ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ မတ်လ ၀၄၊ ၂၀၁၄ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ တီဗွီမဂ္ဂဇင်း၊ တီဗွီသတင်းလွှာ အစီအစဉ်များ... |
| မြန်မာ ရခိုင်အဖွဲ့ တိုက်ခိုက်ခံရမှု မြန်မာတဦးအား မလေးရှားရဲဖမ်းဆီး ဖေဖော်ဝါရီလဆန်းပိုင်းက မလေးရှားနိုင်ငံရောက် ရခိုင်လူမူအဖွဲ့အစည်းတွေရဲ့ ဖိတ်ကြားချက်နဲ့ သွားရောက်ခဲ့ကြတဲ့ ဒေါက်တာအေးမောင်၊ ဦးအေးသာအောင်တို့ပါဝင်တဲ့ ရခိုင်နိုင်ငံရေးပါတီခေါင်းဆောင်တချို့ကို ပစ်ခတ်လုပ်ကြံခဲ့သူတွေထဲက မြန်မာနိုင်ငံသားတစ်ဦးကို ဖမ်းဆီးနိုင်ပြီဖြစ်ကြောင်း မလေးရှားရဲတပ်ဖွဲ့က ပြောပါတယ်။ အပြည့်အစုံ BIMSTEC ပထမဆုံး အတွင်းရေးမှူးချုပ် သီရိလင်္ကာသံအမတ်ကြီးကိုခန့် ဆယ်နှစ်ကျော်ကြာ ဖွဲ့စည်းထားတဲ့ BIMSTEC အဖွဲ့ရဲ့ ပထမဆုံးအတွင်းရေးမှူးချုပ်ကို သီရိလင်္ကာသံအမတ်ကြီး Sumith Nakandala ကိုခန့်အပ်ကြောင်းနဲ့ ရုံးခန်းကိုတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒက္ကာမြို့မှာ ဖွင့်လှစ်ဖို့ မြန်မာပြည်မှာ ကျင်းပနေတဲ့ BIMSTEC နိုင်ငံခြားရေးဝန်ကြီးတွေရဲ့အစည်းအဝေးမှာ အတည်ပြုပေးခဲ့ပါတယ်။ အပြည့်အစုံ ယူကရိန်းအခြေအနေကြောင့် အစုရှယ်ယာဈေးကျ ယူကရိန်းနိုင်ငံပိုင် ခရိုင်းမီးယားကျွန်းဆွယ်ကို ရုရှားနိုင်ငံက ဝင်ရောက်သိမ်းပိုက်ခဲ့ပြီးတဲ့နောက် အာရှ၊ ဥရောပနဲ့ အမေရိကန်အစုရှယ်ယာဈေးကွက်တွေအားလုံး ၁ % နဲ့ အထက် ကျဆင်းသွားခဲ့ပါတယ်။ အပြည့်အစုံ မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ်မှု ကန်နဲ့ တောင်ကိုရီးယား ရှုတ်ချ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ ပူးတွဲစစ်ရေးလေ့ကျင့်နေချိန်မှာ မြောက်ကိုရီးယားက စမ်းသပ်ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်လို့ ယူဆရတဲ့ကျည်တွေ ဂျပန်ပင်လယ်ထဲကို ကျသွားခဲ့ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရသူ Kim Min-seok က ပြောပါတယ်။ အပြည့်အစုံ ဘန်ကောက်အခြေအနေ စတင်တည်ငြိမ် ထိုင်းနိုင်ငံမှာ အစိုးရဆန့်ကျင်ရေးဆန္ဒပြသူတွေ ဘန်ကောက်မြို့လယ်ပန်းခြံကို ဆုတ်ခွာသွားကြပြီဖြစ်လို့ တစ်လကျော်အကြာ ယာဉ်အသွားအလာလုပ်လို့မရဘဲ ပိတ်ဆို့နေခဲ့တဲ့ လမ်းဆုံလမ်းခွကြီးလည်း ရှင်းလင်းသွားခဲ့ပါပြီ။ အပြည့်အစုံ ကူမင်းဘူတာရုံတွင်း တိုက်ခိုက်မှုမသင်္ကာသူအားလုံး တရုတ်ရဲဖမ်းမိ တရုတ်နိုင်ငံမှာ လူ ၂၉ ဦး သေဆုံးပြီး ၁၄၃ ဦး ဒဏ်ရာရသွားတဲ့ ဓားထိုးမှုတွေကို လုပ်ဆောင်သူတွေလို့ ယူဆရသူ ၃ ဦးကို ဖမ်းဆီးမိထားပြီလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အပြည့်အစုံ ယူကရိန်းသို့ စစ်တပ်စေလွှတ်မှု ရုရှား နိုင်ငံခြားရေးဝန်ကြီး ကာကွယ်ပြော ဒေသတွင်းတင်းမာမှုတွေတိုးမလာရေး ကာကွယ်ဖို့ရည်ရွယ်တဲ့ ကုလအတွင်းရေးမှူးချုပ် Ban Ki-Moon နဲ့ မတွေ့ဆုံခင် Russia နိုင်ငံခြားရေးဝန်ကြီး Sergei Lavrov က - ခရိုင်းမီးယားဒေသမှာ နိုင်ငံရေးအခြေအနေတွေ ပုံမှန်ပြန်မရောက်မချင်း အဲဒီမှာ Russia တပ်တွေရှိနေဖို့ လိုအပ်ကြောင်း တနင်္လာနေ့က ပြောသွားပါတယ်။ အပြည့်အစုံ 12 Years A Slave အကောင်းဆုံး ရုပ်ရှင်Oscar ဆုရ ၁၉ ရာစုမှာ လွတ်လပ်တဲ့လူမည်း အမေရိကန်တဦး ကျေးကျွန်စနစ်ထဲ သွတ်သွင်းခံရပြီး နောက် ပြန်လွတ်မြောက်လာတဲ့အကြောင်း ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတဲ့ 12 Years A Slave ရုပ်ရှင်ကားက အကောင်းဆုံးဇာတ်ကားဆုရရှိသွားပါတယ်။ အပြည့်အစုံ နေပြည်တော်မှာကျင်းပနေတဲ့ BIMSTEC ညီလာခံနဲ့ နိုင်ငံခြားရေး ၀န်ကြီးအဆင့် ဆွေးနွေးပွဲ အခြေအနေ၊ ယူကရိန်းနိုင်ငံ Crimea ဒေသကို ရုရှားတပ်တွေ ၀င်ရောက်နေတာနဲ့ပတ်သက်လို့ နိုင်ငံတကာရဲ့ တုံ့ပြန်မှု၊ အပတ်စဉ်တင်ဆက်နေကြ မကြေးမုံရဲ့ အင်္ဂလိပ်စာ အစီအစဉ်နဲ့ အမေရိကန် နိုင်ငံရေးအခြေအနေ သတင်းဆောင်းပါးတွေ ပါဝင်ပါတယ်။ အပြည့်အစုံ နေပြည်တော်မှာ ကျင်းပနေတဲ့ BIMSTEC ညီလာခံနဲ့ နိုင်ငံခြားရေးဝန်ကြီးအဆင့် ဆွေးနွေးပွဲအခြေအနေ၊ မြန်မာနိုင်ငံ အတွင်းက နေရာတချို့မှာ နယ်စည်းမထား ဆရာဝန်များအဖွဲ့ MSF Holland ရဲ့ လုပ်ငန်းတွေကို ပြန်လည် စတင်မယ် ဆိုတဲ့ သတင်းတွေ ပါဝင်ပါတယ်။ အပြည့်အစုံ ဒီသီတင်းပတ်အတွင်း အမေရိကန် နိုင်ငံရေးမှာ အဓိက လွှမ်းမိုးနေတဲ့ အကြောင်းအရာတွေနဲ့ပတ်သက်ပြီး ဦးသိန်းထိုက်ဦး တင်ပြပါလိမ့်မယ်။ အပြည့်အစုံ ယူကရိန်းနိုင်ငံက Crimea ဒေသကို ရုရှားတပ်တွေက ၀င်ရောက် သိမ်းပိုက်လိုက်တာနဲ့ပတ်သက်လို့ ရုရှားကို အိုဘားမားအစိုးရက သတိပေးချက် ထုတ်ပြန်လိုက်ပြီး အမေရိကန်အစိုးရအနေနဲ့လည်း ဒီပဋိပက္ခကို အဓိက အာရုံထား ဆောင်ရွက်နေပါတယ်။ ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးပါမယ်။ အပြည့်အစုံ စာတိုက်ကနေ စာပို့တဲ့ အင်္ဂလိပ်စာ အသုံးအနှုန်းတွေကို မကြေးမုံရဲ့ အင်္ဂလိပ်စာ အစီအစဉ်မှာ ရှုစားကြပါ။ အပြည့်အစုံ (၁၄) ကြိမ်မြောက် BIMSTEC နိုင်ငံခြားရေးဝန်ကြီးများအဆင့် အစည်းအဝေးကို မနေ့က နေပြည်တော် မြန်မာ အင်တာနေရှင်နယ် Convention စင်တာမှာကျင်းပပြီး အတွင်းရေးမှူးချုပ်အဖြစ် သီရိလင်္ကာနိုင်ငံက သံအမတ်ကြီး Sumith Nakandala ကိုခန့်အပ်ဖို့ နိုင်ငံခြားရေးဝန်ကြီးတွေ အတည်ပြုပေးခဲ့ပါတယ်။ ကိုသားညွန့်ဦးက တင်ပြထား ပါတယ်။ အပြည့်အစုံ VOA60 World VOA60 World အပြည့်အစုံ |
| အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
| Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
ရခိုင်အဖွဲ့ တိုက်ခိုက်ခံရမှု မြန်မာတဦးအား မလေးရှားရဲဖမ်းဆီး
BIMSTEC ပထမဆုံး အတွင်းရေးမှူးချုပ် သီရိလင်္ကာသံအမတ်ကြီးကိုခန့်
ယူကရိန်းအခြေအနေကြောင့် အစုရှယ်ယာဈေးကျ
မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ်မှု ကန်နဲ့ တောင်ကိုရီးယား ရှုတ်ချ
ဘန်ကောက်အခြေအနေ စတင်တည်ငြိမ်
ကူမင်းဘူတာရုံတွင်း တိုက်ခိုက်မှုမသင်္ကာသူအားလုံး တရုတ်ရဲဖမ်းမိ
ယူကရိန်းသို့ စစ်တပ်စေလွှတ်မှု ရုရှား နိုင်ငံခြားရေးဝန်ကြီး ကာကွယ်ပြော
12 Years A Slave အကောင်းဆုံး ရုပ်ရှင်Oscar ဆုရ
VOA60 World
No comments:
Post a Comment