ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ သြဂုတ်လ ၂၃၊ ၂၀၁၃ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
| မြန်မာ ကင်တာနား ကြုံရတဲ့ အန္တရာယ် မထူးဆန်း “ဒီအဖြစ်အပျက်ကြောင့် နောက်ဆက်တွဲ သံတမန်ရေးပိုင်း သက်ရောက်မှုတွေ ဖြစ်လာနိုင်တယ် လို့ ကျမ တော့ မထင်ပါဘူး။ ကမ္ဘာတ၀ှမ်း သွားလာနေကြတဲ့ ကုလသမဂ္ဂအဖွဲ့တွေ၊ ကိုယ်စားလှယ်အရာရှိတွေ အားလုံးဟာ အန္တရာယ်ရှိတဲ့ အခြေအနေတွေနဲ့ ကြုံကြရတာပါပဲ။ ဒါကြောင့် သံတမန်ရေးအရ ထိခိုက်မှုဘာမှရှိစရာ အကြောင်းမရှိပါဘူး။ မိတ္ထီလာမှာ လုံခြုံရေး မလုံလောက်ဘူးဆိုတာ ကျမတို့ အားလုံး သိပြီးသားကိစ္စပါပဲ။ လုံခြုံရေး အားကောင်းခဲ့ရင် အဲဒီဒေသမှာ အကြမ်းဖက်မှုတွေတောင် ဖြစ်ခဲ့စရာ အကြောင်း မရှိပါဘူး။" အပြည့်အစုံ ဖွဲ့စည်းပုံ လေ့လာစိစစ်ရေး လွှတ်တော် ကော်မတီ ပထမဆုံးအကြိမ် စည်းဝေးမည် လက်ရှိကျင့်သုံးနေတဲ့ ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေကို ပြင်ဆင်နိုင်ရေး အတွက် လွှတ်တော်က ဖွဲ့စည်းထားတဲ့ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ လေ့လာစီစစ်သုံးသပ်ရေး ကော်မတီဟာ ပထမဆုံး အကြိမ်အဖြစ်နဲ့ ဆွေးနွေးမှုတွေ စတင်တော့မှာ ဖြစ်ပါတယ်။ အပြည့်အစုံ အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေ ပြင်ဆင်ရေး လွှတ်တော် ဆွေးနွေးမည် အငြင်းပွားစရာတွေ ဖြစ်နေတဲ့ Electric Law လို့ခေါ်တဲ့ ဆက်သွယ်ရေး ဥပဒေမှုကြမ်း ကို ပြန်ပြီး ပြင်ဆင်ဖို့ လွှတ်တော်က လက်ခံလိုက်ပြီဖြစ်ပါတယ်။ အပြည့်အစုံ "ကင်တာနားရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားချက်ဟာ အရင်ခရီးစဉ်တွေတုန်း က သူ့ရဲ့ပြောကြားချက်တွေလိုပဲ တကယ်ဖြစ်ခဲ့တဲ့ အဖြစ်အမှန်နဲ့ တကယ်ကွဲလွဲမှုရှိ တယ်ဆိုတာ ကျနော်တို့တွေ့ပါတယ်။ တကယ်က အဲ့ဒီ့နေ့ညနေ မိထ္ထီလာကို သူ ၁၀နာရီခွဲ ရောက်တဲ့အချိန်မှာ -- ကင်တာနားအတွက် လုံခြုံရေးလုပ်ဖို့ အဲ့ဒီ့နေရာမှာ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီးတဲ့ ရဲတပ်ဖွဲ့ဝင်နှစ်ဆယ်ကျော်ရှိတယ်။ ယာဉ်ထိန်းရဲ ခုနှစ်ယောက် ရှိတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ လုံခြုံရေးကို သူ့အတွက် အပြည့်အဝ လုပ်ပေးတယ်" အပြည့်အစုံ ဝန်းကျင် အပြောင်းအလဲကြောင့် တိရိစ္ဆာန်တို့ ဦးနှောက်ကြီးထွား လူသားတွေက နေထိုင်ရာ ၀န်းကျင်ကို ပြောင်းလဲလာကြတာနဲ့အမျှ ကြွက်တို့၊ လင်းနို့တို့လို နို့တိုက်သတ္တ၀ါတွေရဲ့ ဦးနှောက်တွေဟာလည်း ပိုမိုကြီးထွား လာတာ တွေ့ရပါတယ်။ အပြည့်အစုံ သတင်းဖလှယ်မှု ထိန်းချုပ်တဲ့ အမိန့် ဗီယက်နမ် ပညာတတ်တွေ ကန့်ကွက် ဗီယက်နမ်နိုင်ငံက အင်တာနက် လူမှုကွန်ရက်တွေပေါ်မှာ သတင်းနဲ့အချက်အလက်တွေ ဖလှယ်တာကို ကန့်သတ်မှုတွေ ပါဝင်မယ့် အမိန့်ထုတ်ပြန်ချက် အသစ်တရပ်ကို ဗီယက်နမ်ပညာတတ်တွေနဲ့ ကျွမ်းကျင်သူ ရာပေါင်းများစွာက ကန့်ကွက် လိုက်ကြပါတယ်။ အပြည့်အစုံ ဖောက်ခွဲရေးမှုနဲ့ အီရန်နှစ်ဦးကို ထိုင်းတရားရုံး အပြစ်ပေး ဗုံးဖောက်ခွဲမှုမှာ ပူးပေါင်းကြံစည်မှုမှာ ပါဝင်တဲ့ အီရန်လူမျိုးနှစ်ဦး ထိုင်းနိုင်ငံကနေပြီးတော့ ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။ အပြည့်အစုံ သူ့အပေါ် စွဲချက်များကို Bo Xilai ငြင်းဆို တရုတ်နိုင်ငံက ထင်ရှားတဲ့ နိုင်ငံရေးသမား ဘိုရှီလိုင်းက သူ့အပေါ်စွဲတင်ထားတဲ့ လာဘ်စားမှုဆိုင်ရာ စွဲချက်တွေကို ငြင်းဆိုလိုက် ပါတယ်။ အပြည့်အစုံ ဆီးရီးယားကိစ္စ လုံခြုံရေးကောင်စီ အရေးပေါ်စည်းဝေး "Damascus မြို့တော်နားမှာ အစိုးရတပ်ဖွဲ့တွေက ရာနဲ့ချီတဲ့ အရပ်သားတွေကို ဓာတု လက်နက်တွေ အသုံးပြုပြီး ဗုဒ္ဓဟူးနေ့က သတ်ပစ်ခဲ့တယ်လို့ အတိုက်အခံတွေက ပြောတဲ့ကိစ္စရပ်ကို တုံ့ပြန်တဲ့အနေနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အရေးပေါ် အစည်းအဝေး ထိုင်နေပါတယ်" အပြည့်အစုံ မန်မာအစိုးရကဘက်က လုံခြုံရေးတာဝန်ယူဖို့ ပျက်ကွက်ခဲ့တယ်ဆိုတဲ့ ကုလသမဂ္ဂ လူ့အခွင့် အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ Quintana ရဲ့ ပြောဆိုချက်တွေကို မြန်မာအစိုးရက ငြင်းဆိုလိုက်တဲ့ သတင်း၊ တရုတ်နိုင်ငံက ထင်ရှားတဲ့ နိုင်ငံရေးသမား ဘို ရှီလိုင်းက သူ့အပေါ်စွဲတင်ထားတဲ့လာဘ်စားမှုဆိုင်ရာစွဲချက်တွေကို ငြင်းဆိုလိုက် တဲ့ သတင်းတွေနဲ့အတူ အမေရိကန်သမ္မတဟောင်း Richard Nixon သမ္မတအိမ်ဖြူတော်ထဲမှာ တယ်လီဖုန်း ပြောခဲ့တဲ့ လျို့ဝှက်မှတ်တမ်းတွေ လူသိရှင်ကြား ထုတ်ပြန်လိုက်တဲ့သတင်း အပါအ၀င် ထိုင်ဝမ် ကုမ္မဏီကထုတ်လုပ်တဲ့ မောင်းသူမဲ့ လေယဉ်နဲ့ ထိရောက်အောင် အသုံးပြုမှုတွေအကြောင်း သတင်းဆောင်းပါးတွေကို ရှု့စားကြရမှာပါ။ အပြည့်အစုံ မြန်မာအစိုးရကဘက်က လုံခြုံရေးတာဝန်ယူဖို့ ပျက်ကွက်ခဲ့တယ်ဆိုတဲ့ ကုလသမဂ္ဂ လူ့အခွင့် အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ Quintana ရဲ့ ပြောဆိုချက်တွေကို မြန်မာအစိုးရက ငြင်းဆိုလိုက်တဲ့ သတင်း၊ အရင် စစ်အစိုးရလက်ထက်က နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို စွဲချက်တင်ပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လေ့ရှိတဲ့ အီလက်ထရောနစ် ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေ မူကြမ်း လွှတ်တော်ကို တင်သွင်းလိုက်တဲ့ သတင်းတွေနဲ့၊ မြန်မာနိုင်ငံအတွင်းမှာ ဆေးမတိုးတော့တဲ့ TB အဆုပ်နာရောဂါ ဖြစ်ပွားမှုနုံး အဆမတန် မြှင့်တက်နေတဲ့အကြောင်း MSF နယ်စည်းမခြား ဆရာဝန်များ အသင်းက ပြောဆိုလိုက်ပါတယ်။ အပြည့်အစုံ အမေရိကန်သမ္မတဟောင်း Richard Nixon ပါဝင်ပတ်သက်နေတဲ့ အသံခိုးယူဖမ်းထားတဲ့ ၀ါးတားဂိတ်အရှုပ်တော်ပုံအပါအ၀င် နောက်ဆုံးပိုင်းအသံဖမ်းတိတ်ခွေတွေကို အမေရိကန်ပြည်ထောင်စု