ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ ဒီဇင်ဘာလ ၄၊ ၂၀၁၂ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
| မြန်မာ ကုလ စာနာမှု အကြီးအကဲ မြန်မာခရီး စတင် ကုလသမဂ္ဂ လူသားချင်းစာနာမှုနဲ့ အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ လက်ထောက် အတွင်းရေးမှူးချုပ် Valerie Amos ဟာ ဒီကနေ့ မြန်မာနိုင်ငံကို ရောက်ရှိမှာဖြစ်ပြီး လူသားချင်းစာနာမှု အကူအညီတွေ အရေးတကြီး လိုအပ်နေတဲ့ ကချင်နဲ့ ရခိုင်ဒေသက ဒုက္ခသည်တွေကို သွားရောက် တွေ့ဆုံမှာဖြစ်ပါတယ်။ အပြည့်အစုံ အရှင်ဂမ္ဘီရ(ခ) ညီညီလွင် ထပ်မံ ဖမ်းဆီးခံရ ရွှေဝါရောင်တော်လှန်ရေးမှာ အဓိက ဦးဆောင်ပါဝင်ခဲ့တဲ့ အရှင်ဂမ္ဘီရခေါ် ကိုညီညီလွင်ကို ဒီဇင်ဘာ ၁ ရက်နေ့မှာ အာဏာပိုင်တွေက ဖမ်းဆီး ခေါ်ဆောင်သွားပြီး အခု အင်းစိန် အကျဉ်းထောင်မှာ ထိန်းသိမ်းထားတယ်လို့ AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းက ပြောပါတယ်။ အပြည့်အစုံ လက်ပံတောင်း အကြမ်းဖက် နှိပ်ကွပ်မှု KIO ရှုတ်ချ လက်ပန်းတောင်းတောင် အရေးနဲ့ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေထဲက ကေအိုင်အိုက ပထမဆုံးကန့်ကွက်ရူတ်ချကြောင်း ထုတ်ပြန် လိုက်တာဖြစ်ပါ တယ်။ အပြည့်အစုံ ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင် ပြင်ဆင်ဖွဲ့စည်း ဒေါ်အောင်ဆန်းစုကြည်ပါဝင်တဲ့ ကြေးနီစီမံကိန်းစုံစမ်းစစ်ဆေးရေးကော်မရှင်တရပ် သမ္မတဦးသိန်းစိန်အမိန့်နဲ့ ဒီဇင်ဘာ ၁ ရက်က ဖွဲ့ခဲ့ပြီးနောက် အဖွဲ့ဝင်တချို့ ပြင်ဆင် ဖွဲ့စည်းတဲ့ ကြေညာချက် ဒီကနေ့ ထပ်မံထွက်ပေါ်လာပါတယ်။ အပြည့်အစုံ မရှိမဖြစ် ဝန်ထမ်းကလွဲလို့ ကုလဝန်ထမ်းတွေ ဆီးရီးယားမှ ထွက်ခွာ ဆီးရိးယားနိုင်ငံမှာ တနေ့တခြား ပိုဆိုးလာတဲ့ လုံခြုံရေး အခြေအနေကြောင့် ကုလသမဂ္ဂ ရဲ့ မရှိမဖြစ်လိုအပ်တဲ့ဝန်ထမ်းတွေကလွဲပြီး ကျန်ဝန်ထမ်းတွေကို နိုင်ငံထဲက ထွက်ခွာခိုင်း လိုက်ပါတယ်။ အပြည့်အစုံ တရုတ်ရေတပ်ခေတ်မှီမှု အိန္ဒိယစိုးရိမ် တရုတ်နိုင်ငံရေတပ်ကို ခေတ်မီတိုးတက်အောင်ဆောင်ရွက်တာကို စိုးရိမ်ပူပန်မှုရှိပြီး တောင်တရုတ်ပင်လယ်ထဲက အိန္ဒိယနိုင်ငံရဲ့ အကျိုးစီးပွားကို အကာအကွယ်ပေးဖို့ ဆုံးဖြတ်ထားတယ်လို့ အိန္ဒိယရေတပ်အကြီးအကဲကပြောပါတယ်။ အပြည့်အစုံ မြောက်ကိုရီးယား ဒုံးပျံလွှတ်တင်မှု အစီအစဉ် ဖျက်သိမ်းဖို့ရုရှားတိုက်တွန်း အာကာသလမ်းကြောင်းဆီ လွှတ်တင်မယ့် ဒုံးပျံက ကမ္ဘာမြေကြီးကို လေ့လာ စောင့်ကြည့်မယ့် ဂြိုဟ်တုကို သယ်ဆောင်သွားမှာဖြစ်ကြောင်း မြောက်ကိုရီးယားက ပြောပေမဲ့ ဒါဟာ တာဝေးပစ် ဒုံးကျည်ဆိုင်ရာ နည်းပညာတွေကို စမ်းသပ်မှုကို ဖုံးကွယ်ဖို့အတွက် ရုပ်ပြအဖြစ်ဆောင်ရွက်မှုဖြစ်တယ်လို့ အတော်လေး သံသယဖြစ်ဖွယ် ရှိကြောင်း ပြောနေကြတာပါ။ အပြည့်အစုံ ငွေများများရမှ မြန်မာနိုင်ငံ လျှပ်စစ်မီး များများ ထုတ်နိုင်မယ် မြို့ကြီးပြကြီးမှာတောင် လျှပ်စစ်မီး အပြည့်အ၀မရတဲ့ မြန်မာနိုင်ငံမှာ အရင်းအမြစ်တွေ အမြောက်အများရှိပေမဲ့ လျှပ်စစ်ထုတ်ဖို့ ငွေလိုနေပါတယ်။ အပြည့်အစုံ ကြေးနီစီမံကိန်းအတွက် စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်း၊ ကြေးနီစီမံ ကိန်း ဆန္ဒပြသံဃာတော်များ မန္တလေးဆေးရုံပြောင်းရွှေ့ ၊ မြန်မာလိုနိုင်ငံ ရေးအပြောင်းအလဲလုပ်ဖို့ တရုတ်အစိုးရကို တရုတ်တက်ကြွလှုပ်ရှားသူ တိုက်တွန်း၊ အီဂျစ်လူထုဆန္ဒခံယူပွဲ အစီအစဉ် ကန့်ကွက်မှုတွေ နဲ့ ကြုံတွေ့၊ မြောက်ကိုရီယား ဒုံပျံပစ်လွှတ်မယ့်အစီအစဉ်...စတဲ့သတင်းတွေ၊ မြန်မာ နဲ့ နိုင်ငံတကာက သတင်းဆောင်းပါးတွေကို ရှုစားကြရဖို့ရှိပါတယ်။ အပြည့်အစုံ Cliff စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ ဒီဇင်ဘာ ၃၊ ၂၀၁၂ - ဒီတပတ် fiscal cliff, cliff hanger နဲ့ go off the cliff စတဲ့ အီဒီယံ အသုံးအနှုန်းများကို တင်ပြထားပါတယ်။ အပြည့်အစုံ အင်္ဂါနေ့ မြန်မာတီဗွီသတင်းများ အပြည့်အစုံ တရုတ်နိုင်ငံဟာ အာရှဒေသရဲ့ ကျောက်မျက်ရတနာ အရောင်း ဈေးကွက်မှာ အကြီးဆုံးအဖြစ် နေရာယူထားဆဲ ဖြစ်ပေမယ့် အခုအခါမှာ ဗီယက်နမ် နဲ့ မြန်မာနိုင်ငံတို့ဟာ လည်း အရင်ထက်ပိုပြီး နေရာယူလာနေပါတယ်။ စိန် နဲ့ အဖြူရောင် ကျောက်မျက်တွေ အရှေ့တောင်အာရှ ဈေးကွက်မှာ နာမည်ကောင်း ရနေတာနဲ့အမျှ ဒေသတွင်း နိုင်ငံတွေရဲ့ ယှဉ်ပြိုင်မှုတွေ အားကောင်းနေမယ့် အလားအလာတွေလည်း ရှိနေဆဲပါ။ ဒီအကြောင်း AP သတင်းဌာနရဲ့ သတင်းဆောင်ပါးကိုတော့ ကိုကျော်သိင်္ခ က တင်ပြထားပါတယ်။ အပြည့်အစုံ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရေး တောင်းဆိုမှုတွေနဲ့ ဆန္ဒပြသူတွေကို ကြမ်းကြမ်းတမ်းတမ်း နှိမ်နင်းခဲ့တဲ့ ဖြစ်ရပ်အပေါ် စုံစမ်းစစ်ဆေးရေး ကော်မရှင်မှာ စာရင်းသွင်းထားသူတချို့ နှုတ်ထွက်လိုက်တဲ့အတွက် အခုနောက်ဆုံး အစိုးရက ပြင်ဆင် ဖွဲ့စည်းလိုက်ပါတယ်။ ဒါပေမဲ့လည်း ကော်မရှင်မှာ မပါဝင်ရတာဟာ ဆန့်ကျင်တဲ့ သဘောထားမဟုတ်တဲ့ အကြောင်းလည်း ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေက ပြောခဲ့ကြတာပါ။ လက်ပံတောင်းသပိတ် ဖြိုခွဲခံရချိန်မှာ အပြင်းအထန် ဒဏ်ရာရခဲ့သူတွေကတော့ အဖြစ်မှန် ပေါ်ပေါက်ဖို့ လိုလားနေကြတာပါ။ ကော်မရှင်ရဲ့ ရှေ့အလားအလာနဲ့ ကာယကံရှင်တွေရဲ့ သဘောထားတွေကိုတော့ မမိုးဖြူ က တင်ပြထားပါတယ်။ အပြည့်အစုံ |
| အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
| Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
ကုလ စာနာမှု အကြီးအကဲ မြန်မာခရီး စတင်
အရှင်ဂမ္ဘီရ(ခ) ညီညီလွင် ထပ်မံ ဖမ်းဆီးခံရ
လက်ပံတောင်း အကြမ်းဖက် နှိပ်ကွပ်မှု KIO ရှုတ်ချ
ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင် ပြင်ဆင်ဖွဲ့စည်း
မရှိမဖြစ် ဝန်ထမ်းကလွဲလို့ ကုလဝန်ထမ်းတွေ ဆီးရီးယားမှ ထွက်ခွာ
တရုတ်ရေတပ်ခေတ်မှီမှု အိန္ဒိယစိုးရိမ်
မြောက်ကိုရီးယား ဒုံးပျံလွှတ်တင်မှု အစီအစဉ် ဖျက်သိမ်းဖို့ရုရှားတိုက်တွန်း
ငွေများများရမှ မြန်မာနိုင်ငံ လျှပ်စစ်မီး များများ ထုတ်နိုင်မယ်
Cliff စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ
No comments:
Post a Comment