Wednesday, March 5, 2014

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ - မတ်လ ၀၅၊ ၂၀၁၄

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
 
ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
မတ်လ ၀၅၊ ၂၀၁၄

ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ တီဗွီမဂ္ဂဇင်း၊ တီဗွီသတင်းလွှာ အစီအစဉ်များ...

 
မြန်မာ

မိုးထိမိုးမိဆန္ဒပြသူတွေ အဖမ်းခံရ
"မြို့နယ်မှူးကလည်း ဦးဇင်းကိုပြောတယ်။ ဦးဇင်း တပည့်တော်တို့ ဖမ်းတော့မှာ။ ၀ိုင်းတော့မှာ။ အဲ့ဒါ ဦးဇင်းကျောင်းကို လာမယ်ဆိုရင် ဦးဇင်း လက်မခံနဲ့။ လက်ခံရင် ဦးဇင်းကိုပါ ဖမ်းမယ်ဆိုပြီး သတိလှမ်းပေးတယ်လေ။" - ရွှေမြင်တင်ဘုရားမှ သံဃာတပါး အပြည့်အစုံ
 
ထိုင်းငါးလုပ်ငန်းရဲ့လုပ်ရပ် လူ့အခွင့်အရေးအဖွဲ့ဝေဖန် ထိုင်းငါးလုပ်ငန်းရဲ့လုပ်ရပ် လူ့အခွင့်အရေးအဖွဲ့ဝေဖန်
"မြန်မာနိုင်ငံက ရွှေ့ပြောင်းအလုပ်သမား အများစု အလုပ်လုပ်ကိုင်နေကြတဲ့ ထိုင်းနိုင်ငံရဲ့ ငါးဖမ်းလုပ်ငန်းတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတာကြောင့် နိုင်ငံတကာက အရေးယူဖို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားမှုအဖွဲ့တခုက တိုက်တွန်းလိုက်ပါတယ်။" အပြည့်အစုံ
 
တိုးတောင်းမယ့် ကန်အသုံးစရိတ်ထဲ မြန်မာကို ကူဖို့ပါဝင် တိုးတောင်းမယ့် ကန်အသုံးစရိတ်ထဲ မြန်မာကို ကူဖို့ပါဝင်
"အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားက ကွန်ဂရက်လွှတ်တော်ဆီ တင်သွင်းမယ့် ၂၀၁၅ ခုနှစ်အတွက် အစိုးရအဖွဲ့ ဘဏ္ဍာငွေ အသုံးစရိတ် အဆိုပြုချက်ထဲမှာ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို အထောက်အကူပြုဖို့ဆိုတဲ့ ခေါင်းစဉ်နဲ့ အဆိုပြု လျာထားချက်လည်း ပါဝင်ပါတယ်။" အပြည့်အစုံ
 
ပညာရေးဆွေးနွေးပွဲ ဖိတ်ကြားမှု အချိန်ကပ်ပြီး အစိုးရရုပ်သိမ်း ပညာရေးဆွေးနွေးပွဲ ဖိတ်ကြားမှု အချိန်ကပ်ပြီး အစိုးရရုပ်သိမ်း
"ဒီထက်ဆိုးတာက အစိုးရဘက်က တာဝန်ရှိတဲ့လူကြီးတွေက ဒီလိုမျိုး သေသေချာချာ စီစဉ်ပြီးတော့မှ အနီးကပ်မှ ဖျက်သိမ်းတဲ့အတွက် ဒီအစိုးရအပေါ်မှာ ယုံကြည်မှုက လျော့ပါးသွားပြီခင်ဗျ။" NNER ရဲ့ မူဝါဒရေးရာအဖွဲ့ဝင် ဒေါက်တာသိန်းလွင် အပြည့်အစုံ
 
