Wednesday, May 30, 2012

VOA Burmese E-mail News Summary

ထိပ်တန်းသတင်း

ဒေါ်စုကို မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ဝမ်းပမ်းတသာ ကြိုဆို

ဒေါ်စုကိုတွေ့ဖို့ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ စိတ်အားတက်ကြွနေကြပြီး သူတို့အခက်အခဲတွေကို ပြောဖို့လည်း အားခဲထားပါတယ်။

မြောက်ကိုရီးယားကို ကွန်မန်ဒိုတပ်တွေ စေလွှတ်တဲ့သတင်း အမေရိကန်ငြင်း

မြောက်ကိုရီးယားကို ထောက်လှမ်းရေးသတင်းယူဖို့ အမေရိကန်ကွန်မန်ဒိုတပ်တွေ လေထီးနဲ့ဆင်းတယ်ဆိုတဲ့သတင်း မမှန်ကြောင်း အမေရိကန်ဘက်က ငြင်းပါတယ်။

ဆီးရီးယားသံတမန်တွေကို အနောက်နိုင်ငံတွေ ပြည်နှင်ဒဏ်ပေး

ကလေးငယ်တွေအပါအဝင် လူပေါင်း ၁၀၀ ကျော်ကို သတ်ဖြတ်ခဲ့မှုနဲ့ ဆီးရီးယားသံတမန်တွေကို အနောက်နိုင်ငံတွေက နှင်ထုတ်နေပါပြီ။

ဒေါ်အောင်ဆန်းစုကြည် နေရူး အထိမ်းအမှတ် မိန့်ခွန်းပြောမည်

အိန္ဒိယ၀န်ကြီးချုပ် Manmohan Singh နဲ့ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့ ဒီကနေ့က မနက်ပိုင်းမှာ တွေ့ဆုံခဲ့ကြပါတယ်။

ဆန္ဒပြပွဲ ပါတီတွေ အမြတ်မထုတ်ဖို့ ကော်မရှင် သတိပေး

ဆန္ဒပြမှုတွေမှာ နိုင်ငံရေးပါတီတွေ မပတ်သက်ကြဖို့ ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင် က နိုင်ငံရေးပါတီ တချို့ကို ခေါ်ယူ သတိပေးခဲ့ပါတယ်။

အယ်လ်ကိုင်းဒါး ဒုခေါင်းဆောင် သေဆုံး

အာဖဂနစ္စတန် နိုင်ငံမှာ ရှိနေတဲ့ အယ်လ်ခိုင်းဒါး အကြမ်းဖက်အဖွဲ့ရဲ့ ဒုတိယအဆင့်အမြင့်ဆုံး ခေါင်းဆောင် သေဆုံးသွားပါတယ်။

နျူကလီယား ဒုံးကျည် ပါကစ္စတန် စမ်းသပ်အောင်မြင်

နျူကလီယား ထိပ်ဖူး တပ်ဆင်နိုင်တဲ့ တာတိုပစ် ဒုံးကျည်ကို စမ်းသပ်ပစ်လွှတ်နိုင်ပြီလို့ ပါကစ္စတန် စစ်တပ်က ကြေငြာလိုက်ပါတယ်။

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ လုံခြုံရေးပူးပေါင်းဆောင်ရွက်မည်။

အိန္ဒိယအစိုးရကို ဆန့်ကျင်တဲ့သူပုန်တွေ မြန်မာပိုင်နက်ထဲမှာမရှိစေရဘူးလို့ မြန်မာသမ္မတကပြောကြောင်း အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်ကပြောပါတယ်။

ကျဆုံးသူစစ်သည်တွေ သမ္မတအိုဘားမား ဂုဏ်ပြု

အောက်မေ့ဖွယ်နေ့မှာ သမ္မတဘရက်ခ်အိုဘားမားက အမေရိကန်ပြည်ထောင်စုရဲ့ စစ်ပြန်စစ်မှုထမ်းတွေနဲ့ သူတို့မိသားစုဝင်တွေကို ဦးညွှတ်ဂုဏ်ပြုပါတယ်။

အိန္ဒိယ-မြန်မာ စီးပွားရေးသဘောတူညီမှုတွေရရှိ

အိန္ဒိယဝန်ကြီးချုပ်ဆင်းဂ်ရဲ့ မြန်မာပြည်ခရီးစဉ်အတွင်း နှစ်နိုင်ငံရဲ့ ဖွံ့ဖြိုးရေး၊ စီး/ကူးအပြင် လုံခြုံရေးဆိုင်ရာတွေကိုပါ ဆွေးနွေးကြပါတယ်။

ဆက်ရန်

အီးမေးလ်

သတင်း
မြန်မာသတင်း
နိုင်ငံတကာသတင်း
သတင်းသုံးသပ်ချက်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင်

အကူအညီရယူရန်။

သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

No comments:

Post a Comment