Saturday, December 8, 2012

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ - ဒီဇင်ဘာလ ၈၊ ၂၀၁၂

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
 
ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
ဒီဇင်ဘာလ ၈၊ ၂၀၁၂

ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်...

 
မြန်မာ

လူမျိုးရေးပဋိပက္ခကြောင့် မိတ်ဆွေချင်းခွဲခွါရ လူမျိုးရေးပဋိပက္ခကြောင့် မိတ်ဆွေချင်းခွဲခွါရ
ဒီ ပဋိပက္ခတွေကြောင့် ရခိုင် ဗုဒ္ဓ ဘာသာတွေနဲ့  ရိုဟင်ဂျာ မူဆလင်တွေကြားက ဆက်ဆံရေးဟာ မိတ်ဆွေအဖြစ်ကနေ ရန်သူအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။ အပြည့်အစုံ
 
ရခိုင်နဲ့ကချင်ဒုက္ခသည် အကူအညီတွေ လိုအပ်နေဟု ကုလလူမှုတာဝန်ခံပြော ရခိုင်နဲ့ကချင်ဒုက္ခသည် အကူအညီတွေ လိုအပ်နေဟု ကုလလူမှုတာဝန်ခံပြော
UN ရဲ့ မြန်မာနိုင်ငံအပေါ် အကူအညီပေးရေးလုပ်ငန်းတွေမှာ အဓိက စိန်ခေါ်လာတဲ့ အချက်တစ်ချက် က ရံပုံငွေကိစ္စ ဖြစ်နေတယ်ဆိုတာကို လူသားချင်းစာနာမှု ဆိုင်ရာ ကုလသမဂ္ဂ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် Valerie Amos က ပြောပါတယ်၊ အပြည့်အစုံ
 
လူထုပညာပေးရေး မီဒီယာအကူအညီ လိုအပ်ဟု သမ္မတဦးသိန်းစိန်ပြော လူထုပညာပေးရေး မီဒီယာအကူအညီ လိုအပ်ဟု သမ္မတဦးသိန်းစိန်ပြော
မြန်မာအစိုးရနဲ့ မိတ်ဆွေဖြစ်လာတဲ့ VOA ၊ RFA သတင်းဌာနတွေနဲ့ မိတ်ဆွေအဆင့် က ဆွေမျိုးသားချင်း အဆင့်ကို တက်လှမ်းလိုကြောင်း သမ္မတဦးသိန်းစိန် ပြောကြား အပြည့်အစုံ
 
နိုင်ငံတကာ

အီဂျစ်သမ္မတအိမ်တော် အကာအရံ ဆန္ဒပြသမားတွေချိုးဖောက် အီဂျစ်သမ္မတအိမ်တော် အကာအရံ ဆန္ဒပြသမားတွေချိုးဖောက်
အီဂျစ်သမ္မတကို ဆန့်ကျင်တဲ့ ထောင်ချီတဲ့ ပြည်သူတွေ ကိုင်ရိုမြို့က သမ္မတ အိမ်တော်ပတ်လည်မှာ ကာထားတဲ့ သံဆူးကြိုးတွေကို ဖြတ်ကျော် ၀င်ရောက်သွားကြပြီ ဖြစ်ပါတယ်။ အပြည့်အစုံ
 
မြောက်ကိုရီးယား ဒုံးစမ်းသပ်မှု နှင်းကျလို့ နှောင့်နှေးနိုင် မြောက်ကိုရီးယား ဒုံးစမ်းသပ်မှု နှင်းကျလို့ နှောင့်နှေးနိုင်
မြောက်ကိုရီးယားမှာ ဆီးနှင်းတွေ ပြင်းပြင်းထန်ထန် ကျနေတာကြောင့် မြောက်ကိုရီးယား အစိုးရ ပြင်ဆင်နေတဲ့ ဒုံးပျံ စမ်းသပ် ပစ်လွှတ်မယ့် အစီအစဉ် နှောင့်နှေးသွားနိုင်ဖွယ် ရှိတယ်လို့ အမေရိကန် လေ့လာရေးအဖွဲ့တခုက ပြောပါတယ်။ အပြည့်အစုံ
 
သိပ္ပံနဲ့နည်းပညာ

မြေအောက်ဥမင်တူးဖော်ရေး မြို့ပြစီမံကိန်းများ မြေအောက်ဥမင်တူးဖော်ရေး မြို့ပြစီမံကိန်းများ
ကမ္ဘာ့လူဦးရေတိုးပွားလာနေတာနဲ့အမျှ မြေပေါ်နေရာ အခက်အခဲကြောင့် မြို့ပြစီမံကိန်းမှာ မရှိမဖြစ် လိုအပ်ချက်တွေအတွက် မြေအောက်ဥမင်လှိုင်ခေါင်းတွေ တူးပြီး ဖြေရှင်းကြပါတယ်။ အပြည့်အစုံ
 
သတင်းသုံးသပ်ချက်

ပြုပြင်မှု အလွဲသုံးစားမှု နဲ့ အခွင့်ထူးခံစားမှု ပြုပြင်မှု အလွဲသုံးစားမှု နဲ့ အခွင့်ထူးခံစားမှု
ဒီဇင်ဘာ ၈၊ ၂၀၁၂ - ဦးသိန်းစိန်အစိုးရလက်ထက်မှာ ဖြစ်ပေါ်နေတဲ့ ပြုပြင်ရေးလုပ်ငန်း၊ အလွဲသုံးစားလုပ်မှု နဲ့ အခွင့်ထူးခံစားမှုတွေအကြောင်း သုံးသပ်တင်ပြထားပါတယ်။ အပြည့်အစုံ
 
