ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ ဇူလိုင်လ ၀၉၊ ၂၀၁၃ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
| မြန်မာ ကလေးစစ်သား လွှတ်ပေးမှု UNICEF ကြိုဆို “ကုလသမဂ္ဂအနေနဲ့ အထူးသဖြင့် UNICEF အနေနဲ့ စစ်တပ်ထဲက ကလေးတွေကို တာဝန်တွေကနေ ရပ်ဆိုင်းပြီး ပြန်လွှတ်လိုက်တဲ့အတွက် အထူးကြိုဆိုပါတယ်။ ဒါဟာ အစိုးရနဲ့ သဘောတူညီမှု ရထားတဲ့ ၂၀၁၂ ခုနှစ်စီမံကိန်းက နေစပြီး အခု နောက်ဆုံး ၄၂ ယောက်နဲ့ဆိုရင်တော့ ပြန်လွှတ်ပေးလိုက်တာ ၆၆ ယောက် ရှိပါပြီ" အပြည့်အစုံ ဗုဒ္ဓဂါယာ တိုက်ခိုက်မှု ဒဏ်ရာရသူတွေထဲ မြန်မာသံဃာတစ်ပါး ပါဝင် “ဒေါက်တာတွေ ပြောအရကတော့ကွယ် သူ့မှာ ဒဏ်ရာတွေက အများကြီးဖြစ်နေတာ။ ဒဏ်ရာတွေကလေ ညောင်ပင်က အမြစ်တွေ မှန်တာတွေ၊ ဗုံးစတွေ မှန်တာတွေ၊ ဘုရားရှေ့မှာ သစ်သီးဆွမ်းတွေ ကပ်ဖို့အတွက် ခုံတွေဘာတွေ ချထားတာကိုး။ အဲ့ဒီခုံတွေ ကနေပြီးတော့လည်း တစစီ ကွဲပြီးတော့ မှန်တာတွေ အဲ့ဒီဟာတွေက ခွဲစိတ်ပြီး ကုသရ မယ်ပေါ့။ ဗုံးမှန်တဲ့ဟာတွေက အဓိကပဲပေါ့နော်" အပြည့်အစုံ ဗုဒ္ဓဂါယာ တိုက်ခိုက်မှု မသင်္ကာသူ ၁ ဦးဖမ်းမိ “ဗုဒ္ဓဂါယာဝန်းထဲမှာ စုစုပေါင်း ဗုံး ၁၃ လုံး ထောင်ခဲ့ပြီး အသက် ၃၀ အရွယ်နဲ့ ၅၀ အရွယ် လူနှစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်ဆိုတာပါပဲ။ နောက်ထပ် သိရတဲ့သတင်းတွေအရ ဒဏ်ရာရသူတွေထဲမှာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတစ်ပါး၊ တိဘက်ဘုန်းတော်ကြီး တစ်ပါးနဲ့ အရပ်သားတစ်ယောက်တို့ ပါတယ်” အပြည့်အစုံ ဘိန်းဘုရင် လော်စစ်ဟန် ကွယ်လွန် "အစိုးရနဲ့ ဗကပကို တော်လှန်တဲ့ ဒီ ကိုးကန့်တို့ ၀ တို့ ဒီ့ပြင် မိုင်းလားအဖွဲ့တို့နဲ့ စေ့စပ်တဲ့နေရာမှာ သူက ကြားဝင်ပြီးတော့ ကူညီပေးခဲ့တယ်။ အဲ့ဒီကတည်းကစပြီး သူကလည်း Asia World ကိုထောင်ပြီးတော့မှ လုပ်လာတာ အခုထိပေါ့။ ဒီဟာ သူတို့ တော်တော်လေးကို ကြီးပွားပါတယ်" အပြည့်အစုံ မြန်မာနိုင်ငံအတွက် အထောက်အကူ တိုးပေးဖို့ ICRC တောင်းဆို "ရခိုင်ပြည်နယ်မှာ အဓိက လိုအပ်ချက်တွေ ရှိနေပါတယ်။ လူအများအပြားအတွက် ကျန်းမာရေး