Saturday, August 17, 2013

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ - သြဂုတ်လ ၁၇၊ ၂၀၁၃

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
 
ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
သြဂုတ်လ ၁၇၊ ၂၀၁၃

ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်...

 
မြန်မာ

အခြေခံဥပဒေပြင်ဆင်ရေး အုပ်ချုပ်ရေးပိုင်းကဏ္ဍ ဦးရွှေမန်း ပြော အခြေခံဥပဒေပြင်ဆင်ရေး အုပ်ချုပ်ရေးပိုင်းကဏ္ဍ ဦးရွှေမန်း ပြော
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြောင်းလဲရေးမှာ အုပ်ချုပ်ရေးပိုင်းရဲ့ ပူးပေါင်းဆောင်ရွက်မှုကလည်း အဓိကကျကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောလိုက်ပြီး လွှတ်တော်နဲ့အစိုးရအဖွဲ့ကြားက လုပ်ငန်းသဘာဝကွဲလွဲမှုတွေကြောင့် တင်းမာမှုတချို့ ရှိတာကိုလည်း အသိအမှတ်ပြုခဲ့ပါတယ်။ အပြည့်အစုံ
 
ကင်တားနား ချင်းပြည်နယ် သွား ကင်တားနား ချင်းပြည်နယ် သွား
ဘာသာရေးဖိနှိပ်မှုတွေ ရှိတယ်လို့ စွပ်စွဲခံနေတဲ့ ချင်းပြည်နယ် အခြေအနေမှန်ကို သိရဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာ ကင်တားနား မင်းတပ်မြို့ကို သွားနေပါတယ်။ အပြည့်အစုံ
 
ထိုင်းရောက် ရွှေ့ပြောင်း အလုပ်သမားများအတွက် ကျန်းမာရေးစောင့်ရှောက်မှု ထိုင်းရောက် ရွှေ့ပြောင်း အလုပ်သမားများအတွက် ကျန်းမာရေးစောင့်ရှောက်မှု
ထိုင်းမိဖုရားမွေးနေ့အထိမ်းအမှတ် ကျန်းမာရေးစောင့်ရှောက်မှုအသစ်တရပ် ချမှတ်ရာမှာ မြန်မာ ရွှေ့ပြောင်းအလုပ်သမား မိခင်နဲ့ ၇ နှစ်အောက် ကလေးတွေပါ ထိုင်းနိုင်ငံအတွင်း အခမဲ့ ဆေးဝါးကုသခွင့် ရရှိနိုင်တော့မှာ ဖြစ်ပါတယ်။ အပြည့်အစုံ
 
ရခိုင်ဒေသပြန်လည် ငြိမ်းချမ်းရေး ရခိုင်ဒေသပြန်လည် ငြိမ်းချမ်းရေး
"လောလောဆယ် မှာ နှစ်ဘက်စလုံးမှာ ဒုက္ခတွေ တော်တော်ကြုံနေရတယ်။ အဲ့ဒီ့တော့ အဲ့ဒီ့ဒုက္ခတွေကို ကျနော်တို့က ဘယ်လိုဖြေရှင်းနိုင်မလဲ ဆိုတဲ့ ပြဿနာကို အရင်ဆုံး သုံးသပ်ရလိမ့်မယ်။ လောလောဆယ်မှာ မူစလင်အသိုင်းအဝိုင်းမှာ တကယ့်ကို ဆိုးဆိုးဝါးဝါးကြုံနေရတဲ့ ဒုက္ခ၊ ရခိုင်မှာ ကြုံနေရတဲ့ဒုက္ခ အဲ့ဒီ့ နှစ်ဦးနှစ်ဖက်မှာ ရှိတဲ့ စိတ်ဒဏ်ရာတွေ၊ ရုပ်ဒဏ်ရာတွေကို ဘယ်လိုကုစားမလဲဆိုတာကို ကျနော်တို့ အရင်ဆုံးဖြေရှင်းဖို့လိုတယ်။" အပြည့်အစုံ
 
