Friday, August 30, 2013

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ - သြဂုတ်လ ၃၀၊ ၂၀၁၃

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
 
ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
သြဂုတ်လ ၃၀၊ ၂၀၁၃

ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်...

 
မြန်မာ

မိတ္တီလာမြို့ကို ကုလ ကိုယ်စားလှယ် ရောက်ရှိ မိတ္တီလာမြို့ကို ကုလ ကိုယ်စားလှယ် ရောက်ရှိ
မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗွီဂျေး နမ်ဘီယားဟာ ဒီကနေ့ မြစ်ကြီးနားမြို့ကနေ ထွက်ခွာပြီး မန္တလေးတိုင်း မိတ္ထီလာမြို့ကို ရောက်ရှိနေပါတယ်။ အပြည့်အစုံ
 
တရုတ် နဲ့ မြန်မာ နိုင်ငံခြားရေး ၀န်ကြီးနှစ်ဦး စည်းဝေး တရုတ် နဲ့ မြန်မာ နိုင်ငံခြားရေး ၀န်ကြီးနှစ်ဦး စည်းဝေး
တရုတ်နဲ့ အာဆီယံအဖွဲ့ကြားဆက်ဆံရေး ပိုမိုအဆင်ပြေရေးအတွက် မြန်မာအစိုးရက ကူညီမယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးကို ကတိပေးခဲ့ပါတယ်။ အပြည့်အစုံ
 
မြောက်ကိုရီးယားနဲ့ စစ်ရေးအဆက်ြဖတ်ဖို့ ကန်ဝန်ကြီးပြော မြောက်ကိုရီးယားနဲ့ စစ်ရေးအဆက်ဖြတ်ဖို့ ကန်ဝန်ကြီးပြော
အမေရိကန်ကာကွယ်ရေးဝန်ကြီးနဲ့ မြန်မာကာကွယ်ရေးဝန်ကြီးတို့ နှစ်ဦးဟာ နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံးအကြိမ် အဖြစ် သီးခြား တွေ့ဆုံခဲ့ကြပါတယ်။ အပြည့်အစုံ
 
နိုင်ငံတကာ

မြေယာသိမ်းပိုက်တဲ့ တရုတ်ဘူဒိုဇာကြောင့်  ၄ နှစ်သမီးငယ်သေဆုံး မြေယာသိမ်းပိုက်တဲ့ တရုတ်ဘူဒိုဇာကြောင့် ၄ နှစ်သမီးငယ်သေဆုံး
သေဆုံးသူ မိန်းကလေးငယ် မိသားစုနေထိုင်ရာ နေရာ အနီး မြေညှိနေကြတဲ့ ဆောက်လုပ်ရေး လုပ်ငန်းက အလုပ်သမားတွေကို တားဆီးဖို့ မိဘတွေက ကြိုးပမ်းရင်း ဗုဒ္ဓဟူးနေ့ကပဲ မတော်တဆမှု ဖြစ်ပွားခဲ့တာပါ။ အပြည့်အစုံ
 
အာရှနယ်မြေအငြင်းပွါးမှု အမေရိကန် စိုးရိမ် အာရှနယ်မြေ အငြင်းပွါးမှု အမေရိကန် စိုးရိမ်
အာရှရေပိုင်နက်ထဲ နယ်မြေပိုင်ဆိုင်မှုအငြင်းပွါးတဲ့ အခြေနေတွေ တဖြေးဖြေးတင်းမာနေရာကနေ ပြဿနာတွေ ဖြစ်လာမှာကို စိုးရိမ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး Chuck Hagel ကပြောကြားလိုက်ပါတယ်။ အပြည့်အစုံ
 
ဆီးရီးယားအရေး လုံခြုံရေးကောင်စီ သဘောကွဲ ဆီးရီးယားအရေး လုံခြုံရေးကောင်စီ သဘောကွဲ
ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆီးရီးယား အရေး တံခါးပိတ်ဆွေးနွေးပွဲကို ဒုတိယနေ့အဖြစ်ပြုလုပ်ခဲ့ကြပေမယ့် စစ်ရေးအရအရေးယူဖို့အတွက်တော့ တညီတညွတ်တည်း ဆုံးဖြတ်ချက် မချနိုင်သေးပါဘူး။ အပြည့်အစုံ
 
