Thursday, December 6, 2012

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ - ဒီဇင်ဘာလ ၆၊ ၂၀၁၂

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
 
ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
ဒီဇင်ဘာလ ၆၊ ၂၀၁၂

ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်...

 
မြန်မာ

ကန်အထူးကိုယ်စားလှယ် မြန်မာ့အရေးဆွေးနွေးဖို့ ၁၅ ရက်ခရီးစတင် ကန်အထူးကိုယ်စားလှယ် မြန်မာ့အရေးဆွေးနွေးဖို့ ၁၅ ရက်ခရီးစတင်
အမေရိကန်မူဝါဒရေးရာ အထူးညှိနှိုင်းရေးမှူး W. Patrick Murphy မြန်မာ့အရေး ညှိနှိုင်းဆောင်ရွက်ဖို့ မြန်မာအပါအ၀င် အာရှနဲ့ ဥရောပနိုင်ငံတွေကို သွားပါမယ်။ အပြည့်အစုံ
 
ရခိုင်ပြည်နယ် ဒုက္ခသည်ကူညီရေး အစိုးရအကူအညီလိုကြောင်း ကုလကိုယ်စားလှယ်ပြော ရခိုင်ပြည်နယ် ဒုက္ခသည်ကူညီရေး အစိုးရအကူအညီလိုကြောင်း ကုလကိုယ်စားလှယ်ပြော
မြန်မာပြည်ရောက်နေတဲ့ ကုလလူသားချင်းစာနာမှု လက်ထောက်အတွင်းရေးမှူးချုပ်က ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ဒေသက ပျက်စီးဆုံးရှုံးမှုတွေကို လေ့လာခဲ့ပါတယ်။ အပြည့်အစုံ
 
 ရခိုင်ပြည်နယ် လူ့အခွင့်အရေးအခြေအနေ ဗြိတိသျှပါလီမန် ဆွေးနွေး ရခိုင်ပြည်နယ် လူ့အခွင့်အရေးအခြေအနေ ဗြိတိသျှပါလီမန် ဆွေးနွေး
နိုင်ငံတကာ အရေးကိစ္စတွေ လစဉ်ဆွေးနွေးတဲ့ ဗြိတိန်ပါလီမန်အတွင်း ဒီလ မြန်မာအရေးကို ဆွေးနွေးခဲ့ကြပေမဲ့ လက်ပံတောင်း ကြေးနီိစီမံကိန်းအရေး မပါဝင်ပါဘူး။ အပြည့်အစုံ
 
ကုလစာနာမှု အကြီးအကဲ ရခိုင်ပြည်နယ် လေ့လာ ကုလစာနာမှု အကြီးအကဲ ရခိုင်ပြည်နယ် လေ့လာ
ကုလ လူသားချင်းစာနာမှုဆိုင်ရာ အကြီးအကဲ Valerie Amos ဟာ ရခိုင်ဒေသက ပဋိပက္ခတွေရှိတဲ့နေရာတွေကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။ အပြည့်အစုံ
 
အဂတိလိုက်စားမှု မြန်မာနိုင်ငံအခြေအနေဆိုးရွား အဂတိလိုက်စားမှု မြန်မာနိုင်ငံအခြေအနေဆိုးရွား
ကမ္ဘာအဝှမ်း အဂတိလိုက်စားမှုမှာ မြန်မာပြည်ဟာ အောက်ဆုံးအဆင့်မှာပဲရှိနေသေးကြောင်း Transparency International အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အပြည့်အစုံ
 
လက်ပံတောင်းဆန္ဒပြမှု ဆက်လက်ဖြစ်ပွား လက်ပံတောင်းဆန္ဒပြမှု ဆက်လက်ဖြစ်ပွား
လက်ပံတောင်းတောင်းကြေးနီစီမံကိန်း ဖျက်သိမ်းရေး ဒေသခံပြည်သူတွေ ဆန္ဒပြခဲ့ကြသလို မြို့အတော်များများက သံဃာတွေလည်း တပြိုင်တည်းသပိတ်မှောက်ဖို့ စီစဉ်ထားပါတယ်။ အပြည့်အစုံ
 