တောင်ကုတ်အရေးအခင်း ဖမ်းဆီးထားသူများ ရုံးတင်စစ်ဆေး တောင်ကုတ်အရေးအခင်း ဖမ်းဆီးထားသူများ ရုံးတင်စစ်ဆေး
တောင်ကုတ်မြို့ လူစုလူဝေးနဲ့ အစ္စလာမ်ဘာသာဝင်ဆယ်ဦး အသတ်ခံရမှု ကို လူခြောက်ဦးကို ရုံးတင်စစ်ဆေးနေပါပြီ။ အပြည့်အစုံ
 
ဝန်ကြီးဌာန ၄ ခုကို ဗဟိုဘဏ် ငွေ ထုတ်ချေးခွင့် လွှတ်တော် ဆုံးဖြတ် ဝန်ကြီးဌာန ၄ ခုကို ဗဟိုဘဏ် ငွေ ထုတ်ချေးခွင့် လွှတ်တော် ဆုံးဖြတ်
မြန်မာနိုင်ငံ ဗဟိုဘဏ်အနေနဲ့ သီးခြား လွတ်လပ်တဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပြီး တဲ့နောက်မှာ အစိုးရဝန်ကြီး ဌာန ၄ ခုကို ငွေပြန်ချေး နိုင်တယ် ဆိုပြီးတော့ လွှတ်တော် က အတည်ပြု ဆုံးဖြတ်ခဲ့တာပါ။ အပြည့်အစုံ
 
ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ် အင်းစိန်ထောင် စစ်ဆေး ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ် အင်းစိန်ထောင် စစ်ဆေး
"အကျဉ်းထောင်ထဲက အခြေအနေတွေ သူမေးလေ့ရှိတယ်။ နောက် လက်ရှိနိုင်ငံရေး အကျဉ်းသားတွေရဲ့ အမှုအခြေအနေ ကို မေးလေ့ရှိတယ်။ နောက်သူတို့ ညှင်းပမ်းနှိပ်စက်မှု ခံရ၊ မခံရ အဲ့တာတွေကို မေးလေ့ရှိပါတယ်။ အထူးသဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုခံရတဲ့ အခြေအနေတွေကို မေးလေ့ရှိပါတယ်။" အပြည့်အစုံ
 
နိုင်ငံတကာ

ကမ္ဘောဒီးယားအတိုက်အခံ ခေါင်းဆောင် ရွေးကောက်ပွဲရလဒ်ကို စိန်ခေါ် ကမ္ဘောဒီးယားအတိုက်အခံ ခေါင်းဆောင် ရွေးကောက်ပွဲရလဒ်ကို စိန်ခေါ်
ပြီးခဲ့တဲ့လ ရွေးကောက်ပွဲမှာ လက်ရှိဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ပါတီကသာ ပြန်ပြီးအနိုင်ရခဲ့တာကြောင့် မဲမသမာမှုတွေ ရှိတယ်ဆိုတဲ့အပေါ် ကုလပါတဲ့ သီးခြား စုံစမ်းရေးအဖွဲ့ကို အစိုးရက လက်ခံဖို့ CNRP က တောင်းဆိုထားပါတယ်။ အပြည့်အစုံ
 
ဆက်လက် ဆန္ဒပြလျှင် ပစ်ခတ်ဖို့ အီဂျစ်အစိုးရ သတိပေး ဆက်လက် ဆန္ဒပြလျှင် ပစ်ခတ်ဖို့ အီဂျစ်အစိုးရ သတိပေး
သူတို့ရဲ့ ဆန္ဒပြမှုတွေကို နောက်ဆုတ်ပေးမှာ မဟုတ်ဘူးလို့ အစိုးရ ဆန့်ကျင် ဆန္ဒပြနေကြသူတွေက ပြောဆိုထားတဲ့ တချိန်တည်းမှာ၊ အီဂျစ်ရဲတွေကလည်း ဆန္ဒပြသူတွေဘက်က တိုက်ခိုက်လာမှုတွေကို ကာကွယ်ဖို့အတွက် လက်နက်အစစ်တွေ သုံးပြီး ဆက်လက် နှိမ်နင်းသွားမယ်လို့ ခြိမ်းခြောက် ပြောဆိုထားပါတယ်။ အပြည့်အစုံ
 