တီဗွီ

နေ့စဉ်တီဗွီသတင်းလွှာ (၁၂-၀၈-၂၀၁၂) နေ့စဉ်တီဗွီသတင်းလွှာ (၁၂-၀၈-၂၀၁၂)
မြန်မာနိုင်ငံတွင်းလူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေး အခက်အခဲတွေ ရှိနေတုန်းပဲလို့ ကုလသမဂ္ဂအဆင့်မြင့်အရာရှိတဦးက ပြောဆိုတဲ့သတင်း၊ ပြည်ပမှာရှိတဲ့ မြန်မာဘာသာအသံလွှင့်ဌာနတွေကို ပြုပြင်ပြောင်းလဲရေးအတွက် ပံ့ပိုးသူတွေလို့ရှုမြင်တဲ့အကြောင်း သမတဦးသိန်းစိန်က ပြောဆိုလိုက်တဲ့သတင်း၊ အီဂျစ်မှာတော့ အစိုးရဆန့်ကျင်ရေးဆန္ဒပြသူတွေနဲ့ ထောက်ခံသူတွေအကြား ထိပ်တိုက်တွေ့မှုဖြစ်တဲ့သတင်း၊ ဂျပန်မှာ ငလျှင်ကြောင့် ဆူနာမီလှိုင်းငယ်တွေ ဖြစ်ပေါ်ခဲ့တဲ့ သတင်း စတဲ့ မြန်မာနဲ့နိုင်ငံတကာသတင်းတွေကိုရှုစားနိုင်ပါတယ်။ အပြည့်အစုံ
 
ဗွီဒီယိုသတင်း

စနေနေ့   မြန်မာတီဗွီသတင်းများ စနေနေ့  မြန်မာတီဗွီသတင်းများ
ဒီဇင်ဘာလ ၈ ရက် စနေနေ့  မြန်မာတီဗွီသတင်းများကို စုစည်းတင်ဆက်ထားပါတယ်။ အပြည့်အစုံ
 
ဒေါက်တာနိုင်အောင်နှင့်   တွေ့ဆုံမေးမြန်းခန်း ဒေါက်တာနိုင်အောင်နှင့် တွေ့ဆုံမေးမြန်းခန်း
မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲမှုတွေနဲ့အတူ ဆန္ဒပြကန့်ကွက် မှုတွေ လူထုလှုပ်ရှားမှုတွေရှိလာတာကြောင့်၊ ဒီလို အခြေအနေဟာ လက်ရှိသွားနေတဲ့ နိုင်ငံရေး စီးပွားရေး ပြောင်းလဲမှုတွေအပေါ်မှာ ဘယ်လို သက်ရောက်နိုင်ပါသလဲ။ FDB မြန်မာ့ဒီမိုကရေစီအင်အားစုက အတွင်းရေးမှုးချုပ် ဒေါက်တာနိုင်အောင်ကို ကိုသားညွန့်ဦးက ဗွီအိုအေ စတူရီယိုမှာ တွေ့ဆုံ မေးမြန်းထားပါတယ်။ အပြည့်အစုံ
 
နိုင်ငံရေး နဲ့    ဘောလုံးအားကစား နိုင်ငံရေး နဲ့ ဘောလုံးအားကစား
နိုင်ငံရေး နဲ့ ဘောလုံးအားကစား အပြည့်အစုံ
 
ပြန်လည်နိုးထလာတဲ့    ထိုင်း IT လုပ်ငန်း ပြန်လည်နိုးထလာတဲ့ ထိုင်း IT လုပ်ငန်း
ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်ထဲ ကြုံခဲ့ရတဲ့ ရေကြီးမှုတွေကြောင့် စီးပွားရေး လုပ်ငန်းတွေ ထိခိုက်ရတဲ့အထဲမှာ သတင်းနဲ့ နည်းပညာ ကဏ္ဍလည်း ပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း အခုအခါမှာတော့ ဒီလုပ်ငန်းတွေ တကျော့ပြန် အားကောင်းလာမယ့် အလားအလာကောင်း တချို့လည်း တွေ့မြင်လာကြရတာပါ။ ထိုင်းနိုင်ငံရဲ့ IT လုပ်ငန်း ပြန်လည် နိုးထလာတဲ့ အခြေအနေတွေကို တော့ မသိင်္ဂင်္ီထိုက်ကတင်ပြပေးထားပါတယ်။ အပြည့်အစုံ
 
VOA60 USA

Protesters  demonstrate against right to work bill in Michigan- VOA60 America Protesters demonstrate against right to work bill in Michigan- VOA60 America
Pro-union protesters filled the streets outside the state capitol building in Michigan after the legislature passed a so-called “right to work” bill. အပြည့်အစုံ
 

အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
Voice of America
330 Independence Ave. SW Suite 3166
Washington, D.C. 20237 USA

Friday, December 7, 2012

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ - ဒီဇင်ဘာလ ၇၊ ၂၀၁၂

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
 
ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
ဒီဇင်ဘာလ ၇၊ ၂၀၁၂

ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်...

