Sunday, February 5, 2012

VOA Burmese E-mail News Summary

ထိပ်တန်းသတင်း

မန္တလေးခရီး ဖျက်သိမ်းမှု လူထုကို ဒေါ်စုအသိပေး

ဒေါ်အောင်ဆန်းစုကြည် မန္တလေးကိုလာဖို့ ခရီးစဉ်ကို ရွှေ့ဆိုင်းထားတာနဲ့ ပတ်သက်ပြီး မန္တလေးလူထုကို ဒေါ်အောင်ဆန်းစုကြည်က အသိပေးချက် ပို့ခဲ့ပါတယ်။

ဆီးရီးယားဆိုင်ရာ ကုလဆုံးဖြတ်ချက် တရုတ်၊ ရုရှား ဗီတိုသုံး ပယ်ချ

ဆီးရီးယားအစိုးရကို ပြစ်တင်ရှုတ်ချထားတဲ့ လုံခြုံရေးကောင်စီရဲ့အဆိုပြုချက်ကို ရုရှားနဲ့ တရုတ်နိုင်ငံတို့က ဗီတိုအာဏာသုံးပြီး ပယ်ချလိုက်ပါတယ်။

"အာရပ်နွေဦး" လှုပ်ရှားမှုမျိုး တရုတ်မှာ ဖြစ်လာနိုင်

အာရပ်နွေဦး လို ဒီမိုကရေစီရေး လှုပ်ရှားမှုမျိုး တရုတ်နိုင်ငံမှာ ဖြစ်လာလိမ့်မယ်လို့ အမေရိကန် အထက်လွှတ်တော်အမတ် တစ်ဦးက သတိပေးပြောဆိုပါတယ်။

US Senator John McCain speaks at a press conference in Hanoi, Vietnam

ဆီးရီးယားအရေး လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ချဖို့ ပြင်ဆင်

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ ဆီးရီးယားအရေးနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်ကို ဒီကနေ့ မဲခွဲဆုံးဖြတ်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

The Security Council meets to discuss the situation in Syria at United Nations headquarters Tuesday, Jan. 31, 2012.

ရာသီဆိုးတဲ့ကြားက ရုရှားလူထု ဆန္ဒပြ

ရုရှားနိုင်ငံမြို့တော် မော်စကိုမှာ ရာသီဥတု အပြင်းအထန် အေးစက်နေတဲ့ကြားက နိုင်ငံရေး စုဝေးမှုတွေမှာ လူတွေ ထောင်နဲ့ချီ ပါဝင်ခဲ့ကြပါတယ်။

Demonstrators braving bitterly cold temperatures attend a massive protest against Prime Minister Vladimir Putin's rule in Moscow, Saturday, Feb. 4, 2012.

ကင်တားနား မြန်မာ့ လူ့အခွင့်အရေး အကဲခတ် ကိုင်တွယ်မည်

လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး အရေးပါတဲ့ သက်ရောက်မှုရှိတဲ့ ဆုံးဖြတ်ချက်တွေ မြန်မာအစိုးရ ချမှတ်နေတာ တွေ့နေရတယ်လို့ မစ္စတာကင်တားနားက ပြောပါတယ်။

ဒဏ်ခတ်မှု၊ တိုက်ခိုက်မှု အီရန် လက်တုံ့ပြန်မည်

အနောက်နိုင်ငံတွေရဲ့ အီရန်အပေါ် ပိတ်ဆို့ အရေးယူမှုတွေနဲ့ တိုက်ခိုက်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေကို အီရန်ဘက်က လက်တုံ့ပြန်သွားမယ်လို့ ဆိုပါတယ်

ဂျာမဏီနဲ့ မဟာဗျူဟာ ဆက်ဆံရေး ထူထောင်ဖို့ တရုတ်လိုလား

တရုတ်နိုင်ငံဟာ ဂျာမဏီနိုင်ငံနဲ့ မဟာဗျူဟာမြောက် ဆက်ဆံရေး တိုးတက်အောင်လုပ်ဖို့ စိတ်အား ထက်သန်နေတယ်လို့ တရုတ်သမ္မတ ပြောကြားလိုက်ပါတယ်။

German Chancellor Angela Merkel (L) shakes hands with Chinese Premier Wen Jiabao before a news conference in the Great Hall of the People in Beijing February 2, 2012.

ဒေါ်စုရောက်မယ့်နေ့ ပုသိမ်တက္ကသိုလ် မဖြေမနေရစာမေးပွဲ စစ်မည်

လာမယ့် ဖေဖော်ဝါရီ ၇ ရက် ဒေါ်အောင်ဆန်းစုကြည် ပုသိမ်ခရီးစဉ်နေ့မှာ ပုသိမ်တက္ကသိုလ်မှာ Pre Exam စာမေးပွဲ စစ်မယ်လို့ ရုတ်တရက် ကြေညာလိုက်ပါတယ်။

ဒေါ်လာတစ်သောင်းအထိ တရားဝင် လဲနိုင်ပြီ

မြန်မာနိုင်ငံက ငွေလွှဲကောင်တာတွေမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစလို့ အမေရိကန် ဒေါ်လာ တစ်သောင်းအထိ စာရွက်စာတမ်း ပြစရာမလိုဘဲ လဲခွင့်ရှိသွားပါပြီ။

Myanmar banknotes are shown with U.S. dollars in Yangon, Myanmar, Thursday, June, 9, 2011.
ဆက်ရန်

အီးမေးလ်

သတင်း
မြန်မာသတင်း
နိုင်ငံတကာသတင်း
သတင်းသုံးသပ်ချက်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင်

အကူအညီရယူရန်။

သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

No comments:

Post a Comment