စောင့်ရှောက်မှုပိုင်းမှာ ပြတ်လပ်မှုတွေ ကြုံနေရပါတယ်။ လူတွေဟာ သူတို့လိုအပ်နေတဲ့ ကုသမှုတွေကို ခံယူဖို့အတွက် ဆေးရုံတွေ၊ ဆေးခန်းတွေဆီ မသွားနိုင်ဘဲ ဖြစ်နေကြပါတယ်။ ဒါကြောင့်လည်း အဲ့ဒီမှာ အရေးကြီးတဲ့ လိုအပ်ချက် တချို့ကို ကျနော်တို့ တွေ့နေရတာပါ" အပြည့်အစုံ အန္တာတိတ်ရေခဲပြင်အောက် ရေအိုင်မှာ ရှေးဟောင်းငါးမျိုးတွေရှိနိုင် "အန္တာတိတ်ရေခဲပြင်အောက် ၂ မိုင်ခွဲလောက်မှာ နှစ်ပေါင်း ၁၅ သန်းလောက် မြှုပ်နေတဲ့ ရေကန်ကြီးတခုထဲမှာ ငါးတွေ အပါအ၀င် ရှေးဟောင်း သက်ရှိ သတ္တ၀ါတွေ ထောင်ပေါင်း များစွာ ရှိနေနိုင်တယ်လို့ အမေရိကန် သိပ္ပံပညာရှင်များရဲ့ အဖွဲ့တခုက ပြောလိုက်ပါတယ်" အပြည့်အစုံ အီဂျစ်ရွေးကောက်ပွဲ ရှေ့နှစ်ဆန်းကျင်းပမည် "အီဂျစ်နိုင်ငံမှာ ရှေ့နှစ်အစောပိုင်းကျရင် လွှတ်တော် ရွေးကောက်ပွဲတွေနဲ့အတူ နောက်ဆက် တွဲ သမ္မတ ရွေးကောက်ပွဲတွေ ကျင်းပသွားဖို့ အီဂျစ် ကြားဖြတ်သမ္မတက အချိန် သတ်မှတ် လိုက်ပါတယ်" အပြည့်အစုံ အမေရိကန်-တရုတ် Cyber အငြင်းပွားမှု စတင်ဆွေးနွေး "ကမ္ဘာ့အင်အားကြီး နိုင်ငံကြီး နှစ်ခုဖြစ်တဲ့ အမေရိကန် ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံကြား ဆက်ဆံရေးမှာ အဓိက အနှောင့်အယှက်ဖြစ်စေတဲ့ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အငြင်းပွား မှုတွေကို လျှော့ချနိုင်ဖို့ ရည်ရွယ်ဖွဲ့စည်းထားတဲ့ ကော်မတီရဲ့ ပထမဆုံးအကြိမ် အစည်းအဝေးကို နှစ်နိုင်ငံ စတင် ဖွင့်လှစ်လိုက်ပါတယ်" အပြည့်အစုံ လေယာဉ်ဆင်းသက်မှု အမောင်းသင်စဉ် Asiana ပျက်ကျ "ဒီပိုင်းလော့အနေနဲ့ လေယာဉ်မောင်းသက် နာရီပေါင်း ၉ ထောင်ကျော်ရှိပေမဲ့ ဘိုးရင်း 777 ကို မောင်းသက်ကတော့ ၄၃ နာရီပဲ ရှိတယ်လို့ Asiana လေကြောင်းလိုင်း တာဝန်ရှိသူတွေက ဒီကနေ့ ပြောပါတယ်။ ပိုပြီး အတွေ့အကြုံရှိတဲ့ ပူးတွဲ ပိုင်းလော့ကတော့ ဘေးမှာရှိနေပြီး သူ့ကို သင်ပေးနေတာ ဖြစ်တယ်လို့ ဆိုပါတယ်" အပြည့်အစုံ အီဂျစ်ထိပ်တိုက် ရင်ဆိုင်မှု လူ ၄၂ ဦးသေဆုံး "အီဂျစ်အိမ်စောင့်တပ် ရုံးချုပ်အပြင်မှာ ဆန္ဒပြနေကြသူတွေကို စစ်တပ်ဖက်က