ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ မတ်လ ၂၅၊ ၂၀၁၄ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ တီဗွီမဂ္ဂဇင်း၊ တီဗွီသတင်းလွှာ အစီအစဉ်များ... |
| မြန်မာ အစိုးရဝန်ထမ်းတွေ လစာထပ်တိုးရေး လွှတ်တော် ဆုံးဖြတ်မည် အစိုးရဝန်ထမ်းလစာကို ၂ သောင်းစီတိုးမြှင့်ပေးမယ့် အဆိုပြုချက်ကို အစိုးရက လွှတ်တော်ကို တင်ထားပြီး အတည်ပြုချက်ကျရင် လာမယ့် ဧပြီလကစပြီး တရားဝင်ထုတ်ယူနိုင်ပြီဖြစ်ကြောင်းနဲ့ ပုဂ္ဂလိကအလုပ်သမားတွေ လုပ်အားခတိုးမြှင့်ရေးအတွက်လည်း အစိုးရက ကော်မတီဖွဲ့ပြီး ဆောင်ရွက်နေပါတယ်။ အပြည့်အစုံ မောင်တော၊ ဘူးသီးတောင် ခွဲထွက်ရေးဆောင်းပါး မြန်မာအစိုးရကန့်ကွက် ရခိုင်ပြည်နယ် စစ်တွေနဲ့ မောင်တောနယ်တွေမှာ ပြည်သူ့ဆန္ဒကောက်ခံပြီး ဘင်္ဂလားဒေ့ရှ်နဲ့ ပူးပေါင်းရေး အကြံပြုရေးသားထားတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံထုတ် Dhaka Tribune သတင်းစာပါ ဆောင်းပါးနဲ့ ပတ်သက်ပြီး မြန်မာအစိုးရအနေနဲ့ သံတမန်နည်းအရ တုံ့ပြန်သွားမယ်လို့ သမ္မတပြောခွင့်ရှိသူက ဗွီအိုအေကို ပြောပါတယ်။ အပြည့်အစုံ မြန်မာ့လျှပ်စစ်လုပ်ငန်း ဂျပန် ယန်း ၂၄ ဘီလီယံချေးမည် မြန်မာ့လျှပ်စစ်လုပ်ငန်းမှာ လိုအပ်နေတဲ့ ဓာတ်အားဖြန့်ဖြူးတဲ့ကြိုးလိုင်းတွေအတွက် ဂျပန် ယန်း ၂၄ ဘီလီယံချေးပေးမယ့်အကြောင်း မြန်မာပြည်ကိုရောက်နေတဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Fumio Kishida က နေပြည်တော်မှာ သမ္မတနဲ့တွေ့ဆုံချိန် ပြောကြားခဲ့ပါတယ်။ အပြည့်အစုံ NLD နာယက သူရဦးတင်ဦး မယ်တော်ဆေးခန်းလေ့လာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ နာယက သူရဦးတင်ဦးက ထိုင်းနိုင်ငံ၊ နယ်စပ်မြို့ မဲဆောက်မှာရှိနေတဲ့ ဒေါက်တာစင်သီယာမောင်ရဲ့ မယ်တော်ဆေးခန်းကို ရောက်နေပြီး ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုရေးကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးလေ့လာခဲ့ပါတယ်။ (မတ်လ ၂၄၊ ၂၀၁၄) အပြည့်အစုံ မြန်မာ့လေကြောင်း ဒေသတွင်း အချက်အခြာဖြစ်ဖို့ မြန်မာ ရည်မှန်း ၂၀၃၀ ပြည့်နှစ်ကိုရောက်ချိန်မှာ ဒေသတွင်း လေကြောင်းသွားလာရေးမှာ မြန်မာနိုင်ငံကို အချက်အခြာဒေသတစ်ခု ဖြစ်လာအောင် မျှော်မှန်းဆောင်ရွက်နေတဲ့အကြောင်း အရပ်ဖက်လေကြောင်း