ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ မတ်လ ၁၁၊ ၂၀၁၄ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ တီဗွီမဂ္ဂဇင်း၊ တီဗွီသတင်းလွှာ အစီအစဉ်များ... |
မြန်မာ မီဒီယာပြုပြင်ပြောင်းလဲမှု နောက်ပြန်မဆုတ် - ဒုဝန်ကြီး ညီလာခံမှာကတိပေး သတင်းလွတ်လပ်ခွင့်အပါအဝင် ပြုပြင်ပြောင်းလဲမှုတွေ နောက်ပြန်မဆုတ်စေဘူးလို့ သတင်းနဲ့ ပြန်ကြားရေး ဒုတိယဝန်ကြီးက မြန်မာနိုင်ငံ၊ ရန်ကုန်မြို့မှာ ကျင်းပနေတဲ့ အာရှနဲ့ပစိဖိတ်ဒေသလုံးဆိုင်ရာ သတင်းမီဒီယာညီလာခံမှာ ပြောပေမယ့် တစ်ယောက်တည်းရဲ့ကတိစကားနဲ့ မလုံလောက်ဘူးလို့ တုံ့ပြန်မှုလည်း ရှိနေပါတယ်။ အပြည့်အစုံ တနိုင်ငံလုံးအပစ်ရပ်စဲရေး သဘောတူညီချက်မူကြမ်းတခု အတူရေးဆွဲရေး အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အချိုးညီပါဝင်တဲ့ အဖွဲ့တခုဖွဲ့စည်းရေး သဘောတူညီချက်ထွက်ပေါ်လာပြီဖြစ်လို့ တနိုင်ငံလုံးအပစ်ရပ်ရေး ဧပြီလထဲမှာ ဖြစ်လာနိုင်ခြေရှိကြောင်း အစိုးရဘက်က တာဝန်ရှိသူတစ်ဦးက ဗွီအိုအေကို ပြောပါတယ်။ အပြည့်အစုံ ပျောက်ဆုံးလေယာဉ် နယ်မြေတိုးချဲ့ရှာဖွေမည် စနေနေ့ကပျောက်ဆုံးသွားတဲ့ လူပေါင်း ၂၃၉ ယောက်ပါ မလေးရှား ခရီးသည်တင်လေယာဉ်ကို ရှာဖွေဖို့ နယ်နိမိတ် သိသိသာသာတိုးချဲ့ သတ်မှတ်လိုက်တယ်လို့ မလေးရှားအာဏာပိုင်တွေကပြောဆိုပါတယ်။ အပြည့်အစုံ ရုရှားလိုလားသူ၊ ရုရှားစကားပြောသူတွေရဲ့ ဒေသဖြစ်တဲ့ ယူကရိန်းနိုင်ငံပိုင်၊ ခရိုင်းမီးယားကျွန်းဆွယ်အတွင်းက ယူကရိန်း ရေတပ်အခြေစိုက်စခန်းတခုနဲ့ ဆေးရုံတစ်ရုံကို ရုရှားတပ်တွေက သိမ်းပိုက်ထားပါတယ်။ အပြည့်အစုံ ယူကရိန်းနိုင်ငံပိုင်နက်တခုဖြစ်တဲ့ ခရိုင်းမီးယားဒေသ အာဏာပိုင်တွေက ရုရှားနဲ့ပူးပေါင်းဖို့ လူထုဆန္ဒခံယူပွဲကို စီစဉ်ထားတဲ့အတိုင်း ရှေ့လာမယ့် တနင်္ဂနွေနေ့မှာ ကျင်းပမယ့်အကြောင်း ရွေးကောက်ပွဲကော်မရှင် အကြီးအကဲ Myhkailo Malyshev က ပြောလိုက်ပါတယ်။ အပြည့်အစုံ မြောက်ကိုရီးယားနိုင်ငံရဲ့ အဆင့်အမြင့်ဆုံးဥပဒေပြုအဖွဲ့အစည်းဖြစ်တဲ့ ဦးစီးပြည်သူ့လွှတ်တော်ရွေးကောက်ပွဲမှာ နိုင်ငံ့ခေါင်းဆောင် Kim Jong Un ကို သူ့မဲဆန္ဒနယ်က မဲထည့်ဝင်သူအားလုံးက ထောက်ခံမဲပေးပြီး ရွေးချယ်လိုက်ပါတယ်။ အပြည့်အစုံ ဓာတ်ခွဲခန်းအဖြေအရ ဗီယက်နမ်ပိုင်ရေပြင်မှာတွေ့ရတဲ့ လောင်စာဆီကွက်ဟာ လေယာဉ်ဆီမဟုတ်ကြောင်း သိရတဲ့အတွက် မလေးရှားလေကြောင်းပိုင် ခရီးသည်တင်လေယာဉ်ပျောက်ဆုံးနေမှုဟာ ပိုပြီးတော့ စဉ်းစားရ ကြပ်လာနေပါတယ်။ အပြည့်အစုံ Apple နဲ့ Hacker ရန် အပြည့်အစုံ နေ့စဉ် တီဗွီသတင်းလွှာ (၀၃-၁၁-၂၀၁၄) သတင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆိုချက်၊ နိုင်ငံတကာမီဒီယာ ဆွေးနွေးပွဲနဲ့ သတင်း လွတ်လပ်ခွင့် သုံးသပ်ချက်၊ တပြည်လုံး အပစ်အခတ် ရပ်စဲရေး တိုင်းရင်းသားတွေ နဲ့ ဆွေးနွေးမှု အခြေအနေ၊ မကြေးမုံရဲ့ အင်္ဂလိပ်စာ အစီအစဉ်၊ ဒီသီတင်းပတ် အမေရိကန် နိုင်ငံရေး သတင်းဆောင်းပါးတွေ ပါဝင်ပါတယ်။ အပြည့်အစုံ Face စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ မတ် ၈၊ ၂၀၁၄ - ဒီသတင်းပတ် စီးပွားရေး (business) ကို အခြေခံတဲ့ To keep a straight face, A long face, Make a face နဲ့ Lose face စတဲ့ အီဒီယံအသုံးအနှုန်းများကို တင်ပြပေးထားပါတယ်။ အပြည့်အစုံ အင်္ဂါနေ့ မြန်မာတီဗွီသတင်းများ အများပြည်သူရဲ့ အခွင့်အရေးကို ကာကွယ်ဖို့ သတင်းလွတ်လပ်ခွင့် အရေးကြီးတဲ့အကြောင်း ဒေါ်အောင်ဆန်း စုကြည်ရဲ့ ပြောဆိုချက်ရန်ကုန်မှာကျင်းပတဲ့ နိုင်ငံတကာ မီဒီယာ ဆွေးနွေးပွဲနဲ့ သတင်းလွတ်လပ်ခွင့် အပေါ် သုံးသပ်ချက်တွေ အပါအ၀င်၊ ထိုင်းနယ်စပ်က မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အခြေအနေ သတင်းတွေ ပါဝင်ပါတယ်။ အပြည့်အစုံ ဒီတပတ် မကြေးမုံရဲ့ အင်္ဂလိပ်စာ အစီအစဉ်မှာ လက်ကိုင် စမတ်ဖုန်းတွေနဲ့ ကိုယ့်ကိုယ်ကို ဓါတ်ပုံပြန်ရိုက်ကြတဲ့ "Selfie"ဆိုတဲ့ အသုံးအနှုန်းအကြောင်း တင်ဆက်ထားပါတယ်။ အပြည့်အစုံ ဗွီအိုအေ တီဗွီ သတင်းလွှာ အစီအစဉ်ကို ဆက်ပြီး ထုတ်လွှင့်ပေးနေပါတယ်။ ဒီသီတင်းပတ်အတွင်း အမေရိကန် နိုင်ငံရေးမှာ အဓိက လွှမ်းမိုးနေတဲ့ အကြောင်းအရာတွေနဲ့ပတ်သက်ပြီး ဦးသိန်းထိုက်ဦး တင်ပြပါလိမ့်မယ်။ အပြည့်အစုံ အရင် စစ်အစိုးရလက်ထက် ပြည်ပသတင်းဌာနတွေ ခက်ခက်ခဲခဲ သတင်းယူခဲ့တဲ့ အနေအထား၊ သတင်း အမှောင်ချ ခဲ့တဲ့ အခြေအနေတွေက မီဒီယာ လွတ်လပ်ခွင့်အပေါ် ထိခိုက်စေခဲ့တဲ့ အကြောင်းနဲ့ အပြောင်းအလဲတွေ အကြောင်း ပြည်တွင်း ပြည်ပက သတင်းစာ ဆရာတွေ မနေ့က နိုင်ငံတကာ ညီလာခံမှာ ဆွေးနွေးခဲ့ကြပါတယ်။ ကိုစည်သူ သတင်းပေးပို့ထားပါတယ်။ အပြည့်အစုံ VOA60 USA President Obama comments on chemical weapons in Syria during news conference- VOA60 America အပြည့်အစုံ |
အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
No comments:
Post a Comment