 
မြန်မာ

တောင်းဆိုချက် မရရင် အထွေထွေ သပိတ် မှောက်မည် တောင်းဆိုချက် မရရင် အထွေထွေ သပိတ် မှောက်မည်
မန္တလေး သံဃာတော်တွေက လာမယ် ၈ရက်နေ့ အမျိုးသားနေ့မှာ တကြိမ် ထပ်မံဆန္ဒပြဖို့ရှိနေပြီး တောင်းဆိုချက်တွေ မရရင် ၁၂ရက်နေ့မှာ တနိုင်ငံလုံးပါဝင်တဲ့ အထွေထွေသပိတ်ကို ဆင်နွှဲသွားမယ်လို့လည်း မိန့်ကြားပါတယ်။ အပြည့်အစုံ
 
လက်ပံတောင်းတောင် အကြမ်းဖက်မှု စုံစမ်းရေး သက်သေစုဆောင်း လက်ပံတောင်းတောင် အကြမ်းဖက်မှု စုံစမ်းရေး သက်သေစုဆောင်း
လက်ပံတောင်းတောင် သပိတ်စခန်းတွေကို အင်အားသုံးဖြိုခွင်းရာမှာ အသုံးပြုခဲ့တဲ့ လက်နက်တွေကို စစ်ဆေးဖို့အတွက် သက်သေတွေ စုဆောင်းမယ်လို့ ကော်မရှင်ဥက္ကဌက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ အပြည့်အစုံ
 
မြန်မာ့အပြောင်းအလဲ အနှစ်သာရ အာရုံစိုက်ဖို့ ဒေါ်စု တိုက်တွန်း မြန်မာ့အပြောင်းအလဲ အနှစ်သာရ အာရုံစိုက်ဖို့ ဒေါ်စု တိုက်တွန်း
မြန်မာ့ ပြောင်းလဲမှု နှုန်းထက် ပြောင်းလဲမှု အနှစ်သာရကို ပိုပြီး အာရုံစိုက်ပါ လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ် အပြည့်အစုံ
 
VOA အစီအစဉ်တချို့ Sky Net က ထပ်ဆင့်ထုတ်လွှင့်မည် VOA အစီအစဉ်တချို့ Sky Net က ထပ်ဆင့်ထုတ်လွှင့်မည်
သတင်းလောကမှာ အရင်ရှိခဲ့တဲ့ ပြည်တွင်းပြည်ပဆိုတဲ့ ခွဲခြားသတ်မှတ်ချက် စည်းတွေ အရောင်မှိန်လာတဲ့ လက္ခဏာ၊ သတင်းလွတ်လပ်ခွင့်အတွက် မြန်မာပြည် ရဲ့ ရွေ့လျားမှုတွေကြား ထူးခြားတိုးတက်တဲ့ လက္ခဏာအဖြစ် သုံးသပ်ပြောဆိုနေပါတယ်။ အပြည့်အစုံ
 
VOA အစီအစဉ် တချို့ Sky Net က ထုတ်လွှင့်မည် VOA အစီအစဉ် တချို့ Sky Net က ထုတ်လွှင့်မည်
VOA အမေရိကန်မြန်မာပိုင်းကနေ ထုတ်လွှင့်နေတဲ့ ရုပ်မြင်သံကြားအစီအစဉ်တွေ နဲ့ ရေဒီယိုအသံလွှင့်အစီအစဉ်တွေကို ထပ်ဆင့် ထုတ်လွှင့်ပေးဖို့ VOA နဲ့ Sky Net တို့ သဘောတူစာချွန်လွှာ ရန်ကုန်မြို့ မှာ လက်မှတ်ရေးထိုးလိုက်ကြပါတယ်။ အပြည့်အစုံ
 
နိုင်ငံတကာ

အငြင်းပွားဒေသ ရေနံမရှာဖို့ တရုတ်သတိပေး အငြင်းပွားဒေသ ရေနံမရှာဖို့ တရုတ်သတိပေး
တောင်တရုတ်ပင်လယ်ပြင်မှာ တဘက်သတ်ဆန်ဆန် ရေနံနဲ့သဘာဝဓာတ်ငွေ့ ရှာဖွေမှုကို ရပ်တန့်ဖို့ တရုတ်နိုင်ငံက ဗီယက်နမ်ကို သတိပေး လိုက်ပါတယ်။ အပြည့်အစုံ
 
တိဘက် မီးရှို့အဆုံးစီရင်မှု အမေရိကန်စိုးရိမ် တိဘက် မီးရှို့အဆုံးစီရင်မှု အမေရိကန်စိုးရိမ်
တရုတ်အစိုးရရဲ့ တင်းကျပ်တဲ့ မူဝါဒတွေက တိဘက်မှာ တင်းမာမှုတွေ ပိုဆိုးအောင် လုပ်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ပြောလိုက်ပါ တယ်။ အပြည့်အစုံ
 
တီဗွီ

နေ့စဉ်တီဗွီသတင်းလွှာ (၁၂-၀၇-၂၀၁၂) နေ့စဉ်တီဗွီသတင်းလွှာ (၁၂-၀၇-၂၀၁၂)
မြန်မာနိုင်ငံအပြောင်းအလဲအပေါ်အကဲခတ်ရာမှာ ပြောင်းလဲမှုနှုန်းထက် ပြောင်းလဲမှုအနှစ်သာရကို အာရုံစိုက်ဖို့ ဒေါ်စုတိုက်တွန်း၊ လက်ပံတောင်းတောင် ဖြစ်ရပ်များ စုံစမ်းစစ်ဆေးမှု စတင်၊ အီဂျစ်က အကြမ်းဖက်မှုတွေကြောင့် သမတအိမ်တော်အနီးတင့်ကားများလုံခြုံရေးယူ၊ ၂၀၁၀ ထိုင်းအရေးအခင်းအတွက် ၀န်ကြီးချုပ်ဟောင်း အဘီစစ် တရားစွဲခံရ.. စတဲ့ မြန်မာနဲ့ နိုင်ငံတကာသတင်းတွေကို ရှုစားကြည့်ရှုနိုင်ပါတယ်။ အပြည့်အစုံ
 
