ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ မတ်လ ၀၈၊ ၂၀၁၄ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ တီဗွီမဂ္ဂဇင်း၊ တီဗွီသတင်းလွှာ အစီအစဉ်များ... |
| မြန်မာ ညီညွတ်ရေး အတွက် ရခိုင်ပါတီနှစ်ခုပေါင်း ဖွဲ့စည်း ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် ALD နဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ RNDP တို့ကို တရားဝင် ဖျက်သိမ်းပြီး ရခိုင်အမျိုးသားပါတီ ANP ကို တရားဝင် နိုင်ငံရေးပါတီတခုအဖြစ် မတ်လ ၆ ရက်နေ့ နေ့စွဲနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကနေ ခွင့်ပြုလိုက်ပါတယ်။ အပြည့်အစုံ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် သတ်မှတ်ဖို့ မြန်မာနိုင်ငံက နှစ်နေရာကို UNESCO ရွေးချယ် မြန်မာနိုင်ငံ ချင်းပြည်နယ်အတွင်းက နတ်မားတောင်နဲ့ ကချင်ပြည်နယ် အတွင်းက အင်းတော်ကြီးကန်တို့ကို UNESCO အဖွဲ့က ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် နေရာတွေအဖြစ် သတ်မှတ်ဖို့ ဦးစားပေးအဆင့်ထဲမှာ ထည့်သွင်းလိုက်ပြီ ဖြစ်ပါတယ်။ အပြည့်အစုံ မျိုးစောင့်ဥပဒေ ပြဌာန်းရေး သမ္မတ ကော်မရှင်ဖွဲ့ မျိုးစောင့် ဥပဒေတွေ ပြဌာန်းနိုင်ရေး အမျိုးဘာသာ၊သာသနာ ကာကွယ်စောင့်ရှောက်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌ အင်းစိန် ရွာမဆရာတော် ရဲ့ ပန်ကြားချက်ထဲက ဘာသာကူးပြောင်းမှု ဆိုင်ရာနဲ့ လူဦးရေ တိုးပွားမှုနှုန်း ထိန်းညှိရေးဆိုင်ရာတို့ အတွက် ကော်မရှင်ဖွဲ့မှာ ဖြစ်တဲ့အကြောင်း သမ္မတ ရုံးက ပြောပါတယ်။ အပြည့်အစုံ အင်ဒိုနီးရှား တော မီး ကြောင့် မီးခိုးမြူ ဖုံးလွှမ်း တောမီးကြောင့် မီးခိုးမြူတွေ ဖုံးလွှမ်းပြီး လမ်းပန်း ဆက်သွယ်ရေးတွေ ပြတ်တောက်ပြီး အခက်အခဲတွေ ကြုံနေရသလို၊ ဒေသခံတွေမှာလည်း အသက်ရှုမွန်းကြပ်မှုနဲ့အတူ တခြားဆက်နွယ်တဲ့ ဝေဒနာတွေကို ခံစားနေကြရပါတယ်။ အပြည့်အစုံ Muslim Brotherhood ကို အကြမ်းဖက် အဖွဲ့ အဖြစ် ဆော်ဒီ ကြေညာ မူစလင်ညီအကိုတော်များအဖွဲ့ကို အကြမ်းဖက် အဖွဲ့တခုအဖြစ် ဆော်ဒီ အာရေဗျ အစိုးရက တရားဝင်သတ်မှတ်လိုက်ပါတယ်။ အပြည့်အစုံ မလေး အတိုက်အခံခေါင်းဆောင် လိင်တူ ဆက်ဆံမှုနဲ့ စီရင်ချက် ပြန်ချခံရ မလေးရှားနိုင်ငံရဲ့ အတိုက်အခံခေါင်းဆောင် Anwar Ibrahim အပေါ် လိင်တူချင်း ဆက်ဆံတဲ့အမှုအတွက်၂၀၁၂ ခုနှစ်က တရားသေလွှတ်ပေးထားတဲ့ဆုံးဖြတ်ချက်ကို အယူခံတရားရုံးက ပြန်လည်ပြင်ဆင် စီရင်ချက်ချခဲ့ပါတယ်၊ အပြည့်အစုံ ကမ္ဘာကြီး ပူနွေးမှုကြောင့် ငှက်ဖျားရောဂါ အဖြစ်တိုးနိုင် ကမ္ဘာကြီးပူနွေးလာမှုကြောင့် ငှက်ဖျားရောဂါ ဖြစ်လေ့ဖြစ်ထမရှိတဲ့ဒေသတွေ၊ နေရာတွေ အထိကို အသက်ဆုံးရှုံးနိုင်တဲ့ ဒီရောဂါဟာ ပျံနှံ့ရောက်ရှိနိုင် တယ်လို့ ဗြိတိန်နဲ့ အမေရိကန် သုတေသီတွေက ခန့်မှန်းလိုက်ပါတယ်၊ အပြည့်အစုံ ကမ္ဘာတ၀ှမ်း လွှတ်တော်တွေမှာ အမျိုးသမီးကိုယ်စားလှယ်ဦးရေ တိုးပွား "လွှတ်တော်ထဲကိုရောက်လာပြီး ဘာမှ မပြောရဲ မဆိုရဲ ငုတ်တုတ်ထိုင်နေတယ်ဆိုရင်တော့ သူ့အတွက် အချိန်ကုန်ပါတယ်။ အဲ့လိုမျိုး အမျိုးသမီးတွေမဖြစ်အောင် အစောကြီးကတည်းက အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်းကို ရွေးချယ်တဲ့အခါမှာ နံပါတ်တစ်ကတော့ သတ္တိရှိရပါမယ်။ ပညာတတ်ရမယ်။ အရည်အချင်းရှိရမယ်" လွှတ်တော်အမတ် ဒေါ်စန္ဒာမင်း အပြည့်အစုံ ဂျပန်ကားကုမ္ဗဏီတွေရဲ့ အပိုသုံးပစ္စည်းနဲ့ တပ်ဆင်ရေးစက်ရုံတွေ မြန်မာနိုင်ငံမှာ ဖွင့်လှစ်တော့မယ့် သတင်း၊ ရန်ကုန်ခရီးသွား ပြည်သူ တွေအကြား မီးရထားကို ပိုပြီး အားကိုးလာနိုင်ဖို့ အဆိုပြုချက်တွေနဲ့ ယူကရိန်းနိုင်ငံ အရေး အမေရိကန်နဲ့ ရုရှားနိုင်ငံအကြား သဘောထားနဲ့ နောက်ဆုံးရ သတင်းတွေကို ရှုစားကြရမှာပါ။ အပြည့်အစုံ ဂျပန်နိုင်ငံက ကားကုမ္မဏီတွေ မြန်မာနိုင်ငံမှာ ကားပစ္စည်းထုတ်လုပ်ဖို့နဲ့ တပ်ဆင်ရေး စက်ရုံတွေ တည်ထောင်ဖို့ စီစဉ်နေတဲ့ သတင်းတွေ ရှုစားရပါမယ်။ အပြည့်အစုံ အော်စကာဆုပေးပွဲကြီးမှာ ဟောလိဝုဒ်မင်းသမီးတွေရဲ့ ပွဲတက်ဖက်ရှင်ကို သက်တံရောင် သတင်းလွှာ အစီအစဉ်မှာ ရှုစားနိုင်ပါတယ်။ အပြည့်အစုံ ရန်ကုန်မြို့နဲ့ အနီးဝန်းကျင်သွားလာနေတဲ့ ပြည်သူတွေအတွက် ရထားခတွေ တိုးမြှင့်သတ်မှတ် လိုက်တဲ့အတွက် စီးနင်းတဲ့ ပြည်သူတွေ လျော့နည်းလာနေပါတယ်။ ရထားကို အများပြည်သူ တွင်တွင်ကျယ်ကျယ်သုံးနိုင်စေဖို့ ပြုပြင်ပြောင်းလဲစရာတွေ ရှိနေတယ်လို့လည်း ဝေဖန်ပြောဆိုပါတယ်။ မြစ်မခ သတင်းအေဂျင်စီက မမေသင်္ကြန်ဟိန်က တင်ပြထားပါတယ်။ အပြည့်အစုံ အမေရိကန်ပြည်ထောင်စု ကာလီဖိုးနီးယားပြည်နယ်က ကျောင်းသားတချို့ဟာ အာကာသယာဉ်မှူးတွေနဲ့ အင်တာနက် ဗွီဒီယိုက တဆင့် တိုက်ရိုက်စကားပြောခွင့် ရခဲ့ကြပါတယ်။ လူငယ်တွေ သိပ္ပံပညာကို ပိုစိတ်ဝင်စား လာအောင် အာကာသအေဂျင်စီ နာဆာရဲ့ ကြိုးပမ်းမှုဖြစ်ကြောင်း Mike O'Sullivan သတင်းပေးပို့ထားတာကို ကိုဉာဏ်ဝင်းအောင်က ပြောပြပါမယ်။ အပြည့်အစုံ VOA60 World VOA60 World အပြည့်အစုံ |
| အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
| Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
ညီညွတ်ရေး အတွက် ရခိုင်ပါတီနှစ်ခုပေါင်း ဖွဲ့စည်း
ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် သတ်မှတ်ဖို့ မြန်မာနိုင်ငံက နှစ်နေရာကို UNESCO ရွေးချယ်
မျိုးစောင့်ဥပဒေ ပြဌာန်းရေး သမ္မတ ကော်မရှင်ဖွဲ့
အင်ဒိုနီးရှား တော မီး ကြောင့် မီးခိုးမြူ ဖုံးလွှမ်း
Muslim Brotherhood ကို အကြမ်းဖက် အဖွဲ့ အဖြစ် ဆော်ဒီ ကြေညာ
မလေး အတိုက်အခံခေါင်းဆောင် လိင်တူ ဆက်ဆံမှုနဲ့ စီရင်ချက် ပြန်ချခံရ
ကမ္ဘာကြီး ပူနွေးမှုကြောင့် ငှက်ဖျားရောဂါ အဖြစ်တိုးနိုင်
ကမ္ဘာတ၀ှမ်း လွှတ်တော်တွေမှာ အမျိုးသမီးကိုယ်စားလှယ်ဦးရေ တိုးပွား
VOA60 World
No comments:
Post a Comment