အမျိုးသားရေးဆိုင်ရာမှတ်တမ်းများထိန်းသိမ်းရေးဌာနက ဗုဒ္ဓဟူးနေ့က ထုတ်ပြန်လိုက်ပါတယ်။ ဒီအသံဖမ်းထားတဲ့ တိတ်ခွေတွေထဲမှာ Richard Nixonရဲ့ ပြည်တွင်း ကိစ္စကိုင်တွယ်ပုံ အရုပ်ဆိုးအကြည်းတန်ခဲ့တဲ့အပိုင်းတွေပါဝင်တယ်လို့ဆိုပါတယ်။ အပြည့်အစုံကို မအင်ကြင်းနိုင်က တင်ပြမှာပါ။ အပြည့်အစုံ အမေရိကန်ပြည်ထောင်စုမှာ လူဝင်မှုကြီးကြပ်ရေး ပြုပြင်ပြောင်းလဲရေး ဥပဒေကို လိုလား ထောက်ခံသူတွေက ဒီလအတွင်း အင်အား အပြည့်သုံးပြီး ဒီဥပဒေကို လွှတ်တော်က အတည်ပြုနိုင်အောင် ဖိအားပေးသွားမယ်လို့ ပြောနေပါတယ်။ ဒီ ပြုပြင်ပြောင်းလဲရေး ဥပဒေဟာ ၁၁ သန်းလောက်ရှိမယ်လို့ ခန့်မှန်းထားတဲ့ အမေရိကန် နိုင်ငံအတွင်း တရားမှတ်တမ်းအထောက်အထား မရှိတဲ့ လာရောက်နေထိုင်သူတွေကို နိုင်ငံသားဖြစ်ခွင့် လမ်းဖွင့်ပေးမယ့် ဥပဒေဖြစ်ပါတယ်။ ဒီ ဥပဒေကို အထက်လွှတ်တော်က အတည်ပြုထားပေမယ့် ရီပတ်ဗလစ်ကန် အများစု လွှမ်းမိုးတဲ့ အောက်လွှတ်တော်ကတော့ ဒီကိစ္စကို ဆက်ပြီး ဆောင်ရွက်ချင်ပုံမရပါဘူး။ VOA သတင်းထောက် Jim Malone က သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဦးက တင်ပြပေးပါလိမ့်မယ်။ အပြည့်အစုံ မောင်းသူမဲ့ လေယာဉ်တွေကို စစ်တပ်တွေက သုံးခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ အခုတော့ အရပ်သား လောကမှာလည်း ဒီ မောင်းသူမဲ့ လေယာဉ်တွေကို သတင်းလိုက်တာမှာ ဖြစ်ဖြစ် မှတ်တမ်းရုပ်ရှင်တွေ ရိုက်ကူးတာမျိုးဘဲ ဖြစ်ဖြစ် ထိထိရောက်ရောက် အသုံးပြုလာကြပါတယ်။ ဒီလို မောင်းသူမဲ့ လေယာဉ် ထုတ်လုပ်တဲ့ ထိုင်ဝမ် ကုမ္ပဏီ တခုကတော့ လူက ထိန်းချုပ်ဖို့ မလိုတဲ့ လေယာဉ်ငယ်ကို ထုတ်လုပ် ရောင်းချနေပြီး မကြာခင်မှာ တခြား နိုင်ငံတွေက ဈေးကွက်ကို ရောင်းချနိုင်ဖို့ မျှော်လင့်နေကြပါတယ်။ မသိဂီ င်္ထိုက်က ပြောပြပေးမှာပါ။ အပြည့်အစုံ VOA60 World VOA60 World အပြည့်အစုံ VOA60 USA President Obama comments on chemical weapons in Syria during news conference- VOA60 America အပြည့်အစုံ |
| အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
| Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
ကင်တာနား ကြုံရတဲ့ အန္တရာယ် မထူးဆန်း
ဖွဲ့စည်းပုံ လေ့လာစိစစ်ရေး လွှတ်တော် ကော်မတီ ပထမဆုံးအကြိမ် စည်းဝေးမည်
အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေ ပြင်ဆင်ရေး လွှတ်တော် ဆွေးနွေးမည်
ဝန်းကျင် အပြောင်းအလဲကြောင့် တိရိစ္ဆာန်တို့ ဦးနှောက်ကြီးထွား
သတင်းဖလှယ်မှု ထိန်းချုပ်တဲ့ အမိန့် ဗီယက်နမ် ပညာတတ်တွေ ကန့်ကွက်
ဖောက်ခွဲရေးမှုနဲ့ အီရန်နှစ်ဦးကို ထိုင်းတရားရုံး အပြစ်ပေး
သူ့အပေါ် စွဲချက်များကို Bo Xilai ငြင်းဆို
ဆီးရီးယားကိစ္စ လုံခြုံရေးကောင်စီ အရေးပေါ်စည်းဝေး
VOA60 World
VOA60 USA
No comments:
Post a Comment