ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ ဖေဖေါ်ဝါရီ လ ၂၇၊ ၂၀၁၃ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
| မြန်မာ မအူပင် လယ်သမားတွေနဲ့ ရဲ ထိပ်တိုက်ရင်ဆိုင်မှု လူ ၄၀ ဒဏ်ရာရ "ဆေးရုံကို အရပ်သား ၁၁ ယောက်၊ ရဲ ၂၉ ယောက် ရောက်လာတယ် လောလောဆယ်။ ရဲက ဒုတ်နဲ့ အရိုက်ခံရတယ်၊ တချို့ မျက်နှာတွေ ထိတယ်။ ရဲတယောက်ဆိုရင် စိုးရိမ်ရလို့ ရန်ကုန်ဆေးရုံကို သယ်ဖို့ လုပ်နေကြပြီ" အပြည့်အစုံ သမ္မတဦးသိန်းစိန် ဥရောပခရီးအစအဖြစ် နော်ဝေရောက်ရှိ "နော်ဝေ ၀န်ကြီးချုပ်နဲ့ သူ့နေအိမ်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ အစည်းအဝေး အပြီးမှာ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မှာ ဖြစ်ပါတယ်။" အပြည့်အစုံ ဘုန်းတော်ကြီး တူးတူး ဒေါ်စုနဲ့တွေ့ဆုံ "ဒီနိုင်ငံမှာ လုံးဝ လွတ်လပ်တဲ့ အခြေအနေ ရောက်တာနဲ့ တိုင်းရင်းသား ပဋိပက္ခတွေ ချုပ်ငြိမ်းပြီး အလားအလာ ကောင်းတွေကိုလည်း တွေ့မြင်လိုပါတယ်" အပြည့်အစုံ ဗွီအိုအေ ဘီဘီစီ အင်္ဂလိပ်ပိုင်း အသံလွှင့်ချက်များ တရုတ်မှာ အသံလှိုင်းဖျက်ဆီးခံရ အပြည့်အစုံ အီရန်ကို အင်အားကြီးနိုင်ငံတွေ နျူကလီးယား အဆိုပြုချက်သစ် ကမ်းလှမ်း "အီရန် နျူကလီးယား အရေးကိစ္စနဲ့ ပတ်သက်လို့ ဆွေးနွေးပွဲအတွင်း အင်္ဂါနေ့တုန်းကတော့ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေဟာ အီရန်ကို အဆိုပြုချက်သစ် ကမ်းလှမ်းခဲ့ပါတယ်" အပြည့်အစုံ ကျားမှောင်ခိုလုပ်ငန်း တရုတ် အစိုးရ တိတ်တဆိတ် အားပေး "တရုတ် အစိုးရဟာ ကျားသားရေနဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ မှောင်ခိုရောင်းဝယ် ဖောက်ကားမှုတွေကို အားပေးနေတယ်လို့ EIA အဖွဲ့က ပြောဆို" အပြည့်အစုံ အမျိုးသမီးသတ္တိရှင်ဆုရ မဇင်မာအောင်နဲ့မေးမြန်းချက် "အမျိုးသမီးအားလုံးဟာ စီးပွားရေးပဲ လုပ်လုပ် သူတို့မှာ နိုင်ငံရေးနဲ့ပတ်သက်တဲ့ နားလည် သဘောပေါက်မှုတွေ ရှိနေကြပါတယ်။ ဒါဟာ ကျမတို့ အတုယူရမယ့် အချက်ပဲပေါ့နော်" အပြည့်အစုံ မဖြစ်မနေ လျှော့ချရမယ့် အစိုးရအသုံးစရိတ်လိုငွေ အစိုးရအသုံးစရိတ်လိုငွေပြမှု ၁.၂ တြီလီယံကို ထိန်းညှိဖို့ ဘဏ္ဍာငွေဖြတ်တောက်ရာမှာ ဆယ်နှစ်ဆက်တိုက် ဖြတ်ရမယ့် အခြေအနေ ဖြစ်နေပါတယ်။ အပြည့်အစုံ လွတ်လပ်မှုကိုရှေးရှုတဲ့ ဘယ်လိုလှုပ်ရှားမှုကိုမဆို အားပေးရမှာဖြစ်ကြောင့် ဘုန်းတော်ကြီး Desmond Tutu ပြော၊ NLD နိုင်ငံလုံးဆိုင်ရာညီလာခံ မတ်လအတွင်း ကျင်းပဖို့စီစဉ်နေ၊ အမေရိကန်စီးပွားရေး နဲ့ ကုန်သွယ်ရေး လက်ထောက်ဝန်ကြီး နဲ့ တွေ့ဆုံမေးမြန်းခန်း ... စသည် အပြည့်အစုံ အမေရိကန်အစိုးရနဲ့ လွှတ်တော်အကြား ဘဏ္ဍာရေး အသုံးစရိတ်ဆိုင်ရာ သဘောတူညီချက် ညှိ့နိုင်းလို့ မရတော့ဘူးဆိုရင် လာမယ့် သောကြာနေ့က စပြီး အသုံးစရိတ် မဖြစ်မနေ ဖြတ်တောက်ရမယ့် အစီအစဉ်တွေ စတင်တော့မှာ ဖြစ်ပါတယ်။ ဒီလို အသုံးစရိတ်တွေ ဖြတ်တောက်မယ်ဆိုရင် စီးပွားရေးအပေါ် ထိခိုက်နိုင်တယ်ဆိုပြီး သတိပေးပြောဆိုနေပေမယ့် ဒီမိုကရက် အထက်လွှတ်တော်တွေရဲ့ အဆိုပြုချက်တွေကို ရီပတ်ဗလစ်ကန်တွေဘက်က သဘောမတူကြသေးပါဘူး။ ကိုသိန်းထိုက်ဦးက ဆက်ပြီး တင်ပြပါလိမ့်မယ်။ အပြည့်အစုံ ၂၀၁၃ ခုနှစ် ဖေဖေါ်ဝါရီလ ၂၇ ရက် ဗုဒ္ဓဟူးနေ့ မြန်မာနိုင်ငံဆိုင်ရာ သတင်းများကို စုစည်းတင်ဆက်ထားပါတယ်။ အပြည့်အစုံ အမျိုးသမီးတွေကို အကာအကွယ်ပေးနိုင်တဲ့ ဥပဒေတွေမှာ အမျိုးသမီးတွေ ပါဝင် ရေးဆွဲနိုင်ရေး အတွက် အစိုးရ ထိပ်တန်း ရာထူးတွေ နောက် ဥပဒေပြု လွှတ်တော်အတွင်းမှာ အမျိုးသမီးတွေ ပိုပြီး ပါဝင်ဖို့လိုတယ်လို့ တိုင်းရင်းသား အမျိုးသမီးတွေက ပြောလိုက်တာပါ။ အပြည့်အစုံ မြန်မာနိုင်ငံအတွင်းက လွတ်လပ်မှုကို ရှေ့ရှုတဲ့ ဘယ်လို လှုပ်ရှားမှုမျိုးကိုမဆို အားပေးရမှာဖြစ်တဲ့အကြောင်း မြန်မာနိုင်ငံကို ရောက်လာတဲ့ တောင်အာဖရိက ဘုန်းတော်ကြီး Desmond Tutu က မနေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံအပြီး ပြောဆိုပါတယ်။ မြန်မာနိုင်ငံအတွင်း လက်ရှိ မြင်တွေ့နေရတဲ့ ပြုပြင် ပြောင်းလဲမှုတွေကို အသိအမှတ် ပြုပြီး စစ်မှန်တဲ့ ဒီမိုကရေစီစနစ် ထွန်းကားရေးနဲ့ လူတိုင်းလူတိုင်း လွတ်လပ်ခွင့်တွေ ရလာဖို့အတွက် အားပေးကြဖို့ လိုတယ်လို့လည်း ဘုန်းတော်ကြီး ဒက်စမွန်တူးတူးက ပြောဆိုသွားပါတယ်။ ရန်ကုန်ကနေ ဒေါ်ခင်စိုးဝင်းက သတင်းပေးပို့ထားပါတယ်။ အပြည့်အစုံ အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ပိတ်ဆိုမှုတချို့လျှော့ပေါ့ပေး လိုက်ပေမယ့် အဂတိလိုက်စားမှုတွေ၊ မလွတ်မြောက်သေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေအရေး၊ တိုင်းရင်းသားဒသေတွေက ပဋိပက္ခတွေ၊ မြောက်ကိုရီးယားနဲ့ စစ်ရေးဆက်ဆံမှုတွေနဲ့ ပတ်သက်ပြီး စိုးရိမ်နေရဆဲဖြစ်တာကြောင့် ပိတ်ဆို့မှုအားလုံး ရုပ်သိမ်းပေးဖို့မဖြစ်နိုင်သေးဘူးလို့ စီးပွားရေးရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Jose Fernandez ကပြောဆိုလိုက်ပါတယ်။ ဒါပေမဲ့ အခု အမေရိကန် ကုမ္မဏီကြီးတွေက မြန်မာနိုင်ငံမှာ တာဝန်သိရင်းနှီးမြှုပ်နှံမှု အတွက် မြန်မာလုပ်ငန်းရှင်တွေနဲ့ ညှိနှိုင်းနိုင်တဲ့အခြေအနေအထိ တိုးတက်မှုတွေဖြစ်ထွန်းလာတာကို ကိုယ်တိုင်တွေ့နေရပြီလို့ မှတ်ချက်ချပါတယ်။ ဒေါ်ခင်စိုးဝင်းက စီးပွားရေးရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Jose Fernandez ကို သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။ အပြည့်အစုံ |
| အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
| Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
မအူပင် လယ်သမားတွေနဲ့ ရဲ ထိပ်တိုက်ရင်ဆိုင်မှု လူ ၄၀ ဒဏ်ရာရ
သမ္မတဦးသိန်းစိန် ဥရောပခရီးအစအဖြစ် နော်ဝေရောက်ရှိ
ဘုန်းတော်ကြီး တူးတူး ဒေါ်စုနဲ့တွေ့ဆုံ
အီရန်ကို အင်အားကြီးနိုင်ငံတွေ နျူကလီးယား အဆိုပြုချက်သစ် ကမ်းလှမ်း
ကျားမှောင်ခိုလုပ်ငန်း တရုတ် အစိုးရ တိတ်တဆိတ် အားပေး
အမျိုးသမီးသတ္တိရှင်ဆုရ မဇင်မာအောင်နဲ့မေးမြန်းချက်
မဖြစ်မနေ လျှော့ချရမယ့် အစိုးရအသုံးစရိတ်လိုငွေ
No comments:
Post a Comment