Sunday, May 13, 2012

VOA Burmese E-mail News Summary

ထိပ်တန်းသတင်း

ပိုလန် - မြန်မာ ဒီမိုကရေစီ အတွေ့အကြုံ နှီးနှော

တပါတီ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းရေး ပိုလန်နဲ့ မြန်မာတို့ရဲ့ အတွေ့အကြုံ နှီးနှောဖလှယ်ပွဲတခု ရန်ကုန်မှာ ကျင်းပနေပါတယ်။

Poland - Burma Democracy Workshop in Rangoon. May 10th -14th 2012.

သမာရိုးကျ ကျား-မ အိမ်ထောင်ပြုမှုထောက်ခံသူ Romney ကို လူကြိုက်များ

အမျိုးသမီးနဲ့ အမျိုးသားကြား လက်ထက် ပေါင်းသင်းတဲ့ ဓမ္မတာ အိမ်ထောင်ရေးကို ရီပက်ပီကန်သမ္မတလောင်း ရွန်မနီက ထောက်ခံ ပြောဆိုသွားပါတယ်။

Mitt Romney, President Barack Obama's likely challenger in the November election, speaks at the Liberty University commencement ceremony in Lynchburg in the US state of Virginia May 12, 2012.

မြောက်ကိုးရီးယား လွှတ်တော်ဥက္ကဋ္ဌ စင်္ကာပူနဲ့အင်ဒိုနီးရှား ခရီးထွက်

မြောက်ကိုးရီးယား လွှတ်တော် သဘာပတိအဖွဲ့ရဲ့ ဥက္ကဋ္ဌ ကင်ယုံနမ်းဟာ စင်္ကာပူနဲ့ အင်ဒိုနီးရှားနိုင်ငံတွေကို ခရီးထွက်နေပါတယ်။

In this Thursday, April 12, 2012 file photo, Kim Yong Nam, President of the Presidium of the Supreme People's Assembly of North Korea, claps as he attends the World Congress on the Juche Idea in Pyong

တရုတ်ပြည် မိုးသီးမုန်တိုင်း လူ လေးဆယ်နီးပါး သေဆုံး

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဂန်ဆုပြည်နယ်မှာ မေလ ၁၀ ရက်နေ့ ညပိုင်းက စလို့ မုတ်သုန်မိုး မုန်တိုင်းဒဏ် ခံနေကြရပါတယ်။

မြန်မာ့အပြောင်းအလဲ အမေရိကန်အနီးကပ်စောင့်ကြည့်

မြန်မာနိုင်ငံဟာ နောက်ကြောင်းပြန်လှည့်နိုင်မယ့်အလားအလာရှိနေသေးလို့ သတိနဲ့ ဆက်ဆံနေကြောင်း အကြီးတန်းသံတမန်တဦးကပြောပါတယ်

အကျဉ်းကျခံ ယူကရိန်းဝန်ကြီးချုပ်ဟောင်းကို လစ်သူရေးနီးယားသမ္မတတွေ့

အခွန်ရှောင်မှု၊ လာဘ်ယူမှုတွေနဲ့ ထောင်ဒဏ်ချမှတ်ခံနေရတဲ့ ယူကရိန်းဝန်ကြီးချုပ်ဟောင်းကို လစ်ယူရေးနီးယားသမ္မတက ထောင်ထဲမှာသွားတွေ့ခဲ့ပါတယ်။

လိုင်ဘေးရီးယားသမ္မတဟောင်း ထောင်ဒဏ်နှစ် ၈၀ ချဖို့ တရားလိုရှေ့နေတွေ အဆိုတင်

လိုင်ဘေးရီးယားသမ္မတဟောင်းချားလ်တေလာအပေါ် စစ်ရာဇဝတ်မှု၊ လူမဆန်မှုတွေနဲ့ တရားစွဲဆိုထာတာကို ထောင်ဒဏ် နှစ် ၈၀ ချဖို့ တရားလိုရှေ့နေတွေက တောင်းဆို

သမ္မတရုံးအင်တာနက်စာမျက်နှာ စတင်ဖွင့်လှစ်

မြန်မာနိုင်ငံတော်သမ္မတရုံး၊ သတင်းပြန်ကြားရေးရုံးက ပထမဆုံး Website မှာ အုပ်ချုပ်ရေး၊ အစိုးရအဖွဲ့၊ လွှတ်တော်ကဏ္ဍတွေခွဲပြီး တင်ထားပါတယ်။

အလွဲသုံးစားမှု သတင်းရေးသူဖော်ထုတ်ဖို့ တရားလိုတောင်းဆို

သတ္ထုတွင်းဝန်ကြီးဌာနအလွဲသုံးစားလုပ်တယ်လို့ ဖော်ပြခဲ့တဲ့ The Voice ဂျာနယ်ကို သတ္ထုတွင်းဝန်ကြီးက စွဲဆိုတဲ့အမှု ဒီနေ့ကြားနာစစ်ဆေးပါတယ်။

HIV ကာကွယ်ဆေးသစ် အမေရိကန်အတည်ပြုမည်

HIV ကာကွယ်ဆေးသစ်ကို ပထမဆုံးအနေနဲ့ ဗဟိုအစိုးရအတည်ပြုချက်ပေးဖို့ အမေရိကန်ဆေးပညာရှင်အဖွဲ့က ထောက်ခံချက်ပေးလိုက်ပါတယ်။

A research laboratory
ဆက်ရန်

အီးမေးလ်

သတင်း
မြန်မာသတင်း
နိုင်ငံတကာသတင်း
သတင်းသုံးသပ်ချက်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင်

အကူအညီရယူရန်။

သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

No comments:

Post a Comment