ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ မတ်လ ၁၃၊ ၂၀၁ ၄ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ တီဗွီမဂ္ဂဇင်း၊ တီဗွီသတင်းလွှာ အစီအစဉ်များ... |
| မြန်မာ မြန်မာ့လူ့အခွင့်အရေး ကင်တားနား ဝေဖန် "မြန်မာနိုင်ငံမှာ အသက်ရှင်နေထိုင်မှု ပုံစံအမျိုးမျိုးအပေါ် စစ်ဘက်က ဆက်ပြီး လွှမ်းမိုးထားဆဲ ဖြစ်ပြီး နိုင်ငံရဲ့ အဖွဲ့အစည်း အများစုမှာ စစ်ဘက်ဟာ အခွင့်ထူးခံ အခန်းကဏ္ဍ ရထားတုန်းပဲလို့လည်း ဆိုပါတယ်" - မစ္စတာ ကင်တားနား အပြည့်အစုံ ငြိမ်းချမ်းရေးဖော်ဆောင်မှု ယုံကြည်မှုအရေးကြီး "ဒီကနေ့ မြန်မာ့နိုင်ငံရေးဟာ ဟိုတုန်းကလို ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး တခုတည်း ပြောလို့မရတော့ပါဘူး။ ဒီမိုကရေစီနဲ့ ဖက်ဒရယ် ပြည်ထောင်စုအရေးဆိုတဲ့ အရေးနှစ်ပါစုံ ဖြေရှင်းရမယ့် အချိန်ရောက်ပြီလို့ ကျနော်တို့က ပြောပါတယ်။" အပြည့်အစုံ အခွန်ဥပဒေသစ် ပေးဆောင်ရနှုန်း သက်သာမည် "၀င်ငွေခွန်ကတော့ အရင်တုန်းက လစာက ၁ သိန်း ၂ သောင်းဆိုလို့ရှိရင် တနှစ်ကို ၁၄ သိန်း ၄ သောင်းကျော်လို့ရှိရင် အခွန်စည်းကြပ်တယ်။ အခု ကျမတို့က တနှစ်ကို သိန်း ၂၀ ကျော်မှပဲ စည်းကြပ်တယ်။" - ပြည်သူ့လွှတ်တော်အမတ် ဒေါ်တင်နွယ်ဦး အပြည့်အစုံ MPC အပေါ် ယုံကြည်မှုမရှိကြောင်း ညီနောင်တိုင်းရင်းသား ပါတီများပြော "တိုင်းရင်းသားလက်နက်ကိုင် တွေရော၊ တိုင်းရင်းသားပါတီတွေရော ကျနော်တို့အားလုံးက ဒီ MPC အပေါ်မှာ အဓိက စောင့်ကြည့်နေပါတယ်။ ဒါကြောင့်မို့လို့ စိတ်ကောင်း၊ စေတနာကောင်း၊ စေတနာအမှန်နဲ့ လုပ်ဆောင်ပေးကြပါ။ ဒါဆိုရင် အားလုံးရဲ့ယုံကြည်မှု ရလာနိုင်ပါတယ်" - ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းစောသန်းမြင့် အပြည့်အစုံ မြန်မာသတင်းမီဒီယာ လွတ်လပ်ဖို့ စိန်ခေါ်ချက်များ ရှိနေဆဲ "ဆင်ဆာမရှိလို့ လွတ်လပ်စွာ ရေးခွင့်ရှိတယ်ဆိုပေမဲ့ ကျနော်တို့က လွတ်လပ်စွာ သတင်းရယူခွင့်မှာတော့ အတားအဆီး ရှိနေပါသေးတယ်။ ကျနော်တို့က သတင်းကို မရယူနိုင်ဘူးဆိုရင် ကျနော်တို့ သတင်းကို ပြန်ရေးလို့ ရမှာမဟုတ်ပါဘူး။" - Chronicle သတင်းဌာန အယ်ဒီတာ ကိုဇေယျာလှိုင် အပြည့်အစုံ ပျောက်ဆုံးလေယာဉ်က ဖြစ်ဖွယ်ရှိတဲ့ အပိုင်းအစတွေ တရုတ်တွေ့ရှိ "ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ်ရဲ့ အပိုင်းအစတွေ တောင်တရုတ် ပင်လယ်ပြင်ထဲမှာ မျောနေတာမျိုး ဖြစ်နိုင်တဲ့ ကောင်းကင်ဓာတ်ပုံတွေကို တရုတ်အစိုးရက ထုတ်ပြန်လိုက်ပါတယ်။" အပြည့်အစုံ နှစ် ၃၀ သေဒဏ်ကျခဲ့သူ ကန်အမျိုးသား ပြန်လွတ် "ဆယ်စုနှစ် သုံးခုနီးပါးလောက် သေဒဏ်မှတ်ချခံထားရတဲ့ အမေရိကန် အမျိုးသားတဦးဟာ အခုမှ အပြစ်မရှိဘူးဆိုပြီး ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။" အပြည့်အစုံ ပျောက်ဆုံးလေယာဉ် ၁၂ နိုင်ငံ ပူးပေါင်းရှာဖွေ "စနေနေ့က ပျောက်ဆုံးသွားခဲ့တဲ့ မလေးရှား လေကြောင်းပိုင် Boeing 777 ကို ပြန်လည် ရှာတွေ့ဖို့ ဘယ်ပဲလုပ်ရလုပ်ရ လုပ်သွားမှာဖြစ်တယ်လို့ သယ်ယူပို့ဆောင်ရေ ၀န်ကြီး Hishammuddin Hussein က ပြောပါတယ်။" အပြည့်အစုံ သားအိမ်ခေါင်းကင်ဆာ နဲ့ ကြိုတင်စစ်ဆေးနည်းသစ် မတ် ၁၃၊ ၂၀၁၄ - သားအိမ်ခေါင်းကင်ဆာကို ဘယ်လို ကာကွယ်နိုင်ပြီး၊ ဖြစ်လာခဲ့ရင် ဘယ်လို ကြိုတင်သိနိုင်တဲ့ နည်းသစ်ရှိနေပါပြီလဲ။ အပြည့်အစုံ သတင်းရေးခွင့် ဥပဒေ နဲ့ ချုပ်ကိုင်တဲ့ ဥပဒေ မတ် ၁၃၊ ၂၀၁၄ - သတင်းသမားများရဲ့  လုပ်ပိုင်ခွင့်နဲ့ ကျင့်ဝတ်ကို ဥပဒေပြုထားသလို ဖိနှိပ်ရေးဥပဒေတွေ ရှိနေသေးတာကြောင့် မြန်မာ့စာနယ်ဇင်း လွတ်လပ်မှုဟာ မခိုင်မာနိုင်ကြောင်း ဦးအောင်ခင် နဲ့ ကိုကျော်ကျော်သိန်းတို့က သုံးသပ်တင်ပြထားပါတယ်။ အပြည့်အစုံ ဧရာဝတီအယ်ဒီတာမြင်တဲ့ ဒီနေ့ နဲ့ အနာဂတ် မြန်မာ့မီဒီယာ မတ် ၁၂၊ ၂၀၁၄ - ဧရာဝတီသတင်းစာ အယ်ဒီတာ ဦးအောင်ဇော် နဲု့ ဗွီအိုအေမြန်မာသတင်း အယ်ဒီတာ ဦးကျော်ဇံသာ တို့က မြန်မာနိုင်ငံတွင်း ဝင်ရောက်လုပ်ကိုင်နေတဲ့ ဧရာဝတီသတင်းစာ လုပ်ငန်းအခြေအနေ၊ မြန်မာ့သတင်းလွတ်လပ်ခွင့် နဲ့ နိုင်ငံရေး အပြောင်းအလဲ၊ ရှေ့ အလားအလာများကို ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။ အပြည့်အစုံ မြန်မာ့သတင်းမီဒီယာ လွတ်လပ်ခွင့်နဲ့ စိန်ခေါ်မှုတွေအကြောင်း East-West Center ရဲ့ မီဒီယာညီလာခံ ဆွေးနွေးချက်၊ ဧရာဝတီ သတင်းအယ်ဒီတာ ဦးအောင်ဇော်နဲ့ VOA ဆက်သွယ်မေးမြန်းခန်းအပါအ၀င် နာဇီလက်ထက်က ခိုးယူခံခဲ့ရတဲ့ ပန်းချီကားတွေ ပြင်သစ်နိုင်ငံမှာ ပိုင်ရှင်တွေဆီ ပြန်လည် ပေးအပ်လိုက်တဲ့ သတင်းတွေကို ရှုစားကြရမှာပါ။ အပြည့်အစုံ မြန်မာ့သတင်းမီဒီယာ လွတ်လပ်ခွင့်နဲ့ စိန်ခေါ်မှုတွေအကြောင်း East West Center ရဲ့ မီဒီယာညီလာခံ ဆွေးနွေးချက်၊ သမီးကလေးကျေးရွာက ဒုက္ခသည်တွေ DKBA က လက်ခံမယ်လို့ ကမ်းလှမ်းထားတဲ့နေရာကို သွားရောက် လေ့လာကြတဲ့သတင်းတွေ ပါဝင်ပါတယ်။ အပြည့်အစုံ ဒုတိယကမ္ဘာစစ်ကာလအတွင်း နာဇီဂျာမဏီတွေက ခိုးယူသွားခဲ့တဲ့ ပန်းချီကားသုံးချပ်ကို ပိုင်ရှင် အစစ်အမှန်တွေရဲ့လက်ထဲ ပြင်သစ်နိုင်ငံက မတ်လ ၁၁ ရက်နေ့မှာ ပြန်ပြီး လွှဲပြောင်း ပေးအပ်လိုက်ပါတယ်။ AP သတင်းဌာနရဲ့ သတင်းဆောင်းပါးကို ကိုကျော်ကျော်သိန်းက အပြည့်အစုံ ပြောပြပါမယ်။ အပြည့်အစုံ မြန်မာနိုင်ငံအတွင်း သတင်းရယူရေးမှာ ကန့်သတ်မှုတွေ ရင်ဆိုင်နေရပြီး အာဏာပိုင်တွေအနေနဲ့လည်း သတင်းဌာနတွေအပေါ်မှာ ကိုယ်နဲ့မတူရင် ကိုယ့်ရန်သူဆိုတဲ့ အမြင်မျိုး၊ သဘောထားမျိုးတွေ မထားသင့်တဲ့အကြောင်း ဧရာဝတီမဂ္ဂဇင်း အယ်ဒီတာချုပ် ဦးအောင်ဇော်က ပြောပါတယ်။ ဦးကျော်ဇံသာ Skpye က တဆင့် ဆက်သွယ်မေးမြန်းထားပါတယ်။ အပြည့်အစုံ မြန်မာနိုင်ငံတွင်း သတင်းမီဒီယာလွတ်လပ်မှုတွေ ရှိလာပေမယ့် မြန်မာ့မီဒီယာတွေအတွက် ရှေ့လျှောက်ရင်ဆိုင်ရဦးမယ့် စိန်ခေါ်ချက် အတော်များများရှိသေးတယ်ဆိုပြီး East West Center ရဲ့ မီဒီယာညီလာခံအတွင်းမှာ သတင်းမီဒီယာသမားတွေက ဆွေးနွေးခဲ့ပါတယ်။ ကိုသားညွန့်ဦးက သတင်းပေးပို့ ထားပါတယ်။ အပြည့်အစုံ VOA60 World VOA60 World အပြည့်အစုံ |
| အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
| Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
မြန်မာ့လူ့အခွင့်အရေး ကင်တားနား ဝေဖန်
ငြိမ်းချမ်းရေးဖော်ဆောင်မှု ယုံကြည်မှုအရေးကြီး
အခွန်ဥပဒေသစ် ပေးဆောင်ရနှုန်း သက်သာမည်
MPC အပေါ် ယုံကြည်မှုမရှိကြောင်း ညီနောင်တိုင်းရင်းသား ပါတီများပြော
မြန်မာသတင်းမီဒီယာ လွတ်လပ်ဖို့ စိန်ခေါ်ချက်များ ရှိနေဆဲ
ပျောက်ဆုံးလေယာဉ်က ဖြစ်ဖွယ်ရှိတဲ့ အပိုင်းအစတွေ တရုတ်တွေ့ရှိ
နှစ် ၃၀ သေဒဏ်ကျခဲ့သူ ကန်အမျိုးသား ပြန်လွတ်
ပျောက်ဆုံးလေယာဉ် ၁၂ နိုင်ငံ ပူးပေါင်းရှာဖွေ
သားအိမ်ခေါင်းကင်ဆာ နဲ့ ကြိုတင်စစ်ဆေးနည်းသစ်
သတင်းရေးခွင့် ဥပဒေ နဲ့ ချုပ်ကိုင်တဲ့ ဥပဒေ
ဧရာဝတီအယ်ဒီတာမြင်တဲ့ ဒီနေ့ နဲ့ အနာဂတ် မြန်မာ့မီဒီယာ
VOA60 World
No comments:
Post a Comment