ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ ဖေဖေါ်ဝါရီလ ၂၀၊ ၂၀၁၃ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
| မြန်မာ စီးပွားရေးဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသွားမည် "ဒီခရီးစဉ်အတွင်း စီးပွားရေးနဲ့ ကုန်သွယ်ရေးဆိုင်ရာ အခွင့်အလမ်းတွေ နှစ်ဘက်စလုံးမှာ တိုးတက် ပွင့်လင်းလာစေဖို့နဲ့ အမေရိကန်နဲ့ ဒေသတွင်း စီးပွားရေး ဆက်ဆံမှုတွေ အားကောင်းလာဖို့ အဓိက ဆွေးနွေးဆောင်ရွက်မှာ ဖြစ်" အပြည့်အစုံ သင်္ဘောနစ်မြုပ်မှုအတွင်း မြန်မာနိုင်ငံသား ၁၄ ဦး ပျောက်ဆုံးနေဆဲ "ရှာနေပါတယ်ခင်ဗျ။ ရှာနေတယ်။ နေ့ခင်း ၁ နာရီလောက်အထိက ရဟတ်ယာဉ် (Helicopter) ရော၊ (Navy) ရေတပ်ရောက ရှာနေပါတယ်။ ကျွန်တော်တို့ သိပါတယ်" အပြည့်အစုံ "သူတို့ကတော့ ထိုင်းဥပဒေအရ သူတို့ဟာသူတို့ လိုက်ပြီးတော့ ဖမ်းဖို့ ကြိုးစားနေတယ်လို့ပြောတယ်။ တရားသူကြီးက ဘတ်ငွေ ၇ သိန်းနဲ့ အာမခံ ပေးလိုက်တော့ တရားသူကြီးအပေါ် pressure တွေရောက်နေ" အပြည့်အစုံ အစိုးရတပ်နဲ့ အပစ်ရပ် SSA မြောက်ပိုင်း တိုက်ပွဲဖြစ် "ကျနော်တို့ အခြေပြုထားတဲ့နေရာကို ဒီနေ့ပေါ့ ၃ နာရီ ၁၀ မိနစ်မှာ သူတို့က ၀င်တိုက်တယ်လေ။ အခုပြောနေတဲ့ အချိန်ထိတော့ သေနတ်သံတွေက မငြိမ်သေးဘူးပေါ့” အပြည့်အစုံ အမေရိကန်အပေါ် Cyber တိုက်ခိုက်မှု တရုတ်အစိုးရ ပါဝင် "အမေရိကန် အစိုးရပိုင်း၊ စီးပွားရေးလုပ်ငန်းတွေနဲ့ အရေးပါတဲ့ လုပ်ငန်းကြီး အတော်များများကို အွန်လိုင်းကနေ Cyber တိုက်ခိုက်မှုတွေ လုပ်နေရာမှာ တရုတ်အစိုးရကိုယ်တိုင် တိုက်ရိုက် ပါဝင်ပတ်သက်နေတယ်လို့" အပြည့်အစုံ တောင်ပိုင်းကို ချေမှုန်းဖို့ မြောက်ကိုရီးယား ခြိမ်းခြောက် "ဂျနီဗာမှာ ကျင်းပတဲ့ ကုလသမဂ္ဂ လက်နက်ဖျက်သိမ်းရေး ညီလာခံမှာ မြောက်ကိုရီးယား သံတမန် (Jon Yong Ryong) က တောင်ကိုရီးယားကို အခုလို ခြိမ်းခြောက်လိုက်တာ ဖြစ်ပါတယ်" အပြည့်အစုံ အိုလံပစ်အပြေးသမား ကြံစည်သတ်ဖြတ်မှုနဲ့ ရင်ဆိုင်ရဖွယ်ရှိ "Oscar Pistorius ကို အာမခံပေးဖို့ သူ့ရဲ့ရှေ့နေတွေက တရားရုံးမှာ လျှောက်ထားနေချိန်မှာ တရားလိုရှေ့နေအဖွဲ့ကတော့ သူဟာ သူ့ရည်းစားကို ကြိုတင် စီစဉ်ပြီး သတ်ဖြတ်ခဲ့တာလို့ ပြောဆို" အပြည့်အစုံ Spitfire တိုက်လေယာဉ်တွေကို ဆက်လက်ရှာဖွေသွားမှာဖြစ်တဲ့ အကြောင်း ရှာဖွေရေးအဖွဲ့တွေပြော၊ ပျောက် ဆုံးနေတဲ့ မြန်မာ သင်္ဘောသား ၁၄ ယောက်ကို ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ဖွဲ့က ဆက်လက်ရှာဖွေဆဲ၊ ရုရှားနိုင်ငံကို လွင့်လာကျတဲ့ ဥက္ကာပျံ အပိုင်းအစတွေကို သိပ္ပံပညာရှင်တွေ ရှာဖွေတွေ့ရှိ … စသည်။ အပြည့်အစုံ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက် ဗုဒ္ဓဟူးနေ့ မြန်မာနိုင်ငံဆိုင်ရာ သတင်းတွေကို စုစည်းတင်ဆက်ထားပါတယ်။ အပြည့်အစုံ မြောက်ကိုရီးယားနိုင်ငံက တတိယအကြိမ်နျူးကလီးယားစမ်းသပ်မှုလုပ်ပြီး တဲ့နောက် ကိုရီးယားကျွန်းဆွယ်မှာ အခြေအနေတွေ တင်းမာလာနေတဲ့ကြားမှာပဲ၊ တောင်နဲ့ မြောက်ကိုရီးယား ၂ နိုင်ငံကြားမှာ ရှိတဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ မူလတန်းကျောင်းမှာ မူလတန်း အောင်လက်မှတ်ပေးပွဲကို ကျင်းပခဲ့ပါတယ်။ ကျောင်းသားတချို့ကတော့ စစ်မဲ့ဇုန်က သူတို့ရဲ့ ကျောင်းလေးကို ခွဲခွာရမှာဖြစ်တဲ့အတွက် စိတ်မကောင်းဖြစ်ခဲ့ကြပါတယ်။ ဒီအကြောင်းအပြည့်အစုံကိုတော့ ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။ အပြည့်အစုံ ရုပ်ရှင်တွေထဲမှာ မှတ်တမ်းရုပ်ရှင်တွေဟာ လူကြိုက်အနည်း ဆုံးဖြစ်ပြီးတော့ Special Effects လို့ခေါ်တဲ့ အထူး ဖန်တီး ပြသတဲ့ အချက်တွေ (ဒါမှမဟုတ်) နာမည်ကြီး သရုပ်ဆောင်တွေ မပါဝင်ပါဘူး။ မှတ်တမ်းရုပ်ရှင်တွေထဲက အဓိက ဇာတ်ကောင်တွေဟာ သာမန် လူတွေ ဖြစ်နေတတ်ပါတယ်။ မှတ်တမ်းရုပ်ရှင်တွေကို ရုပ်ရှင်ရုံကြီးတွေမှာ ပြသတာမျိုးမရှိသလို၊ တခြားရုပ်ရှင်ကားတွေ နဲ့ ယှဉ်ပြီးတော့ ပြသနိုင်တဲ့အနေအထားလည်း မရှိပါဘူး။ ဒါပေမယ့် နိုင်ငံရေး နဲ့ လူမှုရေး ဆိုင်ရာအဖြစ်အပျက်တွေကို ဖော်ပြရာမှာ ဒီမှတ်တမ်းရုပ်ရှင်တွေဟာ ထိရောက်ပြီးတော့၊ လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ နဲ့ အတွေးအခေါ် ကိုလည်း ပြောင်းလဲပေးနိုင်တဲ့စွမ်းအားရှိပါတယ်။ အခုနှစ် အော်စကာဆုပေးပွဲ အတွက် အကောင်းဆုံး မှတ်တမ်းရုပ်ရှင်ဆန်ကာတင်စာရင်းမှာ တင်သွင်းခံထားရတဲ့ မှတ်တမ်းရုပ်ရှင်တွေအကြောင်း ဗွီအိုအေ သတင်းထောက် Penelope Poulou က သတင်းပေးပို့ထားပါတယ်။ ကိုကျော်သိင်္ခက ပြောပြပေးမှာပါ။ အပြည့်အစုံ ဗြိတိသျှလေတပ်က ဒုတိယကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံမှာ မြှုပ်နှံထားခဲ့တယ်လို့ ယူဆနေကြတဲ့ Spitfire လေယာဉ်ရှာဖွေရေးအဖွဲ့က ဇွဲမလျှော့ဘဲဆက်လက်ရှာဖွေသွားမယ်လို့ ပြောဆိုလိုက်ပါတယ်။ ဒီရှာဖွေရေးလုပ်ငန်းတွေကို ရန်ပုံငွေပံ့ပိုးပေးနေတဲ့ Wargaming Company က Spitfire လေယာဉ်တွေမြှုပ်နှံထားတာမရှိနိုင်ဘူးလို့ သတင်းထုတ်ပြန်လိုက်ပြီးတဲ့နောက် အခုလိုပြောဆိုလိုက်တာပါ။ ဥရောပကနေ Ground Penetrating Radar Expert မြေအောက်ထွင်းဖေါက် စူးစမ်းတိုင်းတာရေးကျွမ်းကျင်သူတွေရဲ့ အကူအညီနဲ့ ဆက်လက်ရှာဖွေသွားမှာဖြစ်ကြောင်း၊ မြစ်ကြီးနားအနီးမြှုပ်နှံခဲ့တယ်လို့ ယူဆရတဲ့မြေအောက်မှာ သတ္တုအပိုင်းအစ ၂ ခုတွေ့ထားပြီး စမ်းသပ်ဖို့ စောင့်ဆိုင်းနေဆဲဖြစ်တယ်လို့ Spitfire ရှာဖွေရေးအဖွဲ့ ဦးဆောင်သူ David Cundall က ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။ ကိုစည်သူကပြောပြပေးမှာပါ။ အပြည့်အစုံ |
| အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
| Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
စီးပွားရေးဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသွားမည်
သင်္ဘောနစ်မြုပ်မှုအတွင်း မြန်မာနိုင်ငံသား ၁၄ ဦး ပျောက်ဆုံးနေဆဲ
အစိုးရတပ်နဲ့ အပစ်ရပ် SSA မြောက်ပိုင်း တိုက်ပွဲဖြစ်
အမေရိကန်အပေါ် Cyber တိုက်ခိုက်မှု တရုတ်အစိုးရ ပါဝင်
တောင်ပိုင်းကို ချေမှုန်းဖို့ မြောက်ကိုရီးယား ခြိမ်းခြောက်
အိုလံပစ်အပြေးသမား ကြံစည်သတ်ဖြတ်မှုနဲ့ ရင်ဆိုင်ရဖွယ်ရှိ
No comments:
Post a Comment