ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ ဖေဖေါ်ဝါရီလ ၁၉၊ ၂၀၁၃ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
| မြန်မာ ကုလစိုးရိမ်မှု လူ့အခွင့်အရေးအဖွဲ့တွေ ထောက်ခံ “မြန်မာနိုင်ငံမှာ အရေတကြီး ကိုင်တွယ်ဖြေရှင်းရမယ့် လူ့အခွင့်အရေး ပြဿနာတွေကို အခုထိ ကိုင်တွယ် ဖြေရှင်းတာမျိုး မရှိသေးဘူး။ ရှေ့ဆက်လုပ်ရမှာတွေ အများကြီး ရှိနေသေးတယ်ဆိုတာ မစ္စတာ ကင်တားနားရဲ့ ခရီးစဉ်က ရှင်းရှင်းလင်းလင်း ဖော်ပြ" အပြည့်အစုံ မြန်မာကလေးစစ်သား ၂၄ ဦး ပြန်လွှတ်ပေးမှု ကုလကြိုဆို "ဒီကလေးတွေအနေနဲ့ အမှားအယွင်း မလုပ်ခဲ့ကြကြောင်းနဲ့ မှားယွင်းပြီးတော့ အလုပ်ခံရတာဖြစ်ကြောင်း UNICEF မြန်မာနိုင်ငံ ကိုယ်စားလှယ် Bertrand Bainvel က ဆို" အပြည့်အစုံ "ငြိမ်းနေပါပြီ။ အိမ်ခြေ ၁၀၀ ကျော်လို့ ပြောတယ်။ ဈေးက တဈေးလုံး ပါသွားတာ။ အိမ်ခြေ ၁၀၀ကျော် ဆိုတဲ့အထဲမှာ ဈေးမပါသေးဘူး။ ဈေးက သတ်သတ်။ စာရင်းက သူတို့ ကောက်နေတုန်းပဲ" အပြည့်အစုံ ကချင်ဒုက္ခသည်တွေအတွက် ကုလအကူအညီစတင်စေလွှတ် "မနက်ပိုင်းရောက်မယ်ထင်တယ်။ စုပြီးတော့မှ နှစ်ခြင်းဘုရားကျောင်းမှာပဲ ယူအန်က ပေးမှာပါ။ လောလောဆယ် သူတို့ အဆင်ပြေပါတယ်။ ဒါပေမဲ့ နည်းနည်းခက်တာက ကျန်းမာရေးအစီအစဉ်" အပြည့်အစုံ သင်္ဘောနစ်မြုပ်မှု မြန်မာသင်္ဘောသား ၁ ဦးသေ၊ ၁၄ ဦး ပျောက်ဆုံး "၇ ယောက်ကို တရုတ်သင်္ဘောတစင်းက ကယ်သွားပါတယ်။ ၂ ယောက်ကတော့ ဒဏ်ရာရလို့ ဆေးရုံတင်ထားပါတယ်။ ၁ ယောက်ကတော့ ကွယ်လွန်သွားပါတယ်။ ၁၄ ယောက်ကတော့ ပျောက်ဆုံးနေပါတယ်" အပြည့်အစုံ ပါကစ္စတန်ရေနက်ဆိပ်ကမ်း တရုတ်ကို လွှဲပေး "Gwadar ရေနက်ဆိပ်ကမ်းကို လာရောက် ကြည့်ရှုခဲ့တဲ့ တရုတ်အစိုးရ အရာရှိတွေကို ပါကစ္စတန်အစိုးရက ဒီဆိပ်ကမ်းလုပ်ငန်းတွေ အားလုံး တရားဝင် လွှဲပြောင်းပေးအပ်လိုက်တာ ဖြစ်" အပြည့်အစုံ ဆီးရီးယား စစ်ရာဇ၀တ်မှုတွေ ကုလ စုံစမ်းစစ်ဆေး "ကုလသမဂ္ဂ လုံခြုံရေး ကောင်စီအနေနဲ့ ဆီးရီးယားနိုင်ငံတွင်းက ရာဇ၀တ်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ အချိန်တန်နေပြီလို့ စုံစမ်းရေးမှူး Carla Del Ponte က ပြောဆို" အပြည့်အစုံ စီးပွားရေးတိုးမြှင့်ဖို့ ဗြိတိန်ဝန်ကြီးချုပ် အိန္ဒိယရောက် ဗြိတိန်နဲ့ အိန္ဒိယနိုင်ငံတို့ရဲ့ အထူးဆက်ဆံရေးဟာ အခိုင်အမာရှိနေတယ်လို့ အိန္ဒိယနိုင်ငံမှာရောက်နေတဲ့ ဗြိတိန်ဝန်ကြီးချုပ်း ဒေးဗစ်ကင်မရွန်းက