အိန္ဒိယ ရေငုပ်သင်္ဘော မီးလောင်မှု ၁၈ ဦးသေဆုံးဖွယ်ရှိ အိန္ဒိယ ရေငုပ်သင်္ဘော မီးလောင်မှု ၁၈ ဦးသေဆုံးဖွယ်ရှိ
အခုဖြစ်ရပ်ဟာ ၁၉၇၁ ခုနှစ်က ပါကစ္စတန်နဲ့ တိုက်ခဲ့တဲ့စစ်ပွဲအတွင်း တိုက်သင်္ဘော တစ်စင်း နစ်မြုပ်ခဲ့ပြီးချိန်ကတည်းကဆိုရင် အိန္ဒိယရေတပ်အတွက် အဆိုးရွားဆုံးဖြစ်ရပ် ဖြစ်ပါတယ်။ အပြည့်အစုံ
 
အီဂျစ်ဆန္ဒပြသူများ အစိုးရ အဆောက်အဦးများကို မီးတင်ရှို့ အီဂျစ်ဆန္ဒပြသူများ အစိုးရ အဆောက်အဦးများကို မီးတင်ရှို့
ဖြုတ်ချခံလိုက်ရတဲ့ အီဂျစ်သမ္မတ မိုဟာမက်ဒ် မော်စီကို ထောက်ခံသူတွေဟာ ဆန္ဒပြပွဲ အသစ်တွေ လုပ်ခဲ့ကြပြီး တချို့ကဆိုရင် ကိုင်ရိုမြို့တော်က အစိုးရအဆောက်အဦး တစ်ခုကို မီးတင်ရှို့ခဲ့ကြပါတယ်။ အပြည့်အစုံ
 
တရုတ်နှင့် ဆွေးနွေးရာမှာ အာစီယံ တသံတည်း ထွက်မည် တရုတ်နှင့် ဆွေးနွေးရာမှာ အာစီယံ တသံတည်း ထွက်မည်
တောင်တရုတ်ပင်လယ်အရေးကိစ္စမှာလိုက်နာရမယ့် ကျင့်ဝတ်တွေနဲ့ ပတ်သက်လို့ ပြောဆိုဆွေးနွေးမှုတွေမှာ တသံတည်းထွက်ဖို့ အာဆီယံ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ သဘောတူခဲ့ကြပါတယ်။ အပြည့်အစုံ
 
အီဂျစ်အကြမ်းဖက်မှု နိုင်ငံတကာရှုတ်ချ အီဂျစ်အကြမ်းဖက်မှု နိုင်ငံတကာရှုတ်ချ
အီဂျစ်အစိုးရက ဆန္ဒပြသူတွေကို အကြမ်းဖက်ပြီး နှိမ်နင်းတာဟာ အတော် ရှက်စရာကောင်းတဲ့ လုပ်ရပ်တခုလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ပါတယ်။ အပြည့်အစုံ
 
အီဂျစ်အဓိကရုဏ်း သေဆုံးသူ ပိုမိုများပြား အီဂျစ်အဓိကရုဏ်း သေဆုံးသူ ပိုမိုများပြား
အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်မှာရှိတဲ့ အကြီးဆုံးသပိတ်စခန်း (၂)ခုကို အဓိကရုဏ်းထိန်းရဲတွေက သံချပ်ကာကားတွေ ဘူဒိုဇာတွေနဲ့ ဝင်ဖျက်ခဲ့ပြီးနောက်မှာတော့ ရဲတပ်ဖွဲ့ဝင် ၄၃ ဦးအပါအဝင် လူပေါင်း ၂၇၈ ဦး သေဆုံးခဲ့တယ်လို့ ကြားဖြတ်အစိုးရက ပြောပါတယ်။ အပြည့်အစုံ
 
