Friday, May 11, 2012

VOA Burmese E-mail News Summary

ထိပ်တန်းသတင်း

တိုင်းရင်းသားဒေသ ဖွံ့ဖြိုးရေးကိုပါ စဉ်းစားဖို့ ရင်းနှီး မြှုပ်နှံသူတွေကို ဒေါ်စု တိုက်တွန်း

ပြည်မကြီးထက်ပိုဆင်းရဲတဲ့ တိုင်းရင်းသားဒေသတွေမှာလည်း ရင်းနှီးမြှုပ်နှံဖို့ကိုလည်း စဉ်းစားကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။

မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ဥရောပပါလီမန်လေ့လာ

သူရဦးရွှေမန်းဦးဆောင်တဲ့ မြန်မာဥပဒေပြုလွှတ်တော် ကိုယ်စားလှယ်အဖွဲ့ ဥရောပပါလီမန်ကိုလေ့လာရေးခရီးအဖြစ် ဘယ်လ်ဂျီယန်ကို ရောက်နေပါတယ်။

ဆီးရီးယားအသေခံဗုံးခွဲမှု လူ ၅၀ ကျော် သေဆုံး

ဆီးရီးယားပြည်တွင်းမငြိမ်သက်မှု ၁၄ လအတွင်း အသေအပျောက်အများဆုံး အသေခံဗုံးခွဲတိုက်ခိုက်မှုမှာ လူ ၅၀ ကျော်သေဆုံးခဲ့ပါတယ်။

မြန်မာ့အပြောင်းအလဲ စိတ်မချရသေး

မြန်မာနိုင်ငံတွင်းက ပြုပြင် ပြောင်းလဲမှုတွေ ဘယ်လောက်ခိုင်မာမလဲ စောင့်ကြည့်ဖို့ လိုအုံးမယ်လို့ ပိုလန် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

အိုလံပစ် မီးရှုးတိုင် စတင်သယ်ဆောင်

အိုလံပစ်မီးကို လက်ဆင့်ကမ်း သယ်သွားမဲ့ မီးရှုးမှာ ထွန်းညှိတဲ့ အခမ်းအနားကို ဂရိနိုင်ငံမှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။

ရုရှားလေယာဉ်ပျက်အနီး ရုပ်အလောင်းများ သယ်ယူ

အင်ဒိုနီးရှားနိုင်ငံမှာ ပျက်ကျခဲ့တဲ့ ရုရှား လေယာဉ်နဲ့ လူသေ အလောင်းတွေကို တွေ့တယ်လို့ အင်ဒိုနီးရှား ကယ်ဆယ်ရေးတွေက ပြောပါတယ်။

Relatives inspect the list of passengers on board a missing Russian airplane at Halim Perdanakusuma Airport in Jakarta, Indonesia, May 9, 2012.

မြန်မာ့တိုးတက်မှု အထွေထွေညီလာခံ အသိအမှတ်ပြုဖို့ Mr. Ban တိုက်တွန်း

မြန်မာ့ပြုပြင်ပြောင်းလဲမှုတွေ တိုးတက်မှုရှိအောင် ဘယ်လိုကူညီနိုင်မလဲ အဖြေထုတ်ဖို့ ကုလအတွင်းရေးမှူးချုပ်က အထွေထွေညီလာခံကို တိုက်တွန်းခဲ့ပါတယ်

UN Secretary General Ban Ki-moon

မြန်မာအပေါ်ဒဏ်ခတ်မှု ဆွစ်ဇာလန်ရုပ်သိမ်း

မြန်မာနိုင်ငံအတွင်းက ပြုပြင်ပြောင်းလဲမှုတွေကို ထောက်ခံတဲ့အနေနဲ့ ဆွစ်ဇာလန်နိုင်ငံကလည်း အရေးယူဒဏ်ခတ်မှုတွေကို ရုပ်သိမ်းလိုက်ပါပြီ။

လိင်တူချင်းထိမ်းမြားမှု Obama ထောက်ခံ

အမေရိကန်မှာ လိင်တူချင်း လက်ထပ်ထိမ်းမြားတာကို ခွင့်ပြုသင့်တယ်လို့ ယူဆကြောင်း သမ္မတအိုဘားမားက ပြောလိုက်ပါတယ်။

President Barack Obama is seen on television monitors in the White House briefing room when he told an ABC interviewer he supports gay marriage, in Washington, May 9, 2012.

ရွေးကောက်ပွဲ မသမာမှု ကော်မရှင် ငြင်းဆို

ကြားဖြတ်ရွေးကောက်ပွဲ မဲပြားတွေ ဖယောင်းသုတ်ထားတယ်ဆိုတဲ့စွဲချက် မမှန်ကြောင်း နိုင်ငံပိုင်သတင်းစာမှာ ရွေးကောက်ပွဲကော်မရှင်ကို ကိုးကားဖော်ပြ

ဆက်ရန်

အီးမေးလ်

သတင်း
မြန်မာသတင်း
နိုင်ငံတကာသတင်း
သတင်းသုံးသပ်ချက်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင်

အကူအညီရယူရန်။

သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

No comments:

Post a Comment