ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ မတ်လ ၁၀၊ ၂၀၁၄ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ တီဗွီမဂ္ဂဇင်း၊ တီဗွီသတင်းလွှာ အစီအစဉ်များ... |
| မြန်မာ ဒေါ်စုဖောင်ဒေးရှင်း တည်ထောင် မြန်မာ့ပညာ/ကျန်းမာရေး အဆင့်အတန်းတွေ တိုးတက်လာစေရေး ရည်ရွယ်ချက်နဲ့ ဖွဲစည်းတဲ့ စု ဖောင်ဒေးရှင်း ဖွင့်ပွဲအခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်နဲ့အတူ ဒီအဖွဲ့ရဲ့ ဘုတ်အဖွဲ့ဝင်တဦးဖြစ်တဲ့ ကမ္ဘာကျော် ရုပ်ရှင်မင်းသမီး Mitchelle Yeoh လည်း တက်ရောက်ခဲ့ပါတယ်။ အပြည့်အစုံ တနိုင်ငံလုံးအပစ်ရပ်ရေး သဘောတူနိုင်ဖို့ အကြို ညှိနှိုင်း ဖားအံမြို့မှာ ကျင်းပမယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲမတိုင်ခင် မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား အကြိုညှိနှိုင်းနေကြရာမှာ အပစ်ရပ်ရေး ကြန့်ကြာနေတဲ့အချက်တွေကို ဆွေးနွေးမှုဟာ အရေးပါတဲ့အကြောင်း ပါဝင်တက်ရောက်သူတွေက ဗွီအိုအေကို ပြောပါတယ်။ အပြည့်အစုံ ABSDF အပစ်ရပ်ပေမဲ့ ငြိမ်းချမ်းရေးဦးတည်ချက် မပြည့်မီသေး ABSDF - မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ထူထောင်ခဲ့တဲ့ (၂၅) နှစ်ပြည့် အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ် ဒေါင်းတမန်စခန်းမှာ ကျင်းပခဲ့စဉ် ကျောင်းသားတပ်မတော်ရဲ့ ဥက္ကဋ္ဌက သူတို့ရည်မှန်းချက်တွေ အခုထိ မပြည့်မီသေးတဲ့အကြောင်း ဖွင့်ဟ ပြောကြားခဲ့ပါတယ်။ အပြည့်အစုံ သမီးလေးဒုက္ခသည်တွေ ထပ်ပြီးပြောင်းရွှေ့ခိုင်း ပဲခူးတိုင်း၊ လှည်းကူးမြို့နယ်အတွင်းက တပ်ပိုင်မြေပေါ် ကျူးကျော်သူများအဖြစ် ဖယ်ရှားခံခဲ့ရတဲ့ ကျေးရွာ ၇ ရွာက ဒုက္ခသည် ၅၀၀ ကျော်ကို ခိုလှုံနေထိုင်ရာ အောင်သိဒ္ဓိ ဘုန်းကြီးကျောင်းက မတ်လ ၉ ရက်နေ့မှာ အပြီး ရွှေ့ပြောင်းပေးဖို့ အာဏာပိုင်တွေက ထပ်ပြီး သတိပေးထားပါတယ်။ အပြည့်အစုံ ယူကရိန်းပိုင်နက် အဆုံးရှုံးခံမည်မဟုတ်ကြောင်း ဝန်ကြီးချုပ်ပြော ယူကရိန်းနိုင်ငံ၊ ခရိုင်းမီးယားဒေသ အာဏာပိုင်တွေက ရုရှားအစိုးရနဲ့ ပေါင်းရေးအစီအစဉ်တွေကို တွန်းအားပေး ဆောင်ရွက်နေချိန်မှာ ယူကရိန်း ယာယီဝန်ကြီးချုပ် Arseniy Yatsenyuk က ယူကရိန်းမြေကို ၁ လက်မမှ အဆုံးမခံဘူး-လို့ ပြောလိုက်ပါတယ်။ အပြည့်အစုံ ပျောက်ဆုံးလေယာဉ် ကွာလာလမ်ပူဘက် ပြန်လှည့်ခဲ့ဖွယ်ရှိ ခရီးသည်နဲ့ လေယာဉ်အမှုထမ်း ၂၃၉ ဦးလိုက်ပါသွားတဲ့ မလေးရှားလေကြောင်းပိုင် လေယာဉ်ဟာ ဝေဟင်ကပျောက်ကွယ်မသွားခင်မှာ ကွာလာလမ်ပူမြို့ဘက်ကို