Saturday, August 31, 2013

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ - သြဂုတ်လ ၃၁၊ ၂၀၁၃

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
 
ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
သြဂုတ်လ ၃၁၊ ၂၀၁၃

ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်...

 
မြန်မာ

ထန်းကုန်းပဋိပက္ခနဲ့ ဆက်စပ်ဖမ်းထားသူ တစ်ဦးသေဆုံး ထန်းကုန်းပဋိပက္ခနဲ့ ဆက်စပ်ဖမ်းထားသူ တစ်ဦးသေဆုံး
ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်း လူမျိုးရေးပဋိပက္ခနဲ့ဆက်နွယ်ပြီး ဖမ်းဆီးခံရသူတဦး ရွှေဘိုဆေးရုံကြီးမှာ ဝမ်းလျှောကွယ်လွန်သွားခဲ့ကြောင်း သတင်းတွေထွက်ပေါ်နေခဲ့ပြီး ဆေးစစ်ချက်အဖြေကို စောင့်ဆိုင်းနေဆဲ ဖြစ်ပါတယ်။ အပြည့်အစုံ
 
ဒုတိယသမ္မတနဲ့ မတွေ့ခင် တိုင်းရင်းသားခေါင်းဆောင်များ ဆွေးနွေး ဒုတိယသမ္မတနဲ့ မတွေ့ခင် တိုင်းရင်းသားခေါင်းဆောင်များ ဆွေးနွေး
တိုင်းရင်းသားလူများများ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့နဲ့ ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်းတို့ ဒီကနေ့ ရန်ကုန်မှာ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ပါတယ်။ အပြည့်အစုံ
 
ကချင်ဒုက္ခသည် ပြန်လည်နေရာချရေး ကုလအထူးကိုယ်စားလှယ် ဆွေးနွေး ကချင်ဒုက္ခသည် ပြန်လည်နေရာချရေး ကုလအထူးကိုယ်စားလှယ် ဆွေးနွေး
ကုလအတွင်းရေးမှူးချုပ်ရဲ့အထူးအကြံပေး မစ္စတာ ဗီဂျေးနမ်ဘီယားဟာ နေပြည်တော်မှာ ရောက်နေပြီး ဒုတိယသမ္မတ (၁) ဒေါက်တာစိုင်းမာက်ခမ်းအပြင် တခြား ပြည်ထောင်စုဝန်ကြီးတွေနဲ့လည်း သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။ အပြည့်အစုံ
 
နိုင်ငံတကာ

ဆီးရီးယားကို အကန့်အသတ်နဲ့တုံ့ပြန်ဖို့ အိုဘားမားစဉ်းစား ဆီးရီးယားကို အကန့်အသတ်နဲ့တုံ့ပြန်ဖို့ အိုဘားမားစဉ်းစား
ကလေး ၄၀၀ ကျော်ပါတဲ့ အရပ်သား ၁၄၀၀ ကျော် သေဆုံးတဲ့ တိုက်ခိုက်မှု မဖြစ်ခင်မှာ အစိုးရရဲ့ ဓာတုလက်နက်ကိုင်တပ်ဖွဲ့ကို အဲဒီဒေသမှာတွေ့ရကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောပြီးတဲ့နောက် သမ္မတအိုဘားမားကလည်း အကန့်အသတ်နဲ့ အရေးယူဖို့ စဉ်းစားနေကြောင်း ပြောလိုက်ပါတယ်။ အပြည့်အစုံ
 
 ဖိလစ်ပိုင်မှာ အမြဲတပ်စွဲထားဖို့ အမေရိကန် စိတ်မဝင်စား ဖိလစ်ပိုင်မှာ အမြဲတပ်စွဲထားဖို့ အမေရိကန် စိတ်မဝင်စား
ဖိလစ်ပိုင်မှာ အမေရိကန်တပ်တွေ တိုးချဲ့ချထားရေးဆွေးနွေးမှု တိုးတက်လာပေမဲ့ အမြဲတမ်းအခြေစိုက်စခန်းဖွင့်ဖို့ ဆန္ဒမရှိကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။ အပြည့်အစုံ
 
