Friday, December 28, 2012

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ - ဒီဇင်ဘာလ ၂၇၊ ၂၀၁၂

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
 
ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
ဒီဇင်ဘာလ ၂၇၊ ၂၀၁၂

ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်...

 
မြန်မာ

လေယာဉ် မတော်တဆ ပျက်မှု ခရီးသွားလုပ်ငန်း မထိခိုက်နိုင် လေယာဉ် မတော်တဆ ပျက်မှု ခရီးသွားလုပ်ငန်း မထိခိုက်နိုင်
မကြာခင် ပြည်တွင်းခရီးသည်တင် လေယာဉ်တစင်းပျက်ကျခဲ့တဲ့အတွက် မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းအပေါ် အများကြီး ထိခိုက်သွားလိမ့်မယ်လို့ မထင်တဲ့ အကြောင်း မြန်မာနိုင်ငံ ခရီးသွား ဈေးကွက်မြှင့်တင်ရေး ကော်မတီ ဥက္ကဌက ပြောလိုက်ပါတယ်၊ အပြည့်အစုံ
 
ကျင့်ဝတ်နဲ့ညီတဲ့ ရင်းနှီးမြုပ်နှံမှုဖြစ်ဖို့ သမ္မတ ညွှန်ကြား ကျင့်ဝတ်နဲ့ညီတဲ့ ရင်းနှီးမြုပ်နှံမှုဖြစ်ဖို့ သမ္မတ ညွှန်ကြား
နိုင်ငံခြားရင်းနှီးမြုပ်နှံမှုလုပ်ငန်းတွေမှာ အထူးသဖြင့် နိုင်ငံတွင်းက သဘာဝတွင်းထွက်သယံဇာတတွေ တူးဖော်ထုတ်လုပ်ရေး လုပ်ငန်းတွေမှာ ပွင့်လင်းမြင်သာမှုရှိပြီးတော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အာမခံချက်တွေကို နိုင်ငံတကာ အဆင့်မှီအောင် ဆောင်ရွက်ဖို့ သမ္မတဦးသိန်းစိန်က လမ်းညွှန်ထားပါတယ်လို့ နိုင်ငံတော်သမ္မတရုံးက ပြောပါတယ်။ အပြည့်အစုံ
 
NLD ပညာရေးရန်ပုံငွေပွဲ ဒေါ်စုဖွင့်လှစ် NLD ပညာရေးရန်ပုံငွေပွဲ ဒေါ်စုဖွင့်လှစ်
နှစ် ၅၀ လုံးလုံး နုံချာခဲ့ရတဲ့ မြန်မာ့ ပညာရေးကို မြန်မာပြည်သူ ပြည်သားအားလုံးက ၀ိုင်းဝန်း လုပ်ဆောင်ပေးဖို့ လိုနေပြီလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက်ပါတယ်။ အပြည့်အစုံ
 
နိုင်ငံတကာ

အပူပိုင်းမုန်တိုင်းကြောင့် ဖိလစ်ပိုင်မှာ လူ လေးဦး သေဆုံး အပူပိုင်းမုန်တိုင်းကြောင့် ဖိလစ်ပိုင်မှာ လူ လေးဦး သေဆုံး
ဖိလစ်ပိုင်နိုင်ငံမှာ နောက်ဆုံးတိုက်ခတ်ခဲ့တဲ့ အပူပိုင်းမုန်တိုင်းကြောင့် လူလေးဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။ အပြည့်အစုံ
 
ကွယ်လွန်သူ Benazir Bhutto ရဲ့ သား မိခင် လုပ်ငန်းများ ဆက်လုပ်မည် ကွယ်လွန်သူ Benazir Bhutto ရဲ့ သား မိခင် လုပ်ငန်းများ ဆက်လုပ်မည်
လုပ်ကြံခံလိုက်ရတဲ့ ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း Benazir Bhutto ရဲ့ သားဖြစ်သူ Bilawal Bhutto က သူ့မိခင် ဒီမိုကရေစီအတွက် တိုက်ပွဲဝင်သွားတာကို ဆက်လုပ်ဆောင်သွားမယ်လို့ ပြောပြီး နိုင်ငံရေးလောကထဲ စဝင်သွားပြီဖြစ်ပါတယ်။ အပြည့်အစုံ
 
တီဗွီ

နေ့ စဉ်တီဗွီသတင်းလွှာ (၁၂၊၂၈၊၂၀၁၂) နေ့ စဉ်တီဗွီသတင်းလွှာ (၁၂၊၂၈၊၂၀၁၂)
ပညာရေးကွန်ယက် ရံပုံငွေ ဂီတဖျော်ဖြေပွဲမှာ ပညာရေး အဆင့်အတန်းကို မြှင့်တင်ဖို့ လိုမယ့်အကြောင်း ဒေါ်အောင်ဆန်းစုကြည်ကပြောဆိုလိုက်တာ၊ လက်ပန်တောင်းတောင်ကြားမှာ လယ်တီဆရာတော်ဘုရားကြီး မွေးနေ့အတွက် ကျင်းပတဲ့ ၀တ်ပြုဆုတောင်းပွဲကို လုံခြုံရေးအဖွဲ့တွေက လူစုခွဲဖို့ ဖိအားပေးခဲ့တဲ့သတင်းတွေ၊ အိန္ဒိယနိုင်ငံမှာ အမျိုးသားတစု အဓမ္မကျင့်တာခံရတဲ့ ဆေးကျောင်းသူ အမျိုးသမီးရဲ့ အခြေအနေစတဲ့ သတင်းတွေနဲ့  သတင်းဆောင်းပါးတွေ တင်ဆက်ထားပါတယ်။ အပြည့်အစုံ
 