အမျိုးသမီးကဏ္ဍ

အမေရိကန်အမျိုးသမီးတွေ သိပ္ပံကို ပိုပြီး စိတ်ဝင်စားလာအောင် ကြိုးပမ်းချက် အမေရိကန်အမျိုးသမီးတွေ သိပ္ပံကို ပိုပြီး စိတ်ဝင်စားလာအောင် ကြိုးပမ်းချက်
နာဆာက အမျိုးသမီး အာကာသယာဉ်မှူးဟောင်း ဆယ်လီ ရိုက်စ် ဟာ ၁၉၈၃ ခုနှစ်မှာ အာကာသထဲ ပထမဆုံး လိုက်ပါခွင့် ရခဲ့သူ..... အပြည့်အစုံ
 
တီဗွီ

နေ့စဉ်တီဗွီသတင်းလွှာ (၀၈-၁၆-၂၀၁၃) နေ့စဉ်တီဗွီသတင်းလွှာ (၀၈-၁၆-၂၀၁၃)
ထိုင်းနိုင်ငံမှာရောက်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး စီစဉ်ဆောင်ရွက်ဖို့ ထိုင်း နိုင်ငံခြားရေး ၀န်ကြီးက မြန်မာနိုင်ငံခြားရေး ၀န်ကြီးကို တိုက်တွန်း၊ ကိုရီးယားစစ်ပွဲအတွင်း ကွဲကွာခဲ့တဲ့ မိသားစုတွေ ပြန်တွေ့နိုင်ရေး စီစဉ်ဖို့ တောင်ကိုရီးယား သမ္မတက မြောက်ကိုရီးယားနိုင်ငံကို တောင်းဆို၊အီဂျစ်နိုင်ငံမှာ ဆန္ဒပြသူတွေကို စစ်တပ်က သွေးထွက်သံယို နှိမ်နှင်းခဲ့ပြီးတဲ့နောက် အီဂျစ်နဲ့ အမေရိကန် ပြည်ထောင်စုအကြား ရှေ့လ ပူးတွဲ စစ်ရေးလေ့ကျင့်မယ့် အစီအစဉ်ကို ပယ်ဖျက်လိုက်ကြောင်း သမ္မတအိုဘားမား ကြေညာ….စသည် အပြည့်အစုံ
 
ဗွီဒီယိုသတင်း

အီဂျစ်အရေး နိုင်ငံတကာ တုံ့ပြန်မှု အီဂျစ်အရေး နိုင်ငံတကာ တုံ့ပြန်မှု
အီဂျစ်နိုင်ငံမှာ ရာထူးက ဖယ်ရှားခံရတဲ့ သမ္မတဟောင်း မော်စီကို ထောက်ခံသူတွေအပေါ် စစ်တပ်က သွေးထွက်သံယို နှိမ်နှင်းခဲ့တာကြောင့် အီဂျစ်နဲ့ အမေရိကန်ပြည်ထောင်စုအကြား ရှေ့လ ပူးတွဲပြုလုပ်မယ့် စစ်ရေးလေ့ကျင်မှုအစီအစဉ်ကို အမေရိကန်ပြည်ထောင်စုက ပယ်ဖျက်လိုက်ပါတယ်။ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားအပါအ၀င် နိုင်ငံတကာ ခေါင်းဆောင်တွေက ဆန္ဒပြနေတဲ့ အီဂျစ် အတိုက်အခံတွေအပေါ် အင်အားသုံး နှိမ်နှင်းခဲ့တာကို ဝေဖန်ရှုတ်ချနေကြပါတယ်။ ကိုသိန်းထိုက်ဦး ဆက်ပြီး တင်ပြပါလိမ့်မယ်။ အပြည့်အစုံ
 
