ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ ဇူလိုင် ၀၃၊ ၂၀၁၃ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
မြန်မာ ဒုဗိုလ်ချုပ်ကြီးသိန်းဌေးအပေါ် အမေရိကန် ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ် "အမေရိကန် ပြည်ထောင်စုကို ကိုသိန်းဌေး ရောက်တဲ့အခါမှာ မြောက်ကိုရီးယားနဲ့ ပတ်သက်ပြီးတော့မှ ဆက်မလုပ်တော့ပါဘူးလို့ ရှင်းပြပေမဲ့ မပြီးပြတ်သေးတဲ့ ကိစ္စတွေကိုတော့ ဆက်လုပ်ပါရစေ ဆိုတဲ့ဟာမျိုးတွေ ပြောခဲ့တယ်လို့ ကျနော် သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှ အမေရိကန် အစိုးရအနေနဲ့၊ ကျနော့် အမြင်ပြောရရင်တော့ ဗိုလ်ချုပ်ကြီး သိန်းဌေးအနေနဲ့ မြောက်ကိုရီးယား နဲ့ စစ်ရေးဆိုင်ရာ ကိစ္စတွေမှာ အဆက်အသွယ် လုပ်နေတုန်းပဲလို့ ယူဆတဲ့အတွက်ကြောင့်မို့လို့ အခုလို sanction list ထဲကို စာရင်းထဲကိုသွင်းတယ်လို့ ကျနော် မြင်ပါတယ်ခင်ဗျ" အပြည့်အစုံ "ကျနော်တို့ကို အခကြေးငွေ ယူပြီးတော့ ၁၁ လပိုင်းကနေ စနှင်တာ၊ ၂၀၀၉ ခုနှစ် ၆ လပိုင်းကနေ သူတို့ကို အခွန်အခ ပေးသွင်းခဲ့ရတယ်။ စိုက်ခင်းတခုကို ကျပ် ၅၀၀၀၊ ၆ လ တဖြတ်ကို ၃ သောင်း သွင်းရတယ်။ တနှစ်ကို ၆ သောင်း သွင်းရတယ်။ အဲ့လို ကျနော်တို့ နေခဲ့တာ။ ၂၀၀၉ ခုနှစ် ၆ လပိုင်းကနေစပြီးတော့ ၂၀၁၂ ခုနှစ် ၁၂ ပိုင်းအထိ ကျနော်တို့ ပေးသွင်းခဲ့တာ။ အခုဆိုရင် ၄ နှစ်ရှိပြီ" အပြည့်အစုံ “ပြည်ပနိုင်ငံများမှာ ရောက်ရှိနေကြတဲ့ ကျနော်တို့ နိုင်ငံသားများ၊ အထူးသဖြင့် ပြည်ပမှာ ခက်ခက်ခဲခဲ ရုန်းကန်နေကြတဲ့ မြန်မာများရဲ့ လုံခြုံရေးနဲ့ လိုအပ်တဲ့ ကာကွယ်စောင့် ရှောက်မှုတွေကို ထိရောက်စွာ ပေးနိုင်ဖို့အတွက် ပြည်ပနိုင်ငံများမှာ အခြေစိုက်တဲ့ မြန်မာသံရုံးများရဲ့ စွမ်းဆောင်ရည်တွေကို မြှင့်တင်တိုးချဲ့ ဆောင်ရွက်သွားရမယ် ဆိုတာကိုလည်း အထူးဂရုပြုမိပါတယ်။” အပြည့်အစုံ “ကျနော်တို့ ပုဒ်မ ၁၄၄ ထုတ်ထားစဉ်ကာလမှာတောင်မှ ပေါ်ပေါ်တင်တင်ကြီး ဖြစ်နေတဲ့ ဒီကိစ္စဟာ လုပ်တဲ့သူတွေကိုတော့ တစ်ယောက်မှ မမိသေးဘူးဆိုရင် နောက်ထပ် ဒါမျိုး ဆက်လုပ်ပါဦးလို့ ဖိတ်ခေါ်နေတာနဲ့ အတူတူပဲဖြစ်မယ်ဗျ။ ဒါတွေက သံသယတွေပေါ့" အပြည့်အစုံ နျူကလီးယားအရေး အမေရိကန်က လျှော့ပေးဖို့ မြောက်ကိုရီးယားတောင်းဆို "အမေရိကန်ပြည်ထောင်စုက ရန်လိုတဲ့ သဘောထားတွေကို မစွန့်လွှတ်မချင်း နျူကလီးယား အစီအစဉ်တွေကို ဆက်လုပ်သွားမယ့်အကြောင်း ဘရူနိုင်းနိုင်ငံမှာ ကျင်းပနေတဲ့ အာရှ-ပစိဖိတ်ဒေသ လုံခြုံရေးဆိုင်ရာ အစည်းအဝေးအတွင်း မြောက်ကိုရီးယားက ပြောလိုက်ပါတယ်" အပြည့်အစုံ "အီဂျစ်သမ္မတ Mohamed Morsi ကတော့ သူရာထူးက ဆင်းပေးမှာ မဟုတ်ဘူးလို့ ခပ်တင်းတင်းပဲ ကြေညာသွားပါတယ်။ သူဟာ လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကပဲ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံထားရတဲ့ သမ္မတ ဖြစ်တယ်လို့ အစိုးရ ရုပ်မြင်သံကြား ကနေ အင်္ဂါနေ့ညကပဲ ပြောသွားခဲ့တာပါ" အပြည့်အစုံ "မှန်ကန်တဲ့ ချဉ်းကပ်လုပ်ဆောင်မှုရှိမယ်ဆိုရင် အာဖရိကတိုက်ရဲ့ ပြည်သူတွေအနေနဲ့ စီးပွားလူမှုရေး ကုံလုံကြွယ်ဝမှုတွေနဲ့ ပြည့်ဝတဲ့ ခေတ်သစ်တခုကို လျှောက်လှမ်းနိုင် တော့မယ်လို့ အာဖရိက ၃ နိုင်ငံခရီးစဉ် ပြီးဆုံးသွားချိန်မှာ အမေရိကန် သမ္မတ Barack Obama က ပြောဆိုလိုက်ပါတယ်" အပြည့်အစုံ "စနိုဒန်ဟာ တကမ္ဘာလုံးရဲ့ အကာကွယ်ပေးမှုနဲ့ ထိုက်တန်တယ်လို့ မစ္စတာ မဒူရိုက အင်္ဂါနေ့မှာ သတင်းထောက်တွေကို ပြောခဲ့တာပါ။ စနိုဒန်ဟာ ဘယ်သူ့ကိုမှလည်း မသတ်ခဲ့သလို၊ ဗုံးဖောက်ခွဲဖို့ ကြံစည်ခဲ့တာလည်း မဟုတ်ဘူးဆိုပြီး သူက ကာကွယ်ပြော ဆိုသွားခဲ့ပါတယ်" အပြည့်အစုံ "အီဂျစ်စစ်တပ်က သမ္မတနဲ့ အတိုက်အခံတွေကြား တွေ့ဆုံညှိနှိုင်းမှု မလုပ်နိုင်ရင် ကိုယ်ပိုင် လမ်းပြမြေပုံကို ထုတ်သုံးမယ်လို့ ပြောဆိုမှုနဲ့အတူ သမ္မတမော်စီကို ဗုဒ္ဓဟူးနေ့ နောက်ဆုံးထားပြီး အတိုက်အခံအဖွဲ့တွေနဲ့ ကွဲပြားမှုပြဿနာတွေကို ညှိနှိုင်းဖို့ တိုက်တွန်းခဲ့ပါတယ်" အပြည့်အစုံ နေ့ စဉ်တီဗွီသတင်းလွှာ ၀၇-၀၃-၂၀၁၃ မြောက်ကိုရီးယား နိုင်ငံကနေ စစ်သုံးပစ္စည်းတွေ မ၀ယ်ယူဖို့ ကန့်သတ်ထားတဲ့ တားဖြစ်ချက်ကို ချိုးဖေါက်တယ်ဆိုပြီး မြန်မာအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးကို အမေရိကန်ပြည်ထောင်စုက ပိတ်ဆို့ဒဏ်ခတ်တဲ့ စရင်းမှာ ထည့်သွင်းလိုက်တဲ့သတင်း၊ ရခိုင်ပြည်နယ် သံတွဲမြို့က အခြေအနေ။ ဘရှုနိုင်းမှာကျင်းပတဲ့ အာစီယံ နှီးနှောဖလှယ်ပွဲနဲ့ သမ္မတအိုဘားမားရဲ့ တောင်အာဖရိက ခရီးစဉ်အကြောင်းတွေနဲ့ နိုင်ငံတကာသတင်းတွေကို ရှု့စားကြရမှာပါ။ အပြည့်အစုံ ဗုဒ္ဓဟူးနေ့ မြန်မာနိုင်ငံဆိုင်ရာသတင်းများ ၂၀၁၃ခုနှစ်ဇွန်လိုင်လ ၃ရက်ဗုဒ္ဓဟူးနေ့ မြန်မာနိုင်ငံဆိုင်ရာသတင်းများကိုစုစည်းတင်ဆက်ထားပါတယ်။ အပြည့်အစုံ အာဖဂန်နစ္စတန်က အမေရိကန်တပ်တွေ ပြန်ရုပ်သိမ်း သွားပြီး ခဲ့ရင်တောင်မှ ဒေသတွင်း