ဆီးရီးယားအရေး နိုင်ငံတကာထောက်ခံမှုရဖို့ အမေရိကန် ဆက်ကြိုးစားနေ ဆီးရီးယားအရေး နိုင်ငံတကာထောက်ခံမှုရဖို့ အမေရိကန် ဆက်ကြိုးစားနေ
ဓာတုလက်နက်အသုံးပြုနေတယ်ဆိုတဲ့ ဆီးရီးယားကိုတုံ့ပြန်ဖို့ နိုင်ငံတကာမဟာမိတ်တွေကို ဆက်ပြီးရှာဖွေသွားဖို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး ဟေဂယ်လ်က ပြောလိုက်ပါတယ်။ အပြည့်အစုံ
 
အမေရိကန် တရားဥပဒေနဲ့ မူးယစ်ဆိုင်ရာ လက်ထောက် ဝန်ကြီး မြန်မာနိုင်ငံလာမည် အမေရိကန် တရားဥပဒေနဲ့ မူးယစ်ဆိုင်ရာ လက်ထောက် ဝန်ကြီး မြန်မာနိုင်ငံလာမည်
မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနဲ့ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို ထောက်ခံကြောင်းပြဖို့ မစ္စတာ ဘရောင်းဖီးလ် မြန်မာနိုင်ငံကိုလာမှာဖြစ်ကြောင်း နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။ အပြည့်အစုံ
 
မြေယာသိမ်းပိုက်တဲ့ တရုတ်ဘူဒိုဇာကြောင့်  ၄ နှစ်သမီးငယ်သေဆုံး မြေယာသိမ်းပိုက်တဲ့ တရုတ်ဘူဒိုဇာကြောင့် ၄ နှစ်သမီးငယ်သေဆုံး
သေဆုံးသူ မိန်းကလေးငယ် မိသားစုနေထိုင်ရာ နေရာ အနီး မြေညှိနေကြတဲ့ ဆောက်လုပ်ရေး လုပ်ငန်းက အလုပ်သမားတွေကို တားဆီးဖို့ မိဘတွေက ကြိုးပမ်းရင်း ဗုဒ္ဓဟူးနေ့ကပဲ မတော်တဆမှု ဖြစ်ပွားခဲ့တာပါ။ အပြည့်အစုံ
 
အာရှနယ်မြေအငြင်းပွါးမှု အမေရိကန် စိုးရိမ် အာရှနယ်မြေအငြင်းပွါးမှု အမေရိကန် စိုးရိမ်
အာရှရေပိုင်နက်ထဲ နယ်မြေပိုင်ဆိုင်မှုအငြင်းပွါးတဲ့ အခြေနေတွေ တဖြေးဖြေးတင်းမာနေရာကနေ ပြဿနာတွေ ဖြစ်လာမှာကို စိုးရိမ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး Chuck Hagel ကပြောကြားလိုက်ပါတယ်။ အပြည့်အစုံ
 
ဆီးရီးယားအရေး လုံခြုံရေးကောင်စီ သဘောကွဲ ဆီးရီးယားအရေး လုံခြုံရေးကောင်စီ သဘောကွဲ
ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆီးရီးယား အရေး တံခါးပိတ်ဆွေးနွေးပွဲကို ဒုတိယနေ့အဖြစ်ပြုလုပ်ခဲ့ကြပေမယ့် စစ်ရေးအရအရေးယူဖို့အတွက်တော့ တညီတညွတ်တည်း ဆုံးဖြတ်ချက် မချနိုင်သေးပါဘူး။ အပြည့်အစုံ
 
သိပ္ပံနဲ့နည်းပညာ

နည်းပညာနောက်ဆုံးတိုးတက်မှုနဲ့ လူမှုပြဿနာ  နည်းပညာနောက်ဆုံးတိုးတက်မှုနဲ့ လူမှုပြဿနာ
သတင်းနဲ့ နည်းပညာဆိုင်ရာ နောက်ဆုံးတိုးတက်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ပြဿနာတွေအကြောင်း ကွန်ပြူတာ အင်ဂျင်နီယာ ဦးအောင်မိုးရဲ့ အမြင်ကို တင်ပြထားပါတယ်။ အပြည့်အစုံ
 
သတင်းသုံးသပ်ချက်

တရုတ် စိတ်မကုန်တဲ့ ဧရာဝတီမြစ်ဆုံ တရုတ် စိတ်မကုန်တဲ့ ဧရာဝတီမြစ်ဆုံ
သြဂုတ် ၃၁၊ ၂၀၁၃ - မြစ်ဆုံရေကာတာ စီမံကိန်း ရပ်ဆိုင်းလိုက်ရတဲ့ အကြောင်းပြချက်ကို တရုတ်ဘက်က လက်မခံနိုင်တဲ့အတွက် စီမံကိန်းပြန်စနိုင်အောင် ကြိုးစားနေတဲ့အကြောင်း ... အပြည့်အစုံ
 
