Saturday, July 6, 2013

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ - ဇူလိုင်လ ၀၆၊ ၂၀၁၃

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
 
ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
ဇူလိုင်လ ၀၆၊ ၂၀၁၃

ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်...

 
မြန်မာ

UWSA နဲ့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ တွေ့ဆုံပွဲ ရက်ရွှေ့ဆိုင်း UWSA နဲ့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ တွေ့ဆုံပွဲ ရက်ရွှေ့ဆိုင်း
“မူလက ပြောထားတာက ၅ ရက်နေ့မှာ ကျိုင်းတုံမှာတွေ့ဖို့၊ ဒါပေမဲ့ ကျနော်တို့ အချိန်မမှီလို့ နောက်ကို နည်းနည်း ရွှေ့ဖို့ ပြန်ညှိနှိုင်းဆွေးနွေးတော့ နောက်ကို နည်းနည်း ရွှေ့ထားတယ်။ နောက်အပတ်တွင်းလောက်မှာ ဖြစ်မယ်နဲ့တူတယ်။ အဓိကကတော့ အခု တောင်ပိုင်းမှာ နည်းနည်း တင်းမာနေတဲ့ အခြေအနေလေးတွေကိုလည်း ဆွေးနွေးဖို့ပါ” အပြည့်အစုံ
 
လွှတ်တော်အတည်ပြုထားတဲ့ မီဒီယာဥပဒေ စာနယ်ဇင်းကောင်စီ ကန့်ကွက် လွှတ်တော်အတည်ပြုထားတဲ့ မီဒီယာဥပဒေ စာနယ်ဇင်းကောင်စီ ကန့်ကွက်
"ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲတင်ပြတဲ့ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေ မူကြမ်းဟာ သတင်းလွတ်လပ်ခွင့်ကို သွယ်ဝိုက်ထိန်းချုပ်ထားတဲ့ အချက်တွေ ပါဝင်တာ ကြောင့် သတင်းမီဒီယာအဖွဲ့အစည်းတွေက ရုပ်သိမ်းဖို့အထိ ကန့်ကွက်နေကြပါတယ်" အပြည့်အစုံ
 
ဖုန်းခတွေ အများတတ်နိုင်တဲ့နှုန်း သတ်မှတ်သွားမည်ဟု Ooredoo ကုမ္ပဏီပြော ဖုန်းခတွေ အများတတ်နိုင်တဲ့နှုန်း သတ်မှတ်သွားမည်ဟု Ooredoo ကုမ္ပဏီပြော
"မြန်မာလူထုအတွက် တယ်လီဖုန်းသုံးစွဲခတွေကို တတ်နိုင်တဲ့နှုန်းထားဖြစ်ရမယ်လို့ Ooredoo ကုမ္ပဏီတာဝန်ရှိသူတစ်ဦးက သတင်းစာရှင်းလင်းပွဲအတွင်းမှာ ပြောလိုက်ပါတယ်" အပြည့်အစုံ
 
သြစတြေးလျ နိုင်ငံခြားရေး ၀န်ကြီး မြန်မာပြည် သွားမည် သြစတြေးလျ နိုင်ငံခြားရေး ၀န်ကြီး မြန်မာပြည် သွားမည်
"မြန်မာနိုင်ငံမှာလုပ်နေတဲ့ ပြုပြင်ပြောင်းလဲရေး ကိစ္စတွေ၊ နိုင်ငံတကာ က မြန်မာနိုင်ငံ ပညာရေးနဲ့ လူ့အခွင့်အရေးအတွက် ပေးတဲ့ ကူညီထောက်ပံ့မှု ကိစ္စတွေ၊ ရခိုင်ပြည်နယ်က အခြေအနေတွေနဲ့ သြစတြေးလျ-မြန်မာ နှစ်နိုင်ငံကြား စီးပွားရေး ကိစ္စတွေကို နိုင်ငံခြားရေးဝန်ကြီး Bob Carr ရဲ့ခရီးစဉ်အတွင်းမှာ ဆွေးနွေးဖို့ရှိ" အပြည့်အစုံ
 