ဦးတည် ပြန်လှည့်ခဲ့တာဖြစ်ကောင်းဖြစ်နိုင်တယ်လို့ စုံစမ်းစစ်ဆေးရေးမှူးတွေက ယူဆနေကြပါတယ်။ အပြည့်အစုံ လေထုညစ်ညမ်းမှု ကန့်သတ်ရေးဥပဒေ တရုတ်အစိုးရပြဌာန်းမည် တရုတ်နိုင်ငံမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဥပဒေတွေကို တရုတ်အစိုးရက တင်းကြပ်တော့မှာဖြစ်ပြီး ပတ်ဝန်းကျင် ညစ်ညမ်းအောင်လုပ်တဲ့သူတွေကို ထိခိုက်မှုအတွက် ဒဏ်ငွေရိုက်မယ်လို့ တရုတ်ထိပ်တန်း ဥပဒေပြုသူတယောက်က ပြောလိုက်ပါတယ်။ အပြည့်အစုံ ခိုးယူ နိုင်ငံကူးလက်မှတ်နဲ့ ခရီးသည်နှစ်ဦး ပျောက်ဆုံး လေယာဉ်မှာ လိုက်ပါ ပျောက်ဆုံးနေတဲ့လေယာဉ်ပေါ်မှာ လိုက်ပါသွားတဲ့ ခရီးသည်နှစ်ဦးဟာ အခိုးခံရတဲ့နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူတွေ ဖြစ်နေတယ်လို့ တာဝန်ခံအရာရှိတွေက ပြောပါတယ်။ အပြည့်အစုံ ယူကရိန်းအရေး အမေရိကန်နဲ့ဥရောပ ခေါင်းဆောင်တွေ ဆွေးနွေး အမေရိကန်သမ္မတ Barack Obama ဟာ ဥရောပခေါင်းဆောင်တွေနဲ့ ယူကရိန်းအရေးဆွေးနွေးဖို့ တယ်လီဖုန်းတွေ ထပ်ဆက်ခဲ့ပြီး ဒီခေါင်းဆောင်တွေ အားလုံးက ရုရှားအနေနဲ့ သူ့တပ်တွေကို သူ့ရဲ့ အခြေစိုက်စခန်းတွေဆီ ပြန်ပို့ရမယ်ဆိုတာ သဘောတူကြတယ်လို့ သမ္မတ အိမ်ဖြူက ကြေညာချက် ထုတ်ပြန်ပါတယ်။ အပြည့်အစုံ UNFPA ဌာနကိုယ်စားလှယ် နဲ့ သိကောင်းစရာ သန်းခေါင်စာရင်း မတ် ၉၊ ၂၀၁၄ - သန်းခေါင်စာရင်းကောက်ယူမည့် လုပ်ငန်းအစီအစဉ်အတွက် ပူးပေါင်းဆောင်ရွက်နေတဲ့ ကမ္ဘာ့ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ဌာနကိုယ်စားလှယ် Ms. Janet Jackson ကို ဗွီအိုအေ အယ်ဒီတာ ဦးသားညွှန့်ဦး က တွေ့ဆုံမေးမြန်းထားပါတယ်။ အပြည့်အစုံ |
| အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
| Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
ဒေါ်စုဖောင်ဒေးရှင်း တည်ထောင်
တနိုင်ငံလုံးအပစ်ရပ်ရေး သဘောတူနိုင်ဖို့ အကြို ညှိနှိုင်း
ABSDF အပစ်ရပ်ပေမဲ့ ငြိမ်းချမ်းရေးဦးတည်ချက် မပြည့်မီသေး
သမီးလေးဒုက္ခသည်တွေ ထပ်ပြီးပြောင်းရွှေ့ခိုင်း
ယူကရိန်းပိုင်နက် အဆုံးရှုံးခံမည်မဟုတ်ကြောင်း ဝန်ကြီးချုပ်ပြော
ပျောက်ဆုံးလေယာဉ် ကွာလာလမ်ပူဘက် ပြန်လှည့်ခဲ့ဖွယ်ရှိ
လေထုညစ်ညမ်းမှု ကန့်သတ်ရေးဥပဒေ တရုတ်အစိုးရပြဌာန်းမည်
ခိုးယူ နိုင်ငံကူးလက်မှတ်နဲ့ ခရီးသည်နှစ်ဦး ပျောက်ဆုံး လေယာဉ်မှာ လိုက်ပါ
ယူကရိန်းအရေး အမေရိကန်နဲ့ဥရောပ ခေါင်းဆောင်တွေ ဆွေးနွေး
UNFPA ဌာနကိုယ်စားလှယ် နဲ့ သိကောင်းစရာ သန်းခေါင်စာရင်း
No comments:
Post a Comment