ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ မတ်လ ၂၂၊ ၂၀၁၄ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ တီဗွီမဂ္ဂဇင်း၊ တီဗွီသတင်းလွှာ အစီအစဉ်များ... |
| မြန်မာ အထင်ကရ ပုဂ္ဂိုလ် The Elders အဖွဲ့ဝင် ၂ ဦး မြန်မာပြည်သွားမည် သီးခြားလွတ်လပ်တဲ့ ခေါင်းဆောင်တွေ အနေနဲ့ မြန်မာ့ နိုင်ငံရေးနဲ့ စီးပွားရေးပွင့်လင်းမှုအတွက် အထူးအရေးကြီိးတဲ့အချိန်ကာလမှာ လူမှုစီးပွားတရားမျှတမှုရဲ့ အကျိုး ကျေးဇူးတွေကို မီးမောင်းထိုးပြောဆိုဖို့၊ အားလုံးပါဝင်တဲ့ ဆုံးဖြတ်ချက်ချမှတ်ခြင်း လုပ်ငန်းစဉ်ကို အားပေးမြှင့်တင်ဖို့ ရည်ရွယ်တယ်။ အပြည့်အစုံ ဒီမိုကရေစီနဲ့လူ့အခွင့်အရေး အစီအစဉ်တွေ အတွက် အမေရိကန် အထောက်အပံ့လျှောက်ထားနိုင် မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးဆိုင်ရာ အကာကွယ်ပေးနိုင်ဖို့နဲ့ ဒီမိုကရေစီရေး၊ စီးပွါးရေးဆိုင်ရာ ဆုံးဖြတ်မှုတွေမှာ လူမှုအသိုင်းအဝိုင်းက ပူးပေါင်းပါဝင်မှု ပိုတိုးလာစေရေးတွေ လုပ်ဆောင်ပေးနိုင်မယ့် အစီအစဉ်တွေအတွက် အမေရိကန်အစိုးရက ဒေါ်လာငွေ ၉ သိန်းနီးပါး ချထားပေးမှာဖြစ်ပါတယ်။ အပြည့်အစုံ ထိုင်းရောက် မြန်မာအလုပ်သမားတွေအတွက် Passportနဲ့ VISA သက်တမ်း စတိုးပေးနေ မကြာသေးခင်က ထိုင်းနိုင်ငံရေး တင်းမာမှုတွေကြောင့် ရပ်ဆိုင်းထားခဲ့ရတဲ့ ထိုင်းရောက် မြန်မာအလုပ်သမားတွေ ပတ်စ်ပို့ နဲ့ ဗီဇာ သက်တမ်းတိုးရေးကိစ္စကို အခု ပြန်လည် လုပ်ဆောင်ပေးနေပြီဖြစ်ပါတယ်။ အပြည့်အစုံ NLD နဲ့ ကြံ့ခိုင်ရေး တိုင်းရင်းသားဒေသအားလုံးမှာ ယှဉ်ပြိုင်မည် ကျနော်တို့မြင်တာက ပြည်မမှာရှိတဲ့ ပါတီကြီးတွေမှာ ကြီးမားတဲ့ မဟာဗျူဟာတွေ သိပ်ထားပုံ မပေါ်ဘူး။ တိုင်းရင်းသားစည်းလုံးခြင်းဆိုတဲ့ အသုံးအနှုံးကိုသုံးတယ်။ ဒါပေမဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်မှုရအောင် မိမိတို့နဲ့ ဘယ်လို အပေးအယူလုပ်သင့်တယ်ဆိုတဲ့ မဟာဗျူဟာ ရည်မှန်းချက် ပျောက်နေတယ်လို့ထင်တယ်။ အပြည့်အစုံ တနိုင်ငံလုံးအပစ်ရပ်ရေး စစ်တပ်ပါမှ ဖြစ်မည်ဟု တိုင်းရင်းသား ခေါင်းဆောင်တွေပြော "တပ်မတော်က ပါလာတဲ့ ဗိုလ်ချုပ်ကြီးတွေရှိတယ်။ ဒါကြောင့် အပစ်အခတ်ရပ်စဲရေးမှာက တပ်ပိုင်းဆိုင်ရာ ကိစ္စ၊ ပိုအရေးကြီးတဲ့အခါကျတော့ တပ်မတော်က အကြီးအကဲတွေနဲ့ ယုံကြည်မှုပိုရပြီးတော့ နားလည်မှုမြှင့်လာပြီးတော့ ပိုပြီးတော့ အခြေအနေကောင်းမယ်လို့ ယူဆရတာပဲ။" အပြည့်အစုံ Fortune မဂ္ဂဇင်းရဲ့ ကမ္ဘာ့ အကြီးမြတ်ဆုံးခေါင်းဆောင် ၅၀ စာရင်းထဲ ဒေါ်စု ပါဝင် "အများအကျိုးဆောင်ရွက်တဲ့နေရာမှာ ခိုင်မာတဲ့ဦးဆောင်မှုပေးနိုင်သူတွေ မဟာဗျူဟာတွေ မှန်မှန်ကန်ကန်ချမှတ် အကောင်အထည်ဖော်နိုင်သူတွေ လိုရာပန်းတိုင်ရောက်တဲ့အထိ အလျော့မပေးဦးဆောင်မှုပေးသူတွေ ကြိုတင်မမြင်နိုင်တဲ့ပြဿနာတွေ ပဋိပက္ခတွေရင်ဆိုင်ရတဲ့အခါ မှန်မှန်ကန်ကန်တုံ့ပြန်ဆောင်ရွက်နိုင်သူတွေလို့ ယူဆရသူတွေကိုပေးအပ်" အပြည့်အစုံ ပျောက်ဆုံးလေယာဉ် ရှာဖွေရေး Pentagon အကူအညီ လိုအပ် ပျောက်ဆုံးနေဆဲ မလေးရှားဂျက်လေယာဉ်ကို ရှာဖွေဖို့အတွက် ရေအောက် စုံစမ်းထောက်လှမ်းရေး ကိရိယာတွေ အကူအညီ ပေးဖို့ မလေးရှားနိုင်ငံက အမေရိကန် Pentagon စစ်ဌာနချုပ်ကို ပန်ကြားထားပါတယ်။ အပြည့်အစုံ ထိုင်းရွေးကောက်ပွဲ တရားမဝင်ကြောင်း တရားရုံးဆုံးဖြတ် ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့လက ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲတွေဟာ နိုင်ငံတဝန်း တနေ့ထဲမှာကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေမဟုတ်တဲ့အတွက် ဖွဲ့စည်းပုံ ဥပဒေနဲ့ ဆန့်ကျင်နေတာမို့ တရားမဝင်ဘူးလို့ နိုင်ငံရဲ့ ဖွဲ့စည်းပုံတရားရုံးက ဆုံးဖြတ်လိုက်ပါတယ်။ အပြည့်အစုံ အာဖရိကတိုက်မှ အီတလီနိုင်ငံကို ခိုးဝင်သူများပြား မြောက်အာဖရိကဖက်ကနေ အီတလီနိုင်ငံထဲ ခိုးဝင်ဖို့ ကြိုးစားတဲ့ လူကြီး ၁၅၆ယောက်နဲ့ ကလေး ၈၃ ယောက်ကို အီတလီကမ်းရိုးတမ်းစောင့်တပ်တွေက ကယ်တင်ခဲ့ရပါတယ်၊ အပြည့်အစုံ အမေရိကန် အမျိုးသမီးများ သမိုင်းတင်လ "Falls Women’s Rights Convention ကြီးမှာ အမျိုးသမီးတွေ စုပေါင်း လှုပ်ရှားခဲ့ကြလို့ မဲပေးပိုင်ခွင့် အပါအ၀င် အမျိုးသမီးများ တန်းတူအခွင့်အရေးတွေ ခံစားခွင့် ရရှိလာခဲ့ကြတာ ဖြစ်ပါတယ်။" အပြည့်အစုံ ဒီတပတ် သက်တံရောင်သတင်းလွှာ အစီအစဉ်မှာတော့ ဟောင်ကောင်မင်းသား ဂျက်ကီချန်း စင်တင်တဲ့ K-Pop အဖွဲ့သစ် အကြောင်းအပါအ၀င် ထင်ပေါ်ကျော်ကြားသူတွေနဲ့ အနုပညာအသိုင်းအ၀ိုင်းက သတင်းတွေကို ပြောပြထားပါတယ်။ အပြည့်အစုံ စီးပွားရေးမဂ္ဂဇင်း Fortune ရဲ့ ၂၀၁၄ ခုနှစ် ကမ္ဘာ့အကြီးမြတ်ဆုံး ခေါင်းဆောင် အယောက် ၅၀ စာရင်း၊ အာဆီယံ လူထု ဖိုရမ်နဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေရဲ့ အစည်းအဝေး၊ မလေးရှားလေယာဉ် ဆက်လက် ရှာဖွေနေဆဲအခြေအနေ တွေနဲ့ သမ္မတအိုဘားမားရဲ့ ဥရောပ ခရီးစဉ် အကြို သုံးသပ်ချက်အကြောင်း သတင်းဆောင်းပါးတွေကို ရှုစားကြရပါမယ်။ အပြည့်အစုံ စီးပွားရေးမဂ္ဂဇင်း Fortune ရဲ့ ၂၀၁၄ ခုနှစ် ကမ္ဘာ့အကြီးမြတ်ဆုံး