Wednesday, August 21, 2013

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ - သြဂုတ်လ ၂၁၊ ၂၀၁၃

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
 
ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
သြဂုတ်လ ၂၁၊ ၂၀၁၃

ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်...

 
မြန်မာ

လူနည်းစုအခွင့်အရေး ကာကွယ်ဖို့ မြန်မာအစိုးရ ပျက်ကွက်သလား လူနည်းစုအခွင့်အရေး ကာကွယ်ဖို့ မြန်မာအစိုးရ ပျက်ကွက်သလား
"အကြမ်းဖက်မှုတွေဟာ နိုင်ငံအနှံ့ ပျံ့နှံ့ခဲ့တာကိုလည်း ကျမတို့တွေ့ခဲ့ရပါတယ်။ ဒါဟာလည်း အပြစ်ကျူးလွန်သူတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးထားတဲ့ အလေ့အထကြောင့် ဖြစ်ရတာ လို့ ကျမတို့က ယုံကြည်ပါတယ်။ ဒါကြောင့်လည်း....." အပြည့်အစုံ
 
မြန်မာနိုင်ငံ HIV/AIDS ကုသမှု အလားအလာကောင်း မြန်မာနိုင်ငံ HIV/AIDS ကုသမှု အလားအလာကောင်း
"Global Fund အဖွဲ့ဟာလည်း မြန်မာနိုင်ငံထဲကို ပြန်လည် ၀င်ရောက်လာနေပါပြီ။ ဒေါ်လာ သန်း ၁၆၀ လောက် အကူအညီတွေ ပေးဖို့ရှိပါတယ်။ ဒီလို နိုင်ငံတကာ အကူအညီတွေ အားလုံးပေါင်းလိုက်ရင် ရောဂါသည် သိန်းနဲ့ချီအတွက် ကုသမှုတွေ ပေးလာနိုင်မှာပါ။ ဒါက တကယ့်ကို ၀မ်းသာစရာပါ" အပြည့်အစုံ
 
အာရှ HIV/AIDS တိုက်ဖျက်ရေး တိုးတက်မှုရရှိ အာရှ HIV/AIDS တိုက်ဖျက်ရေး တိုးတက်မှုရရှိ
"အမေရိကန် ပြည်ထောင်စု ၀ါရှင်တန်တက္ကသိုလ်က Institute for Health Metrics and Evaluation (IHME) ခေါ်တဲ့ ဌာနကနေ ထုတ်ပြန်တဲ့ အစီရင်ခံစာအရဆိုရင် မြန်မာနိုင်ငံတွင်း HIV/AIDS ရောဂါကြောင့် သေဆုံးမှု ကျဆင်းလာတယ်ဆိုပေမဲ့..." အပြည့်အစုံ
 
ထိုင်း-မြန်မာနယ်စပ် လူကုန်ကူးမှုတိုက်ဖျက်ရေး အမေရိကန်ကူညီ ထိုင်း-မြန်မာနယ်စပ် လူကုန်ကူးမှုတိုက်ဖျက်ရေး အမေရိကန်ကူညီ
"မဲဆောက်နဲ့ ဖုတ်ဖရ ဧရိယာမှာရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေထဲကနေ ကျမတို့က သူတို့တွေကိုပေါ့နော် Survey (စစ်တမ်းကောက်ယူမှု) လုပ်တာတွေရှိတယ်။ နောက်တပိုင်းကျတော့ ကျမတို့က ကျမတို့ဆီမှာ ဂေဟာရှိတယ်ပေါ့နော် အဲ့ဒီဂေဟာမှာ ဒီ လူကုန်ကူးမှုနဲ့ ပတ်သက်တဲ့သူတွေကို ကူညီပေးတာတွေ၊ နောက် မိသားစု ပြန် လည်ပေါင်းစည်းရေး လုပ်ပေးတာတွေပေါ့နော် ကျမတို့ အဲ့ဒါမျိုးတွေ လုပ်တာတွေရှိ တယ်" အပြည့်အစုံ
 
