ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ သြဂုတ်လ ၂၉၊ ၂၀၁၃ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
| မြန်မာ ကုလအကြံပေး မစ္စတာ Nambiar လိုင်ဇာရောက် "နမ်ဘီယားလည်းပဲ အခု ဒီလို ရောက်ခဲ့တယ်ဆိုတော့ နိုင်ငံရေးအခြေအနေ ပြောင်းလဲမှု ရဲ့ အကျိုးပေါ့လေ။နိုင်ငံရေး ပြောင်းလဲလာတဲ့ အတွက်ကြောင့်မို့ ဒီလို တွေ့ဆုံရတယ်။ ပိုပြီးမှ ပြောင်းလဲလာ ဖို့ အားလုံး ဆက်လက် လုပ်ဆောင်ရမယ်ဆိုတဲ့ သဘောပဲ။ ကျနော် ဒီလိုပဲ သဘောပေါက်တယ်။" အပြည့်အစုံ ထိုင်း-မြန်မာနယ်စပ် အပြည်ပြည်ဆိုင်ရာ ၀င်ထွက်ပေါက် ၄ ခုဖွင့် "ကိုယ့်ပြည်နယ်ကို ဖြတ်ပြီးဝင်ရောက်လာတဲ့ နိုင်ငံတကာ ခရီးသည်၊ ခရီးသွားများကို စိတ်ထားဖြူစင်စွာနဲ့ ကျနော်တို့ တိုင်းရင်းသားတွေရဲ့ ဓလေ့စရိုက်နဲ့အညီ ခရီးသွားတွေ စိတ်ချမ်းသာ ကိုယ်ချမ်းသာဖြစ်စေဖို့၊ အဆင်ပြေချောမွေ့စေဖို့၊ လုံလုံခြုံခြုံ ရှိစေဖို့ အပါအ၀င် လိုအပ်ချက် အ၀၀ကို" အပြည့်အစုံ မာတင်လူသာကင်းမိန့်ခွန်း နှစ် ၅၀ ပြည့်အခမ်းအနား ရန်ကုန်မှာကျင်းပ "ဒေါ်အောင်ဆန်းစုကြည် အပါအ၀င်၊ မင်းကိုနိုင်တို့၊ ကိုကိုကြီးတို့၊ ဦးခွန်ထွန်းဦးတို့အပြင် လမ်းမတွေပေါ် ထွက်ပြီး မိမိတို့ရဲ့ အခွင့်အရေးကို တောင်းဆိုကြသူတွေ၊ ဒီမိုကရေစီ အရေး တောင်းဆိုကြသူတွေနဲ့ မာတင် လူသာကင်းကြားမှာ တိုက်ရိုက် ဆက်နွယ်မှု ရှိပါတယ်။ ဒါဟာ မြန်မာပြည်ရဲ့ ပြောင်းလဲမှု အစလို့ ခေါ်မယ်ဆိုလည်း ရနိုင်ပါတယ်" အပြည့်အစုံ ဆီးရီးယားအရေး ကုလ ရှေ့မတိုးနိုင်လျှင် အမေရိကန် ဆက်လုပ်မည် "ကုလသမဂ္ဂမှာ သံတမန်ရေးအရ ဘာမှမလုပ်နိုင် ဖြစ်နေတာကြောင့် ဆီးရီးယားမှာ ဓာတုလက်နက် အသုံးပြု တိုက်ခိုက်နေတာကို တုံ့ပြန်အရေးယူဖို့ကိစ္စကို ဟန့်တားနိုင်မှာ မဟုတ်ဘူးလို့ အမေရိကန် ပြည်ထောင်စုက ပြောလိုက်ပါတယ်။" အပြည့်အစုံ အသားအရောင်အလိုက် ဆင်းရဲချမ်းသာ ကွာဟနေမှု အိုဘားမားထောက်ပြ "ဘယ်ပြည်နယ်ကပဲဖြစ်ဖြစ်၊ ဘယ်လူမျိုး၊ ဘယ်ဘာသာကိုမဆို ကိုးကွယ်ကြတဲ့ သန်းနဲ့ချီ တဲ့ အမေရိကန်တွေ အတူတကွ ညီရင်းအကို စိတ်ဓာတ်မျိုးနဲ့ လက်တွဲမယ်ဆိုရင် ကျနော် တို့ ကျော်ဖြတ်မယ့် တောင်တန်းတွေလည်း