တိုင်းရင်းသား နေ့စဉ်သတင်းစာထုတ်နိုင်ရေး တောင်ကြီး ညီလာခံဆွေးနွေး တိုင်းရင်းသား နေ့စဉ်သတင်းစာထုတ်နိုင်ရေး တောင်ကြီး ညီလာခံဆွေးနွေး
"အများပြည်သူဝန်ဆောင်မှု မီဒီယာ ပေါ်ပေါက်လာတဲ့အခါ နေ့စဉ်ထုတ် သတင်းစာများတွင် မြန်မာဘာသာဖြင့်သာမက တိုင်းရင်းသားများရဲ့ စာပေနဲ့ ပုံနှိပ်ထုတ်ဝေပြီး ကျေးလက်ဒေသအထိ ဖြန့်ချိနိုင်ရေးအတွက် ကူညီပေးနိုင်ရန်လည်း မျှော်လင့်ထားပါတယ်။" ပြန်ကြားရေးဒုဝန်ကြီးဦးပိုက်ထွေး အပြည့်အစုံ
 
နိုင်ငံတကာ

ယူကရိန်းအတွက် ဒေါ်လာ သန်း ၁,၀၀၀ အမေရိကန်ချေးငွေ ထောက်ပံ့ ယူကရိန်းအတွက် ဒေါ်လာ သန်း ၁,၀၀၀ အမေရိကန်ချေးငွေ ထောက်ပံ့
"သူပေးအပ်ဖို့ရှိတဲ့ ချေးငွေတွေကလည်း အဆိုပြုထားတဲ့ ယူကရိန်းပြည်သူတွေအပေါ် စွမ်းအင်ပေးဝေမှု လျှော့ချမှုကနေ ဖြစ်လာမယ့် ရိုက်ခတ်မှု နည်းပါးအောင်လုပ်ဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။" အပြည့်အစုံ
 
ပင်လယ်ပြင်မှာ မြောက်ကိုရီးယား ဒုံးလက်နက် ထပ်ပစ် ပင်လယ်ပြင်မှာ မြောက်ကိုရီးယား ဒုံးလက်နက် ထပ်ပစ်
"မြောက်ကိုရီးယားဟာ အမေရိကန်နဲ့ တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ကန့်ကွက်တဲ့အနေနဲ့ သမုဒ္ဒရာထဲကို တာတိုဒုံးကျည်တွေ ပစ်လွှတ်နေတာမှာ ဒီကနေ့လည်း ထပ်ပြီး ဒုံးကျည်တွေ ပစ်လွှတ်လိုက်ပါတယ်။" အပြည့်အစုံ
 
နေ့စဉ် တီဗွီသတင်းလွှာ

နေ့စဉ် တီဗွီသတင်းလွှာ (၀၃-၀၅-၁၄) နေ့စဉ် တီဗွီသတင်းလွှာ (၀၃-၀၅-၁၄)
နေပြည်တော်မှာ ကျင်းပခဲ့တဲ့ BIMSTEC အစည်းအဝေးပွဲမှာ ကုန်သွယ်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တွေ ရရှိခဲ့ကြတဲ့အကြောင်း၊ မြန်မာနိုင်ငံသားတွေ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ ထိုင်းနိုင်ငံက ငါးဖမ်းလုပ်ငန်းခွင်တွေ အကြောင်းအပြင်၊ ယူကရိန်းနိုင်ငံရေး အကျပ်အတည်း နောက်ဆုံး အခြေအနေ၊... အပြည့်အစုံ
 
ဗွီဒီယိုသတင်း

ဗုဒ္ဓဟူးနေ့ မြန်မာသတင်းများ ဗုဒ္ဓဟူးနေ့ မြန်မာသတင်းများ
နေပြည်တော်မှာ ကျင်းပခဲ့တဲ့ BIMSTEC အစည်းအဝေးပွဲမှာ ကုန်သွယ်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တွေ ရရှိခဲ့ကြတဲ့အကြောင်း၊ မြန်မာနိုင်ငံသားတွေ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ ထိုင်းနိုင်ငံက ငါးဖမ်းလုပ်ငန်းခွင်တွေ အကြောင်း စတဲ့သတင်းတွေ ရှုစားကြရမှာ ဖြစ်ပါတယ်။ အပြည့်အစုံ
 
