ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ ဇန်နဝါရီလ ၄၊ ၂၀၁ ၃ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
မြန်မာ ကချင်ပြည်နယ်မှာ အစိုးရတပ်တွေနဲ့ လက်နက်ကိုင် ကချင်လွတ်မြောက်ရေးတပ်မတော် KIA တပ်တွေကြားတိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတဲ့အတွက်၊ တရုတ် မြန်မာ နယ်စပ်ဂိတ်တွေမှာ ကုန်သွယ်မှု ထိခိုက်နေပါတယ်။ အပြည့်အစုံ ဂျပန်အစိုးရသစ်ပြောင်းပေမဲ့ မြန်မာနိုင်ငံအပေါ် ထားတဲ့သဘောထားမပြောင်းပဲ အကူအညီတွေ ဆက်ပေးပြီး ရင်းနှီးမြုပ်နှံမှုတွေ ပိုတိုးလုပ်ဆောင်သွားမယ့်အကြောင်း ဂျပန်ဒုဝန်ကြီးချုပ်က မြန်မာသမ္မတနဲ့တွေ့ဆုံချိန်မှာ ပြောဆိုလိုက်ပါတယ်။ အပြည့်အစုံ ၆၅နှစ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့မှာ အမေရိကန်သမ္မတ နဲ့ အမေရိကန်လူထု ကိုယ်စား နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန်က သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။ အပြည့်အစုံ အမေရိကန်ပြည်ထောင်စုမှာ အသစ် ရွေးကောက် တင်မြှောက်ခံထားရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ကျမ်းသစ္စာကျိန်ဆို ကြပြီိးတဲ့နောက် ကွန်ဂရက်လွှတ်တော်ရဲ့ သက်တမ်းအသစ်ကို စတင်လိုက်ပြီဖြစ်ပါတယ်။ အပြည့်အစုံ ဆီးရီးယားပြည်တွင်းစစ်ကြောင့် သေဆုံးသူ ခြောက်သောင်းရှိသွားပြီ ဖြစ်ပါတယ်။ အပြည့်အစုံ GOOGLE အဖွဲ့ ဥက္ကဌ ဟာ မကြာခင် မြောက်ကိုးရီးယားနိုင်ငံကို သွားရောက်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အပြည့်အစုံ ၂၀၁၂ ခုနှစ်ဟာ နည်းပညာနှစ်လို့ ခေါ်ရမယ့် နှစ်ပါ။ ဒီနှစ်ထဲမှာ နည်းပညာဆိုင်ရာ ဘာတွေ ထူးထူးခြားခြား ထွက်ပေါ်ခဲ့တယ်ဆိုတာကိုတော့ DKMT ကပြောပြပေးမှာပါ။ အပြည့်အစုံ . အပြည့်အစုံ အမေရိကန်ပြည်ထောင်စုရဲ့ လွှတ်တော်မှာ အခုတပတ်ထဲ စပြီးတာဝန်ထမ်းဆောင်တဲ့ ဥပဒေပြုလွှတ်တော်အမတ်သစ်တွေ ထဲမှာ မျိုးနွယ်စုမတူ၊ ကွဲပြားတဲ့သူတွေ ပိုပြီးပါဝင် လာတာ ကို တွေ့ရပါတယ်။ လူမျိုးရေး၊ လိင်ပိုင်းဆိုင်ရာ နဲ့ ဘာသာရေး ခွဲခြားမှုဆိုတာ တွေလည်း မရှိတော့ပါဘူး။ ဒါဟာ အမေရိကန်နိုင်ငံ ရဲ့ သမိုင်းမှာ တခြားအချိန် ကာလ တွေ နဲ့ ယှဉ်ရင် အခုတကြိမ် လွှတ်တော်မှာ လူမျိုးစုတွေပိုပြီးပါဝင်လာတာပါ။ တကယ်တော့ ဒီမိုကရက် လွှတ်တော်ကိုယ်စားလှယ် ၂၀၀ ထဲမှာ အမျိုးသမီးတွေ နဲ့ တခြား မျိုးနွယ်စုဝင် အမတ်ဦးရေက၊ လူဖြူအမျိုးသား လွှတ်တော်ကိုယ်စားလှယ်အရေအတွက် ထက်ကို ပိုများနေတာ ပါ။ ကွန်းဂရက် လွှတ်တော်ထဲက သမိုင်းတွင်မယ့် ဒီ ဥပဒေပြုလွှတ်တော်အမတ်တွေဟာ အမေရိကန်ပြည်ထောင်စု တွင်း မှီတင်းနေထိုင်ကြသူတွေနဲ့ ပိုပြီး နီးနီးကပ်ကပ်ဆက်ဆံ သွားနိုင်မယ်ဆိုပြီး ဗွီအိုအေ သတင်းထောက် Carolyn Presutti က သတင်းပေးပို့ထားပါတယ်။ ကိုကျော်သိင်္ခက ဆက်ပြီးပြော ပြပေးမှာပါ။ အပြည့်အစုံ ပြီးခဲ့တဲ့ ၂၀၁၂ခုနှစ်အတွင်း ဗီဒီယိုဂိမ်းနဲ့ သူ့အစိတ်အပိုင်းတွေအတွက် ကမ္ဘာတ၀ှမ်းမှာရှိတဲ့ လူတွေဟာ ဒေါ်လာ သန်း၇၀နီးပါး အကုန်အကျခံတယ်လို့ လေ့လာသူတွေက ခန့်မှန်းလိုက်ပါတယ်။ ဗီဒီယိုဂိမ်းတွေဟာ အမေရိက၊ ဥရောပနဲ့ အရှေ့အာရှနိုင်ငံတွေမှာ အဓိကဈေးကွက်မှာရှိနေဆဲဖြစ်ပေမဲ့ အိန္ဒိယ၊ ဘရာဇီး၊ ရရှား နဲ့ အရှေ့တောင်အာရှနိုင်ငံမှာလည်းအခုအခါမှာဈေးကွက်ပေါ်ကိုရောက်လာပြီဖြစ်ပါတယ်။ဗီဒီယိုဂိမ်းရုပ်ပုံတွေဟာလည်း တဖြည်းဖြည်းနဲ့တကယ့်အစစ်တွေနဲ့အလားတူဖြစ်လာတာကြောင့် အပြင်မှာဖြစ်တဲ့အကြမ်းဖက်မှုတွေဟာဗီဒီယိုဂိမ်းထဲကလိုမျိုး ပုံတူကူးချထားသလားဆိုတာ ဗွီအိုအေ သတင်းထောက် Suzanne Presto ရဲ့လေ့လာချက်ကို မေစန္ဒီကတင်ပြပါလိမ့်မယ်။ အပြည့်အစုံ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ Chitwan ဆင်ပွဲတော်ကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၈ရက်နေ့ကျင်းပသွားပြီး Chitwan ပြည်သူ့ဥယျာဉ်က Chitwan Kali ဆင်မလေးကို ၂၀၁၂ခုနှစ် Chitwan ဆင်ပွဲတော်ရဲ့ အလှဆုံး၊ အသန့်ရှင်းဆုံးနဲ့ အလိမ္မာဆုံးဆင်အဖြစ်ရွေးချယ်လိုက်ပါတယ်။ ဒီအကြောင်းကို Reutersသတင်းဌာနကပေးပို့ထားတာကိုဒေါ်ခင်မျိုးသက်ကပြောပြမှာဖြစ်ပါတယ်။ အပြည့်အစုံ တိုင်းရင်းသား လူမျိုးစု လက်နက်ကိုင် အဖွဲ့တွေ အပါအ၀င် မြန်မာပြည်နိုင်ငံရေးမှာ အဆုံးအဖြတ်ပေးနိုင်မယ့် သူအားလုံးနဲ့ တိုင်းပြည် အကျိုးအတွက် လက်တွဲ ဆောင်ရွက်သွားမှာဖြစ်တဲ့အကြောင်း မြန်မာနိုင်ငံကို ရောက်နေတဲ့ ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများတပ်ဦး ဥက္ကဋ္ဌ ရဲဘော်သံခဲက မနေ့က ရန်ကုန်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။ ဒါ့အပြင် ပြည်တွင်းကို ပြန်လာခဲ့တဲ့ ရည်ရွယ်ချက်ထဲမှာတစ်ခု အပါအ၀င် ဖြစ်တဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီးမှာ ကွဲကွာခဲ့ရတဲ့ ပြည်တွင်းပြည်ပ ၈၈ မျိုးဆက်တွေ စုစည်းပြီး အစည်းအဝေးတစ်ရပ်ကျင်းပဖို့ ရှိတယ်လို့ လည်း ဒီကနေ့ သတင်းစာရှင်း လင်းပွဲမှာ ကျောင်းသားတပ်မတော် ခေါင်းဆောင်ပိုင်းတွေကပြောလိုက်ပါတယ်။ ဒီအကြောင်း ကိုအောင်အောင်က ဆက်လက်တင်ပြပါမယ်။ အပြည့်အစုံ ဇန်န၀ါရီလ ၄ ရက်၊ သောကြာနေ့ မြန်မာနိုင်ငံဆိုင်ရာ သတင်းများကို စုစည်းတင်ဆက်ပေးထားပါတယ်။ အပြည့်အစုံ |
အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
No comments:
Post a Comment