နိုင်ငံတကာ

 လှေစီးပြေးဒုက္ခသည် အရေး ဒေသတွင်းနိုင်ငံတွေ ဆွေးနွေးမည် လှေစီးပြေးဒုက္ခသည် အရေး ဒေသတွင်းနိုင်ငံတွေ ဆွေးနွေးမည်
မြန်မာနဲ့ ဒေသတွင်းနိုင်ငံတွေအတွင်း ပြဿနာဖြစ်နေတဲ့ လှစီးပြေးဒုက္ခသည်တွေအရေး ဆွေးနွေးဖို့ အင်ဒိုနီးရှားနဲ့ သြစတြေးလျနိုင်ငံတို့ကြား သဘောတူညီမှု ရခဲ့ကြပါတယ်။ အပြည့်အစုံ
 
အီဂျစ်အဓိကရုဏ်း စစ်တပ်ကြားဝင်ရှင်း အီဂျစ်အဓိကရုဏ်း စစ်တပ်ကြားဝင်ရှင်း
ရာထူးကဖယ်ရှားခံရတဲ့ သမ္မတမော်စီကို ထောက်ခံသူနဲ့ ကန့်ကွက်သူတွေကြား လမ်းပေါ်မှာ တိုက်ခိုက်မှုတွေ ဖြစ်နေတာကို စစ်တပ်က ကြားဝင်ထိန်းသိမ်းနေရပါတယ်။ အပြည့်အစုံ
 
သူတော်စင်အဖြစ် အရင်ပုပ်ရဟန်းမင်းကြီး ၂ ပါးကိုချီးမြှင့် သူတော်စင်အဖြစ် အရင်ပုပ်ရဟန်းမင်းကြီး ၂ ပါးကိုချီးမြှင့်
ပုပ် Francis က ကွယ်လွန်ခဲ့တာ (၈) နှစ်ရှိပြီဖြစ်တဲ့ ဒုတိယမြောက် ပုပ် ဂျွန်ပေါလ်ကို ရိုမင်ကက်သလစ်ဂိုဏ်းရဲ့ သူတော်စင်တစ်ဦးအဖြစ် သတ်မှတ်ကြောင်း ကြေညာလိုက်ပါတယ်။ အပြည့်အစုံ
 
La Paz မှာရှိတဲ့ အမေရိကန်သံရုံး ပိတ်ဖို့ ဘိုလီးဗီးယားသမ္မတ အဆိုပြု La Paz မှာရှိတဲ့ အမေရိကန်သံရုံး ပိတ်ဖို့ ဘိုလီးဗီးယားသမ္မတ အဆိုပြု
"Bolivia သမ္မတ Evo Morales ခရီးသည်အဖြစ် လိုက်ပါလာတဲ့ လေယာဉ်ကို ဥရောပမှာ ဆင်းသက် ခိုင်းခဲ့တာနဲ့ ပတ်သက်လို့ သမ္မတ Morales ကို ထောက်ခံကြတဲ့ တောင်အမေရိကနိုင်ငံ ခေါင်းဆောင်တွေ Bolivia နိုင်ငံမှာ တွေ့ဆုံကြချိန်မှာ La Paz မှာ ရှိတဲ့ အမေရိကန်သံရုံးကို ပိတ်ပစ်ဖို့ Bolivia သမ္မတက တောင်းဆို" အပြည့်အစုံ
 
မော်စီထောက်ခံသူတွေနဲ့ အီဂျစ်တပ် ထိပ်တိုက်တွေ့ မော်စီထောက်ခံသူတွေနဲ့ အီဂျစ်တပ် ထိပ်တိုက်တွေ့
"အီဂျစ်နိုင်ငံမှာ ရာထူးကနေ ဖယ်ရှားခံရတဲ့ သမ္မတ Mohamed Morsi ကို ထောက်ခံ သူတွေနဲ့ အစိုးရတပ်တွေကြား Cairo မြို့တော်မှာ ပဋိပက္ခဖြစ်ပွားခဲ့ပြီး သေနတ်နဲ့ ပစ်ခတ်မှုတွေရှိပါတယ်" အပြည့်အစုံ
 