ဗွီဒီယိုသတင်း

VOA နဲ့ Sky Net  စာချုပ်ချုပ်ဆို VOA နဲ့ Sky Net စာချုပ်ချုပ်ဆို
အမေရိကန်အသံ မြန်မာပိုင်း အစီအစဉ်က ထုတ်လွှင့်နေတဲ့ ရုပ်မြင်သံကြား အစီအစဉ်တွေ အပါအ၀င် VOA ရဲ့ ရုပ်သံ အစီအစဉ်တွေကို ဇန္န၀ါရီလဆန်းကစပြီး မြန်မာနိုင်ငံအတွင်းမှာ ပြန်လည် ထုတ်လွှင့်နိုင်ဖို့အတွက် VOA နဲ့ မြန်မာနိုင်ငံအတွင်းက အဓိက ရုပ်သံဌာန ဖြစ်တဲ့ SkyNet ရုပ်သံတို့ မနေ့က သဘောတူလက် မှတ် ရေးထိုးကြပါတယ်။ ရန်ကုန်မြို့ Park Royal Hotel မှာ ကျင်းပတဲ့ လက်မှတ်ရေးထိုးပွဲအကြောင်း VOAဝိုင်းတော်သား ကိုသိန်းထိုက်ဦးက အခုလို သတင်းပေးပို့ထားပါတယ်။ အပြည့်အစုံ
 
သောကြာနေ့ မြန်မာတီဗွီသတင်းများ သောကြာနေ့ မြန်မာတီဗွီသတင်းများ
ဒီဇင်ဘာလ ၇ ရက်၊ သောကြာနေ့ မြန်မာတီဗွီသတင်းသတင်းများကို စုစည်းတင်ဆက်ထားပါတယ်။ အပြည့်အစုံ
 
ဘာလင်မြို့လမ်းတွေက    နံရံဆေးရေးအနုပညာ ဘာလင်မြို့လမ်းတွေက နံရံဆေးရေးအနုပညာ
ကမ္ဘာလှည့် ခရီးသည်တွေ ဒေသခံတွေအနေနဲ့ ဂျာမဏီနိုင်ငံ ဘာလင်မြို့ထဲ လမ်းလျှောက်လည်ပတ်ခြင်းအားဖြင့် ဘာလင်လမ်းကြားတွေထဲက လက်ရာမြောက် Graffiti အနုပညာတွေကို ကြည့်ရှုလေ့လာနိုင်ပါတယ်။ ဒီလက်ရာတွေကို ကြည့်ပြီး ဘာလင်မြို့နဲ့ပတ်သက်လို့ ကိုယ်တွေ့ရလာတဲ့ အနုပညာဆိုင်ရာ ဗဟုသုတတွေနဲ့ စိတ်ကူးတွေကိုလည်း ကိုယ်ပိုင်အနုပညာလက်ရာအဖြစ် အဲဒီမှာပဲ ဖန်တီးနိုင်ပါတယ်။ ဘာလင်က Graffiti နဲ့ လမ်းမထက်က ပန်းချီလက်ရာတွေကို အကြောင်း အေပီ သတင်းဌာနရဲက သတင်းဆောင်းပါးကို အခြေခံပြီး ကိုကျော်သိင်္ခက တင်ဆက်ပေးပါမယ်။ အပြည့်အစုံ
 

အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
Voice of America
330 Independence Ave. SW Suite 3166
Washington, D.C. 20237 USA

Thursday, December 6, 2012

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ - ဒီဇင်ဘာလ ၆၊ ၂၀၁၂

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
 
ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
ဒီဇင်ဘာလ ၆၊ ၂၀၁၂

ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်...

 
မြန်မာ

ကန်အထူးကိုယ်စားလှယ် မြန်မာ့အရေးဆွေးနွေးဖို့ ၁၅ ရက်ခရီးစတင် ကန်အထူးကိုယ်စားလှယ် မြန်မာ့အရေးဆွေးနွေးဖို့ ၁၅ ရက်ခရီးစတင်
အမေရိကန်မူဝါဒရေးရာ အထူးညှိနှိုင်းရေးမှူး W. Patrick Murphy မြန်မာ့အရေး ညှိနှိုင်းဆောင်ရွက်ဖို့ မြန်မာအပါအ၀င် အာရှနဲ့ ဥရောပနိုင်ငံတွေကို သွားပါမယ်။ အပြည့်အစုံ
 
ရခိုင်ပြည်နယ် ဒုက္ခသည်ကူညီရေး အစိုးရအကူအညီလိုကြောင်း ကုလကိုယ်စားလှယ်ပြော ရခိုင်ပြည်နယ် ဒုက္ခသည်ကူညီရေး အစိုးရအကူအညီလိုကြောင်း ကုလကိုယ်စားလှယ်ပြော
မြန်မာပြည်ရောက်နေတဲ့ ကုလလူသားချင်းစာနာမှု လက်ထောက်အတွင်းရေးမှူးချုပ်က ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ဒေသက ပျက်စီးဆုံးရှုံးမှုတွေကို လေ့လာခဲ့ပါတယ်။ အပြည့်အစုံ
 