ဆီးရီးယားအရေး ကုလစုံစမ်းမှု စောင့်ဖို့ ဘန်ကီမွန်း တိုက်တွန်း ဆီးရီးယားအရေး ကုလစုံစမ်းမှု စောင့်ဖို့ ဘန်ကီမွန်း တိုက်တွန်း
ဆီးရီးယားမှာ ဓါတုလက်နက်တွေသုံး မသုံး ကုလသမဂ္ဂစုံစမ်းရေးအဖွဲ့ရဲ့ စုံစမ်းမှု မပြီးသေးခင်မှာ ဆီးရီးယားအပေါ် စစ်ရေးအရအရေးယူမှုတွေ မလုပ်ကြဖို့ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေကို ကုလသမဂ္ဂအတွင်းရေးမှုးချုပ်က တိုက်တွန်းလိုက်ပါတယ်၊ အပြည့်အစုံ
 
ဖိလစ်ပိုင် သမ္မတ မလာရောက်ဖို့ တရုတ်ပိတ်ပင် ဖိလစ်ပိုင် သမ္မတ မလာရောက်ဖို့ တရုတ်ပိတ်ပင်
တရုတ်ကို ရှေ့သီတင်းပါတ်ထဲ သွားရောက်ဖို့ ရှိတဲ့ ဖိလစ်ပိုင်သမ္မတ Benigno Aquino ရဲ့ ခရီးစဉ်ကို ဖျက်သိမ်းပေးဖို့ တရုတ်ဖက်က တောင်းဆိုခဲ့တယ်လို့ ဖိလစ်ပိုင်က ပြောလိုက်ပါတယ်၊ အပြည့်အစုံ
 
ဆီးရီးယားအရေး ကုလ ရှေ့မတိုးနိုင်လျှင် အမေရိကန် ဆက်လုပ်မည် ဆီးရီးယားအရေး ကုလ ရှေ့မတိုးနိုင်လျှင် အမေရိကန် ဆက်လုပ်မည်
"ကုလသမဂ္ဂမှာ သံတမန်ရေးအရ ဘာမှမလုပ်နိုင် ဖြစ်နေတာကြောင့် ဆီးရီးယားမှာ ဓာတုလက်နက် အသုံးပြု တိုက်ခိုက်နေတာကို တုံ့ပြန်အရေးယူဖို့ကိစ္စကို ဟန့်တားနိုင်မှာ မဟုတ်ဘူးလို့ အမေရိကန် ပြည်ထောင်စုက ပြောလိုက်ပါတယ်။" အပြည့်အစုံ
 
တီဗွီ

နေ့ စဉ်တီဗွီသတင်းလွှာ ၀၈-၃၀-၂၀၁၃ နေ့ စဉ်တီဗွီသတင်းလွှာ ၀၈-၃၀-၂၀၁၃
အမေရိကန်ကာကွယ်ရေးဝန်ကြီးနဲ့ မြန်မာကာကွယ်ရေး ၀န်ကြီးတို့ ဘရူနိုင်း အာစီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးအတွင်း အစီအစဉ် ပြင်ပမှာ တွေ့ဆုံကြတဲ့သတင်း၊ မြန်မာနိုင်ငံမှာ ကလေးစစ်သားအသုံးပြုမှုတွေ ရှိနေဆဲပဲ ဆိုတဲ့အကြောင်း သတင်းပေးပို့ချက်နဲ့ ဆီးရီးယားအရေး စစ်ရေးရွေးချယ်နိုင်ခြေအပေါ် တုန့်ပြန်မှု သဘောထားတွေနဲ့ တခြား နိုင်ငံတကာ ဆောင်းပါးတွေကို ရှု့စားကြရမှာပါ။ အပြည့်အစုံ
 
ဗွီဒီယိုသတင်း

ဆီးရီးယားအရေး စစ်ရေးရွေးချယ်မှု ဆီးရီးယားအရေး စစ်ရေးရွေးချယ်မှု
ဆီးရီးယားသမ္မတ Assad အစိုးရက အတိုက်အခံနဲ့ပြည်သူတွေကို ဓါတုလက်နက်သုံးပြီး နှိမ်နင်းနေတဲ့အပေါ် စစ်ရေးအရ အရေးယူနိုင်အောင် အမေရိကန်ပြည်ထောင်စုက နိုင်ငံတကာဥပဒေနဲ့အညီပြင်ဆင်နေတယ်လို့ ပြောပါတယ်။ ဒီလို စစ်ရေးအရအရေးယူဖို့ ဆီးရီးယားပြည်သူတွေကထောက်ခံပေမယ့် နိုင်ငံတကာမှာတော့ ကန့်ကွက်တာတွေရှိနေပါတယ်။ ဗီအိုအေ သတင်းထောက် Zlatica Hoke နဲ့ Elizabeth Arrott တို့ပေးပို့ထားတာကို မအင်ကြင်းနိုင်ကပြောပြမှာပါ။ အပြည့်အစုံ
 