ပြောပါတယ်။ အပြည့်အစုံ တောရိုင်းတိရစ္ဆာန် ကာကွယ်ရေး စီမံချက် အဆုံးသတ် "မြွေဟောက် စစ်ဆင်ရေးကနေ ရာဇ၀တ်မှုကျူးလွန်သူ ရာနဲ့ချီ ဖမ်းဆီးနိုင်ခဲ့သလို၊ တောရိုင်းတိရစ္ဆာန်တွေရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ၊ မျိုးတုံးတော့မယ့် ရှားပါး တိရစ္ဆာန် ခိုးထုတ်မှုတွေနဲ့ လက်နက် ခဲယမ်းတွေကို ဖမ်းဆီးနိုင်ခဲ့ပါတယ်" အပြည့်အစုံ ကချင်ပြည်နယ်တွင်းမှာ ဒုက္ခရောက်နေသူတွေကို အကူအညီပေးနိုင်ဖို့ ကုလသမဂ္ဂ အကူအညီပေးရေး ယဉ်တန်းတွေ ကချင်ပြည်နယ် ဖားကန့်ဒေသကို ဦးတည်ပြီး ရန်ကုန်မြို့နေ ထွက်ခွာသွားပြီ ဖြစ်တဲ့အကြောင်း ကုလသမဂ္ဂရုံးက ပြောကြားတဲ့သတင်း၊ အပြည့်အစုံ Shoe စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ ဖေဖေါ်ဝါရီ ၁၈၊ ၂၀၁၃ - ဒီတပတ် to fill someone's shoe, goody to shoe နဲ့ the shoe is on the other foot စတဲ့ အီဒီယံအသုံးအနှုန်းများကို တင်ပြထားပါတယ်။ အပြည့်အစုံ မြန်မာနိုင်ငံတွင်းက လူ့ အခွင့်အရေးအခြေအနေတွေ ပိုမိုတိုးတက်လာဖို့  မျှော်လင့်ကြောင်းနဲ့  ရခိုင်နဲ့ ကချင်ပြည်နယ်တွေမှာ ဖြစ်ပွါးနေတဲ့ ပဋိပက္ခတွေ အဆုံးသတ်ဖို့  မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့ အခွင့်အေ၇းအထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနားက တိုက်တွန်းလိုက်ပါတယ်။ မစ္စတာ ကင်တားနားရဲ့ ၅ ရက်ကြာ မြန်မာနိုင်ငံရဲ့  ခရီးစဉ်အကြောင်း ကိုအောင်အောင် က စုစည်းတင်ပြပေးထားပါတယ်။ အပြည့်အစုံ အာဖဂန်နိုင်ငံမှာရှိတဲ့ အမေရိကန်စစ်သည် ခြောက်သောင်းကျော်ထဲက သုံးသောင်းလေးထောင်ကို ဒီနှစ်အတွင်းမှာ ပြန်လည် ရုတ်သိမ်းမယ်လို့ သမ္မတအိုဘားမားက ကြေညာထားပါတယ်။ အာဖဂန်မှာ ရှိတဲ့ သောင်းကျန်းသူတွေက ၂၀၁၃ခုနှစ် စစ်ပွဲတွေ အတွက် ပြင်ဆင်နေချိန်မှာ သမ္မတအိုဘားမားရဲ့ ကြေညာချက် ထွက်ပေါ်လာခဲ့တာပါ။ အမေရိကန်တပ်တွေ ရုပ်သိမ်းလိုက်တဲ့အတွက် အမေရိကန်ပြည်ထောင်စုရဲ့ စစ်ဆင်ရေးအပေါ် ဘယ်လို သက်ရောက်မှု ရှိမလဲဆိုတာကို ပန်တဂွန်မှာရှိတဲ့ ဗွီအိုအေသတင်းထောက် Luis Ramirez က သတင်းပေးပို့ထားပါတယ်။ မမေစန္ဒီကပြောပြ မှာဖြစ်ပါတယ်။ အပြည့်အစုံ မြန်မာနိုင်ငံအတွင်း ယဉ်ကြောပိတ်ဆို့မှုတွေကို ဖြေရှင်းရာမှာ၊ စည်းကမ်းဖေါက်ဖျက်သူတွေကို အရေးယူရေး လူထုကိုယ်တိုင် ပါဝင်လာဖို့ လိုသလို၊ သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့က