Saturday, February 18, 2012

VOA Burmese E-mail News Summary

ထိပ်တန်းသတင်း

ပါတီများ အသံလွှင့် ဟောပြောခွင့် ချုပ်ချယ်လွန်း

ကြားဖြတ်ရွေးကောက်ပွဲအတွက် ရေဒီယိုနဲ့ ရုပ်မြင်သံကြားတို့ကနေ နိုင်ငံရေးပါတီတွေ ဟောပြောတင်ပြခွင့် ကန့်သတ်ချက်တွေကို ဦးဝင်းတင်က ဝေဖန်ပါတယ်။

အီရန်ဆွေးနွေးဖို့ ကမ်းလှမ်းချက် ကန်နဲ့ အီးယူ သတိနဲ့ကြို

နျူကလီးယားအရေး ဆွေးနွေးပွဲတွေ ပြန်စဖို့ အီရန်ရဲ့ ကမ်းလှမ်းချက်ကို သတိနဲ့ကြိုဆိုကြောင်း အမေရိကန်နဲ့ ဥရောပ အရာရှိတွေက ပြောပါတယ်။

Secretary of State Hillary Rodham Clinton and EU High Representative Catherine Ashton take part in a news conference at the State Department in Washington, February 17, 2012

အမေရိကန် လွှတ်တော်ကို တိုက်ခိုက်မဲ့သူကို လက်ရဖမ်းမိ

အမေရိကန် ကွန်ဂရက်လွှတ်တော် အနီး အကြမ်းဖက် တိုက်ခိုက်မှုကို စီစဉ်နေတယ်လို့ မသင်္ကာရသူကို ဖမ်းဆီးမိကြောင်း လုံခြုံရေး အရာရှိတွေက ပြောကြပါတယ်။

Capitol Police officer Angel Morales stands on guard on the West side of the Capitol in Washington after a man was arrested in an FBI sting operation near the U.S. Capitol, February 17, 2012.

NLD ကို မဲပေးဖို့ ဖျာပုံလူထုကို ဒေါ်စု တိုက်တွန်း

လူထုဘ၀တွေကို လုံခြုံမှု ပေးနိုင်မယ့် ဒီမိုကရေစီစနစ် ကြိုးပမ်းမှုတွေမှာ လူထုအားလုံး ပါဝင်ဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။

Myanmar's pro-democracy leader Aung San Suu Kyi talks to supporters during a campaign stop in Pyar Pon township, Myanmar, Friday, Feb. 17, 2012. (AP Photo/Khin Maung Win)

မြန်မာအစိုးရခေါင်းဆောင်ပိုင်း အီးယူ ပြည်ဝင်ခွင့် ပိတ်ပင်မှု ရုပ်သိမ်း

မြန်မာသမ္မတနဲ့ အစိုးရခေါင်းဆောင်ပိုင်း အပေါ် ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်မှုကို ဥရောပသမဂ္ဂက ရုပ်သိမ်းပေးလိုက်ပါတယ်။

အလုပ်အကိုင် ဖန်တီးရေး ကုလအကြံပေး တိုက်တွန်း

မြန်မာနိုင်ငံမှာ ကျန်းမာရေး၊ ပညာရေး၊ အလုပ်အကိုင် ဖန်တီးပေးရေး ကိစ္စတွေ တိုးတက်အောင် လုပ်ဆောင်ဖို့ မစ္စတာ နမ်ဘီးယားက တိုက်တွန်းလိုက်ပါတယ်။

အာဖဂန်ပြဿနာ ပြည်ပစွက်ဖက်မှုအဖြစ် အီရန်ခေါင်းဆောင် ဝေဖန်

ဒေသတွင်း ပြဿနာ အားလုံးရဲ့ အရင်းအမြစ်ဟာ နိုင်ငံခြားတိုင်းပြည်တွေရဲ့ ၀င်ရောက် စွက်ဖက်မှုတွေကြောင့် ဖြစ်တယ်လို့ အီရန်သမ္မတက ပြောလိုက်ပါတယ်။

ဆီးရီးယားသမ္မတ နှုတ်ထွက်ဖို့ ကုလတောင်းဆို

သမ္မတဘက်ရှာ အယ်လ် အာဆဒ် နုတ်ထွက်ပေးဖို့ နိုင်ငံပေါင်း ၁၃၇ နိုင်ငံက ထောက်ခံ၊ ၁၇ နိုင်ငံကကြားနေပြီး ၁၂ နိုင်ငံက ကန့်ကွက်ခဲ့ပါတယ်။

The UN Security Council

သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးမှာ အာရှ အဓိကကျ

အစားထိုးလောင်စာစွမ်းအင် ထုတ်လုပ်သုံးစွဲရာမှာ ငွေကြေးကုန်ကျမှုများပေမယ့် အာရှ-ပစိဖိတ်ဒေသက သဘာဝပတ်ဝန်းကျင်မပျက်စီးရေးမှာ ဦးဆောင်နေပါတယ်။

စကော့တလန်ခွဲထွက်ရေး ဗြိတိန်ဝန်ကြီးချုပ် ကန့်ကွက်

စကော့တလန်ဟာ အင်္ဂလန်လိုကိုယ့်ဖာသာ အုပ်ချုပ်ကောင်းအုပ်ချုပ်သွားနိုင်မှာဖြစ်ပေမဲ့ အတူရှိတာက ပိုကောင်းမယ်လို့ ဝန်ကြီးချုပ်ကမ်မရွန်က ပြောပါတယ်

ဆက်ရန်

အီးမေးလ်

သတင်း
မြန်မာသတင်း
နိုင်ငံတကာသတင်း
သတင်းသုံးသပ်ချက်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင်

အကူအညီရယူရန်။

သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

No comments:

Post a Comment