ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ သြဂုတ်လ ၂၄၊ ၂၀၁၃ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
| မြန်မာ ဖွဲ့စည်းပုံပြင်ပြီး လိုက်နာအကောင်အထည်ဖေါ်ဖို့လည်းအရေးကြီး မြန်မာ့ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အရေးကြီးသလို ဖွဲ့စည်းပုံနဲ့အညီ လိုက်နာဆောင်ဖို့လည်း အရေးကြီးကြောင်း မြန်မာ့အရေး ကျွမ်းကျင်သူ ပါမောက္ခ ဒေးဗစ်စတိုင်းဘတ်က ပြောပါတယ်။ အပြည့်အစုံ အခြေခံဥပဒေ လေ့လာ သုံးသပ်ရေးကော်မတီ ပထမဆုံး စည်းဝေး အခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီရဲ့ လုပ်ပိုင်ခွင့်နဲ့ တာဝန်အတည်ပြုနိုင်ရေး ပထမဆုံးအကြိမ်အစည်းအဝေးကို သြဂုတ်လ ၂၃ ရက်နေ့က ကျင်းပခဲ့ပါတယ်။ အပြည့်အစုံ ယုံကြည်မှုတည်ဆောက်ရေး ဆွေးနွေးပွဲ ကျင်းပခွင့်တောင်း “နိုင်ငံရေး ဆွေးနွေးပွဲတွေ ပေါ်ပေါက်ဖို့၊ အဲ့ဒီ နိုင်ငံရေး ဆွေးနွေးပွဲ မပေါ်ပေါက်ခင်မှာ တိုင်းရင်းသားတွေဘက်က ဒီမိုကရေစီရေး၊ တန်းတူညီညွတ်ရေး ရရှိဖို့၊ နောက် စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုပေါ်ပေါက်ဖို့၊ နောက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ဖို့ပေါ့နော်" အပြည့်အစုံ မာတင်လူသာကင်း အထိမ်းအမှတ် ချီတက်ပွဲ ၁၉၆၃ ခုနှစ်က “March on Washington” လို့ခေါ်တဲ့ နိုင်ငံသားအခွင့်အရေး တောင်းဆို ချီတက်ပွဲလုပ်ခဲ့တဲ့အတိုင်း စုဝေးချီတက်ကြဖို့ မြို့တော် ဝါရှင်တန်ဒီစီမှာ လူတွေ ထောင်နဲ့ချီစုဝေးကြဖို့ ရှိပါတယ်။ အပြည့်အစုံ ဆီးရီးယားအဆိပ်ငွေ့လက်နက် စုံစမ်းရေး ရုရှားနဲ့တရုတ်ပါဝင်တောင်းဆို ဆီးရီးယားမှာ အစိုးရက အဆိပ်ဓာတ်ငွေ့တွေသုံးပြီး တိုက်ခိုက်မှုတွေရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်အပေါ် စုံစမ်းစစ်ဆေးဖို့ နိုင်ငံတကာ တောင်းဆိုမှုမှာ ရုရှားနဲ့ တရုတ်နိုင်ငံတွေလည်း ပါဝင်လာပါပြီ။ အပြည့်အစုံ အမျိုးသမီး ဓာတ်ပုံသတင်းထောက် အိန္ဒိယမှာ မုဒိန်းကျင့်ခံရ အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့မှာ အမျိုးသမီး ဓာတ်ပုံသတင်းထောက်တစ်ယောက်ကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့ပါတယ်။ အပြည့်အစုံ ဆီးရီးယားကထွက်ပြေးတဲ့ ကလေးဒုက္ခသည် တစ်သန်းရှိပြီ ငယ်ရွယ်တဲ့ ဆီးရီယားကလေး ဒုက္ခသည်တွေဟာ လက်ဘနွန်၊ ဂျော်ဒန်၊ တူရကီ၊ အီရတ်၊ အီဂျစ်၊ မြောက်အာဖရိကနဲ့ ဥရောပနိုင်ငံတွေမှာ ခိုလှုံနိုင်ဖို့ ကြိုးပမ်းနေကြတယ်။ (UNHCR & UNICEF) အပြည့်အစုံ ဒီိမိုကရက်တစ်ပါတီ (မြန်မာ) CEC အဖွဲ့ဝင် ဒေါ်မီနီသင်းကျော်နဲ့ မေးမြန်းချက် "ကျမတို့ အမျိုးသမီးတွေ အရည်အချင်းတွေ၊ အရည်အသွေးတွေ မြင့်တက်လာအောင်လို့ ကျမတို့က နိုင်ငံရေးသင်တန်းတွေကို အခုအချိန်မှာတော့ အထူးသဖြင့် အမျိုးသမီးတွေကို လွှတ်ပြီးတော့ ပို့ချတယ်။ လူမှုရေးလုပ်ငန်းတွေမှာလည်း အမျိုးသမီးတွေက ၀င်ရောက်ပြီးတော့ စည်းရုံးရင်း အလုပ်လုပ်ဆိုတဲ့ ပုံစံမျိုးနဲ့ ကျမတို့ ၀င်ရောက်ပြီးတော့ လုပ်ကိုင်နေပါတယ်" အပြည့်အစုံ ကုလားတန် စီမံကိန်း အခြေအနေ သြဂုတ် ၂၄၊ ၂၀၁၃ - အိန္ဒိယအရှေ့ မြောက်ဒေသရဲ့  ထွက်ပေါက်အဖြစ် ကုလားတန်မြစ်ကိုသုံးမယ့် စီမံကိန်းကြောင့် ဒေသခံများ ဒုက္ခရောက်ပုံကို တင်ပြထားပါတယ်။ အပြည့်အစုံ အိမ်ယာခြံမြေဈေးကွက်ကို အခွန်နဲ့ ထိန်းချုပ်သွားမယ့်အကြောင်း မြန်မာအစိုးရ တာဝန်ရှိသူတွေက ပြောဆိုတဲ့သတင်း၊ ရန်ကုန်မြို့အတွင်း နေရာတချို့မှာ မိုးသည်းထန်ပြီး မြောင်းတွေ ပိတ်တဲ့အတွက် ရေလွှမ်းမိုးမှုတွေ ပေါ်ပေါက်နေတဲ့ သတင်းနဲ့အတူ ထိုင်ဝမ်နဲ့ အမေရိကန် စစ်ရေးဆက်ဆံရေးနဲ့ စစ်ဘက်ဆိုင်ရာ နည်းပညာတွေအကြောင်းတွေ အပြင် အဝေးထိန်း စက်ရုပ်တွေအကြောင်း တင်ပြချက်တွေ ပါဝင်ပါတယ်။ အပြည့်အစုံ အိမ်ယာခြံမြေဈေးကွက် ကျဆင်းအောင် ရည်ရွယ်ပြီး အခွန်ကော်မတီတွေ ဖွဲ့စည်း လုပ်ကိုင်သွားမယ့်အကြောင်း မြန်မာအစိုးရ တာဝန်ရှိသူတွေက ပြောဆိုတဲ့သတင်း၊ ရန်ကုန်မြို့အတွင်း နေရာတချို့မှာ မိုးသည်းထန်ပြီး မြောင်းတွေ ပိတ်တဲ့အတွက် ရေလွှမ်းမိုးမှုတွေ ပေါ်ပေါက်နေတဲ့ သတင်းနဲ့အတူ ဆေးမတိုးတော့တဲ့ TB ရောဂါတိုက်ဖျက်ရေး ကျန်းမာရေးပညာရှင်တွေ ဆွေးနွေးကြတဲ့သတင်းတွေ ပါဝင်ပါတယ်။ အပြည့်အစုံ မြန်မာနိုင်ငံမှာ အိမ်ယာခြံမြေဈေးကွက် ကျဆင်းအောင်လို့ အခွန်ကော်မတီတွေ ဖွဲ့ပြီး တဖက်တလမ်းကနေ ဖြေရှင်းကိုင်တွယ်နေတယ်လို့ မြန်မာအစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ မနေ့က နေပြည်တော်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း အိမ်ယာခြံမြေ ဈေးတွေ မြင့်တက်နေတဲ့ ပြသနာနဲ့ တခြား အကြောင်းအရာတော်တော်များများ သတင်းဌာနတွေရဲ့ မေးမြန်းချက်ကို အစိုးရ၀န်ကြီးအဖွဲ့ဝင် ၀န်ကြီးတွေက ပြန်လည် ဖြေကြား ခဲ့တာဖြစ်ပါတယ်။ ဗွီအိုအေ ၀ိုင်းတော်သား ကိုဇော်ဝင်းလှိုင် နေပြည်တောကို ကိုယ်တိုင်သွားရောက်ပြီး သတင်းပေးပို့ထားပါတယ်။ အပြည့်အစုံ ရဲအရာရှိတွေနဲ့ အရေးပေါ်ဌာန- ကျွမ်းကျင်ပညာရှင်တွေ သက်စွန့်ဆံဖျား