ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ မတ်လ ၀၇၊ ၂၀၁၄ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ တီဗွီမဂ္ဂဇင်း၊ တီဗွီသတင်းလွှာ အစီအစဉ်များ... |
| မြန်မာ ဧရာဝတီ အောင်ဇော် Stanford တက္ကသိုလ် မီဒီယာဆုရရှိ ဧရာဝတီ သတင်းဌာနရဲ့ အယ်ဒီတာ ဦးအောင်ဇော်ကို ၂၀၁၃ ခုနှစ်အတွက် Shorenstein သတင်းသမားဆု ချီးမြှင့်လိုက်ကြောင်း Stanford တက္ကသိုလ်ရဲ့ Walter H. Shorenstein အာရှပစိဖိတ် သုတေသနဌာန APARC ကကြေညာလိုက်ပါတယ်။ အပြည့်အစုံ ကင်တာနားနေရာ အစားထိုးမည့်သူ လျာထား မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးစုံစမ်းစစ်ဆေးရေးမှူးTomas Ojea Quintana နေရာမှာ အစားထိုးခန့်အပ်ဖို့ လျှောက်ထားသူ ၁၈ ဦးရှိတဲ့အထဲ တောင်ကိုရီးယားနိုင်ငံသူ ပါမောက္ခ မစ္စ Yanghee Leeကို လူ့အခွင့်အရေးကောင်စီဥက္ကဋ္ဌ Baudelaire Ndong Ellaက လျာထားတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။ အပြည့်အစုံ မီဒီယာနဲ့ ပုံနှိပ်ဥပဒေ ၂ ခု အတည်ပြု ပြန်ကြားရေးဝန်ကြီးဌာနနဲ့ စာနယ်ဇင်းကောင်စီ (ယာယီ) တို့ အကြား ကာလ အတော်ကြာ အငြင်းပွားစရာ ဖြစ်ခဲ့တဲ့ ပုံနှိပ်နဲ့ ထုတ်ဝေခြင်းဆိုင်ရာ ဥပဒေ၊ သတင်းမီဒီယာ ဥပဒေကြမ်းတွေကို ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့ပြီး ဥပဒေအဖြစ်ပြဌာန်းပေးဖို့ သမ္မတဆီ ပေးပို့ထားပါတယ်။ အပြည့်အစုံ မြောက်ကိုရီးယား လက်နက် မြန်မာ ဝယ်ဆဲလို့ ကန်ပြော မြန်မာနိုင်ငံဟာ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးကို ခပ်ကင်းကင်း ထားနေပါတယ်လို့ ဆိုပေမဲ့ မြောက်ကိုရီးယားနိုင်ငံကနေ စစ်သုံးလက်နက် ပစ္စည်းတွေကို ၀ယ်ယူနေတုန်းပဲလို့ မြောက်ကိုရီးယားနိုင်ငံရဲ့ စစ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ လှုပ်ရှားမှုတွေကို သုံးသပ်ရေးသားထားတဲ့ အမေရိကန် အစီရင်ခံစာတစောင်က ဆိုပါတယ်။ အပြည့်အစုံ ဥပဒေပြုရေး အစိုးရ ဝင်စွက်မှုတွေရှိ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အာဏာသုံးရပ် ခွဲဝေဆောင်ရွက်မှုမှာ ရောထွေးမှု အချို့ရှိတာကြောင့် လွှတ်တော်နဲ့ အစိုးရအကြား အဆင်မပြေမှုအချို့ ရှိခဲ့ပြီး၊ ဒါဟာ ဒီမိုကရေစီ ကူးပြောင်းမှုအတွက် အားနည်းမှုတွေဖြစ်သွားစေတယ်လို့ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ပြောပါတယ်။ အပြည့်အစုံ အမေရိကန် နဲ့ ရုရှားသမ္မတ ၂ ဦး ယူကရိန်းကိစ္စ ဖုန်းဆက်ဆွေးနွေး ယူကရိန်းပိုင် ခရိုင်းမီးယား ကျွန်းဆွယ်ကို ရုရှားတပ်တွေ ထိန်းချုပ်လိုက်တဲ့ စနေနေ့ကစပြီး ခေါင်းဆောင် ၂ ဦး ပထမဆုံး အကြိမ်အဖြစ် တိုက်ရိုက်ဆက်သွယ်ပြောဆိုခဲ့တာဖြစ်ပါတယ်။ အပြည့်အစုံ Russia နဲ့ပူးပေါင်းဖို့ Crimea လွှတ်တော်ဆုံးဖြတ် ယူကရိန်းနိုင်ငံအတွင်းကနေ ခွဲထွက်ပြီး ရုရှားနဲ့ပေါင်းဖို့ Crimea ဒေသ လွှတ်တော်က ဆုံးဖြတ်လိုက်တဲ့အတွက် ဒေသတွင်း ဖြစ်ပေါ်နေတဲ့ တင်းမာမှုတွေ ပိုဆိုးလာမယ့် အလားအလာ ရှိနေပါတယ်။ အပြည့်အစုံ AIDS ရောဂါ ပျောက်နိုင် ခြေလမ်းစပေါ်လာ AIDS ရောဂါကို ပျောက်ကင်းအောင် လုပ်ပေးနိုင်မယ့် လမ်းစပေါ်လာတဲ့ ကုထုံး ၂ ခု