှန်း
ထိုင်းဝန်ကြီးချုပ်ဟောင်း Abhisit အမှုဆိုင်ဖို့ပြင်ဆင်
မြောက်ကိုရီးယားဂြိုလ်တု ကမ္ဘာပတ်လမ်းကြောင်း အတွင်း လည်ပတ်
အရှေ့တရုတ် ပင်လယ် အရေး ဂျပန်နဲ့ တရုတ် အငြင်းပွား
No comments:
Post a Comment