Tuesday, May 22, 2012

VOA Burmese E-mail News Summary

ထိပ်တန်းသတင်း

ပိတ်ဆို့မှု ဆိုင်းငံ့ရေး ဆုံးဖြတ်ချက် ၀န်ကြီးကလင်တန် ဒေါ်စုနဲ့ဆွေးနွေး

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဖုံးနဲ့ဆက်သွယ်ပြီး အရေးယူ ဒဏ်ခတ်မှုတွေအကြောင်း ဆွေးနွေးခဲ့ပါတယ်။

Secretary of State Hillary Clinton

ဖြိုးဝေအောင် အသည်းကင်ဆာ နောက်ဆုံးအဆင့်ရောက်

၂၀၁၀ သင်္ကြန် ဗုံးပေါက်ကွဲမှုနဲ့ သေဒဏ်ချမှတ်ခံရသူ ဆောက်လုပ်ရေးအင်ဂျင်နီယာ ကိုဖြိုးဝေအောင် အသည်းကင်ဆာ နောက်ဆုံးအဆင့်ကိုရောက်နေပြီ။

ဖြိုးဝေအောင် ကျန်းမာရေး ကင်တားနား အနီးကပ်စောင့်ကြည့်

ကိုဖြိုးဝေအောင်ရဲ့ ကျန်းမာရေး အခြေအနေကို အထူး စိုးရိမ်တဲ့အကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနားက ပြောပါတယ်။

U.N. human rights envoy, Tomas Ojea Quintana speaks to reporters during a press conference at Yangon International airport in Yangon, Myanmar, Sunday, Feb. 5, 2012. (AP Photo/Khin Maung Win)

အာဖဂန်လမ်းပြမြေပုံ NATO ချမှတ်

နေတိုးစစ်စာချုပ်အဖွဲ့ဆွေးနွေးပွဲကနေ အာဖဂန်ကနေတိုးရဲ့ အခန်းကဏ္ဍဆိုင်ရာ လမ်းပြမြေပုံတခု ထွက်လာကာနီးပြီးလို့ အိုဘားမားက ပြောပါတယ်။

ယီမင်မှာ အယ်လ်ခိုင်းဒါး ဗုံးခွဲလက်စားချေ

ယီမင်နိုင်ငံမှာ တနင်္လာနေ့က အသေခံ ဗုံးခွဲတိုက်ခိုက်မှုအတွင်း လူပေါင်း ၉၆ ယောက်သေဆုံးပြီး ၂၀၀ ကျော် ဒဏ်ရာ ရခဲ့ကြပါတယ်။

လျှပ်စစ်မီးရရေး မန္တလေးမှာ ဆက်လက် ဆန္ဒပြ

လျှပ်စစ်မီး အလုံအလောက်မရတာကြောင့် ဆန္ဒပြမှုတွေဖြစ်နေပြီး ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အားပေးအဖွဲ့ဥက္ကဋ္ဌက ၃ ပတ်အတွင်း ပြေလည်မယ်လို့ ပြောပါတယ်။

အလုပ်သမား ဆန္ဒပြပွဲတွေ ဆက်ဖြစ်

လုပ်အားခ တလ ၃ သောင်းရရှိရေး အလုပ်သမားတွေ ဆက်လက်ဆန္ဒပြနေဆဲဖြစ်ပြီး အလုပ်ရှင်တွေက အလုပ်ပြန်ဆင်းဖို့ အဓမ္မကြိုးစားမှုတွေ ရှိနေပါတယ်။

မလေးရှား အတိုက်အခံခေါင်းဆောင် တရားစွဲခံရမယ့် အရေးနဲ့ကြုံ

ငြိမ်းချမ်းစွာစုရုံးခွင့် ချိုးဖောက်မှုနဲ့ တရားရင်ဆိုင်ဖို့ မလေးရှားအာဏာပိုင်တွေက အတိုက်အခံခေါင်းဆောင် အဏ္ဏဝါအီဘရာဟင်ကို ဆင့်ခေါ်ထားပါတယ်။

Malaysian opposition leader Anwar Ibrahim, center, speaks to his supporters after coming out from the High Court where he heard the verdict of his sodomy trial in Kuala Lumpur, Malaysia, January 9, 2012.

တရုတ်ရဲအရာရှိဟောင်း နိုင်ငံတော် သစ္စာဖောက်မှုနဲ့ အရေးယူခံရမည်

နိုင်ငံတော်သစ္စာဖောက်ရန်ကြံစည်မှုအဖြစ် သတ်မှတ်ရင် ရဲအရာရှိဟောင်း ဝမ်ဟာ သေဒဏ်ကျခံရနိုင်ဖွယ် ရှိနေပါတယ်။

ဒေါ်စု ဖိလစ်ပိုင် လွတ်လပ်ရေးနေ့ တက်ရောက်ဖွယ်ရှိ

ဖိလစ်ပိုင်သမ္မတက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အခုနှစ်အတွင်း ဖိလစ်ပိုင်ကို လာရောက်ဖို့ ဖိတ်ကြားထားပါတယ်။

Aung San Suu Kyi VOA 7oth Anniversary Video Message
ဆက်ရန်

အီးမေးလ်

သတင်း
မြန်မာသတင်း
နိုင်ငံတကာသတင်း
သတင်းသုံးသပ်ချက်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင်

အကူအညီရယူရန်။

သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

No comments:

Post a Comment