ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ မတ်လ ၀၉၊ ၂၀၁၄ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ တီဗွီမဂ္ဂဇင်း၊ တီဗွီသတင်းလွှာ အစီအစဉ်များ... |
မြန်မာ သမီးလေးဒုက္ခသည်တွေ ထပ်ပြီးပြောင်းရွှေ့ခိုင်း ပဲခူးတိုင်း၊ လှည်းကူးမြို့နယ်အတွင်းက တပ်ပိုင်မြေပေါ် ကျူးကျော်သူများအဖြစ် ဖယ်ရှားခံခဲ့ရတဲ့ ကျေးရွာ ၇ ရွာက ဒုက္ခသည် ၅၀၀ ကျော်ကို ခိုလှုံနေထိုင်ရာ အောင်သိဒ္ဓိ ဘုန်းကြီးကျောင်းက မတ်လ ၉ ရက်နေ့မှာ အပြီး ရွှေ့ပြောင်းပေးဖို့ အာဏာပိုင်တွေက ထပ်ပြီး သတိပေးထားပါတယ်။ အပြည့်အစုံ နိုင်ငံတကာအမျိုးသမီးများနေ့မှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက အမျိုးသမီးတွေနဲ့ အမျိုးသားတွေ တန်းတူ အခွင့်အရေးရရှိတဲ့အခါ လူမှုဝန်းကျင်ဟာ ပိုပြီး တိုးတက်အောင်မြင်တယ်လို့ ပြောခဲ့ပါတယ်။ အပြည့်အစုံ ခိုးယူ နိုင်ငံကူးလက်မှတ်နဲ့ ခရီးသည်နှစ်ဦး ပျောက်ဆုံး လေယာဉ်မှာ လိုက်ပါ ပျောက်ဆုံးနေတဲ့လေယာဉ်ပေါ်မှာ လိုက်ပါသွားတဲ့ ခရီးသည်နှစ်ဦးဟာ အခိုးခံရတဲ့နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူတွေ ဖြစ်နေတယ်လို့ တာဝန်ခံအရာရှိတွေက ပြောပါတယ်။ အပြည့်အစုံ အမေရိကန်သမ္မတ Barack Obama ဟာ ဥရောပခေါင်းဆောင်တွေနဲ့ ယူကရိန်းအရေးဆွေးနွေးဖို့ တယ်လီဖုန်းတွေ ထပ်ဆက်ခဲ့ပြီး ဒီခေါင်းဆောင်တွေ အားလုံးက ရုရှားအနေနဲ့ သူ့တပ်တွေကို သူ့ရဲ့ အခြေစိုက်စခန်းတွေဆီ ပြန်ပို့ရမယ်ဆိုတာ သဘောတူကြတယ်လို့ သမ္မတ အိမ်ဖြူက ကြေညာချက် ထုတ်ပြန်ပါတယ်။ အပြည့်အစုံ ဗီယက်နမ်နိုင်ငံ၊ တောင်ဘက်စွန်းမှာ ၆ မိုင်ကနေ ၉ မိုင်လောက်အထိ ကျယ်တဲ့ ဆီကွက်ကြီးတွေ တွေ့ရတဲ့နေရာမှာ ပျောက်ဆုံးသွားတဲ့ ခရီးစဉ် MH 370 လောယာဉ်ကို နိုင်ငံစုံက ပူးပေါင်းရှာဖွေ နေကြပါတယ်။ အပြည့်အစုံ တောမီးကြောင့် မီးခိုးမြူတွေ ဖုံးလွှမ်းပြီး လမ်းပန်း ဆက်သွယ်ရေးတွေ ပြတ်တောက်ပြီး အခက်အခဲတွေ ကြုံနေရသလို၊ ဒေသခံတွေမှာလည်း အသက်ရှုမွန်းကြပ်မှုနဲ့အတူ တခြားဆက်နွယ်တဲ့ ဝေဒနာတွေကို ခံစားနေကြရပါတယ်။ အပြည့်အစုံ မူစလင်ညီအကိုတော်များအဖွဲ့ကို အကြမ်းဖက် အဖွဲ့တခုအဖြစ် ဆော်ဒီ အာရေဗျ အစိုးရက တရားဝင်သတ်မှတ်လိုက်ပါတယ်။ အပြည့်အစုံ အပတ်စဉ် တီဗွီမဂ္ဂဇင်း တပတ်အတွင်း မြန်မာနဲ့ နိုင်ငံတကာ ထိပ်တန်းသတင်းဆောင်းပါးများ၊ မြန်မာနိုင်ငံ UNFPA ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ ဌာနကိုယ်စားလှယ် Janet Jackson နဲ့ မြန်မာ့သန်းခေါင်စာရင်းကောက်ခံမှုအကြောင်း တွေ့ဆုံမေးမြန်းခန်း။ အမေရိကန် အီဒီယံအသုံးအနှုန်း အင်္ဂလိပ်စာသင်ခန်းစာ။ ထင်ပေါ်ကျော်ကြားသူတွေအကြောင်း သက်တန့်ရောင်သတင်းလွှ အပြည့်အစုံ VOA60 World VOA60 World အပြည့်အစုံ |
အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
No comments:
Post a Comment