နိုင်ငံတကာ

အီဂျစ်သမ္မတအကြံပေး သုံးဦး ရာထူးကနုတ်ထွက် အီဂျစ်သမ္မတအကြံပေး သုံးဦး ရာထူးကနုတ်ထွက်
အခြေခံဥပဒေဆိုင်ရာ ပဋိပက္ခတွေအပေါ် သမ္မတဖြေရှင်းပုံကို မကျေနပ်တဲ့ သမ္မတအကြံပေး သုံးဦး ရာထူးက နုတ်ထွက်လိုက်ကြပါတယ်။ အပြည့်အစုံ
 
ဖိလစ်ပိုင် Bopha မုန်တိုင်း လူ ၂၀၀ ကျော်သေဆုံး ဖိလစ်ပိုင် Bopha မုန်တိုင်း လူ ၂၀၀ ကျော်သေဆုံး
ဖိလစ်ပိုင်တောင်ပိုင်းမှာ တိုက်ခတ်ခဲ့တဲ့ ဘိုပါတိုင်ဖုန်းမုန်တိုင်းကြောင့် သေဆုံးသူ ၂၃၀ ကျော်သွားပြီး ပျောက်ဆုံးနေသူတွေကိုလည်း ရှာဖွေနေဆဲပါ။ အပြည့်အစုံ
 
ကျန်းမာရေး

လေဖြတ်ရောဂါ အဆင်မြင့်ကာကွယ်ရေး လေဖြတ်ရောဂါ အဆင်မြင့်ကာကွယ်ရေး
ဒီဇင်ဘာ ၆၊ ၂၀၁၂။ လေဖြတ်ရောဂါမှာ ဘယ်လိုကြိုတင်လက္ခဏာတွေပြပြီး၊ တကယ်လေမဖြတ်ခင်နဲ့ လေတကယ်ဖြတ်ပြီးရင်တောင် လုံးဝလေအပြီးဖြတ်တာမျိုးကနေ ဘယ်လိုကာကွယ်နိုင်ပါလဲ။ အပြည့်အစုံ
 
သတင်းသုံးသပ်ချက်

တိုးတက်ဖွံ့ဖြိုးရေး နဲ့ လူ့အခွင့်အရေး တိုးတက်ဖွံ့ဖြိုးရေး နဲ့ လူ့အခွင့်အရေး
ဒီဇင်ဘာ ၅၊ ၂၀၁၂ - ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများနဲ့အတူ နောက်ဆက်တွဲ ရင်ဆိုင်ဖြေရှင်းရမယ့် ပြဿနာ၊ အခြေအနေများကို မြန်မာ့အရေးကျွမ်းကျင်သူ ပါမောက္ခ John Dale နဲ့ ဆွေးနွေး... အပြည့်အစုံ
 
တီဗွီ

နေ့စဉ်တီဗွီသတင်းလွှာ (၁၂-၀၆-၂၀၁၂) နေ့စဉ်တီဗွီသတင်းလွှာ (၁၂-၀၆-၂၀၁၂)
ဒီကနေ့ အစီအစဉ်မှာတော့ မြန်မာနိုင်ငံဟာ အဂတိလိုက်စားမှုတွေ ကြီးထွားနေဆဲ တိုင်းပြည် တခုအဖြစ်နဲ့ ရှိနေဆဲပဲလို့အကျင့် ပျက် ခြစားမှု စောင့်ကြည့်ရေး အဖွဲ့ရဲ့အစီရင်ခံစာသစ် က ဖော်ပြလိုက်တာ၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရေးနဲ့ သပိတ်စခန်းတွေ နှိမ်နင်းခဲ့တဲ့အပေါ် ဆန့်ကျင် ဆန္ဒပြမှုတွေ ဆက်လက် ဖြစ်ပွားခဲ့တာ၊ ကုလသမဂ္ဂ ထိပ်တန်း အရာရှိတဦး ရခိုင်ပြည်နယ်ကို အကဲခတ်ဖို့ သွားခဲ့တာ စတဲ့ မြန်မာနိုင်ငံဆိုင်ရာ သတင်းတွေကို ရှုစားကြရဖို့ ရှိပါတယ်။ အပြည့်အစုံ
 