သတင်းသုံးသပ်ချက်

ဆက်သွယ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး ဆက်သွယ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး
ဇူလိုင် ၆၊ ၂၀၁၃ - မြန်မာ့ဆက်သွယ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးအကြောင်း ဦးအောင်ခင် နဲ့ ကိုဇော်ဝင်းလှိုင်တို့က သုံးသပ်တင်ပြထားပါတယ်။ အပြည့်အစုံ
 
တီဗွီ

နေ့ စဉ်တီဗွီသတင်းလွှာ ၀၇-၀၆-၂၀၁၃ နေ့ စဉ်တီဗွီသတင်းလွှာ ၀၇-၀၆-၂၀၁၃
Ooredoo တယ်လီဖုန်းကုမ္ပဏီရဲ့ မြန်မာ နိုင်ငံအတွင်း ဒေါ်လာသန်းပေါင်း ၁၅၀၀ ရင်းနှီး မြုတ်နှံမယ့်အစီအစဉ် လွှတ်တော်က အတည်ပြု၊ပုံနှိပ် နဲ့ ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းအပေါ် စာနယ်ဇင်းကောင်စီနဲ့ မြန်မာ့ဂျာနယ်လစ် ကွန်ယက် တို့ရဲ့ သဘောထား၊ နိုင်ငံတကာသတင်းများ နှင့် သတင်းဆောင်းပါးများ ... အပြည့်အစုံ
 
ဗွီဒီယိုသတင်း

စနေနေ့ မြန်မာတီဗွီသတင်းများ စနေနေ့ မြန်မာတီဗွီသတင်းများ
၂၀၁၃ ခုနှစ် ဇူလိုင်လ ၆ ရက် စနေနေ့ မြန်မာနိုင်ငံဆိုင်ရာသတင်းများ ကို စုစည်းတင်ဆက်ပေးထားပါတယ်။ အပြည့်အစုံ
 
ရွံ့နဲ့လုပ်တဲ့ ရေခဲသေတ္တာ ရွံ့နဲ့လုပ်တဲ့ ရေခဲသေတ္တာ
အိန္ဒိယနိုင်ငံက အိုးလုပ်ငန်းရှင်တယောက် စဉ့်နဲ့ ဖန်တီးထားတဲ့ ရေခဲသေတ္တာသစ် တမျိုးကို တီထွင် ထုတ်လုပ်လိုက်ပါတယ်။ လျပ်စစ်မီးလည်း သုံးဖို့ မလိုတာကြောင့် အဆင့်မြင့် အိမ်သုံးပစ္စည်းတွေကို မတတ်နိုင်သူတွေအတွက် အသုံးတဲ့မယ့် စိတ်ကူးစသ်နဲ့ ဖန်တီးမှု တခုအဖြစ် ပတ်ဝန်းကျင် ထိမ်းသိမ်းရေးသမားတွေက အားပေးလာကြပါတယ်။ ရွံ့ကနေ ရေခဲသေတ္တာဖြစ်အောင် တီထွင်ခဲ့တဲ့ အိန္ဒိယ လုပ်ငန်းရှင် တဦးရဲ့ ကြိုးပမ်းမှုအကြောင်းကို ကိုအောင်လွင်ဦးက ပြောပြပေးပါလိမ့်မယ်။ အပြည့်အစုံ
 
