ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ မတ်လ ၂၃၊ ၂၀၁၄ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ တီဗွီမဂ္ဂဇင်း၊ တီဗွီသတင်းလွှာ အစီအစဉ်များ... |
| မြန်မာ အထင်ကရ ပုဂ္ဂိုလ် The Elders အဖွဲ့ဝင် ၂ ဦး မြန်မာပြည်သွားမည် သီးခြားလွတ်လပ်တဲ့ ခေါင်းဆောင်တွေ အနေနဲ့ မြန်မာ့ နိုင်ငံရေးနဲ့ စီးပွားရေးပွင့်လင်းမှုအတွက် အထူးအရေးကြီိးတဲ့အချိန်ကာလမှာ လူမှုစီးပွားတရားမျှတမှုရဲ့ အကျိုး ကျေးဇူးတွေကို မီးမောင်းထိုးပြောဆိုဖို့၊ အားလုံးပါဝင်တဲ့ ဆုံးဖြတ်ချက်ချမှတ်ခြင်း လုပ်ငန်းစဉ်ကို အားပေးမြှင့်တင်ဖို့ ရည်ရွယ်တယ်။ အပြည့်အစုံ ဒီမိုကရေစီနဲ့လူ့အခွင့်အရေး အစီအစဉ်တွေ အမေရိကန် အထောက်အပံ့ လျှောက်နိုင် မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးဆိုင်ရာ အကာကွယ်ပေးနိုင်ဖို့နဲ့ ဒီမိုကရေစီရေး၊ စီးပွါးရေးဆိုင်ရာ ဆုံးဖြတ်မှုတွေမှာ လူမှုအသိုင်းအဝိုင်းက ပူးပေါင်းပါဝင်မှု ပိုတိုးလာစေရေးတွေ လုပ်ဆောင်ပေးနိုင်မယ့် အစီအစဉ်တွေအတွက် အမေရိကန်အစိုးရက ဒေါ်လာငွေ ၉ သိန်းနီးပါး ချထားပေးမှာဖြစ်ပါတယ်။ အပြည့်အစုံ လွတ်လပ်တဲ့ အီရတ်အသံ သတင်းထောက် ဘဂ္ဂဒက်မှာ အသတ်ခံရ အီရတ်သမ္မတရဲ့ ကိုယ်ရံတော်နဲ့ လွတ်လပ်သော အီရတ်အသံ (Raido Free Iraq) ရဲ့ ဘဂ္ဂဒက်ဗျူရိုအကြီးအကဲတို့ စစ်ဆေးရေးဂိတ်အနီးမှာ အငြင်းအခုန်ဖြစ်ပြီး ကိုယ်ရံတော်က သတင်းထောက်ကို ပစ်သတ်ခဲ့ပါတယ်။ အပြည့်အစုံ ခရိုင်းမီးယားက ယူကရိန်းရဲ့ နောက်ဆုံး စစ်အခြေစိုက်စခန်း ရုရှားသိမ်းပိုက် ခရိုင်းမီးယားဒေသက နောက်ဆုံးကျန်တဲ့ ယူကရိန်းစစ်စခန်းကို ရုရှားစစ်တပ်က သေနတ်တွေပစ်ဖောက်၊ သံချပ်ကာကားတွေနဲ့ ချိုးဖျက်ဝင်ရောက်ပြီး သိမ်းပိုက်ခဲ့ပါတယ်။ အပြည့်အစုံ ပင်လယ်နက်ဆိပ်ကမ်းရှိ ယူကရိန်းလေတပ်စခန်း ရုရှားတပ်တွေဝိုင်းထားပြီ Sevastopol မြို့နားက Belbek လေတပ်စခန်းက ယူကရိန်းတပ်တွေကို ရုရှားတပ်တွေက ကြိုတင်အကြောင်းမကြားဘဲ ဝိုင်းထားလိုက်ပြီး သတင်းကင်မရာတစ်လုံးကို သိမ်းယူသလို သတင်းထောက်တွေကိုလည်း ထွက်သွားခိုင်းခဲ့ပါတယ်။ အပြည့်အစုံ မလေးလေယာဉ် အပိုင်းအစလို့ယူဆရတဲ့ အရာဝတ္ထု တရုတ်ဂြိုဟ်တု ဓါတ်ပုံမှာတွေ့ အိန္ဒိယသမုဒ္ဒရာတောင်ဘက်ခြမ်းမှာ အရာဝတ္ထုကြီးတခု မျောနေတာကို တရုတ်ဂြိုဟ်တုက တွေ့ထားတဲ့အတွက် တရုတ်သင်္ဘောတွေစေလွှတ်မှာဖြစ်ပြီး တရုတ်အစိုးရက မကြာခင် နာရီပိုင်းအတွင်း ကြေညာပေးဖို့ ရှိတဲ့အကြောင်း မလေးရှားပို့ဆောင်ရေး ယာယီဝန်ကြီးက သတင်းစာရှင်းလင်းပွဲမှာ အသိပေးခဲ့ပါတယ်။ အပြည့်အစုံ သမ္မတကတော် Michelle Obama ပီကင်းတက္ကသိုလ် ကျောင်းသားတွေနဲ့တွေ့ဆုံ တရုတ်နိုင်ငံ၊ ပီကင်းတက္ကသိုလ်မှာ အမေရိကန်သမ္မတကတော် မီရှဲလ် အိုဘားမား မိန့်ခွန်းပြောချိန်မှာ လွတ်လပ်စွာပြောဆိုနိုင်ခွင့်၊ ကိုးကွယ်နိုင်ခွင့်နဲ့ သတင်းတွေကို လွတ်လွတ်လပ်လပ်သိရှိနိုင်ငံရေးဟာ ဒီကမ္ဘာကြီးပေါ်မှာ ရှိသမျှလူသားတိုင်းရဲ့ မွေးရာပါအခွင့်အရေးဖြစ်တယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။ အပြည့်အစုံ ပျောက်ဆုံးလေယာဉ် ရှာဖွေရေး Pentagon အကူအညီ လိုအပ် ပျောက်ဆုံးနေဆဲ မလေးရှားဂျက်လေယာဉ်ကို ရှာဖွေဖို့အတွက် ရေအောက် စုံစမ်းထောက်လှမ်းရေး ကိရိယာတွေ အကူအညီ ပေးဖို့ မလေးရှားနိုင်ငံက အမေရိကန် Pentagon စစ်ဌာနချုပ်ကို ပန်ကြားထားပါတယ်။ အပြည့်အစုံ ထိပ်တန်းရ တပတ်အတွင်း မြန်မာနဲ့ နိုင်ငံတကာသတင်းများ၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဟောင်း ဒေါက်တာဦးထွန်းလွင်နဲ့ ခရမ်းလွန်ရောင်ခြည် အန္တရာယ် တွေ့ဆုံမေးမြန်းခန်း၊ အမေရိကန် အီဒီယံ အင်္ဂလိပ်စာသင်ခန်းစာ နဲ့ ထင်ရှားကျော်ကြားသူတွေအကြောင်း သက်တံရောင်သတင်းလွှာတို့ကို ရှုစားကြရပါမယ်။ အပြည့်အစုံ ဒီတပတ် သက်တံရောင်သတင်းလွှာ အစီအစဉ်မှာတော့ ဟောင်ကောင်မင်းသား ဂျက်ကီချန်း စင်တင်တဲ့ K-Pop အဖွဲ့သစ် အကြောင်းအပါအ၀င် ထင်ပေါ်ကျော်ကြားသူတွေနဲ့ အနုပညာအသိုင်းအ၀ိုင်းက သတင်းတွေကို ပြောပြထားပါတယ်။ အပြည့်အစုံ VOA60 World VOA60 World အပြည့်အစုံ VOA60 USA President Obama comments on chemical weapons in Syria during news conference- VOA60 America အပြည့်အစုံ |
| အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
| Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
အထင်ကရ ပုဂ္ဂိုလ် The Elders အဖွဲ့ဝင် ၂ ဦး မြန်မာပြည်သွားမည်
ဒီမိုကရေစီနဲ့လူ့အခွင့်အရေး အစီအစဉ်တွေ အမေရိကန် အထောက်အပံ့ လျှောက်နိုင်
လွတ်လပ်တဲ့ အီရတ်အသံ သတင်းထောက် ဘဂ္ဂဒက်မှာ အသတ်ခံရ
ခရိုင်းမီးယားက ယူကရိန်းရဲ့ နောက်ဆုံး စစ်အခြေစိုက်စခန်း ရုရှားသိမ်းပိုက်
ပင်လယ်နက်ဆိပ်ကမ်းရှိ ယူကရိန်းလေတပ်စခန်း ရုရှားတပ်တွေဝိုင်းထားပြီ
မလေးလေယာဉ် အပိုင်းအစလို့ယူဆရတဲ့ အရာဝတ္ထု တရုတ်ဂြိုဟ်တု ဓါတ်ပုံမှာတွေ့
သမ္မတကတော် Michelle Obama ပီကင်းတက္ကသိုလ် ကျောင်းသားတွေနဲ့တွေ့ဆုံ
ပျောက်ဆုံးလေယာဉ် ရှာဖွေရေး Pentagon အကူအညီ လိုအပ်
VOA60 World
VOA60 USA
No comments:
Post a Comment