ခေါင်းဆောင် အယောက် ၅၀ စာရင်း၊၂၀၁၄ အာဆီယံ လူထု ဖိုရမ်နဲ့ ဒေသတွင်း အရပ်ဖက်လူမှုအဖွဲ့အစည်းတွေရဲ့ အစည်းအဝေး သတင်းတွေ ပါဝင်ပါတယ်။ အပြည့်အစုံ ယူကရိန်းနိုင်ငံ ခရိုင်မီးယားဒေသပေါ် ရုရှားက သြဇာအာဏာ ခိုင်မာအောင် လုပ်နေတာနဲ့အမျှ ရုရှားကို ဖိအားပေးရေးအတွက် သမ္မတ ဘရာ့ခ် အိုဘားမားဟာ ဥရောပတိုက်ဆီ သွားဖို့ရှိနေပါတယ်။ အိုဘားမားရဲ့ ဥရောပခရီးနဲ့ပတ်သက်ပြီး ဗွီအိုအေ အိမ်ဖြူတော်သတင်းထောက် Luis Ramirez ရဲ့ဆောင်းပါးကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။ အပြည့်အစုံ သုံးရက်ကြာကျင်းပမယ့် ၂၀၁၄ အာဆီယံ လူထုဖိုရမ်တွင်းမှာ ဒေသတွင်း အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ စုစည်းပြီး အာဆီယံအသင်းကြီး လူထုကိုအခြေပြုတဲ့ အဖွဲ့အစည်း ဖြစ်လာစေဖို့ ဆွေးနွေးပြောဆိုကြမှာဖြစ်ပါတယ်။ သွားရောက် သတင်းယူခဲ့တဲ့ ကိုသားညွန့်ဦးက တင်ဆက်ထားပါတယ်။ အပြည့်အစုံ မြန်မာနိုင်ငံမှာ မသန်စွမ်းသူတွေရဲ့ ပညာသင်ကြားခွင့်အပါအ၀င် တခြား အခြေခံ အခွင့်အရေးတွေ ရရှိအောင် ဆောင်ရွက်ပေးနိုင်မယ့် ဥပဒေတခု လိုအပ်နေတဲ့အကြောင်း မသန်စွမ်းသူတွေကို စောင့်ရှောက်ပေးနေသူတွေက ထောက်ပြကြပါတယ်။ မြစ်မခ သတင်းအေဂျင်စီက မမေသင်္ကြန်ဟိန်က တင်ပြထားပါတယ်။ အပြည့်အစုံ VOA60 World VOA60 World အပြည့်အစုံ VOA60 USA President Obama comments on chemical weapons in Syria during news conference- VOA60 America အပြည့်အစုံ |
| အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
| Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
အထင်ကရ ပုဂ္ဂိုလ် The Elders အဖွဲ့ဝင် ၂ ဦး မြန်မာပြည်သွားမည်
ဒီမိုကရေစီနဲ့လူ့အခွင့်အရေး အစီအစဉ်တွေ အတွက် အမေရိကန် အထောက်အပံ့လျှောက်ထားနိုင်
ထိုင်းရောက် မြန်မာအလုပ်သမားတွေအတွက် Passportနဲ့ VISA သက်တမ်း စတိုးပေးနေ
NLD နဲ့ ကြံ့ခိုင်ရေး တိုင်းရင်းသားဒေသအားလုံးမှာ ယှဉ်ပြိုင်မည်
တနိုင်ငံလုံးအပစ်ရပ်ရေး စစ်တပ်ပါမှ ဖြစ်မည်ဟု တိုင်းရင်းသား ခေါင်းဆောင်တွေပြော
Fortune မဂ္ဂဇင်းရဲ့ ကမ္ဘာ့ အကြီးမြတ်ဆုံးခေါင်းဆောင် ၅၀ စာရင်းထဲ ဒေါ်စု ပါဝင်
ပျောက်ဆုံးလေယာဉ် ရှာဖွေရေး Pentagon အကူအညီ လိုအပ်
ထိုင်းရွေးကောက်ပွဲ တရားမဝင်ကြောင်း တရားရုံးဆုံးဖြတ်
အာဖရိကတိုက်မှ အီတလီနိုင်ငံကို ခိုးဝင်သူများပြား
အမေရိကန် အမျိုးသမီးများ သမိုင်းတင်လ
VOA60 World
VOA60 USA
No comments:
Post a Comment