ဖွံ့ဖြိုးရေးညီလာခံအတွင်း မြန်မာ့ လေကြောင်းပို့ဆောင်ရေးဦးစီးဌာနက ပြောပါတယ်။ အပြည့်အစုံ ငြိမ်းကော်မတီ ဒုဥက္ကဋ္ဌနဲ့ အဖွဲ့ မိုင်းလားအထူးဒေသ ၄ ရောက်ရှိခဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌနဲ့အဖွဲ့ဟာ မိုင်းလားအထူးဒေသ ၄ က ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး အပစ်ရပ်ရေးမှာ ပါဝင်လက်မှတ်ရေးထိုးဖို့ ဖိတ်ကြားခဲ့ပြီး ဝပြည်ဘက်ကို သွားဖို့ ခရီးစဉ်ကတော့ ရာသီဥတုအခြေအနေကြောင့် ဖျက်သိမ်းခဲ့ပါတယ်။ အပြည့်အစုံ ခရိုင်မီးယားက ယူကရိန်းတပ်တွေ ဆုတ်ခွာခိုင်းပြီ ယူကရိန်းနိုင်ငံ၊ ခရိုင်းမီးယားဒေသက ယူကရိန်းတပ်ဖွဲ့ဝင်တွေ ပယ်လယ်နက်ကျွန်းဆွယ်ကနေ ထွက်ခွာဖို့ ညွှန်ကြားချက်ထုတ်တာဟာ တပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေရဲ့ အသက်အန္တရာယ်ကို ရုရှားတပ်တွေက ခြိမ်းခြောက်တဲ့အတွက်ဖြစ်တယ်လို့ ယာယီသမ္မတ Oleksandr Turchynov က ပြောပါတယ်။ အပြည့်အစုံ ဆီယက်တဲလ် မြေပြိုမှု ၈ ယောက်သေ၊ ၁၀၈ ဦး ပျောက်ဆုံးဆဲ အမေရိကန်အနောက်မြောက်ပိုင်း၊ ဝါရှင်တန်ပြည်နယ်မှာ ပြင်းထန်တဲ့မြေပြိုမှုအတွင်း ၈ ယောက်သေဆုံးခဲ့ပြီး ၁ မိုင်အကျယ်၊ ၁၉ ပေကျော်နက်တဲ့ ရွှံ့တွေထဲမှာ ရှာဖွေကယ်ဆယ်ရေးလုပ်နေကြသလို ပျောက်ဆုံးနေတဲ့ လူ ၁၀၈ ယောက်ရဲ့ အမည်စာရင်းကို တာဝန်ရှိသူတွေက ထုတ်ပြန်ကြေညာထားပါတယ်။ အပြည့်အစုံ အီဂျစ် မွတ်ဆလင်ညီအကို အဖွဲ့ဝင် ၅၂၉ ဦး သေဒဏ်ပေးခံရ ပြီးခဲ့တဲ့နှစ်အတွင်း ထိပ်တိုက်ရင်ဆိုင်မှုတွေအတွင်း စွဲချက်တွေနဲ့ မွတ်ဆလင်ညီအကိုများအဖွဲ့ဝင် ၅၂၉ ဦးကို ရဲအရာတစ်ဦးကို သတ်ဖြတ်မှု၊ ရဲစခန်းကိုတိုက်ခိုက်မှုနဲ့ တခြားအကြမ်းဖက်မှုတွေနဲ့ သေဒဏ်စီရင်ချက် ချမှတ်ခဲ့ပါတယ်။ အပြည့်အစုံ မလေးရှားလေယာဉ် အိန္ဒိယသမုဒ္ဒရာထဲ ပျက်ကျကြောင်းအတည်ပြု မလေးရှားလေကြောင်းအမှတ် MH370 နဲ့ပတ်သက်လို့ ဗြိတိသျှကုမ္ပဏီတစ်ခုကရတဲ့ ဂြိုဟ်တုအချက်အလက်တွေပေါ် အခြေခံပြီး စစ်ဆေးသုံးသပ်တဲ့အခါ သြစတြေးလျနိုင်ငံအနောက်ဘက် ရေပြင်ထဲကို ထိုးကျသွားခဲ့တာဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ်က အတည်ပြုလိုက်ပါတယ်။ အပြည့်အစုံ မြန်မာနိုင်ငံဒေသတွင်း အဓိက လေကြောင်းသွားလာရေး အချက်အချာ တခုဖြစ်ဖို့ ရည်မှန်းချက်၊ ဧရာဝတီ မြစ်ဆုံစီမံကိန်း