Saturday, February 15, 2014

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ - ဖေဖေါ်ဝါရီလ ၁၅၊ ၂၀၁၄

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
 
ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
ဖေဖေါ်ဝါရီလ ၁၅၊ ၂၀၁၄

ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ တီဗွီမဂ္ဂဇင်း၊ တီဗွီသတင်းလွှာ အစီအစဉ်များ...

 
မြန်မာ

အစိုးရအဖွဲ့ အတွင်း ပြောင်းလဲရေး လိုလားသူ များလာဟု UNDP ပြော အစိုးရအဖွဲ့ အတွင်း ပြောင်းလဲရေး လိုလားသူ များလာဟု UNDP ပြော
ပြည်သူ့ရေးရာစီမံခန့်ခွဲအုပ်ချုပ်မှုဆိုင်ရာ ပြုပြင်ပြောင်းလဲရေးဟာ အရေးပါတဲ့ လုပ်ငန်းစဉ်တခုဖြစ်တာကြောင့် မြန်မာအစိုးရရဲ့ နိုင်ငံတကာ မိတ်ဖက် အဖွဲ့အစည်းတွေဖြစ်တဲ့ ကုလသမဂ္ဂနဲ့ ဥရောပသမဂ္ဂတို့ကနေ ငွေကြေးနဲ့ နည်းပညာပိုင်းတွေမှာ အကူအညီပေးနေပါတယ်။ အပြည့်အစုံ
 
ကင်တားနား ရခိုင်နဲ့ အင်းစိန် အကျဉ်းထောင် သွားရောက် ကင်တားနား ရခိုင်နဲ့ အင်းစိန် အကျဉ်းထောင် သွားရောက်
လုလအထူးကိုယ်စားလှယ် ကင်တာနားဟာ ရခိုင်ပြည်နယ် ကို နေ့ခြင်းပြန်ရောက်ခဲ့ပြီး အစိုးရအဖွဲ့ဝန်ကြီးတွေ အပါအဝင်၊နှစ်ဖက်လူမှုအသိုင်းအဝိုင်းက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့သလို ညနေပိုင်းမှာတော့ ရန်ကုန်မြို့ကို ပြန်လည်ရောက်ခဲ့ပြီး အင်းစိန်အကျဉ်းထောင်ကို သွားရောက်လေ့လာခဲ့ပါတယ်။ အပြည့်အစုံ
 
ယူနတီဂျာနယ် သတင်းထောက်တွေကို စွဲချက် စတင် ယူနတီဂျာနယ် သတင်းထောက်တွေကို စွဲချက် စတင်
"ယူနတီသတင်းဂျာနယ်တိုက်ရဲ့ အမှုဆောင်အရာရှိချုပ်ဦးတင့်ဆန်း အပါအဝင်၊ သတင်းထောက် ၄ ဦးကို ဒီကနေ့ ပခုက္ကူခရိုင် တရားရုံးမှာ ရုံးထုတ်ပြီး ၁၉၂၃ခုနှစ်မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃/၉ နဲ့ အမှု စွဲဆိုလိုက်တဲ့ တရားလို ကတော့ အစိုးရ စစ်တပ်က ဒုတိယ ဗိုလ်မှူးကြီးဦးကျော်ကျော်ဦးဖြစ်ပါတယ်။" အပြည့်အစုံ
 
နိုင်ငံတကာ

ကမ္ဘာတလွှား ချစ်သူများနေ့ ကမ္ဘာတလွှား ချစ်သူများနေ့
ဗယ်လင်တိုင်းနေ့ဟာ ချစ်သူစုံတွဲတွေကြားက အချစ်မျိုးကိုပဲ ကန့်သတ်ထားတာတော့ မဟုတ်ပါဘူး၊ ကမ္ဘာ တ၀န်းက လူပေါင်းများစွာဟာ သူတို့ရဲ့ မိသားစုတွေနဲ့ မိတ်ဆွေတွေအပေါ် ချစ်ခြင်းမေတ္တာကိုလည်း ဖော်ပြ ပြောဆိုကြပါ တယ်။ အပြည့်အစုံ
 