တီဗွီ

နေ့ စဉ်တီဗွီသတင်းလွှာ ၀၈-၃၁-၂၀၁၃ နေ့ စဉ်တီဗွီသတင်းလွှာ ၀၈-၃၁-၂၀၁၃
ကန့်ဘလူမြို့နယ်မှာ ဖြစ်ပွားခဲတဲ့ လူမျိုးရေး အသွင်ဆောင်တဲ့ ပဋိပက္ခနဲ့ ဆက်နွယ်ပြီး မသင်္ကာလို့ ဖမ်းဆီးခံထားရသူတွေထဲက တဦး ရွှေဘိုဆေးရုံကြီးမှာ သေဆုံး ၊ ကရင်အမျိုးသားအစည်းအရုံး KNU အတွင်းရေးမှူး ဗဒိုစောကွယ်ထူးရဲ့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ သဘောထား၊ ဆီးရီးယားအပေါ် စစ်ရေးအရ အရေးယူဖို့ စဉ်းစားချက်တွေက အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံခြားရေး မူဝါဒ ဦးစားပေးမှုအပေါ် ဘယ်လို ရိုက်ခတ်သလဲ သုံးသပ်ချက် …..စသည် အပြည့်အစုံ
 
ဗွီဒီယိုသတင်း

အီဂျစ်နိုင်ငံရေးနဲ့ အနုပညာ အီဂျစ်နိုင်ငံရေးနဲ့ အနုပညာ
နိုင်ငံရေး အုံကြွမှုတွေနဲ့ မတည်မငြိမ်ဖြစ်နေတဲ့ အီဂျစ်နိုင်ငံ နိုင်းမြစ်ထဲက ကျွန်းလေးတခုပေါ်မှာ နေထိုင်သူ အနုပညာရှင် Mohamed Abla ဟာ အီဂျစ်နိုင်ငံရေးကို ဆယ်စုနှစ်ပေါင်းများစွာ သုံးသပ်ပြောဆိုလာခဲ့သူ တယောက်ပါ။ မကြာသေးခင် နှစ်တွေကစလို့ နိုင်ငံရေးက သူ့ရဲ့ အနုပညာတွေ ပြောင်းလဲ ပစ်လိုက်တယ်လို့ ပြောပါတယ်။ ဒီအကြောင်းကိုတော့ ကိုင်ရိုမြို့ကနေ Heather Murdock သတင်းပေးပို့ထားတာကို မခင်ဖြူထွေးက ပြန် ပြောပြပေးပါလိမ့်မယ်။ အပြည့်အစုံ
 
ဆီးရီးယားအရေး သမ္မတအိုဘားမား ရွေးချယ်မှု ဆီးရီးယားအရေး သမ္မတအိုဘားမား ရွေးချယ်မှု
ဆီးရီးယားကို စစ်ရေးအရ တုန့်ပြန် အရေးယူမယ်ဆိုရင် မြေပြင်ကို စစ်တပ်တွေ စေလွှတ်မှာမဟုတ်သလို၊ အကန့်သတ်မရှိ၊ အဆုံးအစ မရှိ စစ်ဆင်ရေးမျိုး ဟုတ်မှာ မဟုတ်ဘူးလို့ သမ္မတအိုဘားမားက ပြောပါတယ်။ အခုလို အမေရိကန်ပြည်ထောင်စုက စဉ်းစားနေတာဟာ အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံခြားရေး မှုဝါဒ၊ အထူးသဖြင့် မကြာခင်က အာရှနိုင်ငံတွေအပေါ် မကြာခင်က အာရုံစိုက်လာတဲ့ မူတွေအပေါ် အပြောင်းအလဲတွေ ရှိနေပြီလားဆိုပြီး မေးခွန်း ထုတ်မှုတွေ ရှိနေပါတယ်။ ကိုသိန်းထိုက်ဦး စုစည်းတင်ပြပါလိမ့်မယ်။ အပြည့်အစုံ
 