ဖြေရှင်းပုံတွေကို အတုယူသင့်တယ်ဆိုပြီး သြစတေးလျနိုင်ငံ မှာ အခြေချနေထိုင်ပြီး မြန်မာနိုငံကို ပြန်လာတဲ့ ဒေါက်တာလှိုင်မြင့်က သူ့ရဲ့အမြင်ကို ပြောပါတယ်။ ဒေါက်တာလှိုင်မြင့်ကို ဒေါ်ခင်စိုးဝင်းက တွေ့ဆုံ မေးမြန်းထားပါတယ်။ အပြည့်အစုံ အင်္ဂါနေ့ မြန်မာတီဗွီသတင်း အပြည့်အစုံ မြန်မာနိုင်ငံမှာ ဒီနှစ်ပိုင်းတွေအတွင်း တွေ့မြင်လာနေရတဲ့ အပြောင်းအလဲတွေနဲ့အတူ နိမ့်ကျနေတဲ့ စီးပွာရေး ပြန်လည် ဦးမော့လာမယ့် အလားအလာတွေလည်း ထွက်ပေါ်လာနေပါတယ်။ ဒါပေမဲ့လည်း နိုင်ငံရေး၊ စီးပွားရေး အပြောင်းအလဲတွေက အခက်အခဲ၊ အကြပ်အတည်းတွေ နဲ့ ရင်ဆိုင်နေကြရတဲ့ သာမန်လူထု အများစုအပေါ် သက်ရောက်မှု များများစားစား မမြင်ရသေးဘူးလို့ ဝေဖန်ပြောဆိုမှုတွေ ရှိနေပါတယ်။ AP သတင်းဌာနရဲက သတင်းတပုဒ်ကို ကိုကျော်သိင်္ခက တင်ပြ ပေးပါလိမ့်မယ်။ အပြည့်အစုံ ဒစ်ဂျစ်တယ် နည်းပညာ တိုးတက်နေတဲ့ခေတ်မှာ အီးဘွတ်လို့ ခေါ်တဲ့ ကွန်ပြူတာနဲ့ ဖတ်ရှုတဲ့ စာအုပ်တွေဟာ လူကြိုက်များလာပါတယ်။ ဒါပေမယ့် အိန္ဒိယနိုင်ငံမှာတော့ ပုံနှိပ်စာအုပ်တွေဟာ တွင်ကျယ်နေဆဲဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံခြား စာအုပ်ထုတ်ဝေရေး လုပ်ငန်းရှင်တွေဟာ တောင်အာရှဒေသတွင်းက ကမ္ဘာ့ တတိယအကြီးဆုံး အင်္ဂလိပ်ဘာသာစာအုပ် ဈေးကွက်ကို ထိုးဖေါက်ဖို့  စိတ်ဝင်စားနေပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် အာရူး ပန်ဒီ နယူးဒေလီ စာအုပ်ပွဲတော်က သတင်းပေးပို့ ထားတာကို ကိုအောင်အောင်က တင်ပြပါ့မယ်။ အပြည့်အစုံ |
| အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
| Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
ကုလစိုးရိမ်မှု လူ့အခွင့်အရေးအဖွဲ့တွေ ထောက်ခံ
မြန်မာကလေးစစ်သား ၂၄ ဦး ပြန်လွှတ်ပေးမှု ကုလကြိုဆို
ကချင်ဒုက္ခသည်တွေအတွက် ကုလအကူအညီစတင်စေလွှတ်
သင်္ဘောနစ်မြုပ်မှု မြန်မာသင်္ဘောသား ၁ ဦးသေ၊ ၁၄ ဦး ပျောက်ဆုံး
ပါကစ္စတန်ရေနက်ဆိပ်ကမ်း တရုတ်ကို လွှဲပေး
ဆီးရီးယား စစ်ရာဇ၀တ်မှုတွေ ကုလ စုံစမ်းစစ်ဆေး
စီးပွားရေးတိုးမြှင့်ဖို့ ဗြိတိန်ဝန်ကြီးချုပ် အိန္ဒိယရောက်
တောရိုင်းတိရစ္ဆာန် ကာကွယ်ရေး စီမံချက် အဆုံးသတ်
Shoe စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ
ကျွန်တော်လဲးအသည်းလှူချင်ပါတယ်
ReplyDeleteZarni.tun.5220@facebook.comကိုဆက်သွယ်ပါ