ဗွီဒီယိုသတင်း

မြန်မာနိုင်ငံနဲ့ အဂတိလိုက်စားမှုပြဿနာ မြန်မာနိုင်ငံနဲ့ အဂတိလိုက်စားမှုပြဿနာ
မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေနဲ့အတူ အကျင့်ပျက် ခြစားမှုတွေကို တိုက်ဖျက်မယ်လို့ အစိုးရက ကတိပြုထားပေမဲ့ ထင်သလောက် တိုးတက်မှုတွေ မရှိသေးဘူးလို့ ကမ္ဘာတ၀ှမ်း အဂတိလိုက်စားမှု အခြေအနေတွေကို မှတ်တမ်းတင်နေတဲ့ Transparency International အဖွဲ့က ပြောလိုက်ပါတယ်။ ကမ္ဘာတ၀ှမ်း နိုင်ငံတွေအနက် မြန်မာနိုင်ငံဟာ အနိမ့်ကျဆုံး တိုင်းပြည်တွေ အနက် တနိုင်ငံ ဖြစ်နေတဲ့အကြောင်း နောက်ဆုံး အစီရင်ခံစာမှာ ဖော်ပြခဲ့တာပါ။ မြန်မာနိုင်ငံရဲ့ အဂတိ လိုက်စားမှု အခြေအနေတွေ ဘယ်ကနေ မြစ်ဖျားခံလာတာလည်း ဆိုတာကိုတော့ ကိုအောင်လွင်ဦး ကတင်ပြထားပါတယ်။ အပြည့်အစုံ
 
 ကြာသပတေးနေ့ တီဗွီသတင်းများ ကြာသပတေးနေ့ တီဗွီသတင်းများ
ဒီကနေ့ အစီအစဉ်မှာတော့ မြန်မာနိုင်ငံဟာ အဂတိလိုက်စားမှုတွေ ကြီးထွားနေဆဲ တိုင်းပြည် တခုအဖြစ်နဲ့ ရှိနေဆဲပဲလို့ အကျင့်ပျက် ခြစားမှု စောင့်ကြည့်ရေး အဖွဲ့ရဲ့ အစီရင်ခံစာသစ်က ဖော်ပြလိုက်တာ၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရေးနဲ့ သပိတ်စခန်းတွေ နှိမ်နင်းခဲ့တဲ့အပေါ် ဆန့်ကျင် ဆန္ဒပြမှုတွေ ဆက်လက် ဖြစ်ပွားခဲ့တာ၊ ကုလသမဂ္ဂ ထိပ်တန်း အရာရှိတဦး ရခိုင်ပြည်နယ်ကို အကဲခတ်ဖို့ သွားခဲ့တာ စတဲ့ မြန်မာနိုင်ငံဆိုင်ရာ သတင်းတွေကို ရှုစားကြရဖို့ ရှိပါတယ်။ အပြည့်အစုံ
 
VOA 60 World

Death toll from Typhoon Bopha is now well over 200. Death toll from Typhoon Bopha is now well over 200.
Philippines: Death toll from Typhoon Bopha is now well over 200. Turkey: Hundreds of Syrians flee into Turkey after Assad army shells their border town. West Bank: Israel begins construction of 3,000 settler homes in occupied West Bank. China:  Arson suspected in fire at clothing factory in Guandong province that kills 14.   USA: World's oldest person dies at 116. အပြည့်အစုံ
 
VOA60 USA

Fiscal cliff progress update- VOA60 America Fiscal cliff progress update- VOA60 America
The divide between Democrats and Republicans over how to reduce the huge budget deficit remains as wide as ever. အပြည့်အစုံ
 

အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
Voice of America
330 Independence Ave. SW Suite 3166
Washington, D.C. 20237 USA

No comments:

Post a Comment