ဒဏ္ဍာရီဆန်တဲ့ အဆောက်အဦး ဒဏ္ဍာရီဆန်တဲ့ အဆောက်အဦး
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော် တောင်ဘက်က Pattaya ကမ်းခြေဟာ အပျော်အပါး လုပ်ငန်းတွေနဲ့ လူသိများလှပေမဲ့ အခုအခါမှာတော့ ဘားဆိုင်တွေ၊ နိုက်ကလပ်တွေနဲ့ မလှမ်းမကမ်းမှာ တည်ဆောက်နေတဲ့ ဆန်းဆန်းပြားပြား နေရာတခုကလည်း ခရီးသွားတွေကို ဆွဲဆောင်နေပါတယ်။ သစ်သားနဲ့ ဆောက်လုပ်ထားပြီး ဒဏ္ဍာရီဆန်ဆန် ရုပ်ထုတွေနဲ့ အဆောက်အဦးကိုတော့ အရှေ့တိုင်း ဒဿနပညာနဲ့ ကွဲပြားတဲ့ ဘာသာရေး ယုံကြည်မှုတွေရဲ့ အနှစ်သာရကို ခံစားနိုင်ဖို့ ဖန်တီးထားတာပါ။ Pattaya ကမ်းခြေက ခရီးသွားတွေ စိတ်ဝင်စားနေကြတဲ့ နေရာအကြောင်းကိုတော့ ကိုအောင်လွင်ဦး ကပြောပြပေးမှာ ဖြစ်ပါတယ်။ အပြည့်အစုံ
 
ကလေးစစ်သားစုဆောင်းမှု ကျန်နေဆဲ ကလေးစစ်သားစုဆောင်းမှု ကျန်နေဆဲ
အသက် ၁၅ နှစ်အရွယ် သူတို့ရဲ့သားလေးကို စစ်တပ်ထံ ရောင်းစားခံရလို့ ပြန်လွတ်ပေးဖို့ သက်ဆိုင်ရာ တပ်ရင်းက တာဝန်ရှိသူ အရာရှိထံမှာ တောင်းဆိုပေမယ့် အခုချိန်ထိ ပြန်လွတ်ပေးခြင်း မရှိသေးဘူးလို့ ကလေးမိခင်တဦးက ပြောပါတယ်။ မြန်မာအစိုးရအနေနဲ့ ကလေးစစ်သား စုဆောင်းနေတာတွေ ရပ်တန့်ဖို့ ကုလသမဂ္ဂအဖွဲ့နဲ့ သဘောတူ စာချုပ် ချုပ်ဆိုထားပေမယ့် နည်းမျိုးစုံနဲ့ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေ စစ်တပ်ထဲ ရောင်းစားခံနေကြတုန်းဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ VOA ၀ိုင်းတော်သား ကိုဇော်ဝင်းလှိုင်က ရန်ကုန်မြို့ကနေ သတင်းပေးဖို့ထားပါတယ်။ အပြည့်အစုံ
 
သောကြာနေ့ မြန်မာတီဗွီသတင်းများ သောကြာနေ့ မြန်မာတီဗွီသတင်းများ
. အပြည့်အစုံ
 
မောင်းသူမဲ့ယာဉ် လက်တွေ့ဈေးကွက် မောင်းသူမဲ့ယာဉ် လက်တွေ့ဈေးကွက်
မကြာသေးခင်က ၀ါရှင်တန်မြို့ နိုင်ငံတကာ ပြပွဲတခုမှာ ခင်းကျင်းပြသခဲ့တဲ့ မောင်းသူမပါဘဲ အလိုအလျောက် သွားလာနိုင်တဲ့ယာဉ်တွေ အများအပြားကို ပြသခဲ့ပါတယ်။ ဒါပေမဲ့ ဒီယာဉ်တွေ ဈေးကွက်ထဲမှာ ကျယ်ကျယ်ပြန့်ပြန့် ရောင်းချ အသုံးပြုနိုင်ဖို့ကတော့ လက်တွေ့မှာ ဖြစ်မလာနိုင်သေးပါဘူး။ ဗွီအိုအေ သတင်းထောက် George Putic ပေးပို့ထားတဲ့သတင်းကို မခင်ဖြူထွေးက ပြောပြပေးပါလိမ့်မယ်။ အပြည့်အစုံ
 
VOA60 USA

VOA60 USA VOA60 USA
President Obama comments on chemical weapons in Syria during news conference- VOA60 America အပြည့်အစုံ
 

အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
Voice of America
330 Independence Ave. SW Suite 3166
Washington, D.C. 20237 USA

No comments:

Post a Comment