တွေ့ရှိတဲ့အပေါ် အမေရိကန် သိပ္ပံပညာရှင်တွေ အာရုံစိုက်နေကြပါတယ်။ အပြည့်အစုံ အမျိုးသမီးသုံး HIV တား ပစ္စည်းသစ် "HIV ကူးစက်မှု ကာကွယ်ရေးနဲ့ ကိုယ်ဝန်တားဆီးရေးအတွက် အခု သုံးစွဲနေကြတဲ့ ဆေးဝါးတွေရဲ့ ပမာဏကို လိုအပ်ချက်အတိုင်း ထိန်းချုပ်ပေးနိုင်မယ့် ဒီကွင်းတွေကို တခါထည့်ထားရင် သုံးလထိ တာရှည်ခံနိုင်အောင် စီစဉ်ထားပါတယ်။" အပြည့်အစုံ ရုရှား ယူကရိန်း တိုက်ရိုက်ဆွေးနွေးဖို့ John Kerry တောင်းဆို "ယူကရိန်းနိုင်ငံ Crimea ကျွန်းဆွယ်မှာ စစ်ရေးပဋိပက္ခ လျော့ပါးသွားစေရေး တွန်းအားပေးကြိုးပမ်းမှု တစိတ်တပိုင်းအနေနဲ့ ယူကရိန်းနဲ့ ရုရှားနိုင်ငံအကြား မျက်နှာချင်းဆိုင် တွေ့ဆုံ ဆွေးနွေးဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က တောင်းဆိုလိုက်ပါတယ်။" အပြည့်အစုံ ကလေးများ နဲ့ နှာခေါင်းသွေးယိုခြင်း မတ် ၆၊ ၂၀၁၄ - ကလေးငယ်များ နှာခေါင်းသွေးယိုတာ ဘာကြောင့် ဖြစ်ကြပြီး၊ ဘယ်အချက်တွေကို သိရှိနားလည်းဖို့ အရေးကြီးပါသလဲ။ အပြည့်အစုံ ပဋိပက္ခနဲ့ သတင်းမီဒီယာ အခန်းကဏ္ဍ မတ် ၆၊ ၂၀၁၄ - ပဋိပက္ခမျိုးစုံ ဖြစ်ပွားနေတဲ့ မြန်မာပြည်မှာ သတင်းမီဒီယာပါဝင်နိုင်တဲ့ အခန်းကဏ္ဍကို လေ့လာထားတဲ့ စာတမ်းတစောင်ကို ဦးအောင်ခင် နဲ့ ကိုကျော်ကျော်သိန်းတို့က တင်ပြထားပါတယ်။ အပြည့်အစုံ မြန်မာနိုင်ငံဟာ မြောက်ကိုရီးယားထံက သမားရိုးကျ လက်နက်တွေ ၀ယ်နေတုန်းပဲလို့ အမေရိကန်က ပြောဆိုလိုက်တာ၊ သတင်းမီဒီယာ ဥပဒေတွေ လွှတ်တော်မှာ အတည်ပြုလိုက်ပေမဲ့ ဝေဖန်စရာတွေ ဖြစ်နေရတာ စသည် ... အပြည့်အစုံ တမိနစ် အင်္ဂလိပ်စာ အပြည့်အစုံ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အာဏာသုံးရပ် ခွဲဝေဆောင်ရွက်မှုတွေမှာ ရောထွေးမှုတွေ ရှိနေတဲ့အတွက် လွှတ်တော်နဲ့ အစိုးရအကြား အဆင်မပြေမှုတွေ၊ ဒီမိုကရေစီ ... အပြည့်အစုံ ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ၃ရက်ကြာ ကျင်းပခဲ့တဲ့ တိုင်းရင်းမီဒီယာ ညီလာခံအတွင်း လူနည်းစု မီဒီယာ အဖွဲ့အစည်းတွေ ပါဝင်တဲ့ ကွန်ရက်တခု ဖွဲ့စည်နိုင်ရေး ရည်ရွယ်ပြီး အလုပ်အဖွဲ့တခုကို တနှစ်အတွင်း ဖွဲ့စည်းဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ တချိန်တည်းမှာပဲ ကျားမတန်းတူညီမျှရေးအတွက် သတင်းဌာနတွေက... အပြည့်အစုံ VOA60 World VOA60 World အပြည့်အစုံ |
| အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
| Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
ဧရာဝတီ အောင်ဇော် Stanford တက္ကသိုလ် မီဒီယာဆုရရှိ
ကင်တာနားနေရာ အစားထိုးမည့်သူ လျာထား
မီဒီယာနဲ့ ပုံနှိပ်ဥပဒေ ၂ ခု အတည်ပြု
မြောက်ကိုရီးယား လက်နက် မြန်မာ ဝယ်ဆဲလို့ ကန်ပြော
ဥပဒေပြုရေး အစိုးရ ဝင်စွက်မှုတွေရှိ
အမေရိကန် နဲ့ ရုရှားသမ္မတ ၂ ဦး ယူကရိန်းကိစ္စ ဖုန်းဆက်ဆွေးနွေး
Russia နဲ့ပူးပေါင်းဖို့ Crimea လွှတ်တော်ဆုံးဖြတ်
AIDS ရောဂါ ပျောက်နိုင် ခြေလမ်းစပေါ်လာ
အမျိုးသမီးသုံး HIV တား ပစ္စည်းသစ်
ရုရှား ယူကရိန်း တိုက်ရိုက်ဆွေးနွေးဖို့ John Kerry တောင်းဆို
ကလေးများ နဲ့ နှာခေါင်းသွေးယိုခြင်း
ပဋိပက္ခနဲ့ သတင်းမီဒီယာ အခန်းကဏ္ဍ
VOA60 World
No comments:
Post a Comment