 ရခိုင်ပြည်နယ် လူ့အခွင့်အရေးအခြေအနေ ဗြိတိသျှပါလီမန် ဆွေးနွေး ရခိုင်ပြည်နယ် လူ့အခွင့်အရေးအခြေအနေ ဗြိတိသျှပါလီမန် ဆွေးနွေး
နိုင်ငံတကာ အရေးကိစ္စတွေ လစဉ်ဆွေးနွေးတဲ့ ဗြိတိန်ပါလီမန်အတွင်း ဒီလ မြန်မာအရေးကို ဆွေးနွေးခဲ့ကြပေမဲ့ လက်ပံတောင်း ကြေးနီိစီမံကိန်းအရေး မပါဝင်ပါဘူး။ အပြည့်အစုံ
 
ကုလစာနာမှု အကြီးအကဲ ရခိုင်ပြည်နယ် လေ့လာ ကုလစာနာမှု အကြီးအကဲ ရခိုင်ပြည်နယ် လေ့လာ
ကုလ လူသားချင်းစာနာမှုဆိုင်ရာ အကြီးအကဲ Valerie Amos ဟာ ရခိုင်ဒေသက ပဋိပက္ခတွေရှိတဲ့နေရာတွေကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။ အပြည့်အစုံ
 
အဂတိလိုက်စားမှု မြန်မာနိုင်ငံအခြေအနေဆိုးရွား အဂတိလိုက်စားမှု မြန်မာနိုင်ငံအခြေအနေဆိုးရွား
ကမ္ဘာအဝှမ်း အဂတိလိုက်စားမှုမှာ မြန်မာပြည်ဟာ အောက်ဆုံးအဆင့်မှာပဲရှိနေသေးကြောင်း Transparency International အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အပြည့်အစုံ
 
လက်ပံတောင်းဆန္ဒပြမှု ဆက်လက်ဖြစ်ပွား လက်ပံတောင်းဆန္ဒပြမှု ဆက်လက်ဖြစ်ပွား
လက်ပံတောင်းတောင်းကြေးနီစီမံကိန်း ဖျက်သိမ်းရေး ဒေသခံပြည်သူတွေ ဆန္ဒပြခဲ့ကြသလို မြို့အတော်များများက သံဃာတွေလည်း တပြိုင်တည်းသပိတ်မှောက်ဖို့ စီစဉ်ထားပါတယ်။ အပြည့်အစုံ
 
နိုင်ငံတကာ

အီဂျစ်သမ္မတအကြံပေး သုံးဦး ရာထူးကနုတ်ထွက် အီဂျစ်သမ္မတအကြံပေး သုံးဦး ရာထူးကနုတ်ထွက်
အခြေခံဥပဒေဆိုင်ရာ ပဋိပက္ခတွေအပေါ် သမ္မတဖြေရှင်းပုံကို မကျေနပ်တဲ့ သမ္မတအကြံပေး သုံးဦး ရာထူးက နုတ်ထွက်လိုက်ကြပါတယ်။ အပြည့်အစုံ
 
ဖိလစ်ပိုင် Bopha မုန်တိုင်း လူ ၂၀၀ ကျော်သေဆုံး ဖိလစ်ပိုင် Bopha မုန်တိုင်း လူ ၂၀၀ ကျော်သေဆုံး
ဖိလစ်ပိုင်တောင်ပိုင်းမှာ တိုက်ခတ်ခဲ့တဲ့ ဘိုပါတိုင်ဖုန်းမုန်တိုင်းကြောင့် သေဆုံးသူ ၂၃၀ ကျော်သွားပြီး ပျောက်ဆုံးနေသူတွေကိုလည်း ရှာဖွေနေဆဲပါ။ အပြည့်အစုံ
 
ကျန်းမာရေး

လေဖြတ်ရောဂါ အဆင်မြင့်ကာကွယ်ရေး လေဖြတ်ရောဂါ အဆင်မြင့်ကာကွယ်ရေး
ဒီဇင်ဘာ ၆၊ ၂၀၁၂။ လေဖြတ်ရောဂါမှာ ဘယ်လိုကြိုတင်လက္ခဏာတွေပြပြီး၊ တကယ်လေမဖြတ်ခင်နဲ့ လေတကယ်ဖြတ်ပြီးရင်တောင် လုံးဝလေအပြီးဖြတ်တာမျိုးကနေ ဘယ်လိုကာကွယ်နိုင်ပါလဲ။ အပြည့်အစုံ
 
သတင်းသုံးသပ်ချက်

တိုးတက်ဖွံ့ဖြိုးရေး နဲ့ လူ့အခွင့်အရေး တိုးတက်ဖွံ့ဖြိုးရေး နဲ့ လူ့အခွင့်အရေး
ဒီဇင်ဘာ ၅၊ ၂၀၁၂ - ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများနဲ့အတူ နောက်ဆက်တွဲ ရင်ဆိုင်ဖြေရှင်းရမယ့် ပြဿနာ၊ အခြေအနေများကို မြန်မာ့အရေးကျွမ်းကျင်သူ ပါမောက္ခ John Dale နဲ့ ဆွေးနွေး... အပြည့်အစုံ
 
တီဗွီ

နေ့စဉ်တီဗွီသတင်းလွှာ (၁၂-၀၆-၂၀၁၂) နေ့စဉ်တီဗွီသတင်းလွှာ (၁၂-၀၆-၂၀၁၂)
ဒီကနေ့ အစီအစဉ်မှာတော့ မြန်မာနိုင်ငံဟာ အဂတိလိုက်စားမှုတွေ ကြီးထွားနေဆဲ တိုင်းပြည် တခုအဖြစ်နဲ့ ရှိနေဆဲပဲလို့အကျင့် ပျက် ခြစားမှု စောင့်ကြည့်ရေး အဖွဲ့ရဲ့အစီရင်ခံစာသစ် က ဖော်ပြလိုက်တာ၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရေးနဲ့ သပိတ်စခန်းတွေ နှိမ်နင်းခဲ့တဲ့အပေါ် ဆန့်ကျင် ဆန္ဒပြမှုတွေ ဆက်လက် ဖြစ်ပွားခဲ့တာ၊ ကုလသမဂ္ဂ ထိပ်တန်း အရာရှိတဦး ရခိုင်ပြည်နယ်ကို အကဲခတ်ဖို့ သွားခဲ့တာ စတဲ့ မြန်မာနိုင်ငံဆိုင်ရာ သတင်းတွေကို ရှုစားကြရဖို့ ရှိပါတယ်။ အပြည့်အစုံ
 
ဗွီဒီယိုသတင်း

မြန်မာနိုင်ငံနဲ့ အဂတိလိုက်စားမှုပြဿနာ မြန်မာနိုင်ငံနဲ့ အဂတိလိုက်စားမှုပြဿနာ
မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေနဲ့အတူ အကျင့်ပျက် ခြစားမှုတွေကို တိုက်ဖျက်မယ်လို့ အစိုးရက ကတိပြုထားပေမဲ့ ထင်သလောက် တိုးတက်မှုတွေ မရှိသေးဘူးလို့ ကမ္ဘာတ၀ှမ်း အဂတိလိုက်စားမှု အခြေအနေတွေကို မှတ်တမ်းတင်နေတဲ့ Transparency International အဖွဲ့က ပြောလိုက်ပါတယ်။ ကမ္ဘာတ၀ှမ်း နိုင်ငံတွေအနက် မြန်မာနိုင်ငံဟာ အနိမ့်ကျဆုံး တိုင်းပြည်တွေ အနက် တနိုင်ငံ ဖြစ်နေတဲ့အကြောင်း နောက်ဆုံး အစီရင်ခံစာမှာ ဖော်ပြခဲ့တာပါ။ မြန်မာနိုင်ငံရဲ့ အဂတိ လိုက်စားမှု အခြေအနေတွေ ဘယ်ကနေ မြစ်ဖျားခံလာတာလည်း ဆိုတာကိုတော့ ကိုအောင်လွင်ဦး ကတင်ပြထားပါတယ်။ အပြည့်အစုံ
 
 ကြာသပတေးနေ့ တီဗွီသတင်းများ ကြာသပတေးနေ့ တီဗွီသတင်းများ
ဒီကနေ့ အစီအစဉ်မှာတော့ မြန်မာနိုင်ငံဟာ အဂတိလိုက်စားမှုတွေ ကြီးထွားနေဆဲ တိုင်းပြည် တခုအဖြစ်နဲ့ ရှိနေဆဲပဲလို့ အကျင့်ပျက် ခြစားမှု စောင့်ကြည့်ရေး အဖွဲ့ရဲ့ အစီရင်ခံစာသစ်က ဖော်ပြလိုက်တာ၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရေးနဲ့ သပိတ်စခန်းတွေ နှိမ်နင်းခဲ့တဲ့အပေါ် ဆန့်ကျင် ဆန္ဒပြမှုတွေ ဆက်လက် ဖြစ်ပွားခဲ့တာ၊ ကုလသမဂ္ဂ ထိပ်တန်း အရာရှိတဦး ရခိုင်ပြည်နယ်ကို အကဲခတ်ဖို့ သွားခဲ့တာ စတဲ့ မြန်မာနိုင်ငံဆိုင်ရာ သတင်းတွေကို ရှုစားကြရဖို့ ရှိပါတယ်။ အပြည့်အစုံ
 
VOA 60 World

Death toll from Typhoon Bopha is now well over 200. Death toll from Typhoon Bopha is now well over 200.
Philippines: Death toll from Typhoon Bopha is now well over 200. Turkey: Hundreds of Syrians flee into Turkey after Assad army shells their border town. West Bank: Israel begins construction of 3,000 settler homes in occupied West Bank. China:  Arson suspected in fire at clothing factory in Guandong province that kills 14.   USA: World's oldest person dies at 116. အပြည့်အစုံ
 
VOA60 USA

Fiscal cliff progress update- VOA60 America Fiscal cliff progress update- VOA60 America
The divide between Democrats and Republicans over how to reduce the huge budget deficit remains as wide as ever. အပြည့်အစုံ
 

အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
Voice of America
330 Independence Ave. SW Suite 3166
Washington, D.C. 20237 USA

Wednesday, December 5, 2012

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ - ဒီဇင်ဘာလ ၅၊ ၂၀၁၂

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
 
ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
ဒီဇင်ဘာလ ၅၊ ၂၀၁၂

ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်...

 
မြန်မာ

လက်ပံတောင်းအရေး ဆန္ဒပြသူတွေ အရေးယူခံရ လက်ပံတောင်းအရေး ဆန္ဒပြသူတွေ အရေးယူခံရ
ကြေးနီစီမံကိန်းရပ်တန့်ရေးဆန္ဒပြသူတချို့ကို ခွင့်ပြုမိန့်မရဘဲ ဆန္ဒပြမှုနဲ့ ဖမ်းပြီး တခြားပုဒ်မနဲ့ ပြောင်းလဲပြီး အာဏာပိုင်တွေက တရားစွဲနေပါတယ်။ အပြည့်အစုံ
 
လက်ပံတောင်းသပိတ်ဖြိုခွဲမှု တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ ဝေဖန် လက်ပံတောင်းသပိတ်ဖြိုခွဲမှု တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ ဝေဖန်
လက်ပံတောင်ဆန္ဒပြမှု သံဃာတွေ မီးလောင်ဒဏ်ရာရခဲ့တဲ့အပေါ် ငြိမ်ချမ်းရေးဆွေးနွေးဆဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက အစိုးရလုပ်ရပ်ကို ဝေဖန်လိုက်ပါတယ်။ အပြည့်အစုံ
 