အရင်ပစ်ခတ်ခဲ့တာလို့ မော်စီရဲ့ မူဆလင်ညီအကိုတော်များအဖွဲ့က တနင်္လာနေ့မှာ စွပ်စွဲပြောဆိုပါတယ်။ အကြမ်းဖက်သမားတွေက သူတို့ဌာနချုပ်ကို ၀င်စီးဖို့ ကြံစည်တာဖြစ်တယ်လို့ စစ်ဖက် အရာရှိတွေကလည်း ပြန်လည် စွပ်စွဲ ပြောဆိုပါတယ်" အပြည့်အစုံ ဗုဒ္ဓဂါယာမှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပြီး သံဃာတော်တချို့ ထိခိုက်ဒဏ်ရာရတဲ့သတင်း၊မြန်မာစစ်တပ်အတွင်း အသက်မပြည့်တဲ့ ခလေးငယ်တွေကို တပ်သားသစ်အဖြစ် စုဆောင်းမှု၊ အီဂျစ်နိုင်ငံမှာ သမ္မတဟောင်းကို ထောက်ခံသူတွေနဲ့ လုံခြုံရေးအဖွဲ့တွေ အကြား အဓိကရုဏ်း ကြောင့် ထိခိုက်သေဆုံးမှုတွေ အကြောင်း နဲ့အတူ ဒီတပတ် အမေရိကန်နိုင်ငံရေး ... အပြည့်အစုံ မြန်မာနိုင်ငံမှာ ငွေစက္ကူအများအပြားကိုင်စွဲပြီး ငွေပေးချေနေတဲ့ပုံစံအစား ကဒ်ပြားတွေကိုအသုံးပြုတဲ့ပုံစံနဲ့ အစားထိုးဖို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ပုဂ္ဂလိကဘဏ်တွေနဲ့ ကမ္ဘာပေါ်မှာ လက်ရှိအသုံးပြုနေတဲ့ ကဒ်ကုမ္ပဏီတွေအကြား ပူးပေါင်းဆောင်ရွက်တာတွေ ရှိနေပါပြီ။ အခုနောက်ဆုံးကတော့ မြန်မာနိုင်ငံမှာတစ်ခုတည်းသော ကဒ်ဒ်စနစ်ဖြစ်တဲ့ MPU Myanmar Payment Union နဲ့ ဂျပန်နိုင်ငံအခြေစိုက် JCB အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီလီမိတက်တို့အကြား သဘောတူညီချက် တစ်ရက်ကို ဇူလိုင်လ ၄ ရက် ကြာသပတေးနေ့ကပဲ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှာ အကြွေးဝယ်ကဒ်စနစ် ထွန်းကားရေး အလားအလာအပါအ၀င် JCB နဲ့ MPU အကြား သဘောတူညီချက်အကြောင်းတွေကို MPU ရဲ့ အမှုဆောင်အရာရှိ ချုပ် ဦးဇော်လင်းထွဋ်နဲ့ ဗွီအိုအေ၀ိုင်းတော်သား ကိုကျော်ကျော်သိန်းက တွေ့ဆုံမေးမြန်းထားပါတယ်။ အပြည့်အစုံ ၂၀၁၃ခုနှစ်ဇူလိုင်လ၉ရက်အင်္ဂါနေ့ မြန်မာနိုင်ငံဆိုင်ရာသတင်းများကိုစုစည်းတင်ဆက်ထားပါတယ်။ အပြည့်အစုံ အိန္ဒိယ အစိုးရက နိုင်ငံ လူဦးရေ သန်း ၁၂၀၀ ရဲ့ သုံးပုံနှစ်ပုံကျော်ကို အစားအစာ ထောက်ပံ့ကြေး စီစဉ်ပေးမယ့် ထူးခြားတဲ့ အစီအစဉ် တခုကို ရှေ့တိုး ဆောင်ရွက်လာနေပါတယ်။ အစိုးရက