ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ ဖေဖော်ဝါရီ ၁၀၊ ၂၀၁၄ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ တီဗွီမဂ္ဂဇင်း၊ တီဗွီသတင်းလွှာ အစီအစဉ်များ... |
| မြန်မာ ဂျာမန်သမ္မတ မြန်မာနိုင်ငံခရီးစဉ်စတင် ဂျာမဏီသမ္မတ Joachim Gauck ဟာ သမ္မတဦးသိန်းစိန်ရဲ့ဖိတ်ကြားချက်နဲ့ မြန်မာပြည်ကို ချစ်ကြည်ရေးခရီး ရောက်နေပြီး သမ္မတဦးသိန်းစိန်နဲ့ရော ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံမှာဖြစ်သလို ရန်ကုန်တက္ကသိုလ်မှာလည်း မိန့်ခွန်းပြောဖို့ ရှိပါတယ်။ အပြည့်အစုံ မြန်မာ့လေကြောင်း Boeing လေယာဉ်တွေနဲ့ တိုးချဲ့မည် မြန်မာနိုင်ငံက စီးပွားရေးနဲ့ ခရီးသွားလုပ်ငန်းတွေကို ဖွင့်ပေးလိုက်တာနဲ့အမျှ မြန်မာ့လေကြောင်းလိုင်းကလည်း Boeing 737 လေယာဉ် တဒါဇင်ကို ငှားရမ်းပြီး ပြေးဆွဲဖို့ စီစဉ်နေတဲ့အကြောင်း လေကြောင်းလုပ်ငန်းနီးစပ်တဲ့သူတွေက ပြောပါတယ်။ အပြည့်အစုံ ထိုင်းရေတပ် ဗိုလ်လောင်းတွေရဲ့ မြန်မာ ချစ်ကြည်ရေး ခရီး ထိုင်းနိုင်ငံက ရေတပ်အမှုထမ်းပေါင်း ၇၀၀ နီးပါး ပါဝင်မယ့် စစ်သင်္ဘောသုံးစီးဟာ မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီးစဉ်အဖြစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ်လာရောက်မှာ ဖြစ်ပါတယ်။ အပြည့်အစုံ Sochi အိုလံပစ် နော်ဝေနိုင်ငံ ရွှေအများဆုံးနဲ့ ဦးဆောင် ရုရှားနိုင်ငံ၊ ဆိုချီမြို့မှာ ကျင်းပနေတဲ့ ဆောင်းရာသီအိုလံပစ် အားကစား ပြိုင်ပွဲမှာ နော်ဝေးနိုင်ငံက ရွှေတံဆိပ် (၂) ခု၊ ငွေ (၁) ခု နဲ့ ကြေး (၄) ခုနဲ့ စုစုပေါင်း ဆုတံဆိပ် ၇ ခု ရထားပြီး ဆုတံဆိပ်အများဆုံးနဲ့ ပြိုင်ပွဲကို ဦးဆောင်နေပါတယ်။ အပြည့်အစုံ ဘင်္ဂလားဒေ့ရှ် အထည်ချုပ်စက်ရုံ မီးလောင်မှု ပိုင်ရှင်တွေအဖမ်းခံ လွန်ခဲ့တဲ့တနှစ်ကျော်က လူ ၁၀၀ ကျော် သေဆုံးခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် အထည်ချုပ်စက်ရုံမီးလောင်မှုမှာ အပြစ်ရှိကြောင်း အမိန့်ချမှတ်ပြီးတဲ့နောက် ပိုင်ရှင်နှစ်ဦးကို ဖမ်းဆီးလိုက်ပါတယ်။ အပြည့်အစုံ ဆိုချီအိုလံပစ်ပွဲ ဒု-နေ့ အမေရိကန်အပါအ၀င် ၄ နိုင်ငံ ရွှေဆုရ ရုရှားနိုင်ငံမှာ ကျင်းပနေတဲ့ ဆောင်းရာသီ အိုလံပစ်ပွဲစဉ်မှာ အမေရိကန် အမျိုးသမီး အားကစားမယ်က နိုင်ငံအတွက် ဒုတိယဖြစ်တဲ့ ရွှေတံဆိပ်ဆုကို ထပ်မံဆွတ်ခူးခဲ့ပြီး သြစကြီးယားက အမျိုးသားနှင်းလျှောစီးပွဲ၊ ဆွစ်ဇာလန်က Skiathlon ပြိုင်ပွဲမှာ ရွှေတံဆိပ်အသီးသီး ရခဲ့ကြပါတယ်။ အပြည့်အစုံ ဆီးရီးယားကအပစ်မရပ်တဲ့ဟုမ်းစ်မြို့ ကုလကူညီရေးခက်ခဲ ဆီးရီးယား စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးဖို့ အစိုးရနဲ့သူပုန်ကြား ၃ ရက် အပစ်ရပ်မယ်သဘောတူထားပေမယ့် တိုက်ပွဲတွေ ဆက်ဖြစ်နေတဲ့အတွက် ကုလ ကူညီကယ်ဆယ်ရေး ညှိနှိုင်းရေးမှူး Valerie Amos က စိတ်ပျက်မိကြောင်း ပြောပါတယ်။ အပြည့်အစုံ Apple အနှစ် ၃၀ ဖြတ်သန်းမှု အပြည့်အစုံ |
| အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
| Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
ဂျာမန်သမ္မတ မြန်မာနိုင်ငံခရီးစဉ်စတင်
မြန်မာ့လေကြောင်း Boeing လေယာဉ်တွေနဲ့ တိုးချဲ့မည်
ထိုင်းရေတပ် ဗိုလ်လောင်းတွေရဲ့ မြန်မာ ချစ်ကြည်ရေး ခရီး
Sochi အိုလံပစ် နော်ဝေနိုင်ငံ ရွှေအများဆုံးနဲ့ ဦးဆောင်
ဘင်္ဂလားဒေ့ရှ် အထည်ချုပ်စက်ရုံ မီးလောင်မှု ပိုင်ရှင်တွေအဖမ်းခံ
ဆိုချီအိုလံပစ်ပွဲ ဒု-နေ့ အမေရိကန်အပါအ၀င် ၄ နိုင်ငံ ရွှေဆုရ
ဆီးရီးယားကအပစ်မရပ်တဲ့ဟုမ်းစ်မြို့ ကုလကူညီရေးခက်ခဲ
Apple အနှစ် ၃၀ ဖြတ်သန်းမှု
No comments:
Post a Comment