အစိုးရစစ်တပ်ပစ်ခတ်မှု ကချင်ရွာသား ၃ ဦးသေဆုံး အစိုးရစစ်တပ်ပစ်ခတ်မှု ကချင်ရွာသား ၃ ဦးသေဆုံး
ဖားကန့်မြို့နယ်၊ အောင်ရာရွာမှာ တိုက်ပွဲဖြစ်ခြင်းမဟုတ်ဘဲ အစိုးရယာဉ်တန်း ရွာထဲဖြတ်မောင်းချိန် ပစ်ခတ်ခဲ့လို့ ၃ ဦးသေဆုံး၊ ၄ ဦး ဒဏ်ရာရသွားခဲ့ပါတယ်။ အပြည့်အစုံ
 
ဒဏ်ရာရသံဃာတွေ ဆေးကုသရာမှာ အခက်အခဲကြုံ ဒဏ်ရာရသံဃာတွေ ဆေးကုသရာမှာ အခက်အခဲကြုံ
မုံရွာဆေးရုံက မီးလောင်ဒဏ်ရာရ သံဃာနဲ့လူပုဂ္ဂိုလ် ၁၀၀ ကျော် မန္တလေးဆေးရုံကြီးကို ပြောင်းရွှေ့လိုက်တဲ့အတွက် မန္တလေးဆေးရုံမှာ နေရာ အခက်အခဲဖြစ်နေပါတယ်။ အပြည့်အစုံ
 
နိုင်ငံတကာ

အငြင်းပွားနယ်မြေ ဗီယက်နမ်ကင်းလှည့် သင်္ဘောတွေ တိုးချမည် အငြင်းပွားနယ်မြေ ဗီယက်နမ်ကင်းလှည့် သင်္ဘောတွေ တိုးချမည်
နယ်မြေပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ပင်လယ်ပြင်မှာ တရုတ်သင်္ဘောတွေနှောင့်ယှက်မှုရှိနေတာကြောင့် ဗီယက်နမ်က ရေတပ်သဘောင်္တွေ တိုးချဖို့ စီစဉ်နေပါတယ်။ အပြည့်အစုံ
 
ဆီးရီးယားအစိုးရ ဓာတုလက်နက်မသုံးဖို့ နိုင်ငံတကာသတိပေး ဆီးရီးယားအစိုးရ ဓာတုလက်နက်မသုံးဖို့ နိုင်ငံတကာသတိပေး
ဆီးရီးယားပြည်တွင်းအကြမ်းဖက်မှုတွေ ပျံ့နှံ့လာမှာကို ဟန့်တားဖို့ နယ်စပ်မှာ ဒုံးခွင်းဒုံးချထားရေး တူရကီက တောင်းဆိုနေပါတယ်။ အပြည့်အစုံ
 
အမေရိကန်အဝေးထိန်းဒုံးယာဉ် အီရန်ဖမ်းမိ အမေရိကန်အဝေးထိန်းဒုံးယာဉ် အီရန်ဖမ်းမိ
အမေရိကန်အဝေးထိန်း ဒုံးယာဉ်တစင်း ပါရှန်ပင်လယ်ကွေ့ အီရန်လေပိုင်နက်မှာ ဖမ်းမိကြောင်း အီရန်ဘက်က အခိုင်အမာ ပြောပေမဲ့ အမေရိကန်က ငြင်းဆိုပါတယ်။ အပြည့်အစုံ
 
Liu Xiaobo လွှတ်ပေးဖို့ နိုဘယ်လ် ဆုရှင်တွေ တောင်းဆို Liu Xiaobo လွှတ်ပေးဖို့ နိုဘယ်လ် ဆုရှင်တွေ တောင်းဆို
တရုတ်နိုင်ငံက အထိန်းသိမ်းခံ နိုဘဲလ်ဆုရှင် Liu Xiaobo ကို လွှတ်ပေးဖို့ နောက်တက်မယ့် သမ္မတ ရှီကျင်းပင်ကို နိုဘယ်လ်ဆုရှင် ၁၀၀ ကျော်က တောင်းဆိုပါတယ်။ အပြည့်အစုံ
 
အမေရိကန် နိုင်ငံရေး

ဘဏ္ဍာရေးခြောက်ကမ်းပါးနားအထိ ညှိနှိုင်းမှုမပြေလည်သေး ဘဏ္ဍာရေးခြောက်ကမ်းပါးနားအထိ ညှိနှိုင်းမှုမပြေလည်သေး
အမေရိကန်နိုင်ငံ ဘဏ္ဍာရေးခြောက်ကမ်းပါးထဲ ကျလုနီးအခြေအနေမှာ အခွန်ကောက်ခံရေးနဲ့ပတ်သက်လို့ အာဏာရပါတီနဲ့ အတိုက်အခံ ရီပတ်ဘလီကင်ပါတီတို့ ညှိနှိုင်းမှုက ရှေ့မတိုး နောက်မဆုတ်ဖြစ်နေပါသေးတယ်။ အပြည့်အစုံ
 
