ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ မတ်လ ၂၄၊ ၂၀၁၄ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ တီဗွီမဂ္ဂဇင်း၊ တီဗွီသတင်းလွှာ အစီအစဉ်များ... |
| မြန်မာ တိုင်းရင်းလက်နက်ကိုင် ညှိနှိုင်းရေးအဖွဲ့ အပစ်ရပ်ရေး ဆက်လက်ဆွေးနွေးမည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ အပစ်အခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေး NCCT ကိုယ်စားလှယ်အဖွဲ့ဟာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့နဲ့ ဆက်လက်ဆွေးနွေးဖို့ မကြာခင် ရန်ကုန်ကို သွားရောက်ဖို့ရှိပါတယ်။ အပြည့်အစုံ မြစ်ဆုံစီမံကိန်း အပြီးတိုင်ရပ်ဆိုင်းရေး ဆန္ဒပြသူတွေ ချီတက်ခရီးစတင် တရုတ်နိုင်ငံကို အဓိကရေအားလျှပ်စစ်ပို့ပေးဖို့ ၂၀၀၉ ခုနှစ်ကတည်းက စတင်တည်ဆောက်နေတဲ့ ဧရာဝတီမြစ်ဆုံဆည်ကို လွန်ခဲ့တဲ့ ၂ နှစ်က သမ္မတဦးသိန်းစိန်အမိန့်နဲ့ ရပ်နားထားရာကနေ အခု တည်ဆောက်ရေးလုပ်ငန်းတွေ ပြန်စလာနေတဲ့အတွက် တက်ကြွလှုပ်ရှားသူတွေက လမ်းလျှောက်ကန့်ကွက်ပွဲကို စတင်ခဲ့ကြပါတယ်။ အပြည့်အစုံ နျူကလီယားညီလာခံ ယူကရိန်းအရေးလွှမ်းမိုးဖွယ်ရှိ နယ်သာလန်နိုင်ငံ၊ The Hague မြို့မှာကျင်းပမယ့် နျူကလီးယားညီလာခံမှာ ယူကရိန်းအရေးအဓိကထား ဆွေးနွေးကြမယ်လို့ ယူဆနေကြပြီး ရုရှားသမ္မတ ပူတင်က ကိုယ်တိုင်မတက်ရောက်ဘဲ သူ့ကိုယ်စား နိုင်ငံခြားရေးဝန်ကြီးကိုပဲ စေလွှတ်လိုက်ပါတယ်။ အပြည့်အစုံ အမေရိကန်အနောက်ပိုင်း မြေပြိုကျမှု ၃ ဦးသေ အမေရိကန်ပြည်ထောင်စု အနောက်ဘက်အခြမ်းမှာရှိတဲ့ ၀ါရှင်တန်ပြည်နယ်မှာ မြေပြိုကျမှုအကြီးကြီးဖြစ်ခဲ့တာကြောင့် ၃ ယောက်သေဆုံးပြီး ၁၈ ယောက် ပျောက်ဆုံးနေပါတယ်။ အပြည့်အစုံ တရုတ်ပြည်ရောက် သမ္မတကတော် Michelle Obama ပညာရေးဆွေးနွေး မိဘတွေက သူရဲ့ပညာရေးအတွက် ငွေကုန်ကြေးကျခံပြီး မြေတောင်မြှောက်မပေးခဲ့ရင် ဒီနေ့ရထားတဲ့ အောင်မြင်မှုတွေကို ရနိုင်မှာမဟုတ်ဘူးလို့ အမေရိကန်သမ္မတကတော် မီရှဲလ်အိုဘားမားက တရုတ်နိုင်ငံ၊ အမေရိကန်သံရုံးမှာကျင်းပတဲ့ ပညာရေးဆွေးနွေးပွဲမှာ ပြောသွားခဲ့ပါတယ်။ အပြည့်အစုံ RFI Baghdad ဌာနမှူးကို သတ်သူအဖြစ် အီရတ်သမ္မတကိုယ်ရံတော်ကို စွပ်စွဲ Radio Free Iraq ရဲ့ ဘဂ္ဂဒက် ရုံး ဌာနမှူးကို စစ်ဆေးရေးဂိတ်မှာ အချင်းများကြချိန် သေနတ်နဲ့ပစ်သတ်လိုက်တဲ့ သမ္မတကိုယ်ရံတော်ကို ကွပ်မျက်ပေးဖို့ အီရတ်သတင်းထောက်တွေက တောင်းဆိုနေကြပါတယ်။ အပြည့်အစုံ ပြင်သစ်ဂြိုဟ်တုဓါတ်ပုံမှာ အိန္ဒိယသမုဒ္ဒရာတွင်း မျောနေတဲ့ပစ္စည်းများတွေ့ ပြင်သစ်ဂြိုဟ်တုက ပေးပို့တဲ့ပုံတွေမှာ အိန္ဒိယသမုဒ္ဒရာတောင်ဘက်ခြမ်းက ရေထဲမှာ မျောနေတဲ့ အရာဝတ္ထုတွေကို တွေ့ရပြီး တရုတ်ဂြိုဟ်တုက စောစောပိုင်းရက်တွေမှာ ပေးပို့ထားတဲ့ အရာဝတ္ထုကြီးတွေ တွေ့ထားတဲ့နေရာနဲ့လည်း သိပ်မဝေးဘူးလို့ မလေးရှားပို့ဆောင်ရေး ဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန် အသိပေးခဲ့ပါတယ်။ အပြည့်အစုံ လွတ်လပ်တဲ့ အီရတ်အသံ သတင်းထောက် ဘဂ္ဂဒက်မှာ အသတ်ခံရ အီရတ်သမ္မတရဲ့ ကိုယ်ရံတော်နဲ့ လွတ်လပ်သော အီရတ်အသံ (Raido Free Iraq) ရဲ့ ဘဂ္ဂဒက်ဗျူရိုအကြီးအကဲတို့ စစ်ဆေးရေးဂိတ်အနီးမှာ အငြင်းအခုန်ဖြစ်ပြီး ကိုယ်ရံတော်က သတင်းထောက်ကို ပစ်သတ်ခဲ့ပါတယ်။ အပြည့်အစုံ ခရိုင်းမီးယားက ယူကရိန်းရဲ့ နောက်ဆုံး စစ်အခြေစိုက်စခန်း ရုရှားသိမ်းပိုက် ခရိုင်းမီးယားဒေသက နောက်ဆုံးကျန်တဲ့ ယူကရိန်းစစ်စခန်းကို ရုရှားစစ်တပ်က သေနတ်တွေပစ်ဖောက်၊ သံချပ်ကာကားတွေနဲ့ ချိုးဖျက်ဝင်ရောက်ပြီး သိမ်းပိုက်ခဲ့ပါတယ်။ အပြည့်အစုံ ၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲ အခြေအနေ တစေ့တစောင်း မတ် ၂၃၊ ၂၀၁၄ - မကြာခင်ကျင်းပပြုလုပ်သွားမယ့် ၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲအခြေအနေ၊ အလားအလာကို နိုင်ငံရေးပါတီ၊ တိုင်းရင်းသားပါတီခေါင်းဆောင်များကို ဆက်သွယ်မေးမြန်း၊ ဆွေးနွေးတင်ပြထားပါတယ်။ အပြည့်အစုံ |
| အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
| Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
တိုင်းရင်းလက်နက်ကိုင် ညှိနှိုင်းရေးအဖွဲ့ အပစ်ရပ်ရေး ဆက်လက်ဆွေးနွေးမည်
မြစ်ဆုံစီမံကိန်း အပြီးတိုင်ရပ်ဆိုင်းရေး ဆန္ဒပြသူတွေ ချီတက်ခရီးစတင်
နျူကလီယားညီလာခံ ယူကရိန်းအရေးလွှမ်းမိုးဖွယ်ရှိ
အမေရိကန်အနောက်ပိုင်း မြေပြိုကျမှု ၃ ဦးသေ
တရုတ်ပြည်ရောက် သမ္မတကတော် Michelle Obama ပညာရေးဆွေးနွေး
RFI Baghdad ဌာနမှူးကို သတ်သူအဖြစ် အီရတ်သမ္မတကိုယ်ရံတော်ကို စွပ်စွဲ
ပြင်သစ်ဂြိုဟ်တုဓါတ်ပုံမှာ အိန္ဒိယသမုဒ္ဒရာတွင်း မျောနေတဲ့ပစ္စည်းများတွေ့
လွတ်လပ်တဲ့ အီရတ်အသံ သတင်းထောက် ဘဂ္ဂဒက်မှာ အသတ်ခံရ
ခရိုင်းမီးယားက ယူကရိန်းရဲ့ နောက်ဆုံး စစ်အခြေစိုက်စခန်း ရုရှားသိမ်းပိုက်
၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲ အခြေအနေ တစေ့တစောင်း
No comments:
Post a Comment