ထိုင်းထိန်းသိမ်းရေးစခန်းရှိ ရိုဟင်ဂျာတွေ လွှတ်ပေးရေး HRW တောင်းဆို ထိုင်းထိန်းသိမ်းရေးစခန်းရှိ ရိုဟင်ဂျာတွေ လွှတ်ပေးရေး HRW တောင်းဆို
"သူတို့ကို အခုလိုမျိုး လူတွေပြည့်ကျပ်နေတဲ့၊ သန့်ရှင်းမှုမရှိတဲ့၊ ပွင့်ပွင့်လင်းလင်း ပြောရရင် အန္တရာယ်ရှိတဲ့ လူဝင်မှုစခန်းတွေမှာ ပိတ်လှောင်ပြီး ထိန်းသိမ်းမထားသင့်ပါဘူး" အပြည့်အစုံ
 
ကင်တားနားကို မိတ္ထီလာမှာ ဒေသခံတွေ ဆန္ဒပြ ကင်တားနားကို မိတ္ထီလာမှာ ဒေသခံတွေ ဆန္ဒပြ
"အရင်ရက်တွေကဆိုရင် မိတ္ထီလာမှာ Curfew (ညမထွက်ရအမိန့်) ထုတ်ထားတယ်ဆို ရင် ၁၀ နာရီကျော်သွားတယ်ဆိုရင် ဖမ်းဆီးတာတွေ၊ စစ်မေးတာတွေ တွေ့နေရတယ်။ မနေ့ကကျတော့ ဒီလူစုလူဝေးကြီးက ၁၀ နာရီခွဲပြီးချိန်ထိကို ရဲတပ်ဖွဲ့က လူစုခွဲမယ်လို့ ပြောမထားဘူး" အပြည့်အစုံ
 
နိုင်ငံတကာ

ရွေးကောက်ပွဲမသမာမှု စုံစမ်းရေး ကမ္ဘောဒီးယား ပါတီစုံသဘောတူ ရွေးကောက်ပွဲမသမာမှု စုံစမ်းရေး ကမ္ဘောဒီးယား ပါတီစုံသဘောတူ
"ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပပြီးစီးသွားတဲ့ ရွေးကောက်ပွဲအတွင်း မသမာမှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ပူးတွဲစုံစမ်း စစ်ဆေးမယ့် အဖွဲ့တခု ဖွဲ့စည်းသွားဖို့ အာဏာရပါတီနဲ့ အတိုက်အခံတို့ကြား သဘောတူညီမှု ရရှိခဲ့ကြပါတယ်" အပြည့်အစုံ
 
Bhutto လုပ်ကြံမှု Musharraf ကို စွဲချက်တင် Bhutto လုပ်ကြံမှု Musharraf ကို စွဲချက်တင်
"အင်္ဂါနေ့တုန်းက Rawalpindi မှာရှိတဲ့ တရားရုံးကနေပြီး မစ္စတာ မူရှာရဖ်ကို လူသတ်မှု၊ ရာဇ၀တ်မှုတွေမှာ ပူးပေါင်းကြံစည်မှု၊ လူသတ်မှုကို အားပေးမှုနဲ့ပတ်သက်ပြီး စွဲချက် တင်ထားခဲ့တာ ဖြစ်ပါတယ်" အပြည့်အစုံ
 
မူဆလင်ညီအကိုတော်များခေါင်းဆောင် ဖမ်းဆီးခံရ မူဆလင်ညီအကိုတော်များခေါင်းဆောင် ဖမ်းဆီးခံရ
"အီဂျစ်နိုင်ငံမှာ မူဆလင်ညီအကိုတော်များအဖွဲ့ရဲ့ ခေါင်းဆောင် Mohammed Badie ကို အီဂျစ်အာဏာပိုင်တွေက ဖမ်းဆီးလိုက်တာနဲ့အတူပဲ၊ မူဆလင်ညီအကိုတော်များအဖွဲ့ ကို နှိမ်နင်းမှုတွေ အရှိန်မြင့်လာပါတယ်။ အသက် ၇၀ အရွယ် မစ္စတာ ဘာဒီးကို အင်္ဂါနေ့ အစောပိုင်းက ဖမ်းဆီးရမိခဲ့တာပါ" အပြည့်အစုံ
 
တီဗွီ

နေ့စဉ်တီဗွီသတင်းလွှာ (၀၈-၂၁-၂၀၁၃) နေ့စဉ်တီဗွီသတင်းလွှာ (၀၈-၂၁-၂၀၁၃)
ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ် တောမတ်စ်အိုဟေး ကင်တားနားကို မိတ္ထီလာဒေသခံတွေ ဆန္ဒပြ၊ မြန်မာ အမေရိကန် ကုန်သွယ်ရေး ကောင်စီ အလုပ်အမှုဆောင် အရာရှိချုပ်နဲ့ တွေ့ဆုံမေးမြန်းခန်း၊ အီဂျစ်အရေး အမေရိကန်ရဲ့ သြဇာလွှမ်းမိုးမှု စသည် .... အပြည့်အစုံ
 