စနေနေ့ မြန်မာတီဗွီသတင်းများ စနေနေ့ မြန်မာတီဗွီသတင်းများ
ကန့်ဘလူမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ ဆက်နွယ်ပြီး မသင်္ကာလို့ ဖမ်းဆီးခံထားရသူတဦး သေဆုံးသွားတဲ့သတင်း၊ အမေရိကန် နိုင်ငံတကာ မူးယစ်ဆေးဝါးနဲ့  တရားဥပဒေ ထိန်းသိမ်းရေးဆိုင်ရာ လက်ထောက် နို်င်ငံခြားရေးဝန်ကြီး မြန်မာနဲ့  ဒေသတွင်းနိုင်ငံအချို့ ကို သွားရောက်မှာဖြစ်တဲ့ သတင်းတွေကို တင်ဆက်ထားပါတယ်။ အပြည့်အစုံ
 
ငြိမ်းချမ်းရေးအတွက် KNU သဘောထား ငြိမ်းချမ်းရေးအတွက် KNU သဘောထား
တိုင်းရင်းသား အစုံပါတဲ့ ညီလာခံကျင်းပနိုင်ရေး၊ အစိုးရနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေကြား တွေ့ဆုံဆွေးနွေးရေးဆိုင်ရာ မူဝါဒတွေကို KNU ကရင်အမျိုးသားအစည်းအရုံးရဲ့အတွင်းရေးမှူး ပဒို စောကွယ်ထူးနဲ့ တိုင်းရင်းသားလူမျိုးစုပါတီတွေနဲ့ ဖွဲ့စည်းထားတဲ့ ညီနောင်တိုင်းရင်းသား ပါတီများဖက်ဒရေးရှင်း NBF တို့ မနေ့က ဆွေးနွေးခဲ့ကြပါတယ်။ ဒီနေ့ စနေနေ့မှာ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ ဥက္ကဌ ဒေါက်တာ စိုင်းမောက်ခမ်းနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၃ ဖွဲ့တို့ မတွေ့ဆုံခင် ကြိုတင် ညှိနှိုင်း တိုင်ပင်တဲ့ ဆွေးနွေးပွဲလို့ ဆိုပါတယ်။ ပဒို စောကွယ်ထူးကို VOA မြန်မာပိုင်းအစီအစဉ်က ကိုဇော်ဝင်းလှိုင် ရန်ကုန်မြို့မှာ တွေ့ဆုံမေးမြန်းတဲ့အချိန်၊ ပြည်တွင်းငြိမ်းချမ်းရေးမျှော်လင့်ချက်တွေနဲ့ ပတ်သက်ပြီး အခုလို ပြောပြပါတယ်။ အပြည့်အစုံ
 
မှေးမှိန်လာသော အာရတ်နွေဦးလှုပ်ရှားမှု မှေးမှိန်လာသော အာရတ်နွေဦးလှုပ်ရှားမှု
အာရပ်နွေဦးတော်လှန်ရေး စတင်လာခဲ့တာ (၂) နှစ်ခွဲကြာလာတဲ့ ခုချိန်ထိ အရှေ့ အလယ်ပိုင်း အာရပ်ဒေသကို ကြည့်ရင် သွေးထွက်သံယို အကြမ်းဖက်မှုတွေ ဆက်ဖြစ်နေတာကြောင့် အပြောင်းအလဲတွေအတွက် မျှော်လင့်ချက်တွေ ပျောက်ဆုံ သွားတော့မှာလားဆိုတဲ့ စိုးရိမ် မှုတွေ မြင့်တက်လာနေပါတယ်။ အဲဒီဒေသက အစိုးရ ပြောင်းလဲရေး လှုပ်ရှားမှုတွေမှာ ဘယ်အရာတွေက မှားယွင်းခဲ့ တာပါလဲ ၊ သူတို့ အခု သွားနေတဲ့ လမ်းကြောင်းတွေကရော အာရပ်ကမ္ဘာရဲ့ အနာဂတ်အတွက် ဘယ်လိုဖြစ်လာမှာလဲ- ဆိုတဲ့အကြောင်း VOA သတင်းထောက် Meredith Buel က သတင်းပေးပို့ထားပါတယ်။ ကိုဥာဏ်ဝင်းအောင်က တင်ပြပါလိမ့်မယ်။ အပြည့်အစုံ
 
VOA60 USA

VOA60 USA VOA60 USA
President Obama comments on chemical weapons in Syria during news conference- VOA60 America အပြည့်အစုံ
 

အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
Voice of America
330 Independence Ave. SW Suite 3166
Washington, D.C. 20237 USA

No comments:

Post a Comment