ပြဌာန်းမယ့် စားနပ်ရိက္ခာ ဖူလုံရေး အစီအစဉ်ကြောင့် ဘယ်လို ရိုက်ခတ်မှုတွေ ရှိနေလဲ ဆိုတာကိုတော့ ဗွီအိုအေ သတင်းထောက် Aru Pande သတင်းပေးပို့ထားပါတယ်။ မသိင်္ဂီထိုက်က ပြောပြပေးမှာပါ။ အပြည့်အစုံ ဒီရာစုနှစ် ကုန်လောက်ရောက်ရင် ကမ္ဘာပေါ်မှာ ရှိတဲ့ ဘာသာစကားပေါင်း ၂၅၀၀ ကျော်လောက်ဟာ ပျောက်ကွယ်သွားဖို့ ရှိတယ်လို့ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ မှာရှိတဲ့ Smithsonian သိပ္ပံက သုတေသနစစ်တမ်း ထုတ်ပြန်ခဲ့ပါတယ်။ ဒါကြောင့် ကမ္ဘာ့အကြီးဆုံး ပြတိုက်လည်းဖြစ်၊ သုတေသနဌနလည်း ဖြစ်တဲ့ Smithsonian သိပ္ပံက ဒီဘာသာစကားတွေ မပျောက်ပျက်စေဖို့ အပါအဝင် ရှေးဟောင်း ကျေးလက်လူနေမှုဘဝတွေကို ဖေါ်ကျူးတဲ့ ကျေးလက်ရိုးရာပွဲတော်ကို နှစ်စဉ် ကျင်းပပေးပါတယ်။ ဒီပွဲတော်အကြောင်း ဝါရှင်တန်က VOA သတင်းထောက် Brandon Goldner သတင်းပေးပို့ထားတာကို ဒေါ်ခင်မျိုးသက်က တင်ပြပေးမှာပါ. အပြည့်အစုံ အခုတပတ်အတွင်း အမေရိကန်နိုင်ငံရေးမှာ အဓိက လွှမ်းမိုးနိုင်တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ဦးသိန်းထိုက်ဦးက တင်ပြပါလိမ့်မယ်။ အပြည့်အစုံ VOA60 World VOA60 World အပြည့်အစုံ VOA60 USA President Obama comments on chemical weapons in Syria during news conference- VOA60 America အပြည့်အစုံ |
| အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
| Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
ကလေးစစ်သား လွှတ်ပေးမှု UNICEF ကြိုဆို
ဗုဒ္ဓဂါယာ တိုက်ခိုက်မှု ဒဏ်ရာရသူတွေထဲ မြန်မာသံဃာတစ်ပါး ပါဝင်
ဘိန်းဘုရင် လော်စစ်ဟန် ကွယ်လွန်
မြန်မာနိုင်ငံအတွက် အထောက်အကူ တိုးပေးဖို့ ICRC တောင်းဆို
အန္တာတိတ်ရေခဲပြင်အောက် ရေအိုင်မှာ ရှေးဟောင်းငါးမျိုးတွေရှိနိုင်
အီဂျစ်ရွေးကောက်ပွဲ ရှေ့နှစ်ဆန်းကျင်းပမည်
အမေရိကန်-တရုတ် Cyber အငြင်းပွားမှု စတင်ဆွေးနွေး
လေယာဉ်ဆင်းသက်မှု အမောင်းသင်စဉ် Asiana ပျက်ကျ
အီဂျစ်ထိပ်တိုက် ရင်ဆိုင်မှု လူ ၄၂ ဦးသေဆုံး
VOA60 World
VOA60 USA
No comments:
Post a Comment