အပြီးသတ် အဆုံးသတ်ဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲ၊ ပျောက်ဆုံးခဲ့တဲ့ မလေးရှားလေယာဉ် အိန္ဒိယ သမုဒ္ဒယာထဲမှာ ပျက်ကျခဲ့တယ်ဆိုတဲ့ သတင်တွေ ပါဝင်ပါတယ်။ အပြည့်အစုံ . အပြည့်အစုံ မြန်မာနိုင်ငံမှာ နှစ်ပေါင်း၃၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် သန်းကောင်စာရင်းကောက်ယူဖို့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။ မတ်လကုန်မှာ စတင်မယ့်ဒီလုပ်ငန်းအတွက် နိုင်ငံတဝှမ်းသန်းခေါင်းစရင်း ကောက်ခံဖို့ ပြင်ဆင်နေတဲ့အခြေအနေ ဒေါ်ခင်မျိုးသက်က ဆက်ပြီး တင်ပြပါလိမ့်မယ်။ အပြည့်အစုံ ဗွီအိုအေ တီဗီသတင်းလွှာအစီအစဉ် ဆက်ပြီး ထုတ်လွှင့်နေပါတယ်။ ဆက်လက်ပြီး မကြေးမုံရဲ့ အင်္ဂလိပ်စာ အစီအစဉ်ကို ရှု့စားကြပါ။ အပြည့်အစုံ လာမယ့် ၂၀၃၀ ခုနှစ် သတ်မှတ်ချက်ထားပြီး မြန်မာနိုင်ငံကို ဒေသတွင်း အဓိက လေကြောင်းသွားလာရေး အချက်အချာ တခုဖြစ်လာအောင် မျှော်မှန်း ဆောင်ရွက်နေတယ်လို့ မြန်မာ့လေကြောင်း ပို့ဆောင်ရေးဦးစီးဌာနက ပြောလိုက်ပါတယ်။ ရန်ကုန်ရုံးခွဲကနေ ကိုသားညွန့်ဦးက ဒီအကြောင်း သတင်းပေးပို့ထားတာပါ။ အပြည့်အစုံ ဒီသတင်းပတ်အတွင်း အမေရိကန်နိုင်ငံရေးမှာ အဓိက လွှမ်းမိုးတဲ့အကြောင်းအရာတွေကို ဦးသိန်းထိုက်ဦးက တင်ပြပါလိမ့်မယ်။ အပြည့်အစုံ VOA60 USA President Obama comments on chemical weapons in Syria during news conference- VOA60 America အပြည့်အစုံ |
| အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
| Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
အစိုးရဝန်ထမ်းတွေ လစာထပ်တိုးရေး လွှတ်တော် ဆုံးဖြတ်မည်
မောင်တော၊ ဘူးသီးတောင် ခွဲထွက်ရေးဆောင်းပါး မြန်မာအစိုးရကန့်ကွက်
မြန်မာ့လျှပ်စစ်လုပ်ငန်း ဂျပန် ယန်း ၂၄ ဘီလီယံချေးမည်
NLD နာယက သူရဦးတင်ဦး မယ်တော်ဆေးခန်းလေ့လာ
မြန်မာ့လေကြောင်း ဒေသတွင်း အချက်အခြာဖြစ်ဖို့ မြန်မာ ရည်မှန်း
ငြိမ်းကော်မတီ ဒုဥက္ကဋ္ဌနဲ့ အဖွဲ့ မိုင်းလားအထူးဒေသ ၄ ရောက်ရှိခဲ့
ခရိုင်မီးယားက ယူကရိန်းတပ်တွေ ဆုတ်ခွာခိုင်းပြီ
ဆီယက်တဲလ် မြေပြိုမှု ၈ ယောက်သေ၊ ၁၀၈ ဦး ပျောက်ဆုံးဆဲ
အီဂျစ် မွတ်ဆလင်ညီအကို အဖွဲ့ဝင် ၅၂၉ ဦး သေဒဏ်ပေးခံရ
မလေးရှားလေယာဉ် အိန္ဒိယသမုဒ္ဒရာထဲ ပျက်ကျကြောင်းအတည်ပြု
VOA60 USA
No comments:
Post a Comment