တိုင်းရင်းသားသတင်းစာတွေ ထုတ်နိုင်ရေး တောင်ကြီးညီလာခံမှာဆွေးနွေး တိုင်းရင်းသားသတင်းစာတွေ ထုတ်နိုင်ရေး တောင်ကြီးညီလာခံမှာဆွေးနွေး
တိုင်းရင်းသားစာပေနဲ့ ပုံနှိပ်ထုတ်ဝေပြီး ကျေးလက်ဒေသအထိ ဖြန့်ချိနိုင်ရေးအတွက် ကူညီပေးနိုင်ဖို့ မျှော်လင့်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာ ဒု ၀န်ကြီး ဦးပိုက်ထွေးက ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ကျင်းပနေတဲ့ တိုင်းရင်းမီဒီယာ ညီလာခံမှာ ပြောဆိုလိုက်ပါတယ်။ ကိုထက်အောင်က တောင်ကြီးမြို့ကနေ သတင်းပေးပို့ထားပါတယ်။ အပြည့်အစုံ
 
ကင်ဆာရောဂါအတွက် တွေ့ရှိချက်အသစ် ကင်ဆာရောဂါအတွက် တွေ့ရှိချက်အသစ်
အမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့ ရင်သားကင်ဆာရောဂါ ခန္ဓာကိုယ်တွင်း ပျံ့နှံ့ရာက နောက်ဆက်တွဲ တခြားကင်ဆာရောဂါတွေ ဖြစ်ပွားနိုင်တဲ့ အခြေအနေကို တားဆီးကောင်း တားဆီးနိုင်မယ့် ဆေးတမျိုးကို ဗြိတိန်နိုင်ငံက ဆေးသိပ္ပံပညာရှင်တွေ သုတေသန လေ့လာနေကြပါတယ်။ ကိုအောင်လွင်ဦး ကတင်ပြပေးမှာ ဖြစ်ပါတယ်။ အပြည့်အစုံ
 
BIMSTEC – ASEAN ဆက်ဆံရေး မြန်မာပေါင်းကူးပေးမည် BIMSTEC – ASEAN ဆက်ဆံရေး မြန်မာပေါင်းကူးပေးမည်
BIMSTEC အဖွဲ့ဝင်ထဲမှာ ဒေသတွင်းအင်အားကြီးနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံ ပါဝင်မှုဟာ၊ မြန်မာအတွက်ရော အခြားအရှေ့အာရှ နိုင်ငံတွေအတွက်ပါ စိုးရိမ်စရာအဖြစ် သူမမြင်ဘူးလို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုပါတယ်။ BIMSTEC ကျင်းပရာ နေပြည်တော်ကို သတင်းသွားရောက်ယူတဲ့ ကိုသားညွန့်ဦးက ဒီအကြောင်း တင်ဆက်ပေးမှာပါ။ အပြည့်အစုံ
 
ကမ္ဘာတလွှားခရီးသွား ကမ္ဘာတလွှားခရီးသွား
ဒီတပတ်မှာတော့ ကမ္ဘာမှာ ထင်ရှားတဲ့ ဧ၀ရတ်တောင်ထိပ်ကို မစုမြတ်မွန်က ခေါ်သွားပါလိမ့်မယ်။ အပြည့်အစုံ
 
သဘောတူညီချက်တွေနဲ့ BIMSTEC ညီလာခံအဆုံးသတ် သဘောတူညီချက်တွေနဲ့ BIMSTEC ညီလာခံအဆုံးသတ်
. အပြည့်အစုံ
 
ကမ္ဘာ့သတင်း စက္ကန့် ၆၀

VOA60 World VOA60 World
VOA60 World အပြည့်အစုံ
 
VOA60 World VOA60 World
VOA60 World အပြည့်အစုံ
 

အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
Voice of America
330 Independence Ave. SW Suite 3166
Washington, D.C. 20237 USA

No comments:

Post a Comment