ဗွီဒီယိုသတင်း

မြန်မာ အမေရိကန် ကုန်သွယ်ရေးကောင်စီ CEO နဲ့ VOA မြန်မာ အမေရိကန် ကုန်သွယ်ရေးကောင်စီ CEO နဲ့ VOA
မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေးပြုပြင်ပြောင်လဲမှု ရှေ့တိုးလုပ်ဆောင်မှုအပြင် တရားဥပဒေစိုးမိုးမှု လုပ်ငန်းကော်ပိုရေရှင်းကြီးတွေရဲ့ လူမှုအသိစိတ်နဲ့ တာဝန်ခံမှု စတာတွေပြည့်စုံလာရင် နိုင်ငံတကာရင်းနှီးမြုတ်နှံမှုတွေ ပိုပြီး ၀င်ရောက်လာမှာဖြစ်တယ်လို့ မြန်မာ အမေရိကန် ကုန်သွယ်ရေးကောင်စီ အလုပ်မှုဆောင်အရာရှိချုပ် Mr. Robert Knutson က ပြောလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံက သွင်းကုန်တွေကို အကောက်ခွန် ကင်းလွတ်ခွင့်အမြန်ဆုံး ပေးသင့်တယ်လို့လည်း မြန်မာအမေရိကန် ကုန်သွယ်ရေးကောင်စီက မကြာသေးခင်ကပဲ တောင်းဆိုခဲ့ပါတယ်။ VOA မြန်မာပိုင်းအစီအစဉ် ဌာနမှူး ဦးသန်းလွင်ထွန်းက Mr. Robert Knutson ကို ၀ါရှင်တန်မြို့တော် VOA စတူဒီယိုမှာ တွေ့ဆုံမေးမြန်းထားပါတယ်။ အပြည့်အစုံ
 
ဗုဒ္ဓဟူးနေ့ မြန်မာတီဗွီသတင်းများ ဗုဒ္ဓဟူးနေ့ မြန်မာတီဗွီသတင်းများ
၂၀၁၃ခုနှစ်သြဂုတ်လ၂၁ရက်ဗုဒ္ဓဟူးနေ့ မြန်မာနိုင်ငံဆိုင်ရာသတင်းများကိုစုစည်းတင်ဆက်ထားပါတယ်။ အပြည့်အစုံ
 
အီဂျစ်အရေး အမေရိကန်လွှမ်းမိုးမှု အတိုင်းအတာ အီဂျစ်အရေး အမေရိကန်လွှမ်းမိုးမှု အတိုင်းအတာ
အမေရိကန်လွှတ်တော်အမတ်တွေက ဖိအားပေးပြောဆိုတာတွေ တိုးလာနေပေမဲ့လည်း အီဂျစ်နိုင်ငံကို အမေရိကန်ကပေးနေတဲ့ အကူအညီ အထောက်အပံ့တွေကို သမ္မတအိုဘားမားအစိုးရက ချက်ခြင်းကြီး ဖြတ်တောက်ပစ်မယ့် အရိပ်လက္ခဏာမျိုးတော့ မတွေ့ရသေးပါဘူး။ ဖြုတ်ချခံလိုက်ရတဲ့ အီဂျစ်သမ္မတ မိုဟာမက်ဒ် မော်စီကို ထောက်ခံသူတွေကို စစ်ဘက်က အကြမ်းဖက် နှိမ်နင်းဖြိုခွဲတာ ရက်အတော်ကြာလာတဲ့အထိ အကူအညီတွေကိစ္စ ရှင်းရှင်းလင်းလင်း မဖြစ်သေးတာ ပါ။ အီဂျစ်နိုင်ငံက အခြေအနေတွေအပေါ် အမေရိကန်ပြည်ထောင်စုရဲ့ လွှမ်းမိုးနိုင်စွမ်းဟာ အကန့်အသတ်ရှိတယ်လို့ ထိပ်တန်း အမေရိကန်တာဝန်ရှိသူတစ်ဦးက ပြောကြောင်း ဗွီအိုအေသတင်းထောက် Michael Bowman က သတင်းပေးပို့ထားပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက ဆက်ပြောပြပါမယ်။ အပြည့်အစုံ
 