ကမ္ဘောဒီးယား မြေသိမ်းခံ နှင့် ရဲ ပဋိပက္ခ ၉ ဦး ဒဏ်ရာရ ကမ္ဘောဒီးယား မြေသိမ်းခံ နှင့် ရဲ ပဋိပက္ခ ၉ ဦး ဒဏ်ရာရ
ကမ္ဘောဒီးယားနိုင်ငံက အိမ်ခြံမြေဆိုင်ရာ ရပိုင်ခွင့်တောင်းဆိုတဲ့ ဆန္ဒပြပွဲမှာ ဆန္ဒပြသူတွေနဲ့ ရဲတွေကြား ပဋိပက္ခဖြစ်ပွါးခဲ့တဲ့အတွက် လူ၉ ဦး ဒဏ်ရာရခဲ့ပြီး အဲဒီ့ထဲက ဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့သူက ၃ ဦးရှိပါတယ်။ အပြည့်အစုံ
 
တရုတ်အစိုးရတပ်နှင့် ပစ်ခတ်မှု အတွင်း အစ္စလာမ် စစ်သွေးကြွ ၁၁ ဦးသေ တရုတ်အစိုးရတပ်နှင့် ပစ်ခတ်မှု အတွင်း အစ္စလာမ် စစ်သွေးကြွ ၁၁ ဦးသေ
တရုတ်နိုင်ငံ အနောက်ပိုင်း Xinjiang ဒေသမှာ သံသယဖြစ်ဖွယ် စစ်သွေးကြွ ၈ ယောက်ကို တရုတ်ရဲတွေက ပစ်သတ်ခဲ့ပြီး နောက်ထပ် စစ်သွေးကြွ သုံးယောက်ဟာလည်း သူတို့ဘာသာ အသေခံဗုံးဖောက်ခွဲပြီး သေဆုံးခဲ့တဲ့အကြောင်း တရုတ်အစိုးရကပြောပါတယ်။ အပြည့်အစုံ
 
တောင် မြောက်ကိုရီးယား မိသားစုတွေ့ဆုံရေး သဘောတူ တောင် မြောက်ကိုရီးယား မိသားစုတွေ့ဆုံရေး သဘောတူ
ကိုရီးယားစစ်ပွဲကြောင့် တောင်နဲ့မြောက် ကိုရီးယား နှစ်နိုင်ငံကြား ကွဲကွာနေတဲ့ မိသားစု ပြန်လည် ပေါင်းစည်းရေး စတင်သွားဖို့ နှစ်နိုင်ငံ သဘောတူခဲ့တဲ့အကြောင်း တောင်ကိုရီးယား က ပြောဆိုလိုက်ပါတယ်။ အပြည့်အစုံ
 
တီဗွီ

နေ့စဉ်တီဗွီသတင်းလွှာ ( ၀၂-၁၅-၂၀၁၄ ) နေ့စဉ်တီဗွီသတင်းလွှာ ( ၀၂-၁၅-၂၀၁၄ )
မြန်မာ့ တယ်လီဖုန်း ဆက်သွယ်ရေး အလားအလာ မျှော်လင့်ချက်၊ ရုပ်ရှင်လောက ဖွံ့ဖြိုးရေးနဲ့ အနုပညာ အရည် အသွေး မြှင့်တင်ရေးအပေါ် အမြင်နဲ့ သုံးသပ်ချက်တွေ၊ အာဖဂန်နစ္စတန်မှာ နေတိုးမဟာမိတ် တပ်တွေ ဆက်ထားရေး လုံခြုံရေး သဘောတူညီချက်နဲ့ အီဂျစ်နိုင်ငံက Graffti နံရံ ဆေးပန်းချီတွေ အကြောင်းတွေ ပါဝင်ပါတယ်။ အပြည့်အစုံ
 
ဗွီဒီယိုသတင်း

စနေနေ့မြန်မာတီဗွီသတင်းများ စနေနေ့မြန်မာတီဗွီသတင်းများ
မြန်မာ့ တယ်လီဖုန်း ဆက်သွယ်ရေး အလားအလာနဲ့ မျှော်လင့်ချက်၊ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Tomas Ojea Quintana ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်နဲ့ မြန်မာနိုင်ငံကနေ နိုင်ငံတကာ အဆင့်မီ ရွှေပြားတွေ ထုတ်လုပ် ရောင်းဝယ်တော့မယ့် သတင်းတွေ ပါဝင်ပါတယ်။ အပြည့်အစုံ
 
သက်တံရောင်သတင်းလွှာ သက်တံရောင်သတင်းလွှာ
အော်စကာဆုအတွက် တစ်ကြိုရွေးခံရသူတွေရဲ့ နေ့လည်စာပွဲ၊ New York ဖက်ရှင်သတင်းပတ်က ဒီဇိုင်နာ Betsey Johnson ရဲ့ ဖန်တီးမှု၊ ဒီအကြောင်းတွေအပါအဝင် ကမ္ဘာတ၀န်းက ထင်ရှားကျော်ကြားသူတွေနဲ့ အနုပညာရှင်တွေရဲ့ သတင်းတိုတိုထွာထွာတွေကိုပြောပြနေတဲ့ သက်တံရောင်သတင်းလွှာ အစီအစဉ်ကို ရှုစားနိုင်ပါတယ်။ အပြည့်အစုံ
 
အာဖဂန် လုံခြုံရေး သဘောတူညီချက် အာဖဂန် လုံခြုံရေး သဘောတူညီချက်
အာဖဂန်နစ္စတန်နိုင်ငံ လုံခြုံရေးအရ ၂၀၁၄ ခုနှစ် နောက်ပိုင်း အမေရိကန်နဲ့ နေတိုးတပ်တွေ ဆက်ထားရေး သဘောတူညီမှု ရမယ်လို့ မျှော်လင့်တဲ့အကြောင်း နေတိုးမဟာမိတ် တပ်ဖွဲ့ အတွင်းရေးမှူးချုပ် Anders Fogh Rasmussen က ပြောပါတယ်။ VOA သတင်းထောက် Zlatica Hoke သတင်းပေးပို့ထားတာကို မအင်ကြင်းနိုင်က တင်ပြပါလိမ့်မယ်။ အပြည့်အစုံ
 
အီဂျစ်နိုင်ငံရေးနဲ့ Graffiti အီဂျစ်နိုင်ငံရေးနဲ့ Graffiti
အီဂျစ်အနုပညာရှင်တွေဟာ ပြီးခဲ့တဲ့ ၃ နှစ်တာ ကာလအတွင်းမှာ ကျားမခွဲခြားဆက်ဆံ ခံရတာကအစ၊ အဖိနှိပ် ခံရလို့ ဒေါသထွက်နေတာတွေနဲ့ သူတို့ရဲ့ တော်လှန်ရေးခံစားချက်တွေကို အုတ်နံရံတွေမှာ ရေးခြစ်ရာကနေ နိုင်ငံ တဝန်းမှာ Graffiti လို့ခေါ်တဲ့ နံရံရေး ပန်းချီတွေနဲ့ လွှမ်းခြုံလာတာတွေ့ရပါတယ်။ ဒေါ်ခင်မျိုးသက် တင်ပြထားပါတယ်။ အပြည့်အစုံ
 
မြန်မာ့ရုပ်ရှင် မြန်မာ့ရုပ်ရှင်
ရုပ်ရှင်ရုံတွေ နည်းပါးလာတာက သရုပ်ဆောင်တွေရဲ့ အရည်အသွေး မြှင့်တင်ရေးနဲ့ ရုပ်ရှင်ကားကောင်းတွေ ပေါ် ထွန်းလာရေးအပေါ် သက်ရောက်မှု ရှိနေတဲ့အကြောင်း ရုပ်ရှင်လုပ်ငန်း လုပ်ကိုင်သူတွေက သုံးသပ်ပါတယ်။ မြစ်မခ သတင်းအေဂျင်စီက မမေသင်္ကြန်ဟိန်က တင်ပြပါလိမ့်မယ်။ အပြည့်အစုံ
 
VOA60 USA

VOA60 USA VOA60 USA
President Obama comments on chemical weapons in Syria during news conference- VOA60 America အပြည့်အစုံ
 

အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
Voice of America
330 Independence Ave. SW Suite 3166
Washington, D.C. 20237 USA

No comments:

Post a Comment