အင်ဒိုနီးရှား ပလောပီနံ ပလပ်စတစ် အင်ဒိုနီးရှား ပလောပီနံ ပလပ်စတစ်
အင်ဒိုနီးရှားနိုင်ငံက plastic အိတ်ထုတ်လုပ်တဲ့ စက်ရုံတခုဟာ အခုဆိုရင် အမျိုးစားအသစ်တခုကို တီတွင်ထုတ်လုပ် နေပါပြီ။ သူတို့ထုတ်တဲ့ အိတ်တွေဟာ ပလောပီနံဥတွေကနေ ထုတ်တာမို့ အရင် plastic အိတ်တွေနဲ့ မတူပဲ စွန့်ပစ်လိုက်ရင် သီတင်းရက်သတ္တပါတ် သိပ်မကြာခင်မှာပဲ သဘာဝအလျှောက် ပျက်စီးသွားနိုင်တာမျိုးပါ။ ဒေါ်ခင်မျိုးသက်က ပြောပြပါလိမ့်မယ်။ အပြည့်အစုံ
 
ကျန်းမာရေးအတွက် ဆားအန္တရယ် ကျန်းမာရေးအတွက် ဆားအန္တရယ်
နှလုံးသွေးကြောနဲ့ဆိုင်တဲ့ ရောဂါတွေဟာ ကမ္ဘာတဝှမ်းမှာရော ဖွံ့ဖြိုးဆဲတိုင်းပြည်တွေမှာပါ အဖြစ်အများဆုံး ရောဂါတွေ ဖြစ်ကြပါတယ်။ ဒါတင်မက သွေးတိုးရောဂါကတော့ အဲဒီလို နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေ ဖြစ်ပွားစေတဲ့ အချက်တခုဖြစ်နေတာပါ။ ဗွီအိုအေသတင်းထောက် Carrol Pearson က နှလုံးသွေးကျောဆိုင်ရာ ရောဂါတွေကြောင့် သေကြေပျက်စီးတဲ့ အရေအတွက်ကို ထိထိရောက်ရော က်လျှော့ချနိုင်ရေး ဆောင်ရွက်နေကြသူတွေရဲ့ အစီရင်ခံစာအကြောင်း သတင်းပေးပို့ထားတာကို မခွာညိုက ဆက်ပြီး ပြောပြပေးပါမယ်ရှင်။ အပြည့်အစုံ
 
Ooredoo ကုမ္မဏီ မြန်မာပြည် ရင်းနှီးမြုပ်နှံမှု Ooredoo ကုမ္မဏီ မြန်မာပြည် ရင်းနှီးမြုပ်နှံမှု
Ooredoo တယ်လီဖုန်းဆက်သွယ်ရေးကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံတွင်းမှာ လာမယ့် ၁၅ နှစ်အတွင်း ဒေါ်လာ သန်းပေါင်း ၁,၅၀၀ ကိုရင်းနှီးမြှုပ်နှံသွားမယ်လို့ ကုမ္ပဏီတာဝန်ရှိသူတစ်ဦးက ပြောလိုက်ပါတယ်။ လုပ်ငန်းတွေကို စပြီး အကောင်အထည်ဖော်ပြီဆိုတာနဲ့ အကြီးမားဆုံးရှိနေတဲ့ စိုးရိမ်ချက်ကတော့ ပြီးမြောက်အောင်မြင်အောင် လုပ်သွားနိုင်ရေးပဲ ဖြစ်တယ်လို့လည်း ပြောပါတယ်။ ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်ရထားတဲ့ နိုင်ငံခြားကုမ္ပဏီနှစ်ခုထဲက Ooredoo ကုမ္ပဏီ အနေနဲ့ ဘာတွေ လုပ်သွားမလည်းဆိုတာကို ရန်ကုန်မြို့ကနေ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။ အပြည့်အစုံ
 
ကမ္ဘာ့သတင်း စက္ကန့် ၆၀

VOA60 World VOA60 World
VOA60 World အပြည့်အစုံ
 
VOA60 USA

VOA60 USA VOA60 USA
President Obama comments on chemical weapons in Syria during news conference- VOA60 America အပြည့်အစုံ
 

အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
Voice of America
330 Independence Ave. SW Suite 3166
Washington, D.C. 20237 USA

No comments:

Post a Comment