ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ ဇန်နဝါရီလ ၂၅၊ ၂၀၁၃ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
မြန်မာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ Hawaii ပြည်နယ်မှာ ကျင်းပတဲ့ Rotary ကမ္ဘာ့ငြိမ်းချမ်းရေးညီလာခံမှာ မိန့်ခွန်းပြောဖို့အတွက် ကြာသပတေးနေ့က Hawaii ပြည်နယ် Honolulu မြို့တော်ကို ရောက်ရှိလာပါတယ်၊ အပြည့်အစုံ ကချင့်အရေးတိုင်းရင်းသားကိုယ်စားလှယ်တွေက နိုင်ငံရေးအရအဖြေရှာဖို့ ပြောပေမဲ့ အာဏာရပါတီနဲ့ စစ်တပ်ကိုယ်စားလှယ်တွေက အင်အားသုံးဖို့ လွှတ်တော်တွင်းဆွေးနွေး အပြည့်အစုံ အမေရိကန်သံရုံး ကြေညာချက်ထဲ ကချင်တပ်တွေက အရပ်သားတွေနဲ့ ရဲတွေ၊ အစိုးရ တပ်တွေကို တိုက်တာကို ဖေါ်ပြမထားလို့ မျှတမှုမရှိဘူးလို့ သမ္မတ ပြောခွင့်ရက ဆိုပါ တယ်။ အပြည့်အစုံ ကလေးတွေ ဝမ်းပျက်ပြီးသေဆုံးရတာဟာ ကချင် စစ်ပြေးဒုက္ခသည်စခန်းတွေမှာ တကိုယ်ရေသန့်ရှင်းမှု နဲ့ ပတ်ဝန်းကျင်သန့်ရှင်းမှု မရှိတာကြောင့် ဖြစ်နိုင်တယ်လို့ လိုင်ဇာဆေးရုံကြီးက ကလေးအထူးကုဆရာဝန်က ပြောပါတယ်။ အပြည့်အစုံ ကုလသမဂ္ဂနဲ့ သဘောတူညီချက်အရ မြန်မာစစ်တပ်ထဲက အရွယ်မရောက်သေးတဲ့ ကလေးစစ်သား ၄၂ ယောက်ကို တပ်က ထွက်ခွင့်ရခဲ့ပေမဲ့လည်း စစ်တပ်နဲ့ နယ်ခြားစောင့်တပ်တွေမှာ ကလေးစစ်သား စုဆောင်းတာတွေ မရှိအောင် တားမြစ်နိုင်တာမျိုး မရှိသေးဘူးလို့ ဆိုပါတယ်။ အပြည့်အစုံ ပြင်သစ်နဲ့ Mali တပ်မတော်တွေနဲ့အတူ ပထမဆုံး အာဖရိကတပ်ဖွဲ့တွေအဖြစ် Burkina Faso နိုင်ငံက ကိုယ်စားလှယ်တပ်ဖွဲ့တွေဟာ Malo နိုင်ငံ အလယ်ပိုင်းမှာ ဖြန့်ကျက်နေရာယူထားပြီဖြစ်ပါတယ်။ အပြည့်အစုံ ဗြိတိန်၊ ဂျာမနီ နဲ့ နယ်သာလန်နိုင်ငံတာဝန်ရှိသူတွေက သူတို့ရဲ့ နိုင်ငံသားတွေကို လစ်ဗျားနိုင်ငံ ဘန်ဂါဇီကနေ အမြန်ဆုံထွက်ခွာကြဖို့ တိုက်တွန်းလိုက်ပါတယ်။ အပြည့်အစုံ စိန်ချစ်တဲ့ ပရိတ်သတ်အတွက် အာကာသထဲက စိန်တွေအကြောင်း Illinois က Spoon River ကျောင်းက နက္ခတ္တဗေဒ ပါမောက္ခ ဒေါက်တာဝင်းသာထွေးက ပြောပြပေးမှာပါ။ အပြည့်အစုံ "အမေရိကန် မြန်မာ ဆက်ဆံရေးမှာ ကျမက ပေါင်းကူးတံတားတခုပါ" အပြည့်အစုံ အမေရိကန်ရဲ့ ၄၄ ယောက်မြောက်သမ္မတရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို တနင်္လာနေ့ (ဇန်နဝါရီလ၊ ၂၁ ရက်၊ တနင်္လာနေ့) က လူထုရှေ့မှောက်မှာ ကျင်းပခဲ့ပါတယ်။ အပြည့်အစုံ ကချင်အရေးနဲ့ ပါတ်သက်၍ အရပ်သားများအခြေအနေအပေါ် စိုးရိမ်တယ်ဆိုပြီး ရန်ကုန် အမေရိကန်သံရုံးမှ သတင်းထုတ်ပြန်ချက်၊ အမေရိကန်ီနိုင်ငံခြားရေးဝန်ကြီးသစ်အဖြစ် ရာထားခြင်းခံရသူ ဂျွန်ကယ်ရီကို အထက်လွှတ်တော်မှာ ကြားနာစစ်ဆေး၊ စတဲ့ မြန်မာနိုင်ငံနဲ့ နိုင်ငံတကာသတင်းများကို ရှု စားကြရမှာ ဖြစ်ပါတယ်။ အပြည့်အစုံ မြောက်ကိုရီးယားနိုင်ငံဟာ အမေရိကန်နိုင်ငံကို ပစ်မှတ်ထားပြီး ဒုံးကျည်လွှတ်တင်ရေးနဲ့ နျူကလီးယားစမ်းသပ်မှုတွေကို ဆက်လုပ်ဖို့အစီအစဉ်ရှိကြောင်းကြေငြာခဲ့ပါတယ်။ Reuters သတင်းဌာနက Sarah Sheffer သတင်းပေးပို့ထားတာကို မေစန္ဒီက တင်ပြမှာဖြစ်ပါတယ်။ အပြည့်အစုံ ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၂၅ ရက်၊ သောကြာနေ့ မြန်မာနိုင်ငံဆိုင် ရာသတင်းတွေကို စုစည်းတင်ဆက်ထားပါတယ်။ အပြည့်အစုံ လာမယ့်ရွေးကောက်ပွဲမှာ သူ့ပါတီအနိုင်ရမယ်ဆိုရင် ဗြိတိန်အနေနဲ့ ကျန်ဥရောပနိုင်ငံတွေနဲ့ ဆက်ဆံရေးအပေါ် ပြန်လည်စေ့စပ် ဆွေးနွေးဖို့စီစဉ်မယ်လို့ ဗြိတိန်ဝန်ကြီးချုပ် David Cameron က ကြေငြာလိုက်ပါတယ်။ ဒါနဲ့ ပက်သက်ပြီး လာမယ့် ၅ နှစ်အတွင်း လူထုဆန္ဒခံယူပွဲလုပ်သွားမယ်လို့ လည်းပြောလိုက် ပါတယ်။ ဒါပေမယ့် ဗြိတိန်ဝန်ကြီးချုပ်လိုလားတဲ့ အပြောင်းအလဲ မျိုးကို လုပ်ပေးဖို့အတွက်တော့ ကျန်တဲ့ဥရောပတိုက် ခေါင်းဆောင် တွေက တွန့်ဆုတ်နေကြပါတယ်။ ၀န်ကြီးချုပ်အနေနဲ့ အန္တရာယ်ရှိ တဲ့လမ်းကြောင်းကို ရွေးလိုက်တာလို့လည်း တချို့က သုံးသပ်ကြ ပါတယ်။ ဒီအကြောင်း နဲ့ ပက်သက်ပြီး ဗွီအိုအေ သတင်းထောက် Al Pessin လန်ဒန်မြို့ကနေ သတင်းပေးပို့ထားတာကို ကိုကျော်သိင်္ခ က ပြောပြပေးမှာပါ။ အပြည့်အစုံ |
အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
No comments:
Post a Comment