သောကြာနေ့ မြန်မာ-တီဗွီသတင်းများ သောကြာနေ့ မြန်မာ-တီဗွီသတင်းများ
၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၁၆ ရက်၊ သောကြာနေ့ မြန်မာနိုင်ငံဆိုင်ရာသတင်းများကို စုစည်းတင်ဆက်ထားပါတယ်။ အပြည့်အစုံ
 
အိန္ဒိယ လယ်ယာမြေဥပဒေ အိန္ဒိယ လယ်ယာမြေဥပဒေ
အိန္ဒိယနိုင်ငံမှာ အရင်ကတည်းက ရှိခဲ့တဲ့ လယ်ယာမြေဥပဒေကို ပြင်ဆင်ဖို့အတွက် နိုင်ငံရေးလှုပ်ရှုားသူတွေက ဒီနှစ်အစောပိုင်းကတည်းက တညီတညွတ်တည်း ဆောင်ရွက်နေကြပြီး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လယ်ယာမြေပိုင်ရှင်တွေရဲ့ အခွင့်အရေး နှစ်ရပ်ကြားမှာ မျှမျှတတဖြစ်ဖို့အတွက် အဆိုပြုထားတဲ့ ဥပဒေကြ်းနဲ့ ပတ်သက်ပြီး မကြာခင်မှာ လွှတ်တော်တွင်း အခြေအတင် ဆွေးနွေးကြမယ်လို့ မျှော်လင့်ရပါတယ်။ ဗွီအိုအေသတင်းထောက် Aru Pande နယူးဒေလီမြို့တော် အပြင်ဘက် Gurgaon မြို့က သတင်းပေးပို့ထားတာကို မမေစန္ဒီက တင်ပြပါလိမ့်မယ်။ အပြည့်အစုံ
 
လေယာဉ်ပေါ်က ဝေဟင် ဓာတ်ခွဲခန်း လေယာဉ်ပေါ်က ဝေဟင် ဓာတ်ခွဲခန်း
အမေရိကန်ပြည်ထောင်စု ပင်လယ်သမုဒ္ဒရာနဲ့ လေထုဆိုင်ရာ စီမံခန့်ခွဲရေးဌာန NOAA က နောက်ဆုံးထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာထဲမှာကြည့်ရင် ၂၀၁၂ ခုနှစ်မှာဆိုရင် ကာဗွန်ထုတ်လွှတ်မှု ပမာဏတွေ မြင့်တက်လာခဲ့သလို ပင်လယ်ရေမျက်နှာပြင်ပါ စံချိန်တင်လောက်အောင် မြင့်တက်လာပြီး အာတိတ်ရေခဲပြင်ကတော့ မှတ်တမ်း တင်လောက်အောင် ကျဉ်းသွားတာပါ။ အခုလိုကမ္ဘာကြီးရဲ့ ပြောင်းလဲနေမှုတွေကို သိပ္ပံပညာရှင်တွေက ဝေဟင်ကနေ လေ့လာနေကြတာဖြစ်ပြီး သူတို့ရဲ့ အခုနောက်ဆုံး သိပံ္ပဆိုင်ရာတွေ့ရှိချက်တွေအတွက် လေယာဉ်ပေါ်က ဝေဟင်ဓာတ်ခွဲခန်းမှာ ဘယ်လိုလုပ်ဆောင်နေကြတယ်ဆိုတာကို VOA သတင်းထောက် Rosanne Skirble က သတင်းပေးပို့ထားပါတယ်။ ဒေါ်ခင်မျိုးသက်က တင်ပြပါလိမ့်မယ်။ အပြည့်အစုံ
 
VOA60 USA

VOA60 USA VOA60 USA
President Obama comments on chemical weapons in Syria during news conference- VOA60 America အပြည့်အစုံ
 

အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
Voice of America
330 Independence Ave. SW Suite 3166
Washington, D.C. 20237 USA

No comments:

Post a Comment