ကမ္ဘောဒီးယား ရေပေါ်ဟိုတယ် ကမ္ဘောဒီးယား ရေပေါ်ဟိုတယ်
ကမ္ဘောဒီးယား နိုင်ငံက အသစ်ဖွင့်လှစ်လိုက်တဲ့ ရေပေါ် ဟိုတယ် တခုဟာဆိုရင် လာတည်းတဲ့သူတွေ ရေပေါ်မျောနေတဲ့ အိမ်လေးတွေမှာ ညအိပ်ညနေ နေထိုင်နိုင်ပါတယ်။ Koh Kong အနီးမှာ တည်ဆောက်ထားတဲ့ ဒီအပန်းဖြေ တည်းခိုခန်းဟာဆိုရင် အာရှရဲ့ အကြီးဆုံးနဲ့ ပျက်ဆီးမှု အနည်းဆုံး အမြဲစိမ်းသစ်တောကြီး နားမှာ တည်ရှိနေတာလည်း ဖြစ်ပါတယ်။ သဘာဝ ပတ်ဝန်းကျင်ကို ပျက်ဆီးမှု အနည်းဆုံး ဖြစ်အောင် တည်ဆောက်ထားတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သဲသောင်တူးတာတွေ ၊ တရားမ၀င် သစ်ထုတ်လုပ်တာတွေနဲ့ ရေအားလျှပ်စစ် ထုတ်လုပ်မယ့် ရေကာတာ တည်ဆောက်ရေး စီမံကိန်းတွေကတော့ ဒီဒေသရဲ့ ကြွယ်ဝတဲ့ ဇီဝ ဖြစ်စဉ်တွေကို ခြိမ်းခြောက်နေတယ်ဆိုတဲ့ အကြောင်း မသိင်္ဂီထိုက်က ပြောပြပေးမှာပါ။ အပြည့်အစုံ
 
အီဂျစ်အရေး အမေရိကန်လွှမ်းမိုးမှု အတိုင်းအတာ အီဂျစ်အရေး အမေရိကန်လွှမ်းမိုးမှု အတိုင်းအတာ
အမေရိကန်လွှတ်တော်အမတ်တွေက ဖိအားပေးပြောဆိုတာတွေ တိုးလာနေပေမဲ့လည်း အီဂျစ်နိုင်ငံကို အမေရိကန်ကပေးနေတဲ့ အကူအညီ အထောက်အပံ့တွေကို သမ္မတအိုဘားမားအစိုးရက ချက်ခြင်းကြီး ဖြတ်တောက်ပစ်မယ့် အရိပ်လက္ခဏာမျိုးတော့ မတွေ့ရသေးပါဘူး။ ဖြုတ်ချခံလိုက်ရတဲ့ အီဂျစ်သမ္မတ မိုဟာမက်ဒ် မော်စီကို ထောက်ခံသူတွေကို စစ်ဘက်က အကြမ်းဖက် နှိမ်နင်းဖြိုခွဲတာ ရက်အတော်ကြာလာတဲ့အထိ အကူအညီတွေကိစ္စ ရှင်းရှင်းလင်းလင်း မဖြစ်သေးတာ ပါ။ အီဂျစ်နိုင်ငံက အခြေအနေတွေအပေါ် အမေရိကန်ပြည်ထောင်စုရဲ့ လွှမ်းမိုးနိုင်စွမ်းဟာ အကန့်အသတ်ရှိတယ်လို့ ထိပ်တန်း အမေရိကန်တာဝန်ရှိသူတစ်ဦးက ပြောကြောင်း ဗွီအိုအေသတင်းထောက် Michael Bowman က သတင်းပေးပို့ထားပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက ဆက်ပြောပြပါမယ်။ အပြည့်အစုံ
 
ကမ္ဘာ့သတင်း စက္ကန့် ၆၀

VOA60 World VOA60 World
VOA60 World အပြည့်အစုံ
 
VOA60 USA

VOA60 USA VOA60 USA
President Obama comments on chemical weapons in Syria during news conference- VOA60 America အပြည့်အစုံ
 

အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
Voice of America
330 Independence Ave. SW Suite 3166
Washington, D.C. 20237 USA

No comments:

Post a Comment