ဆက်လက် တည်ငြိမ်ပြီး ကျန်ရစ်နေခဲ့ဖို့ဆိုတာဟာ အမေရိကန် နိုင်ငံရဲ့ အဓိက နိုင်ငံခြားရေးဆိုင်ရာ မူဝါဒတွေထဲက တစိတ်တပိုင်းဖြစ်ပါတယ်။ အိမ်နီးချင်း နှစ်နိုင်ငံဖြစ်ကြတဲ့ အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံတွေဟာ ဒီ မူဝါဒအပေါ်မှာ အဓိက သက်ဆိုင်နေပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် Kokab Farshori က ပေးပို့ထားတဲ့ သတင်းဆောင်းပါးကို မခွာညိုက ပြောပြပေးပါမယ်။ အပြည့်အစုံ : မြန်မာနိုင်ငံအတွင်းမှာ လူသတ်မှုပြီးရင် အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေက အများဆုံး ရင်ဆိုင်နေရတဲ့အကြောင်း ရာဇ၀တ်မှု နှိမ်နှင်းရေးအရာရှိတွေက ပြောပါတယ်။ ဒါကြောင့်လည်း အမျိုးသမီးနဲ့ ခလေးငယ်တွေအတွက် လုံခြုံမှုကို ပိုပြီးအာရုံစိုက်သင့်တဲ့အကြောင်း ပြောဆိုနေကြပါတယ်။ မြစ်မခမီဒီယာက မမေသင်္ကြန်ဟိန်က တင်ပြပါလိမ့်မယ်။ အပြည့်အစုံ မကြာသေးခင်က အင်ဒိုနီးရှားနိုင်ငံထဲမှာ တောမီးလောင်ကျွမ်းမှုကြောင့် စင်္ကာပူ နဲ့ မလေးရှားနိုင်ငံတွေမှာ ၁၆ နှစ်အတွင်း လေထု ညစ်ညမ်းမှုကို အဆိုးဝါးဆုံး ခံစားခဲ့ရပါ တယ်။ အဲဒီအတွက်ကြောင့် အင်ဒိုနီးရှားသမ္မတက စင်္ကာပူ နဲ့ မလေးရှားနိုင်ငံတွေကို တောင်းပန်ခဲ့ပြီးတော့၊ ဒီဖြစ်ရပ် နဲ့ ပက်သက်ပြီး စုံစမ်းမှုတွေလုပ်သွားမယ်လို့ ကတိပေး ပြောဆိုခဲ့ပါတယ်။ အင်ဒိုနီးရှားရဲ့ ပတ်ဝန်းကျင် လေထု ညစ်ညမ်းမှု လျော့ချရေးနဲ့ သဘာ၀၀န်းကျင် ထိမ်းသိမ်းရေး လုပ်ငန်းတွေနဲ့ပတ်သက်ပြီး ဗွီအိုအေ သတင်းထောက် Brian Padeen သတင်းပေးပို့ထားတာကို ကိုကျော်သိင်္ခက ပြောပြပေးပါလိမ့်မယ်။ အပြည့်အစုံ ရခိုင်ပြည်နယ် အတွင်းမှာ ဘာသာရေး အဓိကရုဏ်းတွေ မငြိမ်းနိုင် ဖြစ်နေတဲ့ အတောအတွင်း နှစ်ပေါင်းများစွာ အေးအေးချမ်းချမ်း အတူနေလာကြတဲ့ လူတွေကြားမှာလည်း မယုံကြည်မှုတွေ မလုံခြုံမှုတွေ ခံစားနေကြရပါတယ်။ ဒီထဲမှာ စစ်တွေမြို့က ဒေသခံ ရခိုင်လူမျိုးတွေကြားမှာ နေထိုင်နေရတဲ့ အောင်မင်္ဂလာ ရပ်ကွက်က မွတ်ဆလင်တွေလည်း ပါဝင်ပါတယ်။ AP သတင်းတပုဒ်ကို အခြေခံပြီး မသိင်္ဂီထိုက်က ပြောပြပေးမှာပါ။ အပြည့်အစုံ VOA60 World VOA60 World အပြည့်အစုံ VOA60 USA President Obama comments on chemical weapons in Syria during news conference- VOA60 America အပြည့်အစုံ |
အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
No comments:
Post a Comment