တီဗွီ

နေ့စဉ်တီဗွီသတင်းလွှာ (၁၂-၀၅-၂၀၁၂) နေ့စဉ်တီဗွီသတင်းလွှာ (၁၂-၀၅-၂၀၁၂)
. အပြည့်အစုံ
 
ဗွီဒီယိုသတင်း

ဗုဒ္ဓဟူးနေ့ မြန်မာတီဗွီ   သတင်းများ ဗုဒ္ဓဟူးနေ့ မြန်မာတီဗွီ သတင်းများ
ဒီဇင်ဘာလ ၅ ရက်၊ ဗုဒ္ဓဟူးနေ့ မြန်မာနိုင်ငံဆိုင်ရာ သတင်းတွေကို စုစည်းတင်ဆက်ထားပါတယ်။ အပြည့်အစုံ
 
ဦးဂမ္ဘီရအစ်ကို ဦးအောင်ကျော်ကျော်နဲ့ အင်တာဗျူး ဦးဂမ္ဘီရအစ်ကို ဦးအောင်ကျော်ကျော်နဲ့ အင်တာဗျူး
၂၀၀၇ ရွှေဝါရောင်တော် လှန်ရေးမှာထင်ရှားခဲ့တဲ့ အရှင်ဂမ္ဘီရ ခေါ် ကိုညီညီလွင်ကို ဖမ်းဆီးပြီး သူ့အပေါ် စွဲဆိုထားတဲ့ အမှုတွေလို့ အာဏာပိုင်တွေဘက်က အကြောင်းပြတဲ့ ပြစ်မှုတွေဟာ အရှင်ဂမ္ဘီယ လုံးဝကျုးလွန်ခြင်းမရှိတဲ့ အမှုတွေ ဆိုပြီး အရှင်ဂမ္ဘီရ ရဲ့အကို ကိုအောင်ကျော်ကျော် က VOA ကို ပြောပါတယ်။ အရှင်ဂမ္ဘီရအပေါ် တမင်အမှုဆင်ဖမ်းတာဖြစ်သလို ဘယ်မှာ ဖမ်းဆီးထားတယ်ဆိုတာကိုလည်းမသိရသေးဘူးလို့ ဆိုပါတယ်။ ကိုအောင်ကျော်ကျော်ကို ကိုသိန်းထိုက်ဦးက တွေ့ဆုံမေးမြန်း ထားပါတယ်။ အပြည့်အစုံ
 
Susan Rice Profile (KHN) Susan Rice Profile (KHN)
ကုလသမဂဆိုင်ရာ အမေရိကန်သံအမတ်ဆူဆန်ရိုက်စ်ကို ရာထူးက အနားယူတော့မယ့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်မှာအစားထိုးခန့် ထားဖို့ သတင်းပြေးနေပါ တယ်။ တကယ်ပဲအမည်စာရင်း တင်သွင်းခံရမယ်ဆိုရင်တော့ မစ်စစ်ရိုက်ဟာ အိမ်ဖြူတော်နဲ့ ရီပတ်ဘလီ ကင်ကိုယ်စား လှယ် တွေကြားမှာ အခြေအတင်ပြောစရာ အကြောင်းတရပ် ဖြစ် လာပါလိမ့်မယ်။ပြီးခဲ့ တဲ့စက်တင်ဘာလထဲကလစ်ဗျားက အမေရိကန်ကောင်စစ်ဝန် ရုံးတိုက်ခိုက်ခံရမှုနဲ့ ပတ်သက် လို့ မစ်စစ်ရိုက်အပေါ်မှာ ရီပါပလီကင်ပါတီဝင်တွေက အမြင်မကြည်မှူတွေရှိနေခဲ့တာပါ။ ဘာကြောင့် အခုလို နိုင်ငံခြားရေးဝန်ကြီးရာထူးအတွက် မစ်စစ်ရိုက်ကို ရွေးချယ်ရာမှာ ဘာကြောင့် အငြင်းပွားစရာဖြစ်နေ ရသလဲဆိုတဲ့ အကြောင်းအစုံအလင်ကိုတော့ ဗွီအိုအေရဲ့  ကုလသမဂ္ဂ သတင်းထောက် margaret besheer ကသတင်းပေး ပို့ ထားတာကို မခွာညိုက ပြောပြပေးပါမယ်။ အပြည့်အစုံ
 
Macau Casino School (KTK) Macau Casino School (KTK)
မက္ကာအိုမှာ ကာစီနိုလောင်းကစားရုံတွေက တနေ့ပြီးတနေ့ ပိုပိုပြီးများလာနေပါတယ်။ အဲဒီ အားကစားရုံတွေမှာ အလုပ်လုပ် ခွင့်ရဖို့ဆိုတာက မက္ကာအိုက လူငယ်တွေအတွက်တော့ အိပ်မက်တခုပါ။ ဒါပေမယ့်လည်း အခုလို ၀င်ငွေများများ ရတဲ့ လောင်း ကစားရုံတွေမှာ အလုပ်လုပ်တာက လူ့အဖွဲ့အစည်းရဲ့ တန်ဖိုးကိုထိခိုက်စေတယ်ဆိုပြီးတော့လည်း တချို့က စိုးရိမ်နေကြ တာပါ။ ဒီအကြောင်း AP သတင်းဌာနရဲ့ ဆောင်းပါးတပုဒ်ကို ကိုကျော်သိင်္ခက ပြောပြပေးမှာပါ။ အပြည့်အစုံ
 
VOA 60 World

Syria: Government planes attack rebel positions near Damascus. Syria: Government planes attack rebel positions near Damascus.
VOA အပြည့်အစုံ
 
VOA60 USA

U.S.: No drones missing in Middle East U.S.: No drones missing in Middle East
VOA60 America အပြည့်အစုံ
 

အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
Voice of America
330 Independence Ave. SW Suite 3166
Washington, D.C. 20237 USA