ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ ဇန်နဝါရီလ ၁၅၊ ၂၀၁၃ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
မြန်မာ မြန်မာအစိုးရရော ကချင်သူပုန်တွေပါ စစ်အဆုံးသတ်ရေး ထိန်းထိန်းသိမ်းသိမ်းဆောင် ရွက်ကြဖို့နဲ့ သိန်းချီတဲ့ စစ်ပြေးဒုက္ခသည်တွေကို အကူအညီ ပေးခွင့်ပြုဖို့ မြန်မာအစိုးရကို အမေရိကန်ပြည်ထောင်စုက တိုက်တွန်းလိုက်ပါတယ်။ အပြည့်အစုံ နိုင်ငံတကာ လူ့အခွင့်အရေးစောင့်ကြည့်ရေး ကိုယ်စားလှယ်အဖွဲ့ဟာ လူ့အခွင့်အရေး ချိုးဖေါက်မှု သိသိသာသာ ရှိနေသေးတဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိ အနေထားကို လေ့လာ စုံစမ်းဖို့ မြန်မာနိုင်ငံကို ရောက်ရှိနေပြီဖြစ်ပါတယ်။ အပြည့်အစုံ KIA ဌာနချုပ်အနီး လိုင်ဇာမြို့ လူနေရပ်ကွက်ထဲကို အစိုးရစစ်တပ်က ပစ်တဲ့ အမြောက် ကျည်၂လုံး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အရပ်သား ၃ယောက် ပွဲချင်းပြီး သေဆုံးပြီး ၅ယောက် ထိခိုက် ဒဏ်ရာရခဲ့ပါတယ်။ အပြည့်အစုံ မာလီ အစ္စလာမ်စစ်သွေးကြွတွေဟာ တောင်ဘက်ခြမ်းကိုပါ တိုးချဲ့ထိန်းချုပ်လာပြီးတော့ မြို့တော်နားက မြို့ငယ်တစ်ခုကို သိမ်းပိုက်လိုက်ပြီဖြစ်ပါတယ်။ အပြည့်အစုံ နိုင်ငံပေါင်း ၅၇ နိုင်ငံက ဆီးရီးယားစစ်ပွဲကို စစ်ရာဇ၀တ်မှု ကျူးလွန်မှု အဖြစ် နိုင်ငံတကာ တရားရုံး ICC မှာ စစ်ဆေးဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို တောင်းဆိုလိုက်ပါတယ်။ အပြည့်အစုံ တနင်္ဂနွေ နေ့ မှာ ကျင်းပတဲ့  Golden Globes ရွှေကမ္ဘာလုံး ဆုပေးပွဲမှာ မျှော်လင့်မထားတဲ့ အာဂိုရုပ်ရှင်က ဆွတ်ခူးရရှိသွားပါတယ် အပြည့်အစုံ တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ လေထုညစ်ညမ်းမှု ဟာ အန္တာရယ်ဖြစ်တဲ့ အဆင့်ရောက်ပြီး အသက်ရှုလမ်းကြောင်း ရောဂါဖြစ်ပွားမှု နှုန်း အဆမတန်မြင့်တက်လာနေပါတယ်။ အပြည့်အစုံ တကမ္ဘာလုံးအနေနဲ့ ရင်ဆိုင်ရမယ့် အန္တရာယ်တွေကို အာရုံစိုက် မဖြေရှင်းနိုင်ကြတဲ့အတွက် အန္တရာယ်အလားအလာ ပိုများနေတယ်လို့ ကျွမ်းကျင်သူတွေက သတိပေးနေကြပါတယ်။ အပြည့်အစုံ ကချင်ဒေသမှာ တိုက်ပွဲတွေ ဆက်ဖြစ်ပွားနေတဲ့ အတွက် တရုပ်နိုင်ငံအနေနဲ့ နယ်ခြားလုံခြုံရေးအတွက် လုပ်ဆောင်စ ရာ တွေကို တိုးမြှင့်ဆောင်ရွက်ထားတဲ့အကြောင်း တရုပ်နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောဆိုတဲ့သတင်း၊ မြန်မာနိုင်ငံ တွင်း အကျဉ်းထောင်တွေထဲက အခြေအနေတွေ ကို လေ့လာနိုင် ဖို့် နိုင်ငံတကာ ကြက်ခြေနီ ကော်မတီ ICRC ဥက္ကဋ္ဌ Peter Maurer ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ သတင်း နဲ့ သတင်းဆောင်းပါးများကို ရှုစားကြရမှာဖြစ်ပါတယ်။ အပြည့်အစုံ ဇန်နဝါရီ ၁၄၊ ၂၀၁၃ - ဒီတပတ် အီဒီယံအသုံးအနှုန်းများဖြစ်တဲ့ a case in point, sticking point, beside the point နဲ့ score a point တို့ကို တင်ပြပေးထားပါတယ်။ အပြည့်အစုံ ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၁၅ ရက် အင်္ဂါနေ့ မြန်မာနိုင်ငံဆိုင်ရာသတင်း များကို စုစည်းတင်ဆက်ပေးထားပါတယ်။ အပြည့်အစုံ အမေရိကန် ပြည်ထောင်စုမှာ နှစ်စဉ်နှစ်တိုင်း လူ ထောင်နဲ့ ချီ သေဆုံးမှုတွေ ရှိနေတဲ့ သေနတ်ကြောင့်ဖြစ်တဲ့ အကြမ်းဖက် မှုတွေ လျော့ကျအောင် ဆောင်ရွက်ဖို့ ဘယ်လို ဆောင်ရွက်သင့် တယ် ဆိုတဲ့ အကြံပြု တိုက်တွန်းချက်တွေကို ဒုသမ္မတ Joe Biden က မကြာခင် ထုတ်ပြန်ဖို့ မျှော်လင့်ရပါ တယ်။ သေနတ် ထိန်းချုပ်မှုနဲ့ ပတ်သက်တဲ့ နှစ်ပေါင်းများစွာ အခြေအတင် ငြင်းခုန်ဆွေးနွေးမှုတွေ ပြန်လည် အရှိန်ရလာစေတဲ့ မူလတန်း ကလေးငယ်တွေ အများအပြား သေခဲ့ရတဲ့ Connecticut မူလတန်းကျောင်း ပစ်ခတ်မှုဖြစ်ပွားခဲ့အပြီး တလအကြာမှာ ဒုသမ္မတရဲ့ အကြံပြုချက် ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။ ဗွီအိုအေ သတင်းထောက် Michale Bowman သတင်းပေးပို့ထားတာကို မခင်ဖြူထွေးက တင်ပြပေးပါလိမ့်မယ်။ အပြည့်အစုံ ကချင်ဒေသတိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး တိုက်ပွဲတွေ ကြားမှာ အရပ်သားတွေထိခိုက်သေကြေတယ်ဆိုတဲ့ သတင်းတွေ ထွက်နေချိန်မှာပဲ ကချင်ဒေသငြိမ်းချမ်းရေးအတွက် မြန်မာ အစိုးရအပေါ် ဘယ်လို တိုက်တွန်းမှုတွေ လုပ်နိုင်မလဲဆိုတာကို မနေ့က ဗြိတိန်ပါလီမန်အတွင်း ဆွေးနွေးပြောဆိုမှုတွေရှိခဲ့ပါတယ်။ ကိုသိန်းထိုက်ဦးက တင်ပြပါလိမ့်မယ်။ အပြည့်အစုံ အမေရိကန်နဲ့ မြန်မာနိုင်ငံအကြား ဘတ်စ်ကက်ဘောအားကစား အပြန်အလှန်ဖလှယ်ရေး အစီအစဉ်အရ အမေရိကန်နိုင်ငံမှာ ရောက်နေတဲ့ မြန်မာတိုင်းရင်းသား ဘတ်စ်ကက်ဘော အားကစားသမား ၁၂ ယောက်ဟာ ဇန္န၀ါရိလ ၁၂ ရက်နေ့က ၀ါရှင်တန်မြို့တော် Verizon Center မှာ နာမည်ကြီး Wizards အသင်းရဲ့ ကစားပွဲကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။ ကိုယ်တိုင် သတင်းသွားရောက်ယူခဲ့တဲ့ ကိုကျော်ကျော်သိန်းက တင်ပြပါလိမ့်မယ်။ အပြည့်အစုံ |
အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
No comments:
Post a Comment