ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ ဇန်နဝါရီလ ၂၃၊ ၂၀၁၃ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
မြန်မာ KIA ကို ထိုးစစ်ဆင်နေတာရပ်ဖို့ မြန်မာအစိုးရကြေညာပြီးနောက် နယ်စပ်အခြေအနေတည်ငြိမ်လာကြောင်းနဲ့ အနီးကပ်စောင့်ကြည့်နေကြောင်း တရုတ်ဘက်က ပြောပါတယ်။ အပြည့်အစုံ ငြိမ်းချမ်းရေးလမ်းလျှောက်နေကြတဲ့ အဖွဲ့ဟာ ဒုတိယမြောက်တဲ့နေ့မှာ ပဲခူးမြို့ကို ရောက်သွားပြီး ကချင်ပြည်နယ်၊ လိုင်ဇာမြို့အထိ ချီတက်သွားကြမှာဖြစ်ပါတယ်။ အပြည့်အစုံ အစိုးရကအပစ်ရပ်ဖို့ ကြေညာတာဟာ သူတို့သိမ်းပိုက်ရသွားတဲ့ လဂျားယန်ကိုသာ ပြောတာဖြစ်ပြီး တခြားနေရာတွေမှာ တိုက်ပွဲတွေရှိနေဆဲဖြစ်ကြောင်း ကျောင်းသားတပ်မတော်က ပြောပါတယ်။ အပြည့်အစုံ အစ္စရေး လွှတ်တော်ရွေးကောက်ပွဲ စစ်တမ်းတွေအရ ဝန်ကြီးချုပ် ဘင်ဂျမင် နာတန်ယာဟုရဲ့ ပါတီက မဲအနည်းငယ်အသာနဲ့ အနိုင်ရနေပါတယ်။ အပြည့်အစုံ ၂၀၁၂၊ ဒီဇင်ဘာလထဲက ဒုံးပျံစမ်းသပ်မှုကြောင့် မြောက်ကိုရီးယားအပေါ် ဒဏ်ခတ်မှုတင်းကျပ်ရေး အမေရိကန်နဲ့တရုတ်တို့ ညှိနှိုင်းမှု ပြီးတော့မယ်လို့ ကုလ သံတွေက ပြောပါတယ်။ အပြည့်အစုံ တောင်တရုတ်ပင်လယ်ပြင်ထဲမှာ အငြင်းပွားနေတဲ့ နယ်မြေပိုင်ဆိုင်မှု ပြဿနာကို ဖြေရှင်းနိုင်ဖို့ ဖိလစ်ပိုင်က ကုလသမဂ္ဂမှာ တရုတ်ကို တရားစွဲမှာဖြစ်ပါတယ်။ အပြည့်အစုံ သမ္မတအိုဘားမားရဲ့ ဒုတိယသက်တမ်းအစမှာ တရုတ်ဘက်က အမေရိကန်နဲ့ ဆက်ဆံရေးကို သတိကြီးကြီးထားရတဲ့ ကောင်းမွန်မှုမျိုးမှာရှိကြောင်း ပြောလိုက်ပါတယ်။ အပြည့်အစုံ ကချင်စစ်ရေး တည်ငြိမ်စပြုလာပြီလို့ တရုတ်က ပြောလိုက်တဲ့ အကြောင်း၊ ကချင် ဒုက္ခသည် အရေးနဲ့ ရန်ကုန်မြို့က ယာဉ်စည်းကမ်းထိန်းသိမ်းရေး အစီအစဉ် စတာတွေကို ကြည့်ရမှာပါ။ အပြည့်အစုံ ကချင်စစ်ရေး တည်ငြိမ်စပြုလာပြီလို့ တရုတ်က ပြောလိုက်တဲ့ အကြောင်း၊ ကချင် ဒုက္ခသည် အရေးနဲ့ ရန်ကုန်မြို့က ယာဉ်စည်းကမ်းထိန်းသိမ်းရေး အစီအစဉ် စတာတွေကို ကြည့်ရမှာပါ။ အပြည့်အစုံ အားကစားဖလှယ်ရေးအစီအစဉ်နဲ့ အမေ၇ိကန်ပြည်ထောင်စုကို ရောက်ရှိနေတဲ့ မြန်မာလူငယ် ဘတ်စကက်ဘောအသင်းရဲ့  ၂ ပါတ်ကြာခရီးစဉ် ဇန်န၀ါရီလ ၂၀ ရက်နေ့ မှာ အဆုံးသတ်ခဲ့ပါတယ်။ ဒီခရီးစဉ်အတွင်းမှာ လေ့လာခဲ့သမျှတွေကိုလည်း မြန်မာပြည်ပြန်ရောက်တဲ့အခါ ပြန်လည် မျှဝေမှာ ဖြစ်တဲ့အကြောင်း အသင်းတာဝန်ရှိသူတွေက ပြောဆိုပါတယ်။ ကိုအောင်အောင်က ရှားလော့မြို့ ကနေ သတင်းပေးပို့ ထားပါတယ်။ အပြည့်အစုံ ရန်ကုန်မြို့က စုပေါင်း တရားရုံးကို အစိုးရက ပုဂ္ဂလိက လက်ကို လွှဲပြောင်းတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ရှေ့နေတွေရဲ့ သဘောထားနဲ့ ပတ်သက်ပြီး ရှေ့နေများ ကွန်ယက်က ရှေ့နေကြီး ဦးအောင်သိန်းကို ဒေါ်ခင်စိုးဝင်းက တွေ့ဆုံမေးမြန်းထားပါတယ်။ အပြည့်အစုံ ဖိလစ်ပိုင် စစ်တပ်ရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းတွေကို သွားရောက်လေ့လာခဲ့ကြတဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေဟာ ဖိလစ်ပိုင် စစ်တပ်ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေဟာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အတွက် အထောက်အကူ ဖြစ်မယ်လို့ ပြောဆိုကြပါတယ်။ အပြည့်အစုံ သမ္မတအိုဘားမား သမ္မတ ပထမသက်တမ်းတာဝန်ယူခဲ့ တဲ့ လေးနှစ်အတွင်းမှာ အမေရိကန်ပြည်ထောင်စု နဲ့ မြန်မာနိုင်ငံ အကြား ဆက်ဆံရေး သိသိသာသာ တိုးတက်လာခဲ့ပါတယ်။ အခု ဒုတိယ သက်တမ်း ကျမ်းသစ္စာကျိန်ဆိုတဲ့ ကာလမှာ ပြီးခဲ့တဲ့ လေးနှစ်သက်တမ်း မြန်မာနဲ့ အမေရိကန် ဆက်ဆံရေးနဲ့ အလားအလာတွေကို မြန်မာ့အရေး လေ့လာသုံးသပ်သူတွေအ ကြောင်း ဆွေးနွေးတင်ပြဖို့ ရှိပါတယ်။ ကိုသိန်းထိုက်ဦးက စီစဉ်တင်ဆက်ထားပါတယ်။ အပြည့်အစုံ |
အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
No comments:
Post a Comment