ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ ဒီဇင်ဘာလ ၁၅၊ ၂၀၁၂ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
| မြန်မာ ရွှေ့ပြောင်းလုပ်သား ပြန်ပို့ရေး ရွှေ့ဆိုင်းဖို့ ILO တိုက်တွန်း ထိုင်းနိုင်ငံမှာရှိနေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် နောက်ဆုံးရက် သတ်မှတ်ထားတာကို သက်တမ်းတိုးပေးဖို့ နိုင်ငံတကာ အလုပ်သမား အဖွဲ့ကြီး ILO ရဲ့ အကြီးအကဲက ထိုင်းနိုင်ငံကို တောင်းဆိုလိုက်ပါတယ် အပြည့်အစုံ အိန္ဒိယပြည်ပရေးရာ ဝန်ကြီးရဲ့ မြန်မာပြည်ခရီး အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီး ဖောက်လုပ်ရေးလုပ်ငန်း အမြန်ပြီးစီးရေး၊ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးမြင့်ခိုင်မာရေး၊ နှစ်နိုင်ငံ ပြည်သူများအကြား ရင်းနှီးခင်မင်စွာ ထိတွေ့ဆက်ဆံရေးနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး ကိစ္စရပ်များကို ဆွေးနွေးကြပါတယ်။ အပြည့်အစုံ တာဝန်သိ ရင်းနှီးမြုတ်နှံမှု ဗြိတိန်အားပေးလို မြန်မာနိုင်ငံမှာ ရင်းနှီးမြုတ်နှံကြမယ့် ဗြိတိန်လုပ်ငန်းရှင်တွေဟာ တာဝန်သိတဲ့ ရင်းနှီးမြုတ်နှံမှုတွေ လုပ်ဖို့လိုတယ်လို့လည်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Hugo Swire ကပြောပါတယ်။ အပြည့်အစုံ လက်ပံတောင်းတောင် အရေး မြဝတီမှာ DKBA ဆန္ဒပြ KNU၊ KNLA ငြိမ်းချမ်းရေးကောင်စီနဲ့ တိုးတက်သော ကရင်ဗုဒ္ဓဘာသာ DKBAအဖွဲ့တို့ကနေ ထိုင်းမြန်မာနယ်စပ် မြဝတီမြို့မှာ လက်ပံတောင်းတောင်အရေး လက်နက်ကိုင်တွေ ခြံရံပြီးတော့ ဆန္ဒပြခဲ့ကြတာပါ။ အပြည့်အစုံ KIO ဌာနချုပ် အနီးအထိ မြန်မာစစ်တပ် ထိုးစစ်ဆင် ဒီနေ့ဖြစ်တဲ့တိုက်ပွဲက မြန်မာစစ်တပ်ဘက်က ပထမဆုံးအနေနဲ့ ဗဟိုဌာနချုပ်ရဲ့ အနီးဆုံးနေရာကို ရဟတ်ယာဉ်နဲ့လာပစ်ခတ်တဲ့ အပြင်းထန်ဆုံးတိုက်ပွဲဖြစ်တယ် လို့ ကေအိုင်အေက ပြောပါတယ်။ အပြည့်အစုံ အမေရိကန် ဒုံးခွင်းဒုံးနဲ့ တပ်သား ၄၀၀ တူရကီပို့မည် ဆီရီးယားနိုင်ငံက ဖြစ်လာနိုင်ချေရှိတဲ့ ဒုံးကျည်ပစ်ခတ်မှုကို တူရကီနိုင်ငံအနေနဲ့ ကာကွယ်နိုင်အောင် အကူအညီပေးတဲ့အနေနဲ့ အမေရိကန်က တူရကီနိုင်ငံကို Patriot ဒုံးကျည်ပစ်လွှတ်တဲ့ စင် ၂ ခု နဲ့ တပ်သား ၄၀၀ ကို စေလွှတ်လိုက်ပါတယ်။ အပြည့်အစုံ သေနတ်သမားဝင်ပစ်လို့ မူလတန်းကလေး ၂၀ သေဆုံး ကလေးအယောက် ၂၀ကျော်သေဆုံးခဲ့ရတဲ့ ဒီဖြစ်ရပ်ကြောင့် အမေရိကန်ပြည်သူတွေရဲ့ အသည်းနှလုံးကွဲကြေသွားတဲ့အထိ ခံစားရပါတယ်လို့ အမေရိကန်သမ္မတအိုဘားမားက မျက်ရည်လည်ရွဲ နဲ့ အမေရိကန်ပြည်သူလူထုကို သောကြာနေ့ကပြောလိုက်ပါတယ်။ အပြည့်အစုံ ရုရှား ရဲ့ ဆီးရီးယားအပေါ် မူဝါဒ မပြောင်းလဲ ဆီးရီးယားနိုင်ငံအပေါ် ရုရှားနိုင်ငံက ထားတဲ့ မူဝါဒကို ပြောင်းလဲမှာမဟုတ်ဘူးလို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးကပြောလိုက်ပါတယ်။ အပြည့်အစုံ ဒီဇင်ဘာ ၁၅၊ ၂၀၁၂ - မြန်မာ့နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး နဲ့ မူးယစ်ဆေးတို့ ဆက်စပ်နေပုံအကြောင်း သုံးသပ်တင်ပြထားပါတယ်။ အပြည့်အစုံ မြန်မာနိုင်ငံတွင်း ရင်းနှီးမြုပ်နှံမှုတွေမှာ ကျင့်ဝတ်လိုက်နာရေးအတွက် ဗြိတိန်အစိုးရတိုက်တွန်းမည်၊ KIA နဲ့မြန်မာအစိုးရအကြား တိုက်ပွဲတွေပြင်းထန်လာ၊ ဆီးရီယားအပေါ် ရုရှား နိုင်ငံခြားရေးမူဝါဒမပြောင်းလဲ၊ အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုတွေ အီဂျစ်မှာ ဆက်ဖြစ်နေတဲ့သတင်းတွေကို ရှုစားရမှာဖြစ်ပါတယ်။ အပြည့်အစုံ ဒီဇင်ဘာလ ၁၅ ရက်၊ စနေနေ့ မြန်မာနိုင်ငံဆိုင်ရာ သတင်းတွေကို စုစည်းတင်ဆက်ပေးထားပါတယ်။ အပြည့်အစုံ ကချင်ပြည်နယ် အတွင်း တိုက်ပွဲတွေ ရပ်ဆိုင်းပြီးငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့အတွက် မြန်မာစစ်တပ် ကာကွယ်ရေးဦးစီးချုပ် ရဲ့အပေါ်မှာ အဓိကတာဝန်ရှိတယ် လို့ မြင်တဲ့အကြောင်းနဲ့နှစ်ဖက် စလုံးက အပစ်အခတ်ရပ်စဲဖို့ လိုမယ့်အကြောင်းတိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ပူတာအိုခရိုင်က မဲဆန္ဒနယ်မြေအမှတ် (၁၂) ကအမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးဂျေယောဝု က ပြောဆိုပါတယ်။ ဦးဂျေယောဝုကိုVOAမြန်မာပိုင်းအစီအစဉ်က ဦးသိန်းထိုက်ဦး တွေ့ဆုံမေးမြန်းတဲ့အခါ ကချင်ပြည်နယ်အတွင်း လတ်တလောဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအကြောင်း အခုလို စပြောပြပါတယ်။ အပြည့်အစုံ မြန်မာနိုင်ငံတွင်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေဟာ လူ့အခွင့်အရေး ကို လေးစားလိုက်နာဖို့အပြင်၊ မြန်မာလူ့အဖွဲ့အစည်းအတွက်ပါ တာဝန်သိတဲ့ စိတ်ထားကြဖို့ မြန်မာနိုင်ငံရောက်နေတဲ့ ဗြိတိသျှ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Hugo Swire က တိုက်တွန်းလိုက် ပါတယ်။ ဗြိတိသျှ ဒုတိယနိုင်ငံခြားရေးဝန်ကြီးနဲ့အတူ ဗြိတိသျှနိုင်ငံ က စီးပွားရေးလုပ်ငန်းရှင်တွေ ကုန်သည်တွေလည်း အတူပါလာကြတာပါ။ ဗြိတိသျှ ဒုနိုင်ငံခြားရေးဝန်ကြီးရဲ့ မနေ့က သတင်းစာရှင်းလင်းပွဲနဲ့ပတ်သက်လို့တော့ ကိုသားညွန့်ဦးက တင်ဆက်ပေးပါလိမ့်မယ်။ အပြည့်အစုံ မြန်မာ ကိုယ်ပိုင်သံစဉ်တွေနဲ့ နံမည်ကြီးခဲ့တဲ့ တေးသံရှင် မီမီဝင်းဖေဟာ အမေရိကန်နိုင်ငံ မယ်ရီလန်းပြည်နယ်မှာ ၅ နှစ် တာ နေထိုင် သွားခဲ့ပြီးတဲ့နောက် စက်တင်ဘာလတုန်းက ဖခင်ဖြစ် သူနဲ့အတူ မြန်မာနိုင်ငံကို အလည် သွားရောက်ခဲ့ပါတယ်။ သူမရှိ တဲ့ ၃ နှစ်တာ ကာလမှာ မြန်မာနိုင်ငံဟာ အတော်လေးပြောင်းလဲ သွားခဲ့ပြီး အထူးသဖြင့်တော့ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲ မှုတွေထက် စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ၊ လွှတ်လပ်တဲ့ အငွေ့အသက်တွေကို ခံစားရတယ်လို့ မီမီဝင်းဖေက ပြောပါတယ်။ ဂီတလောကမှာလဲ အရည်အချင်းရှိတဲ့ မျိုးဆက်သစ်တွေ အများ ကြီး တွေ့ရသလို၊ မြန်မာ့ ဂီတ ရေစီးကြောင်းလည်း ကောင်းမွန်တဲ့ ဦးတည်ချက်နဲ့ လမ်းခရီး ဖြောင့်ဖြူးနေတာ တွေ့ရတယ်လို့ မီမီဝင်းဖေက ပြောပါတယ်။ မီမီဝင်းဖေကို ဗွီအိုအေ ၀ိုင်းတော်သူ မခင်ဖြူထွေးက တွေ့ဆုံ မေးမြန်းထားပါတယ်။ အပြည့်အစုံ နိုင်ငံရေး နဲ့ ဘောလုံးအားကစား အပြည့်အစုံ Rivals Clash Ahead of Egypt Constitution Vote VOA60 World အပြည့်အစုံ |
| အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
| Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
ရွှေ့ပြောင်းလုပ်သား ပြန်ပို့ရေး ရွှေ့ဆိုင်းဖို့ ILO တိုက်တွန်း
အိန္ဒိယပြည်ပရေးရာ ဝန်ကြီးရဲ့ မြန်မာပြည်ခရီး
တာဝန်သိ ရင်းနှီးမြုတ်နှံမှု ဗြိတိန်အားပေးလို
လက်ပံတောင်းတောင် အရေး မြဝတီမှာ DKBA ဆန္ဒပြ
KIO ဌာနချုပ် အနီးအထိ မြန်မာစစ်တပ် ထိုးစစ်ဆင်
အမေရိကန် ဒုံးခွင်းဒုံးနဲ့ တပ်သား ၄၀၀ တူရကီပို့မည်
သေနတ်သမားဝင်ပစ်လို့ မူလတန်းကလေး ၂၀ သေဆုံး
ရုရှား ရဲ့ ဆီးရီးယားအပေါ် မူဝါဒ မပြောင်းလဲ
Rivals Clash Ahead of Egypt Constitution Vote
No comments:
Post a Comment