ဗွီဒီယိုသတင်း

၂၀၁၂ ထူးခြားဖြစ်ရပ်များ အပိုင်း ၁ ၂၀၁၂ ထူးခြားဖြစ်ရပ်များ အပိုင်း ၁
၂၀၁၂ ခုနှစ်အတွင်း ကမ္ဘာတ၀ှမ်း နိုင်ငံတွေမှာ ခါတိုင်းနှစ်တွေလိုပဲ သဘာဝဘေးအန္တရယ်တွေ၊ မတော်တဆ ထိခိုက်မှုတွေ၊ အကြမ်းဖက်တိုက်ခိုက်မှုတွေ ကြုံခဲ့ရပါတယ်။ တချိန်တည်းမှာ အောင်မြင်မှုတွေနဲ့ အခမ်းအနားတွေ၊ နိုင်ငံရေးအပြောင်းအလဲတွေလည်း ကြုံခဲ့ကြပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်း ကမ္ဘာပေါ်က ထူးခြားတဲ့ အဖြစ်အပျက် တချို့ Reuters သတင်းဌာနရဲ့ စုစည်းတင်ပြချက်ကို ကိုသိန်းထိုက်ဦးက တင်ပြပါလိမ့်မယ်။ အပြည့်အစုံ
 
အမေရိကန်သံရုံးများ လုံခြုံရေးတိုးမြှင့် အမေရိကန်သံရုံးများ လုံခြုံရေးတိုးမြှင့်
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Hillary Clinton က အမေရိကန်သံရုံးတွေ၊ ကောင်စစ်ဝန်ချုပ်ရုံးတွေနဲ့ အဖွဲ့ရုံးတွေရဲ့ လုံခြုံရေးကို တိုးမြှင့်ချထားသွားမယ်လို့ ကတိပေးလိုက်ပါတယ်။ လစ်ဗျားနိုင်ငံမှာ အမေရိကန် သံအမတ်ကြီး Christopher Stevens သေဆုံးခဲ့ရတဲ့အထိ တိုက်ခံခဲ့ရမှုဟာ စံနစ်တကျ လုံခြုံရေးတာဝန်ယူမှု ပျက်ကွက်ခဲ့တာကြောင့်လို့ ဘန်ဂါဇီအကြမ်းဖက်တိုက်ခိုက်ခံရမှု စုံစမ်းစစ်ဆေးရေးအဖွဲ့ကဝေဖန်ခဲ့အပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က အခုလို ကတိပေးလိုက်တာပါ။ ဗွီအိုအေသတင်းထောက် Jerome Socolovsky ကသတင်းပေးပို့ထားတာကို မေစန္ဒီက ပြောပြပါလိမ့်မယ်။ အပြည့်အစုံ
 
မြန်မာ့ပုသိမ်ထီး မြန်မာ့ပုသိမ်ထီး
မြန်မာနိုင်ငံမှာ လာမယ့်နှစ် ၂၀၁၃ ခုနှစ်မှာ အရှေ့တောင်အာရှ အားကစားပွဲကြီး ကျင်းပဖို့ ပြင်ဆင်နေတဲ့အတွက် ရောက်လာမယ့် ဧည့်သည်တွေအတွက် မြန်မာရိုးရာ ပစ္စည်းတွေကို အရောင်းမြှင့်တင်နိုင်ဖို့လည်း ကြိုတင်ပြင်ဆင်နေကြပါတယ်။ လက်မှုပညာ ပစ္စည်းတွေထဲမှာ ရိုးရာ ပုသိမ်ထီးတွေကို ဧည့်သည်တွေ ကြိုက်နှစ်သက်မယ်လို့ ယုံကြည်တဲ့အအတွက် အခုအခါမှာ တိုးမြှင့်ထုတ်လုပ်နေပါတယ်။ ဒီအကြောင်း မသိဂီ င်္ထိုက်က တင်ပြပါလိမ့်မယ်။ အပြည့်အစုံ
 
မြန်မာသတင်း (၁၂၊ ၂၈၊ ၂၀၁၂) မြန်မာသတင်း (၁၂၊ ၂၈၊ ၂၀၁၂)
ပညာရေးကွန်ယက် ရံပုံငွေ ဂီတဖျော်ဖြေပွဲမှာ ပညာရေး အဆင့်အတန်းကို မြှင့်တင်ဖို့ လိုမယ့်အကြောင်း ဒေါ်အောင်ဆန်းစုကြည်ကပြောဆိုလိုက်တာ၊ လက်ပန်တောင်းတောင်ကြားမှာ သီတင်းသုံး ကျမ်းပြု နေထိုင်ခဲ့တဲ့ လယ်တီဆရာတော်ဘုရားကြီး မွေးနေ့အတွက် ကျင်းပတဲ့ ၀တ်ပြုဆုတောင်းပွဲကို လုံခြုံရေးအဖွဲ့တွေက လူစုခွဲဖို့ ဖိအားပေးခဲ့တဲ့သတင်းတွေကို တင်ဆက်ထားပါတယ်။ အပြည့်အစုံ
 
VOA 60 World

International envoy to Syria Lakhdar Brahimi calls for transitional government- VOA60 World International envoy to Syria Lakhdar Brahimi calls for transitional government- VOA60 World
Syrian envoy Brahimi calls for transitional government as conflict enters 22nd month. အပြည့်အစုံ
 
VOA60 USA

George H.W. Bush, 41st President, hospitalized- VOA60 America George H.W. Bush, 41st President, hospitalized- VOA60 America
George H.W. Bush, the 41st President and father of 43rd President George W. Bush, has been in intensive care in a Houston, Texas hospital this week. အပြည့်အစုံ
 

အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
Voice of America
330 Independence Ave. SW Suite 3166
Washington, D.C. 20237 USA

No comments:

Post a Comment