နိမ့်ဆင်းသွားပါလိမ့်မယ်။ ကြမ်းတမ်းတဲ့ မြေပြင်တွေလည်း..." အပြည့်အစုံ ၆ နှစ်သားမျက်လုံး အရှင်လတ်လတ် ဖောက်ခိုး "တရုတ်နိုင်ငံမှာ ၆ နှစ်အရွယ် ကလေးငယ်တယောက်ကို တိုက်ခိုက်ပြီး မျက်လုံးကို ဖောက် ယူသွားခဲ့သူဟာ မှောင်ခိုဈေးကွက်မှာ မျက်ကြည်လွှာကို ရောင်းစားဖို့ ရည်ရွယ်ပုံရတယ်လို့" အပြည့်အစုံ ပြည်သူ့အခွင့်အရေး နှစ် ၅၀ ပြည့် အခမ်းအနား အိုဘားမားဦးဆောင် “ဒေါက်တာကင်း ထားခဲ့တဲ့ တန်ဖိုး အမွေအနှစ်တွေ သူ့ရဲ့ လှုပ်ရှားမှုတွေကို အမှတ်ရကြ ပါ။ နိုင်ငံသား အခွင့်အရေးလှုပ်ရှားမှုရဲ့ တန်ဖိုး အမွေအနှစ်တွေကို အောက်မေ့ကြပါ။ ကမ္ဘာ့နေရာ အနှံ့အပြား နေရာတော်တော်များများမှာ ဒါဟာ တန်းတူညီမျှမှုရဲ့တန်ဖိုး၊ လူ့အခွင့်အရေးရဲ့တန်ဖိုးတွေဆိုတာ အမှတ်ရကြပါတယ်။" အပြည့်အစုံ ဆီးရီးယားအပေါ် အရေးယူဖို့ ကုလ စတင်ဆွေးနွေး "ဆီးရီးယားက အရပ်သားတွေကို ဓာတုလက်နက် အန္တရာယ်ကနေ အကာအကွယ်ပေး ရေး လိုအပ်တဲ့ လုပ်ဆောင်မှုတွေ လုပ်ဖို့ တောင်းဆိုထားတဲ့ အဆိုပြုချက်ကို အမေရိကန်၊ ပြင်သစ်၊ ရုရှား၊ တရုတ်နဲ့ ဗြိတိန်နိုင်ငံတွေက သံတမန်တွေ အချေအတင် ဆွေးနွေးနေကြတာပါ။ အဆိုကို လုံခြုံရေးကောင်စီမှာ မဲခွဲဆုံးဖြတ်ဖို့ ဗြိတိန်က လိုလားပါတယ်" အပြည့်အစုံ အရှေ့တောင်အာရှ ကာကွယ်ရေးဝန်ကြီးတွေ ရေပိုင်နက်ပြဿနာ ဆွေးနွေး "ရေပိုင်နက် အငြင်းပွားမှုကြောင့် ပဋိပက္ခမဖြစ်အောင် တားဆီးနိုင်ရေးအတွက် မဖြစ်မနေ လိုက်နာဆောင်ရွက်ရမယ့် စည်းမျဉ်းတွေကို တရုတ်ဘက်က ညှိနှိုင်းဆွေးနွေးအောင် ပူးပေါင်း တိုက်တွန်းမယ်လို့ အာဆီယံဝန်ကြီးတချို့က ဒီစည်းဝေးပွဲ မစခင်ထဲက သဘောတူထားကြပါတယ်" အပြည့်အစုံ အသဲရောဂါ ကာကွယ်ရေး သြဂုတ် ၂၈၊ ၂၀၁၃။ မြန်မာနိုင်ငံမှာ အသဲရောဂါ ဘာကြောင့် အဖြစ်များပြီး၊ ဒီရောဂါအန္တရာယ်ကို ဘယ်လို ကာကွယ်ကုသနိုင်ပါသလဲ။ အပြည့်အစုံ ဘက်မလိုက်ဘူးဆိုတဲ့ ကုလ အထူးကိုယ်စားလှယ် သြဂုတ် ၂၈၊ ၂၀၁၃ - မြန်မာနိုင်ငံသွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနား နဲ့ သူ့ခရီးစဉ်အကြောင်း ဆွေးနွေးထား... အပြည့်အစုံ မာတင်လူသာကင်း ကျနော့မှာအိပ်မက်တခုရှိတယ်ဆိုတဲ့ မိန့်ခွန်းပြောခဲ့တဲ့ နှစ်ငါးဆယ်ပြည့် အခမ်းအနား ရန်ကုန်နဲ့ ၀ါရှင်တန်မြို့တော်က အခမ်းအနားအကြောင်း သတင်းတွေနဲ့၊ သမ္မတ အိုဘားမားရဲ့ မိန့်ခွန်းကောက်နုတ်ချက်၊ အမေရိကန်နဲ့ အရှေ့တောင်အာရှ နိုင်ငံတွေအကြား စစ်ရေးဆက်ဆံရေးနဲ့ ဆီးရီးယားအရေး အမေရိကန် မူဝါဒအကြောင်း သတင်းဆောင်းပါးတွေ ပါဝင်ပါတယ်။ အပြည့်အစုံ အမေရိကန်ပြည်ထောင်စု သမိုင်းမှာ အသားအရောင် ခွဲခြားမှုကို ဆန့်ကျင်ဆန္ဒပြတဲ့အနေနဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ငါးဆယ်က ၀ါရှင်တန်ဒီစီမြို့တော်ဆီ လမ်းလျှောက်ချီတက်ခဲ့ကြတဲ့ နှစ်ငါးဆယ်ပြည့် အထိမ်းအမှတ်အခမ်းအနား မနေ့က ၀ါရှင်တန်မြို့တော်မှာကျင်းပပါတယ်။ အခမ်းအနားမှာ သမ္မတအိုဘားမားကိုယ်တိုင် တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါတယ်။ ကိုသိန်းထိုက်ဦးက ဆက်ပြီး တင်ပြပါလိမ့်မယ်။ အပြည့်အစုံ မာတင် လူသာ ကင်းရဲ့ နာမည်ကျော် ကျနော့မှာ အိပ်မက်တစ်ခုရှိတယ်ဆိုတဲ့ မိန့်ခွန်းကို ပြောခဲ့တဲ့ နှစ်ငါးဆယ်ပြည့် အထိမ်းအမှတ် အခမ်းအနားတွေ၊ မြန်မာနိုင်ငံရန်ကုန်မြို့နဲ့ အမေရိကန်ပြည်ထောင်စုမှာ ကျင်းပကြတဲ့အကြောင်းတွေ၊ ထိုင်း-မြန်မာနယ်စပ်ဂိတ်တွေကတစ်ဆင့် ပြည်ဝင်ခွင့် ဗီဇာရထားတဲ့ ထိုင်းနဲ့ နိုင်ငံခြားသား ခရီးသွားတွေ မြန်မာနိုင်ငံထဲ ၀င်ထွက်ခွင့်ရကြပြီဆိုတဲ့သတင်းတွေကို တင်ဆက်ပေးထားပါတယ်။ အပြည့်အစုံ ဆီးရီးယားနိုင်ငံမှာ ပြီးခဲ့တဲ့သီတင်းပတ်က ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေအတွင်း အစိုးရတပ်တွေ ဘက်က ဓါတုလက်နက်အသုံးပြုတယ်ဆိုတဲ့စွပ်စွဲချက်တွေနဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စု အနေနဲ့ စစ်ရေးအရ တုန့်ပြန်ဖို့အတွက် နိုင်ငံတကာရဲ့ထောက်ခံအားပေးမှုကို ရဖို့ ဆောင်ရွက်နေပါတယ်။ ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ ဆီးရီးယားအစိုးရကတော့ ငြင်းဆိုထားပြီး ဘယ်လိုအခြေအနေမျိုးမှာမဆို ပြန်လည်ခုခံသွားမယ်ဆိုတဲ့အကြောင်း ဗွီအိုအေ ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းထောက် Scott Stearns သတင်းပေးပို့ထားပါတယ်။ မမေစန္ဒီက ပြောပြပေးပါလိမ့်မယ်။ အပြည့်အစုံ အမေရိကန် ကာကွယ်ရေး ၀န်ကြီး Chuck Hagel ဟာ ဘရူနိုင်းနိုင်ငံကို ရောက်နေပြီး အာဆီယံ အရှေ့တောင်အာရှ နိုင်ငံများအသင်း က ကာကွယ်ရေး ၀န်ကြီးတွေရဲ့ အစည်းအဝေးကို တက်ရောက်ပါတယ်။ အာရှ ဒေသတွင်း တရုပ်နိုင်ငံရဲ့ သြဇာလွှမ်းမိုးမှု ပိုမိုကြီးထွားလာချိန်မှာ ဒေသတွင်း မဟာမိတ်နိုင်ငံတွေနဲ့ တွေ့ဆုံပြီး ဆက်ဆံရေးပိုမိုခိုင်မာအောင် ကြိုးပမ်းနေတာဖြစ်ပါတယ်။ VOA ပန်တဂွန် စစ်ဌာချုပ် သတင်းထောက် Luis Ramirez သတင်းပေးပို့ထားတာကို ကိုသားညွန့်ဦးက တင်ပြပါလိမ့်မယ်။ အပြည့်အစုံ အမေရိကန် အသားအရောက်ခွဲခြားမှု တိုက်ဖျက်ရေးခေါင်းဆောင် ဒေါက်တာ မာတင် လူသာကင်းက သူ့ရဲ့ နာမည်ကျော် I Have A Dream ကျနော့်မှာ အိပ်မက်တစ်ခုရှိတယ်ဆိုတဲ့ မိန့်ခွန်းကို ပြောခဲ့တဲ့ နှစ်ငါးဆယ်ပြည့် အထိမ်းအမှတ် အခမ်းအနား တစ်ခုကို ရန်ကုန်မြို့က အမေရိကန်စင်တာမှာလည်း မနေ့က ကျင်းပခဲ့ပါတယ်။ ဒီအခမ်းအနားအကြောင်းကိုတော့ ရန်ကုန်မြို့ကနေ ကိုဇော်ဝင်းလှိုင်က သတင်းပေးပို့ထားပါတယ်။ အပြည့်အစုံ VOA60 USA President Obama comments on chemical weapons in Syria during news conference- VOA60 America အပြည့်အစုံ |
| အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
| Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
ကုလအကြံပေး မစ္စတာ Nambiar လိုင်ဇာရောက်
ထိုင်း-မြန်မာနယ်စပ် အပြည်ပြည်ဆိုင်ရာ ၀င်ထွက်ပေါက် ၄ ခုဖွင့်
မာတင်လူသာကင်းမိန့်ခွန်း နှစ် ၅၀ ပြည့်အခမ်းအနား ရန်ကုန်မှာကျင်းပ
ဆီးရီးယားအရေး ကုလ ရှေ့မတိုးနိုင်လျှင် အမေရိကန် ဆက်လုပ်မည်
အသားအရောင်အလိုက် ဆင်းရဲချမ်းသာ ကွာဟနေမှု အိုဘားမားထောက်ပြ
၆ နှစ်သားမျက်လုံး အရှင်လတ်လတ် ဖောက်ခိုး
ပြည်သူ့အခွင့်အရေး နှစ် ၅၀ ပြည့် အခမ်းအနား အိုဘားမားဦးဆောင်
ဆီးရီးယားအပေါ် အရေးယူဖို့ ကုလ စတင်ဆွေးနွေး
အရှေ့တောင်အာရှ ကာကွယ်ရေးဝန်ကြီးတွေ ရေပိုင်နက်ပြဿနာ ဆွေးနွေး
အသဲရောဂါ ကာကွယ်ရေး
ဘက်မလိုက်ဘူးဆိုတဲ့ ကုလ အထူးကိုယ်စားလှယ်
VOA60 USA
No comments:
Post a Comment