ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ ဇန်နဝါရီလ ၂၊ ၂၀၁၂ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
မြန်မာ ကချင်ဒေသက စစ်ပွဲ ချက်ချင်းရပ်ပစ်ဖို့၊ သိန်းချီတဲ့ စစ်ပြေး ဒုက္ခသည်တွေကို အကူအညီပေးဖို့ ရန်ကုန်မြို့တော်မှာ ပြည်သူတွေ ချီတက်တောင်းဆိုခဲ့ကြပါတယ်။ အပြည့်အစုံ မြန်မာစစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လိုင်ဇာက ပြည်သူတွေ၊ ဒုက္ခသည်တွေဟာ ကတုတ်ကျင်းတွေထဲ ခိုအောင်းနေထို်င်နေရပြီး ဒုက္ခသည်တချို့ ဟာလည်း လက်နက်များထိမှန်ပြီး သေဆုံးမှုတွေ ရှိနေပါတယ်။ အပြည့်အစုံ အစိုးရအဖွဲ့ရဲ့ ဆောင်ရွက်မှုတွေကို ပြည်သူတွေက နားလည်ပေးပြီး စိန်ခေါ်မှုတွေကို လက်တွဲဖြေရှင်းကြဖို့ သမ္မတက ပြောကြားခဲ့သလို ပြည်သူတွေအနေနဲ့ တာဝန်သိပြီး ရသင့်ရထိုက်တဲ့ အခွင့်အရေးအတွက် လုပ်ကိုင်ရဲပါစေလို့ ဒေါ်စုက ဆုတောင်းပါတယ်။ အပြည့်အစုံ ဟောင်ကောင်ကျွန်း အကြီးအကဲ Leung Chun-ying ရာထူးက ဆင်းပေးဖို့ နှစ်ဆန်းတစ်ရက်နေ့မှာ ထောင်ချီတဲ့ပြည်သူတွေ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ အပြည့်အစုံ အရှေ့တောင် အာရှနိုင်ငံများအသင်း အာဆီယံရဲ့ လက်ရှိအတွင်းရေးမှူးချုပ် Surin Pitsuwan နေရာမှာ ဗီယက်နမ်နိုင်ငံက Le Luong Minh က ဒီကနေ့ကစပြီး တရားဝင် တာဝန် လွဲပြောင်းရယူလိုက်ပြီ ဖြစ်ပါတယ်။ အပြည့်အစုံ ဥရောပ၊ အရှေ့အလယ်ပိုင်း၊ အာရှတိုက်နဲ့ ကမ္ဘာ့နိုင်ငံအသီးသီးက နှစ်သစ်ကူးပွဲတော်တွေကို ပုံစံအသီးသီးနဲ့ ကျင်းပခဲ့ကြပါတယ်။ အပြည့်အစုံ Fiscal Cliff လို့ ခေါ်တဲ့ အခွန်တိုးမြင့် ကောက်ခံမှုတွေ သူ့အလိုလို ဖြစ်ပေါ်ပြီး အစိုးရအသုံးစားရိတ်တွေလည်း သိသိသာသာ ဖြတ်တောက်ပစ်မယ့် အရေးက ရှောင်ရှားနိုင်မယ့် အစီအစဉ်တရပ်ကို ဆီးနိတ် အထက်လွှတ်တော်က အတည်ပြုပေးလိုက်ပြီ ဖြစ်ပါတယ်။ အပြည့်အစုံ နှစ်သစ်ကူး အထူးအစီအစဉ် အဖြစ် ပြီးခဲ့တဲ့နှစ်အတွင်း ဂီတအနုပညာရှင်တချို့နဲ့ VOA အမေရိကန်အသံ မြန်မာပိုင်းအစီအစဉ် တွေ့ဆုံမေးမြန်းချက်တွေထဲက တချို့ကို ကောက်နုတ်တင်ပြလိုက်ပါတယ်။ အပြည့်အစုံ VOA News အပြည့်အစုံ |
အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
No comments:
Post a Comment