ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ ဇန်နဝါရီလ ၃၊ ၂၀၁ ၃ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
မြန်မာ KIA ကချင်လက်နက်ကိုင်တွေကို လေကြောင်းအကူနဲ့ပါ မြန်မာအစိုးရက တိုက်ခိုက်နေတာကို စိုးရိမ်ကြောင်း ကုလနဲ့ အမေရိကန်တို့က ပြောပါတယ်။ အပြည့်အစုံ မလေးရှားကိုဦးတည်သွားနေတဲ့ လူ ၇၀ ကျော်ပါ ရိုဟင်ဂျာ မူဆလင် လှေစီးဒုက္ခသည်တွေကို နေရပ်ပြန်ပို့မယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။ အပြည့်အစုံ KIA နယ်မြေကို လေကြောင်းကတိုက်ခိုက်တာ မှန်ပေမဲ့ အမောင်းသင် လေယာဉ်တွေဖြစ်ပါတယ်လို့ သမ္မတရုံး ပြောခွင့်ရသူက VOA ကို ပြောပါတယ်။ အပြည့်အစုံ ၂၀၁၃၊ လဆန်းကစပြီး တနေ့ ဘတ်ငွေ ၃၀၀ လို့ ထိုင်းအစိုးရက သတ်မှတ်တဲ့ အနိမ့်ဆုံးလစာရဖို့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ရနိုင်ခြေနည်းနေပါတယ်။ အပြည့်အစုံ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ဟာ ဦးခေါင်းမှာ သွေးခဲတဲ့ ဝေဒနာကို ကုသမှုခံယူနေတဲ့ နယူးယောက် ဆေးရုံက ဆင်းသွားပါပြီ။ အပြည့်အစုံ နှစ်နိုင်ငံကြား တင်းမာမှုလျှော့ဖို့ မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ နှစ်သစ်ကူးမိန့်ခွန်းဟာ အနှစ်သာရမပါဘူးလို့ တောင်ကိုရီးယားက တုံ့ပြန်လိုက်ပါတယ်။ အပြည့်အစုံ ဘဏ္ဍာရေးအကျပ်အတည်းကို ကျော်လွှားဖို့ အောက်လွှတ်တော်ရဲ့အတည်ပြုချက်ဟာ အမေရိကန်စီးပွားရေး ပိုအားကောင်းဖို့ ခြေလှမ်းတရပ်ဖြစ်ကြောင်း သမ္မတက ပြောပါတယ်။ အပြည့်အစုံ ဇန်နဝါရီ ၂၊ ၂၀၁၃။ ဒီတပတ် ကျန်းမာရေးဆိုင်ရာ အစီအစဉ်မှာ ကလေးငယ်များအတွက် မှန်ကန်တဲ့ ဖြည့်စွက်စာကျွေးဖို့အတွက် ဘာတွေသိဖို့၊လုပ်ဖို့လိုအပ်ပါသလဲ။ အပြည့်အစုံ ဇန်နဝါရီ ၂၊ ၂၀၁၃ - ၂၀၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံ ဒီမိုကရေစီ ဖော်ဆောင်ရေး မျှော်လင့်တာထက် ပိုအောင်မြင်ခဲ့တယ်လို့ သုံးသပ်ထားတဲ့ ဆွေးနွေးသုံးသပ်ချက် ... အပြည့်အစုံ KIA ခြေကုတ်ယူထားတဲ့ တောင်ကုန်းတခုကို မြန်မာစစ်တပ်သိမ်းယူ၊ ကချင်ဒေသ ထိုးစစ်အပေါ် ကချင်တိုင်းရင်းသားအဖွဲ့တွေ နဲ့ စစ်ဆန့်ကျင်ရေးအဖွဲ့တွေ ကန့်ကွက်၊ အမျိုးသမီးတွေအပေါ် အဓမ္မပြုကျင့်မှုတား ဆီးရေး အိန္ဒိယမှာ ဆန္ဒပြ၊ ဘဏ္ဍာရေးဆိုင်ရာ အကြပ်အတည်း ရှောင်ရှားနိုင်မယ့်အစီအစဉ်တခု အမေရိကန်အောက်လွှတ်တော် အတည်ပြု .... အပြည့်အစုံ ဇန်န၀ါရီလ ၃ ရက်၊ ကြာသပတေးနေ့ မြန်မာနိုင်ငံဆိုင်ရာ သတင်းတွေကို စုစည်းတင်ဆက်ထားပါတယ်။ အပြည့်အစုံ ကချင်ပြည်နယ်တွင်းမှာ ဖြစ်ပွါးနေတဲ့ စစ်ပွဲတွေရပ်စဲဖို့ ရန်ကုန်မြို့ မှာ ဆန်ဒပြတောင်းဆိုမှုတရပ်ပြုလုပ်ခဲ့ပါတယ်။ တမြေတည်းမှာ နေထိုင်နေကြတဲ့ သွေးရင်းညီအကိုတွေ အချင်းချင်း အခုလို တိုက်ခိုက်နေကြရတာတွေကို အမြန်ဆုံးရပ်ပစ်ဖို့ နဲ့ ဒီစစ်ပွဲတွေအတွက် ကုန်ကျစားရိတ်နဲ့ ပါတ်သတ်ပြီး လွှတ်တော်မှာ မေးမြန်းဖို့ အတွက်လည်း ဆန်ဒပြသူတွေက တောင်းဆိုခဲ့ပါတယ်။ ဒီအကြောင်း ကိုအောင်အောင်က ဆက်လက်တင်ပြပါမယ်။ အပြည့်အစုံ အပြောင်းအလဲတွေ ဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံကို လာရောက်လည်ပတ်ကြသူအရေအတွက်ဟာ တစတစ များပြားလာပါတယ်။ ဒီလိုအလည်အပတ် လာရောက်ကြသူတွေအတွက် အဓိကရည်ရွယ်ပြီး ခုအခါ ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ နာမည်ကျော် သေမင်းတမန် မီးရထားလမ်းကို မြန်မာဘက်ခြမ်းမှာ ပြန်လည် ပြုပြင်ဖို့  အစီအစဉ်တွေစတင်နေပြီဖြစ်ပါတယ်။ ဒီအကြောင်း မမေစန္ဒီက ဆက်လက် တင်ပြပါမယ်။ အပြည့်အစုံ ကမ္ဘာနဲ့ ဒေသတွင်း စီးပွားရေး အင်အားကြီးနိုင်ငံတွေ ဖြစ်တဲ့ အမေရိကန် တရုပ်နဲ့ အန္ဒိယနိုင်ငံတွေအနေနဲ့ သူတို့ နိုင်ငံတွေ ထဲမှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေ တိုးမြှင့်လုပ်ဆောင်နေချိန် မှာပဲ ၂၀၁၃ ခုနှစ်အတွင်းမှာ ဒီနိုင်ငံတွေအနေနဲ့ ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးအကြပ်အတည်းတွေကို ကိုင်တွယ်ဖြေရှင်းရမယ် လို့ မျှော်လင့်ရပါတယ်။ အန္ဒိယ၊ တရုပ်နဲ့ အမေရိကန်ပြည်ထောင်စု စီးပွားရေး အလားအလာတွေအကြောင်း အေပီသတင်းဌာနရဲ့ သတင်းတပုဒ်ကို ကိုကျော်သိင်္ခက က တင်ပြပါလိမ့်မယ်။ အပြည့်အစုံ အမေရိကန်ပြည်ထောင်စုမှာ ဘဏ္ဍရေး အကြပ်အတည်းတွေ အကြီးအကျယ် ကြုံရနိုင်တဲ့ အခြေအနေကို ရှောင်ရှားနိုင်လိုက် တာဟာ ရွေးကောက်ပွဲကာလအတွင်း ပေးခဲ့တဲ့ကတိကို အကောင်အထည်ဖော်လိုက်နိုင်တာဆိုပြီး အမေရိကန်သမ္မတ Barack Obama က အောင်ပွဲခံလိုက်ပါတယ်။ ဘဏ္ဍာရေးဆိုင်ရာ အကြမ်အတည်းက ရှောင်ရှားဖို့ အောက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ပြီး မိနစ်ပိုင်းအတွင်းမှာပဲ သမ္မတက အိမ်ဖြူတော်မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့တာပါ။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် Kent Klein အိမ်ဖြူတော်ကနေ သတင်းပေးပို့ထားတာကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။ အပြည့်အစုံ ၂၀၁၂ ခုနှစ်အတွင်း မြန်မာနဲ့ အမေရိကန်ပြည်ထောင်စုအကြား ဆက်ဆံရေး တိုးတက်ပြောင်းလဲလာတဲ့ အခြေအနေတွေကို စုစည်းတင်ပြထားပါတယ်။ အပြည့်အစုံ Syria: Government troops and rebel forces fight on the outskirts of Damascus and near the city of Aleppo. အပြည့်အစုံ |
အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
No comments:
Post a Comment