ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ ဇူလိုင် ၀၄၊ ၂၀၁၃ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
| မြန်မာ လယ်သမားအခွင့်အရေး ကာကွယ်ပေးဖို့ ၈၈ မျိုးဆက်တွေ တိုက်တွန်း "လွှတ်တော်မှာ လယ်ယာမြေ သိမ်းဆည်းခံရမှု ပြဿနာတွေကို ဖြေရှင်းပေးဖို့အတွက် စုံစမ်းရေးကော်မရှင်ဆိုတာ ဖွဲ့ထားပါတယ်။ အဲ့တော့ ကော်မရှင်က စုံစမ်းတယ်။ ကော်မရှင်က စုံစမ်းနေတုန်းမှာ ခက်တာက လယ်သမားတွေက လယ်မစိုက်ရဘဲနဲ့ ထမင်းငတ်နေရတဲ့ အခြေအနေ စိုက်နေတယ်" အပြည့်အစုံ နည်းပညာအကြံပေးရုံးဖွင့်ဖို့ KIO အဖွဲ့ မြစ်ကြီးနားရောက် "တကယ်တမ်း ရုံးဖွင့်နိုင်ဖို့ လျာထားတာက ဒီလ ၂၀ ရက်နေ့ပေါ့ အဲ့လို လျာထားပါတယ်။ ဒီကြားထဲမှာက ဒီ office setting ပေါ့ ရုံးနဲ့ပတ်သက်တဲ့ဟာ တခြားညှိနှိုင်းမယ့်ဟာတွေ ဒါတွေ ကြိုတင်ပြင်ဆင်နိုင်ဖို့ ကြိုတင်ရောက်လာခြင်း ဖြစ်တယ်" အပြည့်အစုံ Time မဂ္ဂဇင်းစာစောင် သီရိလင်္ကာ ပိတ် “Time မဂ္ဂဇင်းပါ မျက်နှာဖုံး အကြောင်းအရာကြောင့် အဲ့ဒီ ဇူလိုင်လထုတ် Time စာစောင်ကို ကျနော်တို့အနေနဲ့ ပိတ်ပင်လိုက်တာဖြစ်ပါတယ်။ Time မဂ္ဂဇင်းရဲ့ တခြားစာစောင်တွေကို ပိတ်ပင်တာ မဟုတ်ပါဘူး။ ဒီအကြောင်းကိုလည်း ကျနော်တို့ ကုမ္ပဏီကို အကြောင်းကြားထားပြီး ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ ကျနော်တို့ သိမ်းဆည်းထားတဲ့ စာစောင်ရေဟာ ၄ ထောင်ရှိပါတယ်” အပြည့်အစုံ လွန်ခဲ့တဲ့ ဆယ်စုနှစ် ကမ္ဘာ့အပူဆုံးအဖြစ် စံချိန်တင် "ကမ္ဘာတလွှားအတွက် ဆယ့်ရှစ်ရာစုနှစ် အလယ်လောက်ကစပြီး အပူချိန်ကို မှတ်တမ်းတင် ခဲ့ရာမှာ၊ အခု နှစ်ဆယ်ရာစုနှစ်ထဲက ပထမ ဆယ်စုနှစ်ကုန်ပိုင်း ကာလဟာ အပူနွေးဆုံးအဖြစ် စံချိန်တင်ခဲ့တယ်လို့ ကုသသမဂ္ဂက ပြောပါတယ်" အပြည့်အစုံ အီဂျစ်အာဏာသိမ်းမှုဂယက် ကမ္ဘာ့စီးပွားရေးရိုက်ခတ် "အီဂျစ်နိုင်ငံမှာ နိုင်ငံရေး မတည်ငြိမ်မှုတွေ ဆက်ပြီးဖြစ်ပေါ်နေတာနဲ့ ပေါ်တူဂီနိုင်ငံ က ညွန့်ပေါင်းအစိုးရအဖွဲ့ရဲ့ ကံကြမ္မာ မရေမရာဖြစ်နေတာတွေကြောင့် ဗုဒ္ဓဟူးနေ့က အာရှနဲ့ ဥရောပ ဈေးကွက်တွေမှာ ကျဆင်းနေတာ တွေ့ရပါတယ်" အပြည့်အစုံ အီဂျစ်စစ်တပ် တိုင်းပြည်အာဏာကိုထိန်းချုပ် "အီဂျစ်နိုင်ငံမှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ အကြီးအကျယ် ပေါ်ပေါက်ခဲ့ပြီး နောက်မှာ ဒီမိုကရေစီနည်းကျ ရွေးချယ်ခံထားရတဲ့ သမ္မတကို စစ်တပ်က ရာထူးကနေ ဖယ်ရှားလိုက်ပါတယ်။ အီဂျစ်ရဲ့ အခြေခံ ဥပဒေကို ဆိုင်းငံ့လိုက်ပြီး၊ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံးရဲ့ အကြီးအကဲကို ကြားဖြတ်အစိုးရ ခေါင်းဆောင်အဖြစ် တာဝန်ပေးအပ် လိုက်ကြောင်း" အပြည့်အစုံ အာချေးမြေငလျင် လူအနည်းဆုံး ၂၄ ဦးသေဆုံး "အင်ဒိုနီးရှားနိုင်ငံ ဆူမားထရားကျွန်းမှာ ပြင်းအား ၆ ဒဿမ ၂ ရှိတဲ့ ငလျင်လှုပ်သွားခဲ့တဲ့ အတွက် အနဲဆုံး လူ ၂၂ ဦး သေဆုံးပြီး ၂၀၀ ကျော် ထိခိုက် ဒဏ်ရာရသွားတယ်လို့ အင်ဒိုနီးရှား အရာရှိတွေက ပြောပါတယ်" အပြည့်အစုံ အီဂျစ်မှာ စစ်တပ်နဲ့ အစိုးရကြား တင်းမာမှု အရှိန်မြင့် "အီဂျစ်နိုင်ငံရဲ့ အစ္စလာမ်ဝါဒီ အစိုးရနဲ့ စစ်တပ်တို့အကြား သွေးမြေကျတဲ့အထိ တိုင်းပြည်ကို ခုခံကာကွယ်သွားကြဖို့ အပြန်အလှန် သတိပေးနေကြတဲ့အတွက် အီဂျစ်နိုင်ငံရဲ့ နိုင်ငံရေး ပဋိပက္ခတွေဟာ ဗုဒ္ဓဟူးနေ့မှာ ထိပ်တိုက် ရင်ဆိုင်မယ့်ဘက်ကို ဦးတည်နေပါတယ်" အပြည့်အစုံ စနိုဒန်ကြောင့် လေယာဉ်ဆင်းခိုင်းမှု Austria ကို Bolivia ဝေဖန် "Bolivia သမ္မတ လိုက်ပါလာတဲ့ လေယာဉ်မှာ အမေရိကန်က အလိုရှိနေတဲ့ တရားခံပြေး Edward Snowden ပါလာတယ်လို့ သံသယရှိတဲ့အတွက် လမ်းကြောင်းပြောင်းခဲ့တဲ့အပေါ် Austria နိုင်ငံကို Bolivia က ဝေဖန် ပြောဆိုလိုက်ပါတယ်" အပြည့်အစုံ နျူကလီးယားအရေး အမေရိကန်က လျှော့ပေးဖို့ မြောက်ကိုရီးယားတောင်းဆို "အမေရိကန်ပြည်ထောင်စုက ရန်လိုတဲ့ သဘောထားတွေကို မစွန့်လွှတ်မချင်း နျူကလီးယား အစီအစဉ်တွေကို ဆက်လုပ်သွားမယ့်အကြောင်း ဘရူနိုင်းနိုင်ငံမှာ ကျင်းပနေတဲ့ အာရှ-ပစိဖိတ်ဒေသ လုံခြုံရေးဆိုင်ရာ အစည်းအဝေးအတွင်း မြောက်ကိုရီးယားက ပြောလိုက်ပါတယ်" အပြည့်အစုံ ဆေးဖက်ဆိုင်ရာ ကျင့်ဝတ်များ ဇူလိုင် ၃၊ ၂၀၁၃ - မြန်မာနိုင်ငံမှာ ဆေးဖက်ကျွမ်းကျင်သူတွေနဲ့ လူနာတွေအကြား ရှိနေတဲ့ ကျင့်ဝတ်တွေကို ဘယ်လို ထိန်းသိမ်းလုပ်ကိုင်သင့်ပါသလဲ။ အပြည့်အစုံ ၂၀၁၅ ရွေးကောက်ပွဲ အကြိုနဲ့အလွန် မြန်မာ့နိုင်ငံရေး ဇူလိုင် ၃၊ ၂၀၁၃ - ၂၀၁၅ ရွေးကောက်ပွဲ အကြိုနှင့်အပြီး ဖြစ်ထွန်းနေတဲ့ ဖြစ်ထွန်းလာနိုင်တဲ့ နိုင်ငံရေးပြဿနာ အခြေအနေတချို့ကို သုံးသပ်ဆွေးနွေးထား... အပြည့်အစုံ တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေး ဥပဒေပြဌာန်းဖို့ ၈၈မျိုးဆက်အဖွဲ့အစည်းတိုက်တွန်း၊ ၈လေးလုံးငွေရတုအခမ်းအနားမှာ တိုင်းရင်းသားအားလုံး ပါစေချင်တယ်လို့ ကိုမင်းကိုနိုင်ပြော၊ ဘာသာပေါင်းစုံညီညွတ်ရေး ဟောပြောပွဲကျင်းပ...စသည် အပြည့်အစုံ ဘာသာပေါင်းစုံညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးအတွက် ဗုဒ္ဓဘာသာ၊ ခရစ်ယန်ဘာသာ၊အစ္စလမ်ဘာသာနဲ့ဟိန္ဒူဘာသာရေးခေါင်းဆောင် တွေဟာ မြောက်ဥက္ကလာပမြို့နယ် (၁)ရပ်ကွက်၊ ခတ္တာလမ်းက ဗလီကျောင်းမှာတွေ့ဆုံပြီး ဘာသာပေါင်းစုံညီညွတ်ရေး အတွက် ဟောပြောခဲ့ကြပါတယ်၊ ဒီတွေ့ဆုံပွဲကိုစိန်ပန်းပရိယတ္တိစာသင် တိုက် ဆရာတော်နဲ သံဃာ ၁၃)ပါးကြွရောက်ခဲ့ပြီး သံဃာတော်တွေ ကို ဗလီဝတ်ကျောင်းဝင်း ထဲမှာပဲ နေ့ဆွမ်းကပ်လှူခဲ့ကြပါတယ်၊ အပြည့်စုံကို သွားရောက် သတင်းယူထားတဲ့ VOA သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။ အပြည့်အစုံ ၂၀၁၃ ခုနှစ် ဇူလိုင်လ ၄ ရက် ကြာသပတေးနေ့ မြန်မာနိုင်ငံဆိုင်ရာ သတင်းတွေကို စုစည်းတင်ဆက်ထားပါတယ်။ အပြည့်အစုံ တောင်သူလယ်သမားတွေရဲ့ အခွင့်အရေးတွေ နစ်နာဆုံးရှုံးနေတဲ့ အတွက် လယ်သမားအခွင့်အရေး ကာကွယ်ရေး ဥပဒေတစ် ရပ် ပြဌာန်း ပေးဖို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ပွင့်လင်း လူ့အဖွဲ့ အစည်းကတိုက်တွန်း လိုက်ပါတယ်။ ဇွန်လ ၃၀ ရက်နေ့ ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ တောင်သူလယ်သမားများ၏ အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေကြမ်းကို ပြည်သူအများ သိရှိ လေ့ လာ အကြံပြုနိုင်ဖို့ဆိုပြီးတော့ ထုတ်ပြန်ခဲ့ပြီးတဲ့ နောက် အခုလို တိုက်တွန်းလိုက်တာပါ။ ဒီဥပဒေကြမ်းမှာ လယ်သမား တွေရဲ့ အခွင့်အရေးကို အကာအကွယ်ပေးမယ့် ပြဌာန်းချက်တွေ မပါဘူးလို့လည်း ထောက်ပြကြပါတယ်။ အပြည့်အစုံကို ရန်ကုန်မြို့ ကနေ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။ အပြည့်အစုံ ၈ လေးလုံးဟာ ပြည်ထောင်စုတစ်ခုလုံးကို ကိုယ်စားပြုခဲ့တာဖြစ်တဲ့ အတွက် ၈ လေးလုံး ငွေရတုနှစ်ပတ်လည် အခမ်းအနား မှာ ပြည်ထောင်စုဖွားတိုင်းရင်းသားတွေ အားလုံးပါစေချင်တယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောလိုက်ပါတယ်။ သတင်းမီဒီယာသမားတွေ အပါအ၀င် ကျန်တဲ့လူတွေအားလုံးလည်း တာဝန်ဝိုင်းယူပေးကြဖို့ တိုက်တွန်းခဲ့ပါတယ်။ ရန်ကုန်မြို့၊ M3 ခန်းမမှာ ဗုဒ္ဓဟူးနေ့ကလုပ် ခဲ့တဲ့ ၈ လေးလုံး ငွေရတုနှစ်ပတ်လည် အခမ်းအနားအတွက် အကြံ ယူညှိနှိုင်းပွဲမှာ အဲဒီလိုတိုက်တွန်းခဲ့တာပါ။ အဲဒီပွဲကို ကိုယ်တိုင်သွား ခဲ့တဲ့ ကိုကျော်ကျော်သိန်းက ရန်ကုန်မြို့ကနေ သတင်းပေးပို့ထား ပါတယ်။ အပြည့်အစုံ အမေရိကန် ပြည်တွင်းစစ်ကာလမှာ အပြင်းထန်ဆုံး တခုဖြစ်ခဲ့တဲ့ Gettysburg တိုက်ပွဲဖြစ်ပွားခဲ့တာ နှစ်ပေါင်း ၁၅၀ ရှိသွားပါပြီ။ အမေရိကန် သမိုင်းမှာထင်ရှားခဲ့တဲ့ ဒီတိုက်ပွဲကိုတော့ မကြာသေးခင်ကပဲ လူပေါင်း ၁ သောင်းလောက် ပါဝင်ပြီး ပြန်ပြောင်း အသက်သွင်းခဲ့ကြတာပါ။ ဗဟိုအစိုးရရဲ့ တပ်တွေနဲ့ တောင်ပိုင်းပြည်နယ်တွေက တပ်တွေ Gettysburg တိုက်ပွဲမှာ တကျော့ပြန် ပြန်ဆုံခဲ့ကြတဲ့ အကြောင်းကိုတော့ ကိုအောင်လွင်ဦး ကတင်ပြပေးမှာ ဖြစ်ပါတယ်။ အပြည့်အစုံ VOA60 World VOA60 World အပြည့်အစုံ VOA60 USA President Obama comments on chemical weapons in Syria during news conference- VOA60 America အပြည့်အစုံ |
| အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
| Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
နည်းပညာအကြံပေးရုံးဖွင့်ဖို့ KIO အဖွဲ့ မြစ်ကြီးနားရောက်
Time မဂ္ဂဇင်းစာစောင် သီရိလင်္ကာ ပိတ်
အီဂျစ်အာဏာသိမ်းမှုဂယက် ကမ္ဘာ့စီးပွားရေးရိုက်ခတ်
အီဂျစ်စစ်တပ် တိုင်းပြည်အာဏာကိုထိန်းချုပ်
အာချေးမြေငလျင် လူအနည်းဆုံး ၂၄ ဦးသေဆုံး
အီဂျစ်မှာ စစ်တပ်နဲ့ အစိုးရကြား တင်းမာမှု အရှိန်မြင့်
စနိုဒန်ကြောင့် လေယာဉ်ဆင်းခိုင်းမှု Austria ကို Bolivia ဝေဖန်
နျူကလီးယားအရေး အမေရိကန်က လျှော့ပေးဖို့ မြောက်ကိုရီးယားတောင်းဆို
ဆေးဖက်ဆိုင်ရာ ကျင့်ဝတ်များ
၂၀၁၅ ရွေးကောက်ပွဲ အကြိုနဲ့အလွန် မြန်မာ့နိုင်ငံရေး
VOA60 World
VOA60 USA
No comments:
Post a Comment