လုပ်ဆောင်ကြရတဲ့ မပေါက်ကွဲသေးတဲ့ ဗုံးစံနက်တံတွေ ဖြုတ်တာနဲ့ နေရာအတော်ကျယ်ကျယ်ဝန်းဝန်းအတွက် လုံခြုံရေး အစောင့်ချထားတာလိုမျိုး တာဝန်တွေကိုယူပေးနိုင်မယ့် စက်ရုပ် Sally လို စက်ရုပ်တွေကို သိပ္ပံပညာရှင်တွေ တီထွင်နေကြပြီဖြစ်ပါတယ်။ အဝေးကနေ ထိမ်းချုပ်ခိုင်းစေနိုင်တဲ့ စက်ရုပ် Sally ကို ဝါရှင်တန်ဒီစီမြို့ပြင်မှာ ရှိတဲ့ John Hopkins တက္ကသိုလ် အသုံးချရူပဗေဒ APL ဓါတ်ခွဲခန်းမှာ သုတေသနပညာရှင်တွေ ဘယ်လို ဖန်တီးလုပ်ဆောင်နေတယ်ဆိုတာကို VOA သတင်းထောက် George Putic သွားရောက်လေ့လာပြီး သတင်းပေးပို့ ထားပါတယ်။ ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ အပြည့်အစုံ အမေရိကန်ပြည်ထောင်စုအနေနဲ့ တိုင်ဝမ်ကျွန်းကို လက်နက်ခဲယမ်းမီးကျောက်တွေ ဆက်ပြီး ရောင်းချသွားမယ် လို့ အမေရိကန်က အတည်ပြု ပြောဆိုလိုက်ပြီး အဲဒီမူဝါဒကိုပြောင်းလဲမယ့် အလားအလာနဲ့ပတ်သက်လို့ အမေရိကန်နဲ့ တရုတ် တာဝန်ရှိသူတွေ ဆွေးနွေးဖွယ်ရှိတယ်ဆိုတဲ့သတင်းတွေကို ပယ်ချလိုက်ပါတယ်။ ဒီအတောအတွင်းမှာပဲ နယ်မြေဒေသမရွေး သွားလို့ရတဲ့ သံချပ်ကာယာဉ်တွေ၊ iPhone နဲ့ ထိန်းချုပ်ပစ်ခတ်လို့ရတဲ့ ဒုံးကျည်ပစ်စင်တွေနဲ့ မောင်းသူမဲ့လေယာဉ်တစ်စင်း အပါအ၀င် သူတို့ရဲ့ နောက်ဆုံးပေါ် စစ်ဘက်နည်းပညာတွေကို တိုင်ဝမ်ကျွန်းက ပြပွဲလုပ်ပြီး ခင်းကျင်းပြသနေပါတယ်။ ဗွီအိုအေသတင်းထောက် Zlatica Hoke ရဲ့ သတင်းဆောင်းပါးကို ကိုကျော်ကျော်သိန်းက ဆက်ပြောပြပါမယ်။ အပြည့်အစုံ VOA60 World VOA60 World အပြည့်အစုံ VOA60 USA President Obama comments on chemical weapons in Syria during news conference- VOA60 America အပြည့်အစုံ |
| အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
| Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
ဖွဲ့စည်းပုံပြင်ပြီး လိုက်နာအကောင်အထည်ဖေါ်ဖို့လည်းအရေးကြီး
အခြေခံဥပဒေ လေ့လာ သုံးသပ်ရေးကော်မတီ ပထမဆုံး စည်းဝေး
ယုံကြည်မှုတည်ဆောက်ရေး ဆွေးနွေးပွဲ ကျင်းပခွင့်တောင်း
မာတင်လူသာကင်း အထိမ်းအမှတ် ချီတက်ပွဲ
ဆီးရီးယားအဆိပ်ငွေ့လက်နက် စုံစမ်းရေး ရုရှားနဲ့တရုတ်ပါဝင်တောင်းဆို
အမျိုးသမီး ဓာတ်ပုံသတင်းထောက် အိန္ဒိယမှာ မုဒိန်းကျင့်ခံရ
ဆီးရီးယားကထွက်ပြေးတဲ့ ကလေးဒုက္ခသည် တစ်သန်းရှိပြီ
ဒီိမိုကရက်တစ်ပါတီ (မြန်မာ) CEC အဖွဲ့ဝင် ဒေါ်မီနီသင်းကျော်နဲ့ မေးမြန်းချက်
ကုလားတန် စီမံကိန်း အခြေအနေ
VOA60 World
VOA60 USA
No comments:
Post a Comment