Tuesday, May 29, 2012

VOA Burmese E-mail News Summary

ထိပ်တန်းသတင်း

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ လုံခြုံရေးပူးပေါင်းဆောင်ရွက်မည်။

အိန္ဒိယအစိုးရကို ဆန့်ကျင်တဲ့သူပုန်တွေ မြန်မာပိုင်နက်ထဲမှာမရှိစေရဘူးလို့ မြန်မာသမ္မတကပြောကြောင်း အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်ကပြောပါတယ်။

ကျဆုံးသူစစ်သည်တွေ သမ္မတအိုဘားမား ဂုဏ်ပြု

အောက်မေ့ဖွယ်နေ့မှာ သမ္မတဘရက်ခ်အိုဘားမားက အမေရိကန်ပြည်ထောင်စုရဲ့ စစ်ပြန်စစ်မှုထမ်းတွေနဲ့ သူတို့မိသားစုဝင်တွေကို ဦးညွှတ်ဂုဏ်ပြုပါတယ်။

အိန္ဒိယ-မြန်မာ စီးပွားရေးသဘောတူညီမှုတွေရရှိ

အိန္ဒိယဝန်ကြီးချုပ်ဆင်းဂ်ရဲ့ မြန်မာပြည်ခရီးစဉ်အတွင်း နှစ်နိုင်ငံရဲ့ ဖွံ့ဖြိုးရေး၊ စီး/ကူးအပြင် လုံခြုံရေးဆိုင်ရာတွေကိုပါ ဆွေးနွေးကြပါတယ်။

သမ္မတဦးသိန်းစိန် ထိုင်းခရီးစဉ်ဖျက်

ထိုင်းနိုင်ငံမှာကျင်းပမယ့် ကမ္ဘာ့စီးပွားရေးဖိုရမ် WEF မှာ သမ္မတဦးသိန်းစိန်တက်ရောက် စကားပြောမယ့်အစီအစဉ်ကို ဖျက်သိမ်းလိုက်ပါတယ်။

အစာငတ်ခံ ဆန္ဒပြသူ အလုပ်သမားတချို့ဆေးရုံရောက်

သံမဏိစက်ရုံရှေ့မှာ အစာငတ်ခံဆန္ဒပြနေကြတဲ့ အလုပ်သမားတွေထဲ သွေးဝမ်းသွားလို့ ဆေးရုံပို့လိုက်ရသလို တချို့လည်း သတိလစ်မေ့မျောသွားကြပါတယ်။

ဆီးရီးယား တိုက်ခိုက်မှုတွေအပေါ် ငြိမ်းချမ်းရေး ကိုယ်စားလှယ်စိုးရိမ်

ငြိမ်းချမ်းရေးသံတမန်ကိုဖီအာနန်က ဆီးရီးယားမှာ ၁၅ လကြာဖြစ်နေတဲ့ အကြမ်းဖက်မှုတွေရပ်ဖို့ ထပ်မံတောင်းဆိုလိုက်ပါတယ်။

In this citizen journalism image provided by the Local Coordination Committees in Syria, black smoke rises from buildings in Homs, March 27, 2012 (AP is unable to independently verify the authenticity, content, location or date of this handout photo.)

အိန္ဒိယဝန်ကြီးချုပ် သမ္မတဦးသိန်းစိန်နဲ့တွေ့မည်

၂၅ နှစ်အတွင်း မြန်မာပြည်ကို ပထမဆုံးလာမယ့် အိန္ဒိယဝန်ကြီးချုပ်ရဲ့ခရီးစဉ်အတွင်း အစိုးရအဖွဲ့နဲ့တွေ့ဆုံမှာဖြစ်သလို ဒေါ်စုနဲ့လည်းတွေ့ဖို့ရှိ

ကချင်သတင်းထောက် လဖိုင်နော်မိန်း ပြည်သူ့ဂုဏ်ရည်ဆုရ

၂၀၁၂ ခုအတွက် တတိယမြောက် ပြည်သူ့ဂုဏ်ရည်ဆုကို Kachinland News သတင်းဌာနကို ကချင်တိုင်းရင်းသား လဖိုင်နော်မိန်းကို ချီးမြှင့်လိုက်ပါတယ်။

အိန္ဒိယ၀န်ကြီးချုပ် မြန်မာနိုင်ငံရောက်

အိန္ဒိယ ဝန်ကြီးချုပ် မန်းမိုဟန်ဆင်း ဟာ ဒီကနေ့မေလ ၂၇ ရက် တနင်္ဂနွေ ညနေက မြန်မာနိုင်ငံ နေပြည်တော်ကို ရောက်နေပါပြီ။

ဆန္ဒပြစက်ရုံတချို့ ညှိနှိုင်းလို့ မရနိုင်သေး

လှိုင်သာယာက စက်ရုံ ၁၀ ရုံ ဆန္ဒပြနေတဲ့အထဲ စက်ရုံ ၅ ရုံဟာ ကနေ့ထိ ပိုင်ရှင်တွေနဲ့ ညှိနှိုင်း မရဘဲ ဖြစ်နေပါတယ်။

ဆက်ရန်

အီးမေးလ်

သတင်း
မြန်မာသတင်း
နိုင်ငံတကာသတင်း
သတင်းသုံးသပ်ချက်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင်

